01/01/2021
အားလုံးပဲ HAPPY NEW YEAR!!!!! ပါ။
ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေခင်ဗျာ။
ဆောင်းတွင်းကတော့ အချမ်းပေါ့တဲ့နေရာနဲ့ အရမ်းချမ်းတဲ့နေရာ မတူတာကလွဲလို့ ဆောင်းတွင်းပီပီအေးနေတုန်းပါပဲ။ အနွေးထည်တွေလည်း ဝတ်နေရတုန်း။
နှစ်တွေပြောင်းသွားလို့ ဘယ်လိုပဲ အနွေးထည်၊ ဂျက်ကက်တွေ ဒီဇိုင်းအသစ်များစွာထွက်လာပေမယ့် ကျနော်တို့ငယ်စဉ်ကတည်းက နှစ်ခြိုက်စွာဝတ်ချင်ခဲ့တဲ့၊ အားကျစွာလိုက်ကြည့်ခဲ့ရတဲ့ 90s Vintage ဖက်ရှင်တွေရဲ့ စိတ်ကူးအမြင်နဲ့တသားတည်းကျနေမှု၊ လွတ်လပ်ပေါ့ပါးမှုနဲ့ ဝတ်ဆင်တဲ့အခါရရှိတဲ့ခံစားချက်ကို မမီနိုင်ပါဘူး။
ကျနော်တို့နဲ့ ရင်ဘတ်ချင်းတူညီကြသူတွေကလည်း ကမ္ဘာအနှံ့အပြားမှာ ဖလန်နယ်အကွက်တွေ၊ 90s Bomber ဂျက်ကက်တွေကို လက်ရှိအချိန်ထိ နှစ်ခြိုက်စွာဝတ်နေကြတုန်း၊ နောင်လည်း ဝတ်နေကြဦးမှာပါ။
ဒီတော့ ကျနော်တို့ငယ်စဉ် မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေမှာပဲ မြင်ခဲ့ရတဲ့ဖက်ရှင်တချို့ကို တစ်ချက်လောက်ပြန်ကြည့်ရင်း လွမ်းရအောင်။
ငယ်ငယ်တုန်းက အဖေ/အမေက မဝတ်ခိုင်းပေမယ့် အခုအချိန်မှာ ဖလန်နယ်ဖက်ရှင်၊ Vintage Fashion တွေဖြုတ်လို့ရနေပြီဆိုရင် Godfather Vintage Collection ကိုသာ ကြွခဲ့ပါ။ အမြင်မရိုင်းစေဘဲ အစဉ်ဖိုင်းနေမယ့် Vintage Streetwear တွေကို စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။
🏪 ဆိုင်လိပ်စာ 🏪
ဂေါ့ဒ်ဖားသား Vintage Collection - ဘေထုတ်ထွက်အထည်သန့်အမျိုးမျိုး၊
ရွှေဘို - မုံရွာကားလမ်းမကြီးဘေး၊ အရာတော်မြို့။
☎️ ဆက်သွယ်ရန် ☎️
Phone - 09 6868 52400
နယ်မှာ တဆင့်ပြန်ရောင်းချင်တဲ့သူတွေအတွက်လည်း အထည် (၂၀) / အထည် (၅၀) လက်ကားဈေးတွေနဲ့ ဝယ်ယူရရှိနိုင်ပါတယ်။