21/09/2023
ကောင်လေးက သူ့ကောင်မလေးကို
စတွဲကတည်း သူ့ကောင်မလေး post တွေမှာ comment လည်းမပေးဖူး
ကောင်မလေးက profile ဆင်တူထားဖို့ နဲ့
Bio မှာ ကောင်မလေးရဲ့ nickname ရေးပေးဖို့
ပြောတိုင်းလည်း ကောင်လေးက ငြင်းတယ်
ကောင်လေး အတွက် ရည်ရွယ်ပြီး
Share တဲ့ post တွေမှာလည်း
ဝတ်ကျေတန်းကျေ react လေး တစ်ခုပဲရတယ်
ကောင်လေးက သူ့အပေါင်းအသင်းတွေနဲ့လည်း
မိတ်ဆက်မပေးသလို သူနဲ့တွဲနေကြောင်း
လူသိများအောင်လည်း သိပ်မလုပ်ဘူး
ကောင်မလေးက ဘာလို့အမြဲ သူ့အပေါ်ကို
အေးစက်တာလည်း မေးတိုင်းလည်း
ကောင်လေးက ဖြေတယ် သူက အနေအေးလို့
ရင်ထဲ ရှိနေဖို့ပဲလိုတာ ကျန်တာတွေမှ မလိုတာတဲ့
ဒီလို နဲ့ နည်းနည်းကြာတော့ ကောင်လေးနဲ့ ကောင်မလေး ပြတ်သွားကြတယ်
သိပ်မကြာဘူး
ကောင်လေးက ရည်းစားအသစ်ရတယ်
အဲ့ဒီရည်းစားအသစ်ရဲ့ nickname ကို bioမှာရေးပြီး
သူတို့နှစ်ယောက် ရည်းစားစဖြစ်တဲ့ နေ့တွေပါ ရေးထားတယ်
ကောင်လေးရဲ့ collection ပုံတွေမှာ
သူ့ကောင်မလေး အသစ်ရဲ့ ပုံတွေချည်း နေရာယူထားတယ်
ကောင်လေးရဲ့ share postတွေမှာလည်း
အဲ့ဒီကောင်မလေး ကို mention ခေါ်ပြီးမှShare တယ်
ကောင်လေးရဲ့ အပေါင်းအသင်းတွေနဲ့လည်း
ကောင်လေးက မိတ်ဆက်ပေးတော့ အဲ့ကောင်မလေးနဲ့ သူ့အပေါင်းသင်းတွေတောင် စလိုက်နောက်လိုက်ပဲ
ဒါဆို ကောင်လေးက အနေအေးလို့လည်းမဟုတ်ဖူး
ရင်ထဲရှိရင် ပြီးရောဆိုတဲ့ လူလည်းမဟုတ်ဖူး
အရင်ကောင်မလေးကို သူတကယ် မချစ်ခဲ့တာ
သူ တကယ်ချစ်တဲ့လူနဲ့ကျတော့
အသေးအဖွဲတောင် လိုက်ပူဆာစရာမလိုဖူး
အလိုကျတသိနဲ့ လုပ်ပေးတော့တာ
အပိုတွေ မလုပ်တတ်လို့ဆိုပြီး ဂျ င်း မမိကြပါစေနဲ့ ❤