21/09/2022
အသက်၂၅နှစ်မပြည့်ခင်ဘာတွေလုပ်ခဲ့သင့်သလဲ
No.1 တစ်ယောက်ယောက်ကို အရမ်းချစ်ပါ။
အသက် ၂၅ နှစ်မတိုင်ခင်မှာ လူတစ်ယောက်ယောက်ကို ရူးရူးမူးမူးချစ်ခဲ့ဖူးသင့်ပါတယ်။ သူ့ရဲ့အချစ်ကို ပြန်ရတာ မရတာက အဓိကမဟုတ်ပါဘူး။ ရရင်လဲကောင်းတာပေါ့၊ (ရယ်လျက်) ။ တကယ်တော့ အချစ်ရှိမှသာအသက်ရှင်ရတာပိုအဓိပ္ပါယ်ရှိတာပါ၊ Single is the best ဆိုတာ ရည်းစာမရှိသူတွေရဲ့ အလိမ်ညာစကားပါ။ ကိုယ်ငယ်တုန်းမချစ်ခဲ့ဖူးဘူးဆိုရင် အသက်ကြီးလာတဲ့အခါ ကိုယ်ချစ်တဲ့ သူကိုရှာရတာပိုခက်လာပါတယ်။ Okay တကယ်ချစ်တဲ့သူတွေနဲ့ တွေ့ကြပါစေလို့ ဒီးဒီး ဆုတောင်းပေးလိုက်တယ်နော်။
No.2 အလုပ်အတွေ့အကြုံယူပါ။
အသက်ငယ်ရွယ်စဥ်မှာ တတ်နိုင်သလောက် အလုပ်အတွေ့အကြုံယူထားပါ၊ အတွေ့အကြုံမရှိတဲ့သူတွေက ဘာပဲလုပ်လုပ် အမှားပိုများတတ်ပါတယ်။ ငယ်စဉ်မှာ ပိုက်ဆံနောက်မလိုက်ဘဲ၊ ကိုယ့်ကို တကယ် အလုပ်အတွေ့အကြုံပေးနိုင်တဲ့သူနောက်ကိုလိုက်ပါ။ အရွယ်ရောက်တဲ့အခါ ကိုယ်ရထားတဲ့ အတွေ့အကြုံတွေက သင့်ရဲ့ လူမှုရေး၊ စီးပွားရေးမှာအများကြီး အထောက်အကူပြုမှာပါ။
“ Every experience, good or bad, is a priceless collector’s item” By Isaac Marion
No.3တစ်ယောက်တည်းခရီးသွားပါ။
တစ်ယောက်တည်းခရီးသွားခြင်းက မိမိကိုယ်ကို အားကိုးတတ်တဲ့ စိတ်တွေကိုမွေးမြူပေးနိုင်ပါတယ်။ ခရီးတစ်ခုအစအဆုံး ဘယ်နေ့သွားမယ်၊ ဘယ်ကို သွားမယ် စသည်ဖြင့် Planning လုပ်ရတဲ့အတွက်ကြောင့် စိတ်လှုပ်ရှားဖို့ကောင်းတဲ့အပြင်၊ ကိုယ့်ရဲ့ခရီးအတွေ့အကြုံအကြောင်းသူငယ်ချင်းတွေကို ပြန်ပြောပြရတာလဲ အားရစရာကြီးပါ။ အသက် ၂၅ ကျော်လာတဲ့အခါ၊ အလုပ်အကိုင်၊ လူမှုရေး၊ အိမ်ထောင်ရေး စသည်ဖြင့် ကိုယ်ငယ်စဥ် အချိန်ကထက် ပိုပြီး လုပ်စရာတာဝန်တွေများလာလို့ခရီးသွားရမှာ ပိုခက်လာပါတယ်။ ဒါကြောင့်မို့ မိတ်ဆွေ ကိုယ့်ဟာကို ပိုက်ဆံစု အချိန်ရှိတုန်းခရီးသွားပါ။
No.4 ဒီလိုစာတွေဖတ်ပါ။
လူတစ်ယောက်က အသက်ကြီးလာတာနဲ့အမျှ အသိဉာဏ်ဗဟုသုတ လဲ ဖွံ့ဖြိုးဖို့လိုအပ်ပါတယ်။ အသက် ၂၅ နှစ်မတိုင်ခင်မှာ စာအုပ်ဘယ်နှစ်အုပ်ဖတ်မယ်ဆိုတဲ့ တိကျတဲ့ Target တစ်ခုကိုထားပါ။ ဒီးဒီး အနေနဲ့ အနည်းဆုံး တစ်လ ကို တစ်အုပ်တော့ဖတ်ဖြစ်ပါတယ်။ ဘယ်လိုမျိုးစားတွေဖတ်သင့်သလဲလို့မေးရင် ကိုယ်အတွက်အကျိုးရှိတဲ့ စာ ၊ ဘာစာ မဆိုဖတ်သင့်ပါတယ်။ လူငယ်တွေအနေနဲ့ Personal Development နဲ့ဆိုင်တဲ့ဟာ၊ Skills Development နဲ့ ဆိုင်တဲ့ဟာတွေကြိုဖတ်ထားမယ်ဆိုရင် ကိုယ်လုပ်ငန်းခွင်ဝင်တဲ့အခါမှာ သူများထက် ပိုပြီး ဆရာကျနေမှာပါ ။ ကဲ သူများတွေထက်သာဖို့ စာများများဖတ်ကြစို့။
No.5 ပျော်ရွင်အောင်နေပါ။ မိဘကိုငြင်းရမှာအားမနာပါနဲ့။။
အသက် ၂၅ မပြည့်ခင်ပျော်ရွင်အောင်နေပါ၊ (Don’t try to please everyone)လူတိုင်းကိုပျော်ရွှင်အောင်လိုက်လုပ်ပေးမနေပါနဲ့။ မိမိရဲ့ပျော်ရွင်မှုကို ဂရုစိုက်ပါ၊ မိမိဖြစ်ချင်တာ လုပ်ချင် တာကို လဲဦးစားပေးပါ။ ကိုယ့်ရဲ့ Life plan ကို ကိုယ်တိုင် Decision ချပါ။ မိဘကိုငြင်းရမှာအားမနာပါနဲ့။ ပြီးရင် သူများအထင်ကြီးအောင်ဟန်ဆောင်ပြီးမနေပြပါနဲ့၊ ဟန်ဆောင်ရတာက ပင်ပန်းသလို၊ ပျော်ရွှင်ဖို့မကောင်းပါဘူး။
No.6 အသက် ၂၅ မပြည့်ခင်မှာ ပညာရပ်တစ်ခုကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ထားသင့်တယ်။
အသက် ၂၅ နဲ့ ၃၀ ကြားကာလဟာ အောင်မြင်မှုကိုရယူဖို့အကောင်းဆုံးအသက်အရွယ်ဖြစ်သလို အောင်မြင်မှုကို ထိန်းချုပ်ကိုင်တွယ်ဖို့အကောင်းဆုံးအရွယ်လည်းဖြစ်ပါတယ်။ သင်ဟာ အသက် ၂၅ နစ်ပြည့်လို့ ပညာရပ်တစ်ခုခုဒါမှမဟုတ် အလုပ်အကိုင်တစ်ခုခု ကို ကျွမ်းကျွမ်းကျင်ကျင် မတတ်မြောက်ထားဘူးဆိုရင် ခွေးဖြစ်နိုင်ပါတယ်။ တကယ်ပါ၊ ဒါကြောင့်မို့ ငယ်တုန်းပညာလေ့လာဖို့မမေ့ပါနဲ့ ။ ပညာမတတ်ရင် ဘယ်သူမှအထင်မကြီးပါဘူး။
Sharing by Successful Life