03/09/2020
မိန်းမတစ်ယောက်မှာ ဝယ်ထားတဲ့ ဖိနပ် အရံ ၁၀၀ ကျော်နဲ့ နေ့တိုင်းစီးဖြစ်တဲ့ ရာဘာဖိနပ်တစ်ရံရှိတယ်
မိန်းမတစ်ယောက်မှာ တစ်နှစ်နေမှ တခါဖြန့်ဖြစ်တဲ့ yoga mat တစ်ခုရှိတယ်
မိန်းမတစ်ယောက်မှာ အရောင်သာစမ်းကြည့်ပြီး မဆိုးဖြစ်တဲ့ နှုတ်ခမ်းနီတွေ အံဆွဲလိုက်ရှိတယ်
မိန်းမတစ်ယောက်မှာ ရေမလောင်းတတ်လို့ သေသွားတဲ့ indoor plants တွေရှိတယ်
မိန်းမတစ်ယောက်မှာ ဆယ်ပေါင်လောက်ကျမှ ထပ်ဝယ်တော့မယ် စိတ်ကူးပေမယ့် မှာ မှာ ဖြစ်သွားတဲ့ အွန်လိုင်းရှော့ပင် အော်ဒါတွေရှိတယ်
မိန်းမတစ်ယောက်မှာ အရမ်းကြိုက်လို့သိ်မ်းထားပြီး တနေ့ ပိန်သွားရင် ပြန်ဝတ်မယ်ကြံထားတဲ့ ဂျင်းဘောင်းဘီတစ်ထည်ရှိတယ်
မိန်းမတစ်ယောက်မှာ နောက်ရက်တွေ စားဦးမှာပဲ ဆိုပြီး သေချာရေခဲသေတ္တာထဲ သိမ်းထားပြီး တစ်ပတ်လောက်နေရင် လွှင့်ပစ်လိုက်တဲ့ အစားအသောက်တွေရှိတယ်
မိန်းမတစ်ယောက်မှာ ဒီလိုလေးတော့ ချုပ်ရင်လှမယ်ဆို ဝယ်ထားပြီး တစ်နှစ်လောက်ထိ အပ်ချုပ်ဆိုင်မရောက်တဲ့ ပိတ်စတွေ တစ်ထုပ်ရှိတယ်
မိန်းမတစ်ယောက်မှာ မှန်မှန်ကပ်မယ်ဆိုပြီးဝယ်ထားတဲ့ mask တွေ တထပ်လိုက်ရှိတယ်
မိန်းမတစ်ယောက်မှာ ဝိတ်သေချာချမယ်စိတ်ကူးနေရင်း အဖော်ကောင်းလို့ဖြစ်ဖြစ် တစ်ယောက်တည်းဖြစ်ဖြစ် ဟော့ပေါ့ဆိုင်ရောက်သွားတတ်တဲ့ ညနေခင်းတွေရှိတယ်
မိန်းမတစ်ယောက်မှာ ဘာတွေရှိသေးလဲ.... 😅
Credit