19/07/2024
#သွေးလွန်တုတ်ကွေး
မေမေတို့ရေ
သွေးလွန်တုတ်ကွေးရောဂါဟာ Flavi virus သယ်ဆောင်ထားတဲ့ Aedes ခြင် ကိုက်စက်ခြင်း ကနေတဆင့် ကူးစက်ဖြစ်ပွားခြင်းကြောင့် ဖြစ်ပါတယ်။
မိုးရွာသီမှာ ခြင်ပေါက်ဖွားမှု များလာတာနှင့် အတူ သွေးလွန်တုတ်ကွေးဖြစ်ပွားမှုလည်း များလေ့ရှိပါတယ်။
ရောဂါပိုးရှိတဲ့ခြင် ကိုက်ခံရပြီး(၄)ရက်ကနေ (၆)ရက်အတွင်း ရောဂါလက္ခဏစတင်ဖြစ်ပေါ်ပြီး (၁၀)ရက်ခန့်အထိ ကြာရှည်တတ်ပါတယ်၊
ရောဂါပိုး ပထမဆုံး စတင် ဝင်ရောက်သည့် အခါ အချို့ကလေးတွေမှာ ရောဂါလက္ခဏ ပြသလို တချို့လည်း ရောဂါ လက္ခဏမပြတာလည်း ရှိနိုင်ပါတယ်။
သွေးလွန်တုတ်ကွေး ရောဂါလက္ခဏ အဆင့် (၄) ဆင့် ရှိပါတယ်။
အဆင့်(၁) မှာ သာမန် တုတ်ကွေးပုံစံ မျိုးပဲ တွေ့ရပြီး နေပြန်ကောင်းသွားတက်ပါတယ်။ သွေးပေါင်ချိန်ကိရိယာနှင့် လက်မောင်းမှာ ငါးမိနစ်ခန့် စည်းပြီး စမ်းသပ်တဲ့နည်းနှင့်လက်ဖျံမှာ အနီစက် ပေါ်တာကို ကြည့်ပြီး စမ်းသပ်လို့ရပါတယ်။ ၎င်းကို Hess test လို့ခေါ်ပါတယ်။
အဆင့်(၂) မှာတော့ အဖျားပိုကြီးလာတဲ့အပြင် ကော်ဖီရောင်များအန်ခြင်း၊ သွားဖုံးသွေးယိုခြင်း၊ နှာခေါင်းသွေးလျှံခြင်းနှင့် ဝမ်းမည်းမည်းသွားခြင်းတို့ ဖြစ်တတ်ပါတယ်။
အဆင့် (၃) မှာ အထက်က ပြောထားတဲ့ လက္ခဏတွေအပြင် ကလေးက အရမ်းမှိန်းလာခြင်း၊ သတိလစ်သွားခြင်း၊ ခြေဖျား လက်ဖျားများ အေးစက်လာခြင်းများဖြစ်တတ်ပါတယ်။ ထိုလက္ခဏများမှာ ကလေးမှာ shock (သွေးလန့်ခြင်းအဆင့်) ဖြစ်တော့မယ့် လက္ခဏများပဲ ဖြစ်ပါတယ်။
အဆင့်(၄) မှာ သွေးပေါင်ချိန်၊ သွေးခုန်နှုန်းတို့ တိုင်းမရတော့ဘဲ Dengue Shock (သွေးလန့်ခြင်း အဆင့်) ရောက်ပြီး အသက်အန္တရာယ်စိုးရိမ်ရပါတယ်။
သွေးလွန်တုတ်ကွေး မှာ အဆင့် လေးဆင့် ရှိတယ်ဆိုပေမယ့် တစ်ဆင့်ချင်းဆီ ကူးပြောင်း သွားခြင်းမဟုတ်ဘဲ အဆင့်တစ်မှ ရုတ်တရတ်ချက်ချင်း အဆင့် သုံး၊လေး ကူးပြောင်းသွားခြင်းများလည်း ရှိပါတယ်။
ကလေးတချို့ မှာ အပြင်းဖျားနေရာကနေ ရုတ်တရတ် အဖျားကျသွားတဲ့အခါ မိဘတွေအနေနှင့် ပေါ့ပေါ့ဆဆ နေမိပါက အလွန် အန္တရာယ်ကြီးပါတယ်။ ကလေးမှာ တကယ်အဖျားပျောက်သွားခြင်းမဟုတ်ဘဲ Shock (သွေးလန့်ခြင်း အဆင့်) ဖြစ်နေတတ်ပါတယ်။
အဲ့ဒီအတွက် မိဘများအနေနှင့် ကလေးငယ်တွေဖျားတဲ့အခါ မပေါ့ဆဘဲ ဂရုတစိုက် ပြုစု စောင့်ကြည့်သင့်ပါတယ်။
သွေးလွန်တုတ်ကွေးလို့ သံသယဖြစ်တဲ့ လက္ခဏတွေ တွေ့ရှိတာနှင့် ကျွမ်းကျွင်တဲ့ ဆရာဝန်များနှင့် ဆွေးနွေးဖို့ လိုအပ်ပါတယ်
Credit