T.Shirt Collection

T.Shirt Collection ရွေးချယ်မှုတွေ မှန်ကန်ဖို့.......
T.Shirt Collection ကို လှမ်းခဲ့စို့😘

◽◽ နှစ်သစ်အတွက် ဆုတောင်းအမှာ◽◽   ပြက္ခဒိန်တွေကတော့ ကျန်ခဲ့ပြီ။အဆိုးအကောင်း ပြောင်းလဲခြင်းတရားတွေကတော့......ဆက်ရင်ဆိုင်နေ...
31/12/2024

◽◽ နှစ်သစ်အတွက် ဆုတောင်းအမှာ◽◽

ပြက္ခဒိန်တွေကတော့ ကျန်ခဲ့ပြီ။
အဆိုးအကောင်း ပြောင်းလဲခြင်းတရားတွေကတော့......
ဆက်ရင်ဆိုင်နေရအုံးမယ်။

နှစ်သစ်ပြောင်းချိန်တင် မဟုတ်

"မနက်ဖြန်တိုင်းဟာ နေ့သစ်ပဲ"

✴✴ အားလုံးအတွက် ဆုတောင်းအမှာကတော့✴✴

👉 မတည်မြဲခြင်း တရားတွေကို မမေ့နဲ့။

👉 အကောင်းတွေကိုမျှော်လင့်ရင်း......
အဆိုးတွေကြားထဲ ရှင်သန်နိုင်အောင် ကြိုးစား။

👉 ကိုယ့်ဆုံးဖြတ်ချက်တွေ အတွက် နောင်တမရနဲ့။
သင်ခန်းစာ တော့ ယူ။

👉 ချစ်ခြင်းမေတ္တာတွေ မျှဝေဖို့ အချိန်မဆွဲနဲ့။

မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ.....

လူသားအားလုံး စစ်မှန်သောလွတ်လပ်မှု့ တွေနဲ့
ရှင်သန်နိုင်ကြပါစေ....

ဝေးသူတွေ နီး၍ ၊ နီးသူတွေ လည်း ပိုချစ်နိုင်ကြပါစေ....

Crd-

25/12/2024

ခုတတစ်လော ပို့ပေးဖြစ်တာလေးတွေ

ဝယ်ယူအားပေးသူ တစ်ဦးတစ်ယောက်ချင်းတိုင်းကို
ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်😊😊😊

16/04/2024

16.4.2024 အတွက်
အတွေးလေး တစ်ခု ဝင်မိတယ်

တစ်ချို့ တစ်အားချမ်းသာတဲ့သူတွေကို ကြည့်မိတယ် လေ့လာမိတယ် သူတို့ ဘာကြောင့် ချမ်းသာလည်းပေါ့
အဖြေကတော့ သူတို့တွေက ဦးနှောက်နဲ့ အလုပ်လုပ်ကြတယ်
ကာယ ထက် ဉာဏ က ပိုပြီး စွမ်းအားကြီးတယ်

နောက်ထက် တစ်ခု သူတို့တွေက ဘုရား၊တရား၊သံဃာ
အပေါ်မှာ ယုံကြည်မှု ရှိကြတယ် ယုံကြည်မှု ရှိတဲ့အတိုင်းလည်း မြတ်စွာဘုရားဟောကြားခဲ့တဲ့ တရားအကျင့်နဲ့ စီးပွားရှာတာ တွေ့ရတယ် တရားဓမ္မရဲ့ ဆုံးမမှုအပေါ် လိုက်နာကျင့်ကြံသူ များတယ်

ရိုးသားတယ် အလုပ်အပေါ်မှာ စေတနာထားတယ်
ကိုယ့်အတွက် ဆိုတာထက် အများတွက် ကြည့်ပေးကြတယ်
ကိုယ် ဘာပေးနိုင်လည်း စဥ်းစားကြတယ်ဆိုတာ တွေ့ရတယ်
အများတွက်ကြည့်ပေးတော့ Network ကောင်းတွေ ရှာတွေ့သွားကြတယ်

သူ့အတွက် ကြည့်ပေးနိုင်မှ .......
သူကလည်း ကိုယ့်အတွက် ပြန်ကြည့်ပေးမှာပေါ့ ......
အဓိက Network အရမ်းအရေးကြီးတယ်လို့ .......
လေ့လာသုံးသပ်မိတယ်

မြတ်ဗုဒ္ဓရဲ့ တရားဓမ္မအတိုင်း ကျင့်ကြံနေထိုင်သူ
ချမ်းသာတယ် ဗုဒ္ဓရဲ့လမ်းစဥ် မှာ .....
အဆိုး လောကဓံ လေးပါး ကိုလည်း ခံနိုင်ရည်ရှိရမယ်
အကောင်း လောကဓံ လေးပါး ကိုလည်း ခံနိုင်ရည် ရှိရမယ်
သူတစ်ပါးအပေါ် အကောက်မကြံရဘူး
တရားမျှတတဲ့ စိတ်ထားလေးနဲ့ ရှေ့ဆက်နိုင်ရင်.......
ဒီဘဝမှာလည်း ချမ်းသာသုခ ရမယ် .......
သံသရာမှာလည်း ချမ်းသာသုခ အမြဲရနေမှာပါ

" ဓမ္မ စကား နေ့တိုင်းကြားက
စိတ်ထား ဖွေးလက် သိဉာဏ်ထက်၏ " တဲ့ ကဗျာလေး မှတ်သားဖူးတယ် အသိဉာဏ်ကြွယ်တော့ စီးပွားရှာတတ်တာပေါ့

ဓမ္မလမ်းစဥ် မလိုက်ဘဲ ချမ်းသာလည်း ခဏပါပဲ
အကောင်း လောကဓံ မှာ ရေရှည် မစံစားနိုင်ပဲ ဘဝပျက်သွားသူတွေ ဒူးနဲ့ဒေးပါပဲ

ချမ်းသာတဲ့သူတိုင်းက မြတ်ဗုဒ္ဓရဲ့ ဓမ္မလမ်းစဥ်ကို ကျင့်သုံးကြသူတွေ များပါတယ် သူတို့ရဲ့ စိတ်ခံစားချက်တွေထက် ဖြစ်သင့် ဖြစ်ထိုက်တာတွေ ဦးစားပေးကြသူ များပါ၏

ဆင်းရဲတဲ့သူတွေ ကြည့်ပြန်တော့........
ဘုရားမှန်းမသိ၊ တရားမှန်းမသိ
အရက်၊ဘီယာလေး မော့ကာမော့ကာ သည်းခံစိတ် ဗလာနိတ္ထိ ပြဿနာတစ်ခုခုဆို ဦးနှောက်က မစဥ်းစား ထင်ရာစိုင်းသူ များပါတယ် အကောင်း လောကဓံ ကိုလည်း ရေရှည်မစံစားနိုင် အဆိုး လောကဓံကိုလည်း ရေရှည် မခံစားနိုင် စိတ်ထင်ရာတွေ လုပ်သူ များလှသား
အလုပ်အပေါ်မှာ စေတနာမထား ဖြစ်ကတတ်လုပ်တတ်တဲ့ အကျင့်တွေရှိတယ် အလုပ်ရှင်က စေတနာမပါတဲ့ အလုပ်သမားကို ရေရှည် ခေါ်ပါ့မလား

အလယ်အလတ်တန်းစားကို လေ့လာမိပြန်တော့
သူတို့တွေရဲ့ လုပ်ရပ်တွေကလည်း အလယ်အလတ်ပါပဲ
အဆိုးတွေကြီးမလုပ်သလို အကောင်းတွေကြီးလည်း မလုပ်ပါဘူး အဓိက ကိုယ့်လုပ်ရပ်နဲ့ပဲ သက်ဆိုင်ပြီး ဘဝတွေ ကွဲသွားကြတာပါပဲ

ကိုယ်ကတော့ အလယ်အလတ်ထဲမှာ ရှိနေပါတယ်
အကောင်းဆုံးသူဖြစ်ဖို့ ကြိုးစားရအုံးမယ်
အော် လောက လောက ဘဝတွေရယ်.....မဆုံးနိုင်သော သံသရာကြားမှာ လောကကြီးကို အကျိုးပြုနိုင်သောသူတော့ ဖြစ်ချင်မိပါတယ်
ကိုယ်တတ်နိုင်သလောက် ကိုယ့်ပတ်ဝန်းကျင်လေးမှာတော့ ကိုယ့်ကြောင့် သူတစ်ပါးထိခိုက်နစ်နာမှု မရှိစေရပါဘူး
ဆရာဇော်ဂျီရဲ့ သင်သေသွားသော် ကဗျာလေး သတိရမိသွားတယ်ကွယ်😊😊😊😊

💦 အတာသင်္ကြန် 💦              မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် "မြန်မာနှစ်ကူး အတာသင်္ကြန်"ချစ်မိတ်ဆွေများ အားလုံး ဘေးဘယာဝေးကွာပ...
13/04/2024

💦 အတာသင်္ကြန် 💦

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် "မြန်မာနှစ်ကူး အတာသင်္ကြန်"

ချစ်မိတ်ဆွေများ အားလုံး ဘေးဘယာဝေးကွာပြီး...... စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း........
ပြည့်စုံ၊ကျန်းမာ၊ချမ်းသာ၊ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း

T.Shirt Collection မှ........
ဆုတောင်း မေတ္တာ ပို့သအပ်ပါတယ်ရှင့်🙏🙏🙏🙏🙏

မျှော်လင့်ချက်နဲ့ စျေးမရောင်းနဲ့Customer တွေကို ကိုယ် ဘာတွေ ပေးနိုင်လဲCustomer ရဲ့ လိုအပ်ချက်ကိုPayment လုပ်ပြီးရောင်း😘 ...
06/04/2024

မျှော်လင့်ချက်နဲ့ စျေးမရောင်းနဲ့
Customer တွေကို ကိုယ် ဘာတွေ ပေးနိုင်လဲ
Customer ရဲ့ လိုအပ်ချက်ကို
Payment လုပ်ပြီးရောင်း
😘 ရောင်းအားတက်လာစေရမယ်😘

မှတ်ချက်။ ။မျှော်လင့်ချက် = ဒီပစ္စည်းလေး ရောင်းလိုက်ရင် ငါ့တွက် ဘယ်လောက်ကျန်လဲ မကြည့်နဲ့
Customer အဆင်ပြေအောင် Customer ရဲ့ လိုအပ်ချက် ကို ဖြည့်ဆည်းပေးချင်တဲ့ စိတ်နဲ့သာရောင်း 😘ရောင်းအား တက်စေရမယ်😘

" တာဝန်နှစ်ခု "=========မင်းတို့ဘဝမှာ လုပ်စရာနှစ်ခုပဲရှိတယ်မင်းတို့ရဲ့ဘဝကိုမင်းတို့မိဘတွေထက်ပိုသာလွန်တဲ့ဘဝဖြစ်အောင်ကြိုး...
21/03/2024

" တာဝန်နှစ်ခု "
=========
မင်းတို့ဘဝမှာ လုပ်စရာနှစ်ခုပဲရှိတယ်
မင်းတို့ရဲ့ဘဝကို
မင်းတို့မိဘတွေထက်
ပိုသာလွန်တဲ့ဘဝဖြစ်အောင်ကြိုးစားရမယ်
မင်းတို့ရဲ့သားသမီးတွေကို
မင်းတို့ဘဝတွေထက်ပိုပြီး
ကောင်းမွန်အောင်စွမ်းဆောင်ပေးရမယ်

" နှလုံးသားလှဖို့လိုတယ် "
===============
ကဗျာရူးရယ် စာရူးရယ် အချစ်ရူးရယ်
ငါအချစ်ဆုံးပဲ
သူတို့က နှလုံးသားရှိလို့
ဥစ္စာရူးရယ် အာဏာရူးရယ် ငါအမုန်းဆုံး
သူတို့က နှလုံးသားမရှိလို့

"စာနာမှု"
=======
"ကိုယ့်အတွက်ချည်းပဲ မကြည့်ဘဲ သူများအတွက်လည်း
ကြည့်ပေးနိုင်တာကလည်း ယဉ်ကျေးမှုပဲ"

"ရိုးသားပါ "
========
ကိုယ်မရသင့်တာကို မယူချင်ပါနဲ့..
ကိုယ်မရသင့်တာကို ယူလိုက်မိရင်
ကိုယ်မလိုချင်တာတွေကိုပါ လက်ခံရတတ်တယ်

" လူမိုက်နှင့် လူလိမ္မာ "
===============
လူလိမ္မာတို့သည် တစ်ပါးသူ၏ အမှားမှ သင်ခန်းစာကို
ယူတတ်ကြတယ်
လူမိုက်တို့သည် ကိုယ်တိုင်မှားမှ သင်ခန်းစာရကြတယ်
ပို၍ မိုက်မဲသောသူတို့ကား
ကိုယ်တိုင် မှားပါလျက် နှင့်ပင်
သင်ခန်းစာ မယူတတ်ကြကုန်တဲ့

"ရင်ဆိုင်ပါယှဉ်ပြိုင်ပါ "
==============
တညည်းညည်း တညူညူနဲ့
"ငါတော့ ကံဆိုးတာပဲလို့
အောက်မေ့နေရင်
အဲဒီလူ တစ်ကယ်ကံဆိုးသွားပြီလို့သာ
အောက်မေ့ပေတော့.....
လောကကြီးမှာ ရှုံးလို့ထွက်ပြေးရင်
တစ်သက်လုံးပြေးပေတော့.....
အောင်မြင်မှု ဘယ်တော့မှ မရဘူး.....
ထွက်ပြေးတဲ့ကောင် ဘယ်တော့မှနိုင်ရိုးမရှိဘူး..
ရင်ဆိုင်နိုင်တဲ့ကောင်မှ နိုင်တာ..။..........................&..............:.........

#ဆရာကြီးဦးအောင်သင်း ၏ ဒဿနများ

1.အိမ် ကိုအရင်ဝယ်ပါ။ကားက လိုရာခရီး သွားလို့ ရရင်တော်ပီ။2.တာရှည်သုံးရတဲ့ ပစ္စည်းဆို ဈေးကြီးကောင်းတာဝယ်။3.သူငယ်ချင်း အမျို...
06/03/2024

1.အိမ် ကိုအရင်ဝယ်ပါ။
ကားက လိုရာခရီး သွားလို့ ရရင်တော်ပီ။

2.တာရှည်သုံးရတဲ့ ပစ္စည်းဆို
ဈေးကြီးကောင်းတာဝယ်။

3.သူငယ်ချင်း အမျိုးတွေနဲ့
စီးပွါးတွဲ မလုပ် ပါနဲ့။

4.ကျန်းမာ ရေးကို အထူးဂရုစိုက်ပါ။

5.အခွင့်ရေးရရင် ကိုယ်ပိုင်လုပ်ငန်း လုပ်ပါ
တသက်လုံးလခစားမလုပ်နဲ့။

6. ကိုယ် က သူများကို ပြောပြနိုင်‌တဲ့
အဆင့် ရအောင်ကြိုးစားပါ။

7.တယောက်ထဲနေတတ်နိုင်အောင်ကြိုး စားပါ။

8.အလုပ်လုပ် ရင် ပုံသေ လခ နဲ့
အလုပ် မလုပ် ပါနဲ့။

9. စာအုပ် ဖတ် တတ်တဲ့ အကျင့် လုပ်ပါ။

10. စိတ်တည်ငြိမ် ဆုံးဖြတ် နိုင်တဲ့
လူငယ်တယောက် ဖြစ် အောင် ကြိုးစားပါ။

11.အလုပ်လုပ်ရာမှာ.တစ်ဖက်သားကို
မထိခိုက်ပါစေနဲ့

12.တစ်ဖက်ကတိုက်ခိုက်လာရင်
ရှောင်သွားလိုက်ပါ

သူများရဲ့ စကားတခွန်းကြောင့်
ကိုယ့်ရဲ့ ပျော်ရွှင်မှုကို မဆုံးရှုံးပါစေနဲ့။

Crd

T.Shirt အသစ်လေးတွေရောက်100% Cotton Made in ThailendSize အစုံရှိပါတယ်S -  5400KsM-  5700KsL -   6000KsXL -  6300Ks2XL - 6...
10/02/2024

T.Shirt အသစ်လေးတွေရောက်

100% Cotton
Made in Thailend

Size အစုံရှိပါတယ်
S - 5400Ks
M- 5700Ks
L - 6000Ks
XL - 6300Ks
2XL - 6500Ks

09/01/2024

Zara ကော်လံ ရှပ်

Price - 9500Ks

08/01/2024

New Arrival
Price - 7500Ks

JAG ,GAP ,PUMA ချည်ထိုး T-Shirt
အသားရှယ်ကောင်း

08/01/2024

JAG ,GAP ,PUMA ချည်ထိုး T-Shirt
အသားရှယ်ကောင်း

Price-7500Ks

Address

Chan Mya Watty Qt 21St
Monywa

Website

Alerts

Be the first to know and let us send you an email when T.Shirt Collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to T.Shirt Collection:

Share