May Myanmar Kachin Weaving

May Myanmar Kachin Weaving Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from May Myanmar Kachin Weaving, Accessories, No(72/A), Satanar Street, Ohntaw, Pyay.

မဂ်လာရှိသော ဝါဆိုလပြည့်နေ့လေး ဖြစ်ပါစေ....🙏🙏🙏🌕 ဝါဆိုလပြည့်နေ့ 🌕ဓမ္မစင်္ကြာအခါတော်နေ့ 🙏🙏🙏ဝါဆိုလပြည့်နေ့နှင့် ပတ်သက်၍ ဘုရာ...
12/07/2022

မဂ်လာရှိသော ဝါဆိုလပြည့်နေ့လေး ဖြစ်ပါစေ....🙏🙏🙏

🌕 ဝါဆိုလပြည့်နေ့ 🌕
ဓမ္မစင်္ကြာအခါတော်နေ့ 🙏🙏🙏

ဝါဆိုလပြည့်နေ့နှင့် ပတ်သက်၍
ဘုရားဖြစ်စဉ် ဗုဒ္ဓဝင်နှင့်ဆက်စပ်သောထူးခြားဖြစ်စဉ်များမှာ...

( ၁ ) ဘုရားလောင်းသိဒ္ဓတ္တမင်းသားပဋိသန္ဓေ နေသောနေ့

( ၂ ) ဘုရားလောင်း တောထွက်
တော်မူသောနေ့

( ၃ ) ဂေါတမမြတ်စွာဘုရား ဓမ္စစကြာ စတင်ဟောတော်မူသောနေ့

( ၄ ) ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကိုပြတော်မူသောနေ့

( ၅ ) ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့

( ၆ ) တရားရတနာ စတင်ပေါ်သောနေ့

( ၇ ) သံဃာရတနာ စတင်ပေါ်သောနေ့

( ၈ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံသောနေ့

( ၉ ) ဧဟိဘိက္ခု ဟူသောစကားကို
စတင်ကြားရသောနေ့
တို့ပင်ဖြစ်ပါသည်။

ဝါဆိုလပြည့်နေ့ကိုမူ တရားဦး"ဓမ္မစကြာ" ဟောကြားသောနေ့ ဖြစ်၍

"ဓမ္မစကြာနေ့ '' ဟု ယနေ့အထိ ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေသည်။

ယနေ့ ရက်ထူးရက်မြတ်မှသည် မြန်မာတစ်နိုင်ငံလုံးရှိ မိဘပြည်သူအပေါင်း...
ကျန်းမာချမ်းသာ၍ ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့နိုင်​ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင့် 🙏🙏🙏

ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့မှစ၍ဝါတွင်း၃လအဓိဌာန်ဝင်ကြမယ်
23/07/2021

ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့မှစ၍ဝါတွင်း၃လအဓိဌာန်ဝင်ကြမယ်

15/07/2021

ငါတို့ သေချာပေါက် အကြောတင်းစွာကျန်ခဲ့ရမည်။

မနက်မိုးလင်း ကိုယ်လက်သန့်စင်
ဘုရားဝတ်ပြု ကန်တော့ ပြီး
တစ်နေ့တာကို စတင်ဖြတ်သန်းပါတယ်

လက်ဆေးတယ်။
Mask တပ်တယ်။

ရေနွေးပူပူ အလုပ်လုပ်ရင်း 15 မိနစ် တစ်ခါ သောက်တယ်။ ဒင်းဒီလည်ချောင်းထဲ နေနိုင်အုံးမလား

ငပိရည်ကြိုနဲ့ထမင်းကိုနယ် ကြက်ဥပြုတ်နဲ့ ကြက်သွန်နီ တို့စားတယ်၊ ငရုတ်သီးစိမ်းလေးကိုက် ရေနွေးလေးနဲ့

အကုန်အကျသက်သာ ရောဂါလည်းကာကွယ်ပြီးသား
ဒင်းအစာအိမ်ထဲမှာ မာလကီးယားနေလောက်ပြီ

ရေခဲရေ လုံးဝ မသောက်
အအေး လုံးဝမသောက်နဲ့
မိုးချုပ် ရေမချိုးနဲ့ ခေါင်းမလျှော်နဲ့
ဖျားနိုင်မယ့် အကြောင်းအရာ အကုန်ရှောင်တယ်
ဒင်းလာမယ့်လမ်း လုံးဝမခင်းပေးနိုင်ဘူး

ကြောက်လားမေး လုံးဝ မကြောက်ပါဘူး
တရားသဘောတော့ ရှိတာပေါ့။

ဘုရားတရားလေးလုပ်မယ်
စိတ်ကောင်းလေးထားမယ်
ချစ်တဲ့သူတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေမယ်
အသက်ကို ဉာဏ်စောင့်တယ်လေ

ကိုယ်လုပ်နိုင်တာတွေအများကြီးရှိနေတာကို
သေမှာကိုပဲ ကျော်ပြီးတွေးတွေး ကြောက်နေကြတာ
စိတ်ဓါတ်တွေကျနေကြတာတွေ လုံးဝ လုံးဝ မဖြစ်ကြပါနဲ့
နော်

အတူတူကျော်ဖြတ်ကြမယ်
တစ်နေ့ အတူတူ ရယ်မောကြမယ်
ငါတို့သည် ဒီကမ္ဘာမြေပေါ် အကြောတင်းစွာ ကျန်ခဲ့ရမည်

"အရိုးပြုတ်ရည်သောက်ပေးခြင်းဖြင့် ဖျားနာခြင်းမှ လျင်မြန်စွာ သက်သာစေနိုင်"ခုခံအားမြင့်တင်ဖို့အတွက် တန်ဖိုးအနည်းဆုံးနှင့် အ...
09/07/2021

"အရိုးပြုတ်ရည်သောက်ပေးခြင်းဖြင့် ဖျားနာခြင်းမှ လျင်မြန်စွာ သက်သာစေနိုင်"

ခုခံအားမြင့်တင်ဖို့အတွက် တန်ဖိုးအနည်းဆုံးနှင့် အကောင်းဆုံးအစားအစာကို ပြောပါဆိုလျှင် အရိုးပြုတ်ကို ပြောရပါမည်။ အသားမဝယ်နိုင်တဲ့သူတွေအတွက် ကြက်ရိုးဖြစ်ဖြစ်၊ ဝက်ရိုးဖြစ်ဖြစ်၊ အမဲရိုးဖြစ်ဖြစ် ကြိုက်နှစ်သက်ရာ အရိုးတွေနဲ့ အရိုးပြုတ်တစ်ခွက်ချက်လို့ရပါတယ်။

အရိုးပြုတ်ရည်တွေမှာ သတ္ထုဓာတ် နှင့် ဗိုက်တာမင်တွေအပြင် အမိုင်နိုအက်ဆစ်တွေလည်းပါဝင်ပါတယ်။ အရိုးပြုတ်ရည်မှာပါတဲ့ အမိုင်နိုအက်ဆစ်တွေက လျင်မြန်စွာစုပ်ယူနိုင်တဲ့အပြင် အူနံရံပြုပြင်ကိုလည်း ပြုပြင်ပေးနိုင်ပါတယ်။ ခုခံအားစနစ်ရဲ့ ရာနှုန်းတော်တော်များများကို အူလမ်းကြောင်းရဲ့GALT လို့ခေါ်တဲ့ gut associated lymphoid tissue က ထောက်ပံ့ပေးထားတာပါ။ ဒါကြောင့် အရိုးပြုတ်ရည်က အူလမ်းကြောင်းကောင်းစေပြီး ခုခံအားမြင့်တက်လာစေပါတယ်။

အရိုးပြုတ်ရည်မှာပါတဲ့ အမိုင်နိုအက်ဆစ် glycine က ဓာတ်တိုးဆန့်ကျင် ပစ္စည်းတစ်ခုဖြစ်တဲ့ glutathione ထုတ်လုပ်မှုကို အားပေးပြီး oxidative stress ကို သက်သာပါစေပါတယ်။ ဒါကြောင့် အရိုးပြုတ်သောက်ပေးခြင်းဖြင့် ဖျားနာခြင်းမှ လျင်မြန်စွာ သက်သာစေပါတယ်။ အမိုင်နိုအက်ဆစ် glycine က သည်းခြေအရည် နှင့် အစာခြေ အရည် ထုတ်လုပ်မှုကို ကူညီပေးတာကြောင့် အူလမ်းကြောင်းကျန်းမာရေးအတွက်ကောင်းပါတယ်။ အရိုးပြုတ်ရည်သောက်သုံးခြင်းသည် ရေဓာတ်ပြည်လည်ဖြည့်တင်းပေးတာကြောင့် အစာခြေ စနစ် နှင့် ကျောက်ကပ်ကို အကျိုးပြုပါတယ်။ အမိုင်နိုအက်ဆစ် glycine က ကောင်းကောင်းအိပ်ပျော်စေပါတယ်။

အရိုးတွေပြုတ်တဲ့အခါ ဂျင်း နှင့် ကြက်သွန်ဖြူထည့်ပေးပါက ကျန်းမာရေးအတွက် အတော်လေးကောင်းပါလိမ့်မည်။ ဂျင်းမှာ အက်တီအောက်ဆီတန့်အစွမ်း( antioxidants) နှင့် ရောင်းရမ်းခြင်းကိုသက်သာနိုင်စွမ်းရှိပြီး ဂျင်းမှာပါဝငိတဲ့ gingerol, shogaol, paradol , zingerone တွေက ဂျင်းရဲ့ ကျန်းမာရေးအာနိသင်ကို ပေးစွမ်းပါတယ်။ ဂျင်းမှာ မြောက်များစွာသော ဗိုက်တာမင်တွေဖြစ်တဲ့ ဗိုက်တာမင် C၊ ဗိုက်တာမင် B6 နှင့် niacin တွေအပြင် ပိုတက်ဆီယမ်၊ ကော့ပါး၊ မက်ဂနီဆီယမ်၊ ဖော့စရပ်၊ သံဓာတ်၊ ဇင့် အစရှိတဲ့ သတ္တုဓာတ်တွေပါပါဝင်ပါတယ်။ ရောဂါပိုးတွေကိုလည်း သေစေပါတယ်။ နာတာရှည်ရောင်ရမ်းခြင်းကိုလည်း သက်သာစေပါတယ်။ အစာမကြေတာအတွက်လည်းကောင်းပါတယ်။

ကြက်သွန်ဖြူဆိုတာ ဆာဖာကြွယ်ဝတဲ့ အစားအစာဖြစ်ပြီး ဆေးပညာဖခင်ကြီး Hippocrates က ကြက်သွန်ဖြူကို ရောဂါပိုးကုသရန် နှင့် နာကျင်မှု သက်သာစေရန် အသုံးပြုတယ်ရေးပါတယ်။ 2016 အကုန်လောက်ထိ ကြက်သွန်ဖြူကို လေ့လာထားတဲ့ လေ့လာမှုပေါင်း 5100 ကျော်ရှိပါတယ်။ ကြက်သွန်ဖြူက လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ရောဂါပိုးဝင်ခြင်း နှင့် ကင်ဆာတွေကို ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။ ကြက်သွန်ဖြူမှာပါတဲ့ leucine, isoleucine, S-allyl cysteine , allicin ပါဝင်တဲ့ပစ္စည်းတွေက ကျန်းမာရေးကို အကျိုးပြုပါတယ်။

ငွေကြေးအတော်အသင့်ပြည့်စုံမည်ဆိုလျှင် လွယ်လွယ်ကူကူဝယ်လို့ရတဲ့ shiitake ( ရှီတာကီ ) မှိုကို အရိုးပြုတ်ထဲထည့်ချက်လို့ရပါတယ်။ မှိုတွေကို စားပေးခြင်းဖြင့် ကိုယ်တွင်းဇီဝပိုး အသိုက်အမြုံကို မျှတစေတယ်။ မှိုပင်မှာ ဘက်တီးရီယား နှင့် ဗိုင်းရပ်စ်ကို တိုက်ပေးနိုင်တဲ့ သဘာဝစွမ်းအင် အမြောက်အများရှိပါတယ်။ ခုခံအားစနစ်ကို ထိရောက်စွာတိုးတက်စေတယ်။ ဒါပြင် ရှီတာကီမှိုမှာ ကင်ဆာဆန့်ကျင်နိုင်စွမ်း နှင့် ခုခံစွမ်းအား မြှင့်တင်နိုင်စွမ်းရှိပါတယ်။ Selenium, ဗိုက်တာမင် A , C , D , E ပါဝင်ပြီး ဗိုင်းရပ်စ်သေစေနိုင်တယ်လို့ ဆိုပါတယ်။

ဒီလိုကာလမှာ တန်ဖိုးနည်းတဲ့ အဖိုးတန်အဟာရတွေကို ဖန်တီးတတ်ရပါမည်။ စားကောင်းအောင်လည်းချက်တတ်ရပါမည်။ လိုအပ်တဲ့ဗဟုသုတတွေလေ့လာပြီး သေချာလိုက်နာ နေထိုင်မည်ဆိုလျှင် ဒီကပ်ဘေးကြီးက လွတ်ကို လွတ်ပါလိမ့်မည်။ အားလုံးကျန်းမာကြပါစေ။

ဒေါက်တာဖြိုးမောင်မောင်
၈.၇.၂၀၂၁

03/07/2021

ရိုးရိုး နှာစေးချောင်းဆိုးတာနဲ့
COVID-19 နဲ့ဘယ်လိုခွဲကြမလဲ

၁) ချောင်းဆိုး( ချွဲသလိပ်မပါ) + နှာစေး =
လေထုညစ်ညမ်းမှု

၂) ချောင်းဆိုး + ချွဲသလိပ်ပါ + နှာစေး +
နှာရည်ယို = အအေးမိခြင်း

၃) ချောင်းဆိုး + ချွဲသလိပ်ပါ + နှာစေး +
နှာရည်ယို + ကိုယ်ခန္ဓာကိုက်ခဲ + အားနည်း +
အဖျားငွေ့ငွေ့ = တုပ်ကွေး

၄) ချောင်းဆိုး (ချွဲ သလိပ်မပါ) + နှာစေး +
နှာရည်ယို + ကိုယ်ခန္ဓာကိုက်ခဲ + အားနည်း +
အဖျားကြီး + အသက်ရှူရခက်ခဲ =
COVID -19

ဆိုပြီးတော့ ဒေလီက ရောဂါဗေဒ ဌာန
တစ်ခုကနေထုတ်ပြန်ထားပါတယ်။

အခုချိန်မှာ
နှာစေး ချောင်းဆိုး ဖြစ်တာနဲ့
အစိုးရိမ်မလွန်ကြဖို့လိုပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ symptom တွေနဲ့
အပေါ်က ၄ချက်ကို တိုက်ကြည့်ပြီး
မိမိဟာ ဘယ်အချက်တွေနဲ့ တူနေပြီဆိုတာ
သိရှိနိုင်စေဖို့ပါ။

COVID -19 မှာဆိုရင် ချောင်းဆိုးပေမယ့်
သလိပ်မထွက်တာ ဖျားရင်လည်း
အဖျားကြီးတာ အသက်ရှူကြပ်တာတွေက
တခြားနဲ့ မတူဘဲ ထူးခြားချက်တွေပါ။

Credit Original Writer.
Dr Shwe Tun ထပ်ဆင့်မျှ​ဝေပါသည်။

02/07/2021

အရင်လို လက်ဆေး/ maskတပ်ရုံနဲ့ မရတဲ့ 😟

‼️‼️‼️မလိုအပ်ရင် အပြင်မသွားပါနဲ့ ၊ ပိုဂရုစိုက်ကြပါနော် 😷😷

🦾အဆိုးများအားလုံး ဖြတ်ကျော် အောင်နိုင်ကြမှာမို့ စိတ်အား ကိုယ်ခံစွမ်းအား မြှင့်ထားကြမယ် 🦾🦾

‼️ကူးစက်မြန် သေဆုံးမြန် ကိုဗစ်ပိုးတွေ
ဖြစ်တဲ့ UK Alpha, India Delta နဲ့ Kappa
တွေ မြန်မာပြည်တွင် ကူးစက်ပြန့်နှံ့ နေပြီ!
"လက်ဆေး/Mask တပ်ရုံမျှဖြင့်
မလုံလောက်တော့သော
New COVID-19 ကာကွယ်ရေး..."
မူလ D Strain(Aspartic Acid)မှ
G Strain(Glycine) သို့ပြောင်းလဲခဲ့ပြီ
ဖြစ်သောမျိုးဗီဇပြောင်း COVID-19 ၏ အန္တရာယ်မှကာကွယ်ရန်အတွက်
လက်ဆေးခြင်း/Mask တပ်ထားခြင်း
မျှလောက်ဖြင့်ပြီးပြည့်စုံမှုမရှိနိုင်တော့
သည်ကိုသတိပြုကြရမည်ဖြစ်သည်...
COVID-19 ၏ မူလကူးစက်နိုင်စွမ်းက
တစ်ဦးထံမှ ၃ ဦးကျော်အထိသာ
ရှိခဲ့သော်လည်း၊
မျိုးဗီဇပြောင်းလာသော COVID ကမူ
တစ်ဦးထံမှ ၂၀ ဦးထံသို့အထိ
စွမ်းအားရှိနေပြီဖြစ်သည်...
စနစ်တကျထိန်းချုပ်ခြင်းမပြုနိုင်ပါက
ရောဂါပိုးရှိသူတစ်ဦးမှ ၂၀ ဦးဆီသို့၊
ထို ၂၀ ဦးမှနောက်ထပ် ၂၀ ဦးစီထံသို့
ထပ်ဆင့်ဆပွားကာ
ကူးစက်ပြန့်ပွားသွားနိုင်သည်...
လက်ရှိအနေအထားတွင်
စက္ကန့် ၂၀ ကြာလက်ဆေးခြင်းနှင့်
Mask တပ်ခြင်းများအပြင်...
မိမိနေအိမ်အတွင်း၌သာ
နေထိုင်ခြင်း၊
နေအိမ်ပြင်ပသို့အချိန်ကြာမြင့်စွာ
သွားလာခြင်းမှအတတ်နိုင်ဆုံး
ရှောင်ရှားခြင်း၊
နေအိမ်ပြင်ပသို့သွားရောက်ပါက
မျက်နှာအကာအကွယ်အဖြစ်
Face Shield ခေါ်
Anti-Splash Mask ကိုပါ
တပ်ဆင်အသုံးပြုခြင်း၊
အိမ်နီးချင်းများနှင့်
ကူးလူးဆက်သွယ်မှုကိုရှောင်ရှားခြင်း၊
ဧည့်သည်ကိုလက်ခံခြင်းနှင့်
မိမိကိုယ်တိုင်တစ်ပါးသူထံသို့
သွားရောက်လည်ပတ်မှုမှ
ရှောင်ရှားခြင်း၊
အပြင်မှပြန်ရောက်ရောက်ခြင်း
အဝတ်အစားများအားလုံးကို
ဆပ်ပြာဖြင့်လျှော်ဖွတ်/ရေချိုးပြီးမှသာ
မိသားစုနှင့်ထိတွေ့ခြင်း၊
ရုံး/စက်ရုံများ၌
အလုပ်ဆင်းရသူများအနေဖြင့်
ရုံး/စက်ရုံသို့ရောက်ရောက်ခြင်း
တံတောင်ဆစ်မှစ၍
ဆပ်ပြာဖြင့်လက်ဆေးခြင်း၊
ဒူးခေါင်းမှစ၍
ဆပ်ပြာဖြင့်ခြေဆေးခြင်း၊
ညနေအိမ်ပြန်ရောက်လျှင်
အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း
လုပ်ဆောင်ပြီးမှသာ
မိသားစုနှင့်ထိတွေ့ခြင်း၊
ထီးနှင့်ဖိနပ်များကို
နေအိမ်/တိုက်ခန်းအတွင်းသို့
သွင်းခြင်းကိုရှောင်ရှားခြင်း၊
ဟင်းသီးဟင်းရွက်များကို
ဆားရည်ဖြင့်စိမ်ထားပြီးမှသာ...
အသားငါးများကို
ဆားဖြင့်နှံ့အောင်နယ်ပြီးမှသာ...
ချက်ပြုတ်ခြင်း၊
ဟင်းလျာများကိုစီမံသည့်အခါ
အစိမ်းသုပ်စားခြင်းကို
အထူးရှောင်ရှားပြီး၊
ကျက်အောင်ချက်ပြုတ်ပြီးမှသာ
စားသောက်ခြင်း၊
မလွှဲမရှောင်သာသော
အခြေအနေကြောင့်
စားသောက်ဆိုင်များ၌
စားသောက်ရသည့်အခါ
တစ်ဦးချင်းစီအတွက်
ဟင်းပွဲငယ်တစ်ပွဲချင်းစီခွဲ၍
လည်းကောင်း၊
ရေပုလင်းတစ်ပုလင်းချင်းစီခွဲ၍
လည်းကောင်း၊
ရေခွက်တစ်ခွက်ချင်းစီခွဲ၍
လည်းကောင်းစားသုံးခြင်း၊
မည်သည့်အကြောင်းနှင့်မျှ
တစ်ဦးနှင့်တစ်ဦးထိတွေ့မပြု ခြင်း၊
စသည်တို့ကိုလိုက်နာကျင့်သုံးကြရန်
လိုအပ်ပါသည်...
ရောဂါပိုးရှိနေသူက
နှာချေ /ချောင်းဆိုးလျှင်
ဗိုင်းရပ်ပိုးက ၅ ပေကျော်
အကွာအဝေးအထိ
ရောက်ရှိနိုင်သဖြင့်
တစ်ဦးနှင့်တစ်ဦး
၃ ပေအကွာအဝေးက
လုံလောက်မှုမရှိသည်ကို
သတိပြုကြလျက်၊
တစ်ဦးနှင့်တစ်ဦး
အနည်းဆုံးနှစ်မီတာ(၆ ပေခွဲ)ခွာ၍
နေကြရမည်သာဖြစ်ပါသည်...
မိဘပြည်သူများအားလုံး
ကပ်ရောဂါဆိုးကြီး၏အန္တရာယ်မှ
လွတ်မြောက်ရှင်သန်နိုင်ကြပါစေ

Aung Hlain

💢ဝမ်းဆက်​လေး​​တွေပါရှင့်💢​ဈေးနှုန်း​လေး​တွေကလည်းသင့်ပါတယ်​​နော်🥰💰19500kyats☎️09454803713
25/01/2021

💢ဝမ်းဆက်​လေး​​တွေပါရှင့်💢
​ဈေးနှုန်း​လေး​တွေကလည်းသင့်ပါတယ်​​နော်🥰
💰19500kyats
☎️09454803713

2/100ချည်ရှယ်ဝမ်းဆက်​လေး​တွေ​ပါ💯♥️အ​ရောင်​လေး​တွေကသိပ်လှ♥️♦️(၇​တောင်ကွင်း​)တွေပါ​နော်♦️💎အရည်အ​သွေးပြည့်ပါ​နော်💎လိုချင်တယ...
25/01/2021

2/100ချည်ရှယ်ဝမ်းဆက်​လေး​တွေ​ပါ💯
♥️အ​ရောင်​လေး​တွေကသိပ်လှ♥️
♦️(၇​တောင်ကွင်း​)တွေပါ​နော်♦️💎အရည်အ​သွေးပြည့်ပါ​နော်💎
လိုချင်တယ်ဆို
Messengerကိုအမြန်​လေးလာခဲ့ပါရှင့်
Price-32000kyats
☎️09454803713

2/100ချည်​ပေါ်ချည်​ဖောက်💯ပစ်လွန်းအစံခတ်​လေးပါ🦋စိမ်းပြာ​လေး​ပေါ်ပုဇွန်စီ​ရောင်ကျွဲဂျို​သေး​သေး​လေး💜လှမှလှ💜💰48000kyats☎️09...
20/01/2021

2/100ချည်​ပေါ်ချည်​ဖောက်💯
ပစ်လွန်းအစံခတ်​လေးပါ
🦋စိမ်းပြာ​လေး​ပေါ်ပုဇွန်စီ​ရောင်ကျွဲဂျို​သေး​သေး​လေး💜လှမှလှ💜
💰48000kyats
☎️09454803713

🥰အသဲကွင်း​​လေးတေ​လေပါ​နော်🥰🌟ကာလာ​လေး​တေစုံပါတယ်​နော်⚡💰12000 kyats ☎️09454803713
20/01/2021

🥰အသဲကွင်း​​လေးတေ​လေပါ​နော်🥰
🌟ကာလာ​လေး​တေစုံပါတယ်​နော်⚡
💰12000 kyats
☎️09454803713

✅ 2/100ချည်​ပေါ်ချည်​ဖောက်​လေးပါ💯🌹️ဝမ်းဆက်ပါ​နော်⚘♥️ခဲ​ပေါ်အနီ​လေး​ဖောက်ထား​ပေးပါတယ်♥️အမြင်​အေး​စေပါတယ်💰40000kyatsမြန်မာ...
20/01/2021

✅ 2/100ချည်​ပေါ်ချည်​ဖောက်​လေးပါ💯
🌹️ဝမ်းဆက်ပါ​နော်⚘
♥️ခဲ​ပေါ်အနီ​လေး​ဖောက်ထား​ပေးပါတယ်♥️
အမြင်​အေး​စေပါတယ်
💰40000kyats
မြန်မာပြည်အနှံ့အိမ်အ​ရောက်ပို့​ဆောင်​ပေးပါတယ်
♦️ကြိုက်တယ်ဆို Messengerကိုလာခဲ့ပါ​နော်♦️
☎️09454803713

💥​ရောက်တာနဲ့ကုန်​​နေတဲ့အထည်​လေး​တွေ💫
13/01/2021

💥​ရောက်တာနဲ့ကုန်​​နေတဲ့အထည်​လေး​တွေ💫

Address

No(72/A), Satanar Street, Ohntaw
Pyay

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00

Telephone

+959454803713

Website

Alerts

Be the first to know and let us send you an email when May Myanmar Kachin Weaving posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category