Paing Soe Thu

Paing Soe Thu Personal blog.

i don't want a perfect life, i want a happy life.🤍🍀
18/01/2025

i don't want a perfect life, i want a happy life.🤍🍀

13/09/2024

Happy birthday Teacher 🎁🎂 Wish you all the best and successful in life 🎂🍀 God bless you 🙏🏻💗Zinthandarphyu
09/09/2024

Happy birthday Teacher 🎁🎂

Wish you all the best and successful in life 🎂🍀

God bless you 🙏🏻💗

Zinthandarphyu

ယနေ့ လူ့အသက်တစ်ချောင်းထပ်ကယ်ခွင့်ရခဲ့ ပြန်တယ်🤍💗 #25.8.2024(Sunday)
25/08/2024

ယနေ့ လူ့အသက်တစ်ချောင်းထပ်ကယ်ခွင့်ရခဲ့ ပြန်တယ်🤍💗

#25.8.2024(Sunday)

LGBTQ Pride ကို ကိုယ်စားပြုတဲ့ Rainbow အလံက (၇) ရောင်မဟုတ်ပဲ (၆) ရောင်ပဲ ရှိတယ်ဆိုတာ သတိထားမိကြလား 🙋👉တကယ်တော့ သူ့မှာ အရေ...
23/08/2024

LGBTQ Pride ကို ကိုယ်စားပြုတဲ့ Rainbow အလံက (၇) ရောင်မဟုတ်ပဲ (၆) ရောင်ပဲ ရှိတယ်ဆိုတာ သတိထားမိကြလား 🙋
👉တကယ်တော့ သူ့မှာ အရောင် (၈) ရောင်ရှိခဲ့တာပါ။ ပန်းရောင်ရင့် က လိင်၊ အနီရောင်က ဘဝ၊ လိမ္မော်ရောင်က အနာငြိမ်းခြင်း၊ အဝါရောင်က နေရောင်ခြည်၊ အစိမ်းရောင်က သဘာဝတရား၊ စိမ်းပြာက အနုပညာ၊ မဲနယ်ရောင်က ဟန်ချက်ညီခြင်း နဲ့ ခရမ်းရောင်ကတော့ စိတ်ဝိဉာဉ်ကို ကိုယ်စားပြုပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ပန်းရောင်ရင့်နဲ့ စိမ်းပြာ နှစ်ရောင်က ရှားပါးတဲ့အတွက်ကြောင့် ဖယ်လိုက်ပြီး မဲနယ်ရောင်အစား ရိုးရိုး အပြာကိုပဲ အသုံးပြုခဲ့ကြပါတယ်။ ဒါကြောင့်လည်း အခုသုံးနေတဲ့ LGBTQ အလံတွေမှာ အနီ၊အဝါ၊လိမ္မော်၊အစိမ်း၊အပြာ၊ခရမ်းရောင် (၆) ရောင်ကိုပဲ တွေ့ရတော့တာပါ။✅

🏳️‍🌈Rainbow အလံရဲ့ မူလ ဖန်တီးရှင်ကတော့ Gay/Drag Queen တစ်ယောက်ဖြစ်တဲ့ Gilbert Bakerပါ။ သူကတော့ Pride အတွက် အလံဟာ ကိုယ့်ရဲ့ ပုံစံအမှန်ကို ရဲရဲဝံ့ဝံ့ ဖေါ်ပြနိုင်တဲ့ အစွမ်းအထက်ဆုံး သင်္ကေတပဲလို့ ယုံကြည်ခဲ့ပါတယ်။





ကိုယ်ပိုင်ဆိုင်ထားတဲ့ဘဝမှာသူများတွေအထင်ကြီးဖို့‌ဟန်ဆောင်နေစရာမလိုအပ်သလိုအထင်သေးမှာကိုတွေးပီးစိတ်ပူနေစရာလဲမလိုပါဖူးကိုယ်ပ...
19/08/2024

ကိုယ်ပိုင်ဆိုင်ထားတဲ့ဘဝမှာ
သူများတွေအထင်ကြီးဖို့
‌ဟန်ဆောင်နေစရာမလိုအပ်သလို
အထင်သေးမှာကိုတွေးပီး
စိတ်ပူနေစရာလဲမလိုပါဖူး
ကိုယ်ပိုင်ဆိုင်တဲ့ဘဝလေးကို
တန်ဖိုးထားပီးနေထိုင်တက်ဖို့ဘဲလိုတာပါဗျာ


Celebrating my 3rd year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
19/08/2024

Celebrating my 3rd year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

ကိုယ့် styleနဲ့ ကိုယ်နေတယ်  ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူးဆိုတဲ့စိတ်နဲ့  အရိုးသားဆုံး နေထိုင်ပါတယ်   ဒါကြောင့် ကိုယ့်ကိုကိုယ် ...
07/08/2024

ကိုယ့် styleနဲ့ ကိုယ်နေတယ်

ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူးဆိုတဲ့စိတ်နဲ့
အရိုးသားဆုံး နေထိုင်ပါတယ်
ဒါကြောင့် ကိုယ့်ကိုကိုယ် လိပ်ပြာလုံတယ်

အမြင့်ရောက်ဖို့အတွက်
ဘယ်သူ့ကိုမှ ချမနင်းခဲ့သလို
တစ်ပါးသူရဲ့ နာကျင်မှု့နဲ့လည်း
ကိုယ့်ပျော်ရွှင်မှု့ကို မဖန်တီးခဲ့ဖူးဘူး
ကိုယ်စားမယ့် ထမင်းလုတ်ထည်းမှာ
သူတစ်ပါးမျက်ရည်စက်တွေ မပါဘူးဆိုရင်
ကိုယ်ဟာ လူပီသတယ် မဟုတ်လား

မလာချင်တဲ့သူတွေကို
ဘဝထဲ အတင်း မခေါ်ခဲ့သလို
မနေချင်တဲ့ သူတွေကိုလည်း
မသွားပါနဲ့လို့ တစ်ကူးတက ဆွဲမထားဘူး
တကယ်တော့ တစ်ယောက်ထဲနေလို့
အထီးကျန်တယ်ဆိုတာထက်
နှစ်ယောက်ရှိပြီး အဆင်မပြေဖြစ်နေတာက
ပို နာ ကျင် ရ တယ် မ ဟုတ် လား

အလိမ်အညာတွေ ခံရဖူးတယ်
အ သုံး ချ ခံ ခဲ့ ရ ဘူး တယ်
အထင် အမြင်တွေ လွဲတာခံရဖူးတယ်
စေတနာတွေ စော်ကားခံရဖူးတယ်

မခံမရပ်နိုင်လို့
တစ်ခါတလေ ပေါက်ကွဲတဲ့ အခါကျ
မခံစားဖူးတဲ့ လူတစ်ချို့က ပြောတယ်
"ဘာမဟုတ်တာလေးနဲ့" တဲ့

ဟုတ်ပါတယ်
ဘာမဟုတ်တာလေးတွေပါပဲ

ဒါပေမယ့် သူတို့ မသိကြသေးတာက
အဲ့ဒီ ဘာမဟုတ်တာလေးတွေက
ကြိမ်ဖန်များစွာ ဟုတ်လာတဲ့အခါ
ဒဏ်ရာတွေ အဟုတ်ရခဲ့ရတယ်ဆိုတာ
အခြေအနေတွေ ယိုင်နဲ့ခဲ့ရတယ်ဆိုတာ
ဘဝတစ်ခုလုံး တိမ်းစောင်ခဲ့ရတယ်ဆိုတာ
ဆုံးရှုံးမှု့တွေ တကယ်များခဲ့ရတယ်ဆိုတာ
သူတို့ မသိကြပါဘူး

ဘာမဟုတ်တာလေးတွေ
တကယ်ဟုတ်လာတဲ့အခါ
တစ်ခါတလေ ကိုယ်ကမ္ဘာပျက်ခဲ့ရတယ်
တစ်ခါတလေ ဝေဒနာတွေ ဖြစ်ခဲ့ရတယ်

အတွေ့အကြုံ့က သင်ပေးခဲ့တဲ့
သင်ခန်းစာတွေကြောင့် ကိုယ်နားလည်ခဲ့ပါပြီ

အပြုံးလှလှလေးတွေကိုလည်း
မ တပ် မက် တော့ သ လို
စကားချိုချိုလေးတွေကို ရမ်းမယုံတတ်တော့ဘူး
မျက်နှာချင်းဆိုင်က အန္တာရာယ်တွေထက်
နောက်ကျောက ဓားတွေကို ပိုသတိထားတယ်

အရင်လိုလဲ သိပ်အားမနာတတ်တော့ဘူး
မလုပ်နိုင်တာကို တာဝန်မယူတော့ဘူး
မကြိုက်ရင် မကြိုက်ဘူး
မပေးနိုင်ရင် မပေးနိုင်ဘူး
မကူညီနိုင်ရင် မကူညီနိုင်ဘူးပဲ
ဟန်ဆောင်ပြီး ပြုံးရမယ်ဆိုရင်
ကိုယ့်ကိုကိုယ်တောင် မုန်းတယ်

ကိုယ့်အကြိုက် ကိုယ့်စရိုတ်နဲ့
ကိုယ်ယုံကြည်ရာ ဝါသနာကို
ဘယ်သူမကြိုက်လို့မှ မစွန့်လွှတ်နိုင်ဘူး
မမြင်ချင်ရင် မကြည့်နဲ့ပဲ ရှင်းတယ်
ဒါကို မာနကြီးတယ်လို့ ကိုယ်မထင်ဘူး
ကိုယ့်ကိုကိုယ် တန်ဖိုးထားတယ်လို့ပဲ ခံယူတယ်

ကိုယ်ဖြစ်ရင် ဘယ်သူခံရမှာလဲ
ကိုယ်ဖြစ်ရင် ကိုယ်ဘဲခံရမှတော့
ဘယ်သူဘာပြောပြော
ကိုယ်ကြိုက်တာပဲ ကိုယ်လုပ်မယ်
အ ရေး ကြီး တာ က
ကိုယ်ကျင့်တရား မပျက်ဖို့ပဲမို့လား
ဒါကြောင့် ကိုယ့်ဘဝကို ကိုယ်ပဲ့ကိုင်ပြီး
ကိုယ့်စတိုင်နဲ့ ကိုယ်နေတယ်။

#အရှင်ဇဝနသူ့စိတ်ကြိုက်စာပေများ

Address

Pathein

Website

Alerts

Be the first to know and let us send you an email when Paing Soe Thu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share