!! wAn gYi !! Second Branded Collections

!! wAn gYi !! Second Branded Collections Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from !! wAn gYi !! Second Branded Collections, Clothing (Brand), Pyapon.

23/04/2024

ဦးနှောက်ကို အစာကျွေးပါ
**************************

ခွေးတစ်ကောင်ဟာ မီးခဲကိုနင်းမိရင်
"ဂိန်! ဂိန် ဂိန်"အော်ပြီး ထွက်ပြေးသွားတာပဲ
နောက်တစ်ကောင်က ထပ်နင်းမိလည်း
ဂိန်! ဂိန် ဂိန်အော်ပြီး ထွက်ပြေးသွားတာပါပဲ

သူနင်းမိလို့ ပူတဲ့ကိစ္စကို အခြားခွေးတွေကို
မနင်းမိစေနဲ့ ပူတယ်လို့် မပြောနိုင်ဘူး
သူ့အတွေ့အကြုံကို လက်ဆင့်မကမ်းနိုင်ဘူး...(ဥပမာအရ)

ဘာဖြစ်လို့လဲဆိုတော့
သူတို့မှာ ဘာသာစကားမရှိလို့

ကိုယ်တိုင်ဖြစ်မှ ကိုယ်တိုင်သိရတာ
ကမ္ဘာဦးအစ ခွေးတွေကနေ
ဒီနေ့ခွေးတွေအထိ ဂိန်! ပဲ....

တို့တစ်တွေလူတွေမှာတော့ အဲဒီလိုမဟုတ်ဘူး ဘာသာစကားရှိတယ်

မင်းတို့ငယ်ငယ်ကတည်းက
တစ်ပါးသူရဲ့အတွေ့အကြုံလက်ဆင့်ကမ်းလာတာအမေဖြစ်သူက အဲ့ဒါမကိုင်နဲ့
"ပူပူ" အဲ့ဒါမကိုင်နဲ့" ဝေါ့ဝေါ့ "
မင်းကိုင်ပါဦးမလား?

မင်းအမေရဲ့အတွေ့အကြုံလက်ဆင့်ကမ်းမှုကြောင့် မင်း မီးကို အပူမှန်းသိသွားတယ်
"ဝေါ့ဝေါ့"ဆိုတာကို ရွံစရာမှန်းသိသွားတယ်

အောက်ဆီဂျင်ကို ခုချက်ချင်း မင်းဓာတ်ခွဲခန်းထဲမှာ
မင်းရှာဖွေထုတ်နိုင်တယ်
အဲဒီအောက်ဆီဂျင်ကို မင်းရှာတွေ့ခဲ့တာမဟုတ်ဘူး...

ဒါပေမယ့် ရှာတွေ့ခဲ့တဲ့ပညာရှင်က
လက်ဆင့်ကမ်းခဲ့လို့ မင်းချက်ချင်းဖော်ထုတ်နိုင်တယ်.
ဒါအတွေ့အကြုံကိုလက်ဆင့်ကမ်းတာပဲ

ပညာသင်တယ်ပညာရှာတယ်ဆိုတာ ဒါပဲလေ...

ဘာသာစကားရှိလို့ တစ်ပါးသူရဲ့
အတွေ့အကြုံကိုလက်ဆင့်ကမ်းနိုင်တယ်
တစ်ဆင့်ပြီးတစ်ဆင့်လက်ဆင့်ကမ်းကြတယ်။ဒါကြောင့်လည်း လူ့လောကကြီးက
တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ပြောင်းလဲလာတာပေါ့။

အတွေးအကြံ၊ အတွေ့အကြုံကို လက်ဆင့်ကမ်းတဲ့နေရာမှာ နှစ်မျိူးရှိတယ် ။

တစ်ခုက "တိုက်ရိုက်ပြောဆိုပို့ချခြင်း"နဲ့
နောက်တစ်ခုက သူ့ရဲ့အတွေ့အကြုံတွေကို
"စာအုပ်ထဲမှာ ချရေးထားခဲ့ပြီး လက်ဆင့်ကမ်းခဲ့တာ"

ဥပမာအောင်မြင်သူတွေရဲ့ အတ္ထုပ္ပတ္တိတွေကို ဖတ်ကြည့်ရင်
သူတို့ရဲ့အတွေးအကြံ၊ အတွေ့အကြုံတွေ မင်းရလာမယ်။

မင်းစိတ်ဓာတ်တွေမာကြောလာမယ်
ထပ်ခါတလဲလဲ ကြိုးစားချင်စိတ်တွေ ဖြစ်လာမယ်။
အောင်မြင်သူတွေလည်း အခက်အခဲတွေကြားက ရုန်းထကြတာကိုး။

ဒါကြောင့်မို့ စာဖတ်ခိုင်းတာ
စာဖတ်တဲ့နေရာမှာလည်း နည်းနည်းဖတ်မိတောင် များများတွေးပါ၊ လိုက်နာပါ၊ ကျင့်သုံး​ကြည့်ပါ ။

သူတစ်ပါးရဲ့အတွေ့အကြုံကို
ကိုယ့်ရဲ့အတွေးအကြံလေးနဲ့ ပေါင်းစပ်ပါ...
ကိုယ့်ကိုယ်ကိုယ်ခိုင်း
ကိုယ့်ကိုယ်ကိုယ်မခိုင်းရင်
သူများခိုင်းတာခံရတတ်တယ် ။
စဉ်းစားတွေးတောပေးရတယ်

"ဦးနှောက်ကိုခါးတောင်းကျိုက်ပါ"
ဒါမှ ခေါင်းဆောင်ဖြစ်မှာ
လူခါးတောင်းကျိုက်ရင် ကူလီပဲဖြစ်မှာပေါ့"

စာဖတ်ခြင်းကို ပေါ့သေးသေးမတွက်နဲ့
စာဖတ်တယ်ဆိုတာ တစ်ပါးသူရဲ့အမှားကို
ကိုယ်ဆက်မမှားအောင်လုပ်တာ...

တစ်ပါးသူရဲ့အတွေ့အကြုံကို
ကိုယ့်အတွေ့အကြုံအဖြစ်ရယူတာပဲ

လူလိမ္မာတို့သည် တစ်ပါးသူ၏ အမှားမှ
သင်ခန်းစာကို ယူတတ်ကြတယ်

လူမိုက်တို့သည် ကိုယ်တိုင်မှားမှ
သင်ခန်းစာရကြတယ်

"ပို၍ မိုက်မဲသောသူတို့ကား
ကိုယ်တိုင် မှားပါလျက်နှင့်ပင်
သင်ခန်းစာ မယူတတ်ကြကုန်တဲ့"

ကိုယ်တိုင်မှားမှ မှားမှန်းသိရင်
ခွေးသာသာဖြစ်သွားမှာပေါ့

စာကြည့်တိုက်တစ်တိုက်ဖွင့်ရင်
အချုပ်ထောင်မှာ လူငါးယောက်လျော့မယ်

စာဖတ်တဲ့လူဟာ
အသိအဉာဏ်အားကောင်းလာတယ်

အနည်းဆုံး မိဘတွေ ဆုံးမရတာသက်သာတယ်

မင်းကိုယ်မင်းချစ်ရင် ပညာသင်ပါ။
စာဖတ်ပါ။
မင်းမိသားစုကို မင်းချစ်ရင် ပညာသင်ပါ။
စာဖတ်ပါ။
မင်းတိုင်းပြည်ကို မင်းချစ်ရင် ပညာသင်ပါ စာဖတ်ပါ။

မင်းတို့တစ်တွေ ဗဟုသုတကိုရှာဖွေပါ
လေ့လာပါ၊ဆည်းပူးပါ ၊စာဖတ်ပါ ၊၊
တစ်ပါးသူရဲ့အတွေ့အကြုံကို လက်ဆင့်ကမ်းယူကြပါ။

ဦးနှောက်ကိုဦးစားပေးတဲ့စာမျိုး
များများ ဖတ်စေချင်တယ်... ။

ဆရာကြီးဦးအောင်သင်း -အားအစဥ်လေးစားလျက်

မူရင်းအားCrdပေးပါသည်
#ဆရာကြီးဦးအောင်သင်း၏
#လူငယ်များသို့အမှာစာ
#အဥ္ဇလီကျော်ပညာရေးဝန်ဆောင်မှု

22/11/2023
18/11/2023
16/11/2023
13/11/2023
13/11/2023

“တစ်ခါတစ်လေ ရော်နယ်ဟာ အသက်(39)နှစ်ပြည့်တော့မယ့် ကစားသမားတစ်ယောက်ဖြစ်တယ်ဆိုတဲ့ အချက်က ကျွန်တော့်ကို အံ့အားသင့်စေပါတယ်၊ဒါပေမယ့် သူ့ရဲ့ စိတ်ဓာတ်ပြင်းပြမှု့တွေကတော့ ငယ်ရွယ်စဉ်အချိန်တုန်းက အတိုင်းပါပဲ၊သူက နေ့ရက်တိုင်း အပြင်းအထန်ကြိုးစားပီး ပွဲစဉ်တိုင်းကိုလဲ အာရုံစူးစိုက်မှု့အပြည့်နဲ့ ကစားတာပါ၊အသက်(38)နှစ်အရွယ်နဲ့ တစ်ရာသီကို ဂိုး(50)လောက်သွင်းနိုင်တဲ့ ကစားသမားမျိုးရှိရင် ကျွန်တော့်ကို ပြစမ်းပါဗျာ၊ရော်နယ်ဒိုကလွဲပီး အဲ့လိုလုပ်နိုင်တဲ့ကစားသမားမျိုး မရှိပါဘူး၊သူလုပ်ပြနေတဲ့အရာတွေက အရမ်းကို အံ့ဩဖို့ကောင်းပါတယ်”🐐🔥

-လူးဝစ်ကတ်စ်ထရို 🗣️(Al Nassrနည်းပြ)

13/11/2023

ခိုနိချိဝ…👘

နီပွန်မြေရဲ့ နောက်ဆုံးပွဲစဉ်လေးကို ရောက်ရှိလာခဲ့ပါပြီ။ နှင်းခဲတွေကြားက ရေပူစမ်းတွေ ပေါများတဲ့ Gunma မြို့လေးမှာ November 19ရက်နေ့ The Way လာပါမယ်နော်။ နီပွန်က မြန်မာတွေ နောက်ဆုံးပိတ် အိတ်နဲ့လွယ်ဖို့ အသင့်ပဲလား🥳

ရုပ်ရှင်ရုံ အမည်
千代田町民プラザ(Chiyoda Chōmin Plaza)

လိပ်စာ
370-0503
1701-1 Akaiwa,Chiyoda-machi, Gunma

ပြသမည့်နေ့ရက်နှင့်အချိန်
2023-11-19(Sun)
12:00~ 17:00

🚃🚃အနီးဆုံးဘူတာ
川俣駅 (kawamata)မှ အကြို အပို့ လုပ်ပေးပါမည်

ဆက်သွယ်ရန်
080-5407-1983
090-9969-4070
080-7541-0325
080-6737-1980




#အနုပညာကိုဖိနှိပ်မရအကျဉ်းချမရ

Address

Pyapon

Website

Alerts

Be the first to know and let us send you an email when !! wAn gYi !! Second Branded Collections posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share