La Min Online Shop

La Min Online Shop ခွန်အားသစ်တို့နဲ့အတူနေ့သစ်ကိုစကြစို့။

"" ဆုံ တတ် တယ် ""*****************•• ``လူကောင်း´´တစ်ယောက်က …လူယုတ်မာအများစုနှင့် ဆုံတတ်တယ် ~~~•• ``လူရိုး´´ တစ်ယောက်ကလူလ...
19/05/2024

"" ဆုံ တတ် တယ် ""
*****************

•• ``လူကောင်း´´တစ်ယောက်က …
လူယုတ်မာအများစုနှင့် ဆုံတတ်တယ် ~~~

•• ``လူရိုး´´ တစ်ယောက်က
လူလိမ်ညာအများစုနှင့် ဆုံတတ်တယ် ~~~

•• ``လူဖြောင့်မှန်´´ တစ်ယောက်က
လူကောက်ကျစ်အများစုနှင့် ဆုံတတ်တယ် ~~~

•• ထိုလူ (၃) ဦးဟာ …
အဲ့ဒီ လူ(၃)မျိုး အများစုနှင့် မလွဲမသွေ
ဆုံရကြုံရကြလိမ့်မယ် ~~

•• ထိုကဲ့သို့ ဆုံရၾကဳံရလို့ …
သီးမခံနိုင် ' ခွင့်မလွှတ်နိုင် ' ဥပေက္ခာမပြုနိုင်လျှင် …

!"' လူကောင်းတစ်ယောက်နေ
လူယုတ်မာကြီး ဖြစ်သွားတတ်တယ် !"'

!"' လူရိုးတစ်ယောက်ကနေ
လူလိမ်လူညာကြီး ဖြစ်သွားတတ်တယ် !"'

!"' လူဖြောင့်မှန်ကနေ
လူကောက်ကျစ်သမားကြီး ဖြစ်သွားတတ်တယ် ~~~

•• ဆုံသည်ဖြစ်စေ မဆုံသည်ဖြစ်စေ ဘယ်သူမပြု မိမိမှုဆိုသလို သီးခံခြင်း ခွင့်လွှတ်ခြင်း ဥပေက္ခာပြုခြင်းဖြင့် မိမိဘဝကိုယ်သာ ကောင်းမွန်စွာရှင်သန်ခြင်းသည် ဘုရှားရှင်တော်၏ မင်္ဂလာတရားတော်နှင့်ညီပေမည်။


#ဆရာဉီးအောင်သင်း

13/05/2024
13/05/2024

အသည်းကွဲနေတဲ့ဘော်ဒါတေကိုမန်းရှင်းခေါ်လိုက်တော့နှော် အသည်းကွဲပျောက်ဆေးရပြီလို့

07/05/2024

ထိုင်းစကားလေ့လာကြမယ်

မူရင်းcrd
#ထိုင်းစကားလေ့လာကြမယ်
#ထိုင်းရောက်ရွှေမြန်မာများ
#ထိုင်းလိုထိုင်းစာထိုင်းစကား

04/05/2024

ပုစွန်လုံးမှာ ဦးခေါင်း မပါဘူး။
သို့ပေမယ့်..ချမ်းချမ်းသာသာ နေဖို့အတွက်
ကိုယ့်တွင်းကိုယ် တူးတတ်တယ်။

ဦးခေါင်းပါတဲ့ လူက နေရာတကာ
ဟိုလူ့ မှီခို..ဒီလူ့ မှီခို လိုက်လုပ်နေရင်
ပုစွန်လုံးကို အားနာဖို့ ကောင်းတယ်။

ဘဝ ဆုတ်ယုတ်နေတဲ့
လူငယ်တွေကို အကဲခတ်ကြည့်။
ရှေ့မဆက်နိုင်ဘဲ စိတ်ပျက်နေသူတွေ ရှိတယ်။

အဆိုး လောကဓံ နှိပ်စက်ခံရလို့
လက်လျှော့ အရှုံးပေး နေသူတွေ ရှိတယ်။

တစ်ခါရှုံးရုံ နဲ့ လုံးဝ ရှုံးသွားပြီလို့
သတ်မှတ်လိုက်ရင် တိုးတက်ဖို့
အခွင့်ဆိုတာ ပျောက်ကွယ် သွားမှာပေါ့။

အတောင်ပံ မခတ်တဲ့ ပိုးစုံးကြူးမှာ
အရောင် ထွက်ဖို့ ခက်တယ်။

ရည်မှန်းချက် နဲ့ ကြိုးစားမှု မရှိတဲ့
လူငယ်မှာလည်းတိုးတက်လာဖို့ ခက်မှာပါပဲ။

လူငယ် တစ်ယောက် ရဲ့ အနှစ်
အမြူ့တေ ဆိုတာ မျှော်လင့်ချက်နဲ့ အိပ်မက်ပါ။

ဘဝမှာ မော့ကြည့်ရတဲ့ အိပ်မက်မျိုးတော့
လူငယ်မှန်သမျှ မက်သင့်ကြတာပေ့ါ။

ထူးချွန်ထက်မြက်တဲ့ လူငယ်ဆိုတာ
ကိုယ့်ဘဝကိုလည်း မြှင့်တင်နိုင်သလို
သူတစ်ပါးတို့ရဲ့ ဘဝကိုလည်း
မြှင့်တင် ပေးနိုင်စွမ်း ရှိတယ်။

စာနာစိတ် ရှိတဲ့ လူငယ်ဆိုတာ
တစ်ကိုယ်ကောင်းဆန်စိတ် နည်းပါးသလို
တစ်ပါးသူတို့ရဲ့ စိတ်ပင်ပန်းမှုတွေကိုလည်း
မျှဝေခံစား ပေးနိုင်တတ်ကြတယ်။

အသားဖြူခြင်း ..မဖြူခြင်း
ရုပ်ရည်လှခြင်း..မလှခြင်းတွေက
လူငယ်တစ်ယောက်ရဲ့ တန်ဖိုး မဟုတ်ဘူး။

ဘယ်လောက် အစွမ်းအစ ရှိ.. မရှိ
ဘာတွေ လုပ်နိုင်.. မလုပ်နိုင် ဆိုတာကမှ
လူငယ်တစ်ယောက်ရဲ့ တန်ဖိုးပါ။

ဆရာအောင်သင်း

03/05/2024
03/05/2024

#ထိုင်းလို နေ့အခေါ်ဝေါ်ေလးတေဗျ #

วันอาทิตย์ (ဝမ်န်အာထိ) =တနင်္ဂနွေနေ့

วันจันทร์ (ဝမ်န်ကျန်) =တနင်္လာ နေ့

วันอังคาร (ဝမ်န်အမ်ခန်) =အင်္ဂါနေ့

วันพุธ (ဝမ်န်ဖု) = ဗုဒ္ဓဟူးနေ့

วันพฦหัส (ဝမ်န်ဖလုဟန့်) = ကြာသပတေးနေ့

วันศุกร์ (ဝမ်န်စု) = သောကြာနေ့

วันเสาร์ (ဝမ်န်စောင်) = စနေနေ့

#ထိုင်းရောက်ရွှေမြန်မာများ
#ထိုင်းစကားလေ့လာကြမယ်

Address

ဧရာဝတီတိုင်း ၊မြန်အောင်မြို့နယ်၊အင်ပင်မြို့
Myanaung
^

Alerts

Be the first to know and let us send you an email when La Min Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share