Chaw Khin

Chaw Khin Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chaw Khin, Clothing Store, Hmatting Street, Paungde.

🙌🙌မင်္ဂလာပါ မင်မင်တို့ ဗဟုသုတ စာလေးတွေ မ ဝေမျှခဲ့တာ ကြာပြီဆိုတော့ ခု ပြန်ပေါ်လာပါပြီ 👏ဒီကနေ့မှာတော့ မျက်လုံးလေးနဲ့ သက်ဆိ...
14/12/2022

🙌🙌မင်္ဂလာပါ မင်မင်တို့ ဗဟုသုတ စာလေးတွေ မ ဝေမျှခဲ့တာ ကြာပြီဆိုတော့ ခု ပြန်ပေါ်လာပါပြီ

👏ဒီကနေ့မှာတော့ မျက်လုံးလေးနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ အကြောင်း ပြောပြပေးသွားမှာ ဖြစ်ပါတယ်

👀အမြင်အာရုံဝေဝါးခြင်း ပြဿနာများအကြောင်း

🤳ကမ္ဘာတစ်ဝန်းမှာ အမြင်အာရုံဝေဝါးခြင်း ပြဿနာကို
ခံစားရတဲ့ လူနာတွေ အများကြီး ရှိပါတယ်။
သူတို့ဟာ အကြောင်းအမျိုးမျိုးကြောင့် အမြင်ဝေဝါးကြတာဖြစ်ပြီး အများစုက အလွယ်တကူကုသလို့ရပါတယ်။
ဒီလို ကုသနိုင်ဖို့ဆိုရင်တော့ ကိုယ်အမြင်အာရုံချို့ယွင်းခြင်း ဖြစ်နေတာကို စောစောသိဖို့ လိုပါတယ်။
စောစောသိမှ စောစောကုသမှု ခံယူလို့ရမှာပါ။

အမြင်အာရုံဝေဝါးခြင်းက အမြင်ပြဿနာသက်သက် မဟုတ်ပါဘူး။
🤢ကြာလာတာနဲ့အမျှ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ထိခိုက်နိုင်ပြီး မတော်တဆထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။

💥အဖြစ်များတဲ့ အမြင်အာရုံဝေဝါးခြင်း ပြဿနာများ

💌အနီးမှုန်ခြင်း
အနီးမှုန်ခြင်းက ဖြည်းဖြည်းချင်း ဖြစ်လာပြီး
ကြာလာလေလေ ပိုဆိုးလေလေပါ။ အသက်ကြီးလာတာနဲ့အမျှ ဖြစ်နိုင်ခြေ ပိုမြင့်လာပါတယ်။ အထူးသဖြင့်
အသက် ၄၀ဝန်းကျင်လောက်ဆို စဖြစ်တတ်ပါတယ်။ သတိထားရမယ့် လက္ခဏာတွေက

-အရင်ကနဲ့ မတူဘဲ တစ်ခုခုကို ခပ်ခွာခွာကြည့်မှ မြင်ရရင်

-ပုံမှန်အကွာအဝေးနဲ့ စာဖတ်လို့ မရဘဲ ဝေဝါးသွားရင်

-အနီးကပ် စာတွေဖတ်၊ အသေးစိတ်အာရုံစိုက်ပြီး အလုပ်လုပ်ပြီးတဲ့အခါ မျက်ရိုးတွေ၊ ခေါင်းတွေကိုက်လာရင် အနီးမှုန်များလားလို့ သံသယဖြစ်သင့်ပါတယ်။

ပင်ပန်းနေတဲ့အချိန်၊ အလင်းရောင် ကောင်းကောင်း မရတဲ့အချိန်မှာ လုပ်ရရင် ပိုပြီး ခံစားရပါတယ်။
❣အသက်ကြီးမှဖြစ်တယ်ဆိုပေမယ့် ဆီးချို၊ နှလုံးရောဂါ၊ multiple sclerosis လိုမျိုး အာရုံကြောရောဂါတွေ ရှိနေမယ်ဆိုရင် ၄၀မတိုင်ခင်မှာ ဖြစ်ဖို့ အလားအလာများပါတယ်။ ဒါ့ပြင် စိတ်ကျရောဂါကုဆေးတွေ၊ အလာဂျီကုဆေးတွေ၊ ဆီးဆေးတွေ သောက်နေရရင်လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ အနီးမှုန်နိုင်ခြေများပါတယ်။

💌အဝေးမှုန်ခြင်း
အဝေးမှုန်တာကလည်း အနီးမှုန်တာလိုပဲ ဖြည်းဖြည်းချင်း
ပိုဆိုးလာတဲ့ ပြဿနာပါ။ အသက်ငယ်ငယ်လေးနဲ့ ဖြစ်နိုင်တယ်ဆိုတာ သတိထားပါ။ ကလေးဘဝတည်းက ဖြစ်နိုင်ပြီး စာသင်တဲ့ အရွယ်ဆို အဝေးမှုန်တာ ပိုသိသာပါတယ်။ နောက်ဆုံးတန်းကကလေးက ရှေ့ကျောက်သင်ပုန်းက
စာကို မမြင်တာမျိုးပါ။

👍လက္ခဏာတွေကတော့ အဝေးက ပစ္စည်းတွေကို
သေချာမမြင်တာကြောင့် မျက်မှောင်ကျုံ့ကြည့်ရတာ၊ ခေါင်းတွေ၊ မျက်ရိုးတွေ မကြာခဏကိုက်တာ၊
ညဘက်ကားမောင်းရင် အခက်တွေ့တာ စတာတွေပဲဖြစ်ပါတယ်။

🤔ကလေးတွေမှာဆိုရင်တော့ ကောင်းကောင်းမပြောနိုင်တဲ့အတွက် သူတို့ကို သတိထားပြီး စောင့်ကြည့်ရပါတယ်။ စာသင်ချိန်မှာ ကျောက်သင်ပုန်းကို မျက်မှောင်ကျုံ့ကြည့်နေရသလား၊ ကျောက်သင်ပုန်းနဲ့ ကပ်ပြီး နေသလား၊
တီဗွီကို ကပ်ကြည့်သလား၊
အဝေးက ပစ္စည်းတွေကိုပြတဲ့အခါ မမြင်ဘူးလား၊
ခဏခဏ မျက်တောင်ခတ်တာ၊ မျက်လုံးပွတ်တာတွေ
လုပ်နေရသလား စတဲ့အချက်တွေကို စောင့်ကြည့်ဖို့လိုပါတယ်။

💌စလင်ဒါ
ဒါကလည်း အဖြစ်များတဲ့ အနီးမှုန်ပြဿနာတစ်မျိုးပါပဲ။ အဓိကကတော့ အရာဝတ္တုတွေကို အနီးကပ်ကြည့်တဲ့အခါ အလင်းတန်းတွေက မြင်လွှာပေါ်မကျဘဲ မြင်လွှာကို
ကျော်ပြီး အနောက်မှာ သွားပေါ်တဲ့အတွက်
ကောင်းကောင်းမမြင်ရဘဲ ဝါးနေတာမျိုးပါ။
မျက်လုံးအလျားတိုတဲ့သူ၊ မျက်ကြည်လွှာပြားတဲ့သူ၊ မျက်လုံးမှန်ဘီလူး ကောင်းကောင်း မခုံးတဲ့သူတွေမှာ
ဒီပြဿနာဖြစ်တတ်ပါတယ်။ ငယ်ငယ်လေးနဲ့ အနီးမှုန်နေတယ်ဆို စလင်ဒါများလားလို့ စဉ်းစားပြီး ဆရာဝန်နဲ့ ပြသ
သင့်ပါတယ်။

💌မျက်စိစွေခြင်း
အရာဝတ္ထုတစ်ခုခုကို ကြည်ကြည်လင်လင် မြင်ရဖို့ဆိုရင် မျက်စိကြွက်သားတွေက ဒီအရာဝတ္ထုကို ကြည့်တဲ့နေရာမှာ အတူတူအားစိုက်ရပါမယ်။ ဒီလိုအားစိုက်ဖို့ကိုတော့ ဦးနှောက်ကထိန်းချုပ်ပါတယ်။

😊ဒါကြောင့် ဦးနှောက် ဒါမှမဟုတ် မျက်လုံးကြွက်သားမကောင်းတဲ့သူတွေမှာ မျက်စိစွေတဲ့ ပြဿနာတွေ့ရပါတယ်။ ဥပမာ ဆီးချို၊ သိုင်းရွိုက်ကြောင့် မျက်လုံးထိခိုက်တာ၊
ဦးနှောက်အကျိတ်၊ လေဖြတ်တာ၊ ခေါင်းထိခိုက်ဒဏ်ရာရတာ၊ ခွဲစိတ်မှုလုပ်ရင်း မျက်လုံးကြွက်သားတွေ ထိခိုက်တာ စတာတွေပဲ ဖြစ်ပါတယ်။ များသောအားဖြင့်တော့
ကလေးဘဝတည်းက မျက်စိစွေတဲ့ ပြဿနာရှိတတ်ပါတယ်။ တချို့ကျတော့လည်း လူကြီးပိုင်းရောက်မှ ဖြစ်ပါတယ်။

မျက်စိစွေတာက အပြင်လူအနေနဲ့ ဒီတိုင်းကြည့်လို့
သိသာပါတယ်။ ဘာမှမဟုတ်ဘူးလို့ ထင်ရပေမယ့် စွေတဲ့သူမှာ နှစ်ထပ်မြင်တာ၊ မျက်လုံးကို တစ်ခုခုက ဆွဲထားသလို ခံစားရတာ၊ စာဖတ်ရခက်တာ၊ တစ်ခုခုကို ကြည့်တာ
ခေါင်းပါလှည့်ရတာ စတဲ့ ပြဿာနာတွေ ရှိတတ်ပါတယ်။

💌ကြက်မျက်သင့်ခြင်း
ကြက်မျက်သင့်တယ်ဆိုတာ အမှောင်ထဲမှာ မမြင်ရတာကို ပြောတာပါ။ သာမန်အားဖြင့်တော့ အမှောင်ထဲရောက်သွားရင် စစချင်းဆို မျက်လုံးပြာပြီး မမြင်ရပါဘူး။ ခဏနေရင် ကျင့်သားရသွားပြီး ရှင်းရှင်းလင်းလင်း မဟုတ်တောင်
ခပ်ရေးရေးပြန်မြင်ရပါတယ်။ ကြက်မျက်သင့်တဲ့သူတွေ
ကျတော့ ဒီလိုခပ်ရေးရေးတောင် ပြန်မမြင်နိုင်ပါဘူး။

😢များသောအားဖြင့် အဝေးမှုန်တဲ့သူတွေ၊ ရေတိမ်၊
အတွင်းတိမ် ရှိတဲ့သူတွေ၊ ဆီးချိုရှိတဲ့သူတွေမှာ တွေ့ရတတ်ပါတယ်။ ကလေးတွေမှာဆိုရင်တော့ ဗီတာမင်အေ ချို့တဲ့တာကြောင့် အဖြစ်များပါတယ်။

ကြက်မျက်သင့်တာက လက္ခဏာတစ်ခုသာဖြစ်ပြီး
ဘာကြောင့် ဖြစ်တာလဲဆိုတာကို အကြောင်းအရင်းရှာဖို့
လိုပါတယ်။

💌အရောင်မခွဲခြားနိုင်ခြင်း
အဓိကက အနီရယ် အစိမ်းရယ် တစ်ခါတလေ အပြာရယ်ကို မခွဲခြားနိုင်တာပါ။ ဦးနှောက်ထဲမှာ အရောင်ကို ခံစားနိုင်တဲ့ cone cellsလို့ ခေါ်တဲ့ ဆဲလ်လေးတွေ မရှိတာ
ဒါမှမဟုတ် ကောင်းကောင်း အလုပ်မလုပ်တာကြောင့်
ဖြစ်တတ်ပါတယ်။ တချို့ကျတော့ မီးရောင်မှိန်မှာ အရောင်
မခွဲခြားနိုင်တာပါ။ သူတို့ကတော့ သိပ်မဆိုးပါဘူး။ တချို့က မီးရောင်နဲ့ မဆိုင်ဘဲ ဘယ်လိုမှ အရောင်မခွဲနိုင်တဲ့သူတွေလည်း ရှိပါတယ်။

အရောင်မခွဲနိုင်တဲ့သူတွေက နေ့စဉ်ဘဝမှာ အခက်အခဲလေးတွေတော့ တွေ့ရနိုင်ပါတယ်။ ဥပမာ အသားတွေ ကျက်မကျက် မသဲကွဲတာမျိုး၊ အသီးမှည့်မမှည့် မသိတာမျိုး၊
မီးပွိုင့်တွေ ကောင်းကောင်းမကြည့်တတ်တာမျိုး ဖြစ်တတ်ပါတယ်။ ကံကောင်းတာက သူတို့အတွက် သီးသန့်ထုတ်ထားတဲ့ မျက်မှန်တွေနဲ့ အရောင်မှန်အောင်
ပြန်ညှိလို့ရပါတယ်။

Takeaways
အမြင်အာရုံဝေဝါးခြင်း ပြဿနာအများစုက မျက်မှန်တွေ၊ မျက်ကပ်မှန်တွေနဲ့ ပြုပြင်လို့ရသလို ခွဲစိတ်ပြီး ကုသလို့ရတာတွေလည်း ရှိပါတယ်။ အမြင်အာရုံဝါးရုံနဲ့တော့
အသက်အန္တရာယ်မထိခိုက်နိုင်ပေမယ့် နောက်ဆက်တွဲအနေနဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ မတော်တဆမှုတွေ
ဖြစ်နိုင်လို့ သတိထားသင့်ပါတယ်။





1.အိမ် ကိုအရင်ဝယ်ပါ။ကားက လိုရာခရီးသွားလို့ရရင်တော်ပီ။2.တာရှည်သုံးရတဲ့ ပစ္စည်းဆို ဈေးကြီးကောင်းတာဝယ်။3.သူငယ်ချင်း အမျိုးတ...
13/12/2022

1.အိမ် ကိုအရင်ဝယ်ပါ။
ကားက လိုရာခရီးသွားလို့ရရင်တော်ပီ။

2.တာရှည်သုံးရတဲ့ ပစ္စည်းဆို
ဈေးကြီးကောင်းတာဝယ်။

3.သူငယ်ချင်း အမျိုးတွေနဲ့
စီးပွါးတွဲ မလုပ်ပါနဲ့။

4.ကျန်းမာရေးကို အထူးဂရုစိုက်ပါ။

5.အခွင့်ရေးရရင် ကိုယ်ပိုင်လုပ်ငန်း လုပ်ပါ။
တသက်လုံး လခစားမလုပ်နဲ့။

6. ကိုယ် က သူများကို ပြောပြနိုင်‌တဲ့
အဆင့် ရအောင်ကြိုးစားပါ။

7.တစ်ယောက်ထဲ နေတတ်နိုင်အောင် ကြိုးစားပါ။

8.အလုပ်လုပ်ရင် ပုံသေ လခ နဲ့
အလုပ် မလုပ် ပါနဲ့။

9. စာအုပ် ဖတ် တတ်တဲ့ အကျင့် လုပ်ပါ။

10. စိတ်တည်ငြိမ် ဆုံးဖြတ် နိုင်တဲ့
လူငယ်တယောက် ဖြစ်အောင် ကြိုးစားပါ။

11.အလုပ်လုပ်ရာမှာ တစ်ဖက်သားကို
မထိခိုက်ပါစေနဲ့။

12.တစ်ဖက်ကတိုက်ခိုက်လာရင်
ရှောင်သွားလိုက်ပါ။

သူများရဲ့ စကားတခွန်းကြောင့်
ကိုယ့်ရဲ့ ပျော်ရွှင်မှုကို မဆုံးရှုံးပါစေနဲ့။

Credit

Address

Hmatting Street
Paungde

Website

Alerts

Be the first to know and let us send you an email when Chaw Khin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category