25/07/2026
မင်းက ငါ့အတွက် ဘယ်လောက်ပဲ အရေးပါနေပါစေ။
ငါ့ကို တန်ဖိုးမထားတော့ဘူးဆိုတာ သိလိုက်ရတဲ့ အခိုက်တန့်မှာ ငါ့အတွက် သူစိမ်းတစ်ယောက် ဖြစ်သွားပြီ။
ငါ့ခံယူချက်တွေထဲမှာ "သစ္စာရှိမှု ၊လေးစားမူ”ဆိုတာ အရာအားလုံးထက် အရေးကြီးတယ်။
ငါ့ရဲ့ တန်ဖိုးကို မမြင်နိုင်တဲ့သူအတွက် ငါ့ဘဝထဲမှာ နေရာမရှိဘူး။
ငါ့ကို မလေးစား၊ မဂရုစိုက်တဲ့သူတွေဆီမှာ ငါ့အချိန်တွေကို ထပ်ပြီး အကုန်ခံမှာ မဟုတ်ဘူး။
ရှင်းရှင်းလေးပဲ…
မင်း ငါ့ကို လေးစားရင် ငါ မင်းကို လေးစားမယ်။
မင်း ငါ့ဘက်က မားမားမတ်မတ် ရပ်တည်ပေးရင် ငါ မင်းဘက်က ရပ်တည်ပေးမယ်။
ဒါပေမဲ့ မင်း ထွက်သွားဖို့ ဆုံးဖြတ်ရင်တော့ တံခါးဖွင့်ပေးထားတယ်။
ငါ ဘယ်သူ့ရဲ့ အာရုံစိုက်မှုကိုမှ တောင်းဆိုမှာ မဟုတ်သလို၊ ဘယ်သူ့နောက်ကိုမှလည်း လိုက်
တွယ်ကပ်နေမှာ မဟုတ်ဘူး။
ဒါကြောင့် ငါ့ရဲ့ အချိန်တွေကို မင်းနဲ့သုံးတာ၊ကောင်းမွန်တဲ့ဆက်ဆံရေးရှိနေတယ်ဆိုတာ "အခွင့်အရေး" တစ်ခုပါ… မင်းရဲ့ "ရပိုင်ခွင့်"
မဟုတ်ဘူး။ 💯🔥