08/09/2024
လောကကြီးမှာဘယ်အရာမှလွယ်လွယ်မရသလိုလွယ်လွယ်လည်းမရဘူးဖူးကိုယ်တိုင်ပဲကြိုးစားလဲသွားပြန်ထပဲဒီလိုနဲ့ကြိုးစားကျင်လည်နေတာအသက်လည်း32နှစ်ဖြစ်ဖို့ရက်ပိုင်းအလိုခုချိန်ထိပါပဲဖေးကူသူရှိသလိုထိုးနှက်သူလည်းရှိစမြဲမို့ကိုယ်ကိုကိုယ့်ပဲအားပေးရင်းနေဖြစ်နေပါတယ်......
တစ်သိန်းပဲ ဝင်ငွေရှိချင်ရင်
တစ်သိန်းတန်တဲ့ စိတ်ဖိစီးမှုပဲ ခံစားရမယ်
ဆယ်သိန်း ဝင်ချင်ရင် ဆယ်သိန်းနဲ့ တန်တဲ့
စိတ်ဖိစီးမှုရှိမယ်
သိန်း၁၀၀ရချင်ရင်
သိန်း၁၀၀နဲ့ တန်တဲ့ Stress ရှိတာပါပဲ
လူတစ်ချို့ ပိုက်ဆံရှာတာ ငွေရှာတော်တာပဲ လူသိကြတာ
အဲ့လိုလူတွေ သူများ လို စားချိန် မမှန်တတ်ကြတာ
နားချိန် မမှန်တာ ညအိပ်ချိန် မမှန်တတ်ကြတာတော့
လူတော်တော်များများက မသိကြပါဘူး
လောကကြီးမှာ ဘယ်အရာမှ လွယ်လွယ် မရပါဘူး