Baby & Beauty Products

Baby & Beauty Products Every child is special !

သားသားလေး အတွက်လား?မီးမီးလေးအတွက်လား? #ကလေးအားဆေးအစုံ  #ကလေးအသုံးအဆောင်ပစ္စည်းမျိုးစုံ
13/02/2026

သားသားလေး အတွက်လား?
မီးမီးလေးအတွက်လား?

#ကလေးအားဆေးအစုံ
#ကလေးအသုံးအဆောင်ပစ္စည်းမျိုးစုံ

Baby‌လေးတွေ ဖုန်းသုံးတာများပြီး မျက်လုံးထိခိုက်မှာ စိုးရိမ်နေပြီလား? PN:Kids ရဲ့ bright eyes လေးရှိတယ်နော်💜💜💜 ဒီပုံထဲ PN...
11/02/2026

Baby‌လေးတွေ ဖုန်းသုံးတာများပြီး မျက်လုံးထိခိုက်မှာ စိုးရိမ်နေပြီလား? PN:Kids ရဲ့ bright eyes လေးရှိတယ်နော်💜💜💜

ဒီပုံထဲ PN Kids – Bright EYES ဆိုတာ ကလေးများရဲ့ မျက်စိအတွက် အာဟာရဖြည့်စွက် supplement တစ်မျိုးပါပဲ။

မျက်စိကျန်းမာရေးကို ကူညီဖို့

မြင်နိုင်စွမ်း / မျက်စိအားကို ထောက်ပံ့ဖို့

screen (ဖုန်း၊ tablet) ကြည့်တာများတဲ့ ကလေးတွေအတွက် support ပေးဖို့

အထောက်ကူပြုတဲ့ supplement တစ်မျိုးပါ။

Supplement ဖြစ်တဲ့အတွက် မျက်စိရောဂါကို ကုသပေးတာ မဟုတ်ပါဘူး
ကြိုတင်ကာကွယ်ရန်သာဖြစ်ပါတယ်။

အခုပဲ hello လိုက်တော့နော်
☎️09975979786


#မျက်စိအားဆေး
#ကလေးအားဆေးအစုံ
#ကလေးအသုံးအဆောင်ပစ္စည်းမျိုးစုံ

ကိုယ်၀န်ဆောင် အားဆေးတွေလဲ BABY မှာ အစုံ ရ‌နေပြီနော်💜💜💜လာရောက် အားပေးသူတိုင်းကို အထူးကျေးဇူးတင်ပါတယ်။ #ကိုယ်၀န်ဆောင်အားဆေ...
12/01/2026

ကိုယ်၀န်ဆောင် အားဆေးတွေလဲ
BABY မှာ အစုံ ရ‌နေပြီနော်💜💜💜

လာရောက် အားပေးသူတိုင်းကို အထူးကျေးဇူးတင်ပါတယ်။

#ကိုယ်၀န်ဆောင်အားဆေး


ခေါင်းလျှော်ရည် brand အစုံ ကို တစ်နေရာထဲမှာရချင်ရင် baby ကို hello လိုက်တော့☎️☎️☎️☎️09975979786
08/01/2026

ခေါင်းလျှော်ရည် brand အစုံ ကို တစ်နေရာထဲမှာရချင်ရင် baby ကို hello လိုက်တော့☎️☎️☎️

☎️09975979786











ငယ်ဘဝမှာကတည်းက ကလေးရဲ့  အစွဲအလမ်း (attachment) ကို ဘယ်လိုထိန်း‌ကျောင်းပေး မလဲ❓အရမ်းကောင်းတဲ့ မေးခွန်းပါ 🌱အစွဲအလမ်းကြီးခြ...
06/01/2026

ငယ်ဘဝမှာကတည်းက ကလေးရဲ့ အစွဲအလမ်း (attachment) ကို ဘယ်လိုထိန်း‌ကျောင်းပေး မလဲ❓

အရမ်းကောင်းတဲ့ မေးခွန်းပါ 🌱

အစွဲအလမ်းကြီးခြင်းက အနာဂတ်မှာ စိတ်ကျန်းမာရေး၊ အချစ်ရေး၊ လူမှုဆက်ဆံရေး
အားလုံး အပေါ်မှာ အလွန်ကြီးမားစွာ သက်ရောက်ပါတယ်။

ပထမဆုံး အနေနဲ့ ကျွန်မရဲ့ အတွေးအမြင်တွေ မပါပဲ research (သုတေသနကျမ်း) တွေရဲ့ တွေ့ရှိချက်တွေကို အရင်ပြောပြပေးမယ်။

Attachment Theory
(အစွဲအလမ်းသီအိုရီ)

John Bowlby (1960s) ဆိုတဲ့ ပညာရှင်က စတင်‌တွေ့ရှိခဲ့တဲ့ စိတ်ပညာသီအိုရီတစ်ခုပါ။

သူ့ research အရ
ကလေးဘဝမှာ မိဘ/ထိန်းသိမ်းသူနဲ့ ဆက်ဆံပုံက
👉 လူကြီးဘဝမှာ ချစ်ရေး၊ လူမှုဆက်ဆံရေး ကို တိုက်ရိုက် သက်ရောက်တယ်လို့ ဆိုပါတယ်။

ကလေးငယ်ရဲ့ Attachment (အစွဲအလမ်း/သံယောဇဉ်) နဲ့ ပတ်သတ်ပြီး ဘယ်လို control လုပ်သင့်လဲဆိုတာ အချက် ၄ ချက်နဲ့ ပြောပြမယ်။

ပထမဆုံးအချက်က
၁။ “Secure Attachment”

Research အရ ပြောရရင် secure attachment ဆိုတာ
ကလေးက
👉 "ဖေဖေ‌ မေမေက ငါ့ကိုချစ်တယ်၊ ကာကွယ်ပေးလိမ့်မယ်” ဆိုတဲ့ စိတ်လုံခြုံမှု ရရှိရုံလောက်ပဲ စွဲလမ်းတာမျိုးပေါ့။
နောက်ပိုင်းမှာ အစွဲအလမ်း အလွန်အမင်း မဖြစ်စေတဲ့ အခြေအနေလောက်ပေါ့။

ဒီအခြေအနေဟာ ကလေးအတွက်အရမ်းကို လိုအပ်တဲ့ အခြေအနေပါ။

လက်တွေ့နည်း

ကလေး ငိုရင် လျစ်လျူ မရှုပါနဲ့
ကြောက်ရင် ရင်ခွင်ထဲယူပြီး သာယာအောင်လုပ်ပါ
“မငိုနဲ့” လို့ မပိတ်ပင်ဘဲ
👉 “ကြောက်နေတာကို၊ မေမေ သို့မဟုတ် ဖေဖေက နားလည်‌ကြောင်း” ပြသပေးပါ။

📌 ဒါက “အလွန်အမင်းချစ်ခြင်း” မဟုတ်ဘဲ
စိတ်လုံခြုံမှုတည်ဆောက် ပေးခြင်းသာ ဖြစ်ပါတယ်။

ဒုတိယအချက်က
၂။ Overprotection (အလွန်ကာကွယ်ခြင်း)

အလွန်ကာကွယ်ပေးခြင်းက နောင်မှာ Anxious attachment စွဲလမ်းမှု လွန်ကဲစေ နိုင်ပါတယ်။

လက်တွေ့နည်း နဲ့ အကြံပြုရရင်
အသက်အရွယ်အလိုက်
👉 ကိုယ်တိုင် လုပ်ခွင့်ပေးပါ

မိဘအပေါ်သာ မှီခိုမနေအောင်
👉 အခြားလူကြီးတွေ၊ မိတ်ဆွေတွေ နဲ့ ဆက်ဆံခွင့်ပေးပါ

တတိယ အချက်က
၃။ Emotion coaching (ခံစားချက်တွေကို နာမည်ပေးသင်ပေးခြင်း)

Research အရ ခံစားချက်ကို နားလည်တဲ့ကလေးတွေက အစွဲအလမ်းကို ထိန်းနိုင်ပါတယ်။

လက်တွေ့နည်း ကို ဥပမာပေးရရင်

“ဒါက စိတ်မကောင်းဖြစ်နေတာ”
“ဒါက မနာလိုဖြစ်နေတာ”
“ဒါက ဝမ်းနည်းနေတာ”
အစရှိသဖြင့်👉ခံစားချက် ကို စကားနဲ့ ဖော်ပြနိုင်အောင် သင်ပေးပါ

နောက်ဆုံးအချက်ကတော့
၄။ ခွဲခွာမှုကို သာမန်ပဲဆိုတာမျိုး တွေးတတ်အောင် သင်ပေးခြင်း

Research အရ
ခွဲခွာမှုကို သာမန်အဖြစ် ခံယူနိုင်တဲ့ကလေးတွေက
အစွဲအလမ်းအလွန်အမင်း မဖြစ်ပါဘူး။

လက်တွေ့နည်း နဲ့ အကြံပြုရရင်

👉 မိမိအပြင်ထွက်တဲ့အခါ ပျောက်မသွားဘူးဆိုတာ အမြဲပြောပါ
“မိမိပြန်လာမယ်” လို့ အချိန်ကန့်သတ်ပြီး ကတိပေးပါ
ကတိကို အမြဲတည်ပါ

အပေါ်က ပြောခဲ့တဲ့ အချက်တွေထက် အရေးကြီးဆုံးက ဘာလဲ သိပါသလား❓

အဲဒါကတော့ မိဘကိုယ်တိုင်က အစွဲအလမ်း လွန်ကဲတတ်သူ မဖြစ်ဖို့ သတိထားရမယ်ဆိုတာပါပဲ။

Research အရ ‌ပဲ ပြောရရင် မိဘရဲ့ attachment style က ကလေးကို တိုက်ရိုက်ကူးစက်တတ်ပါတယ်။

ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုယ် အမြဲပြန်မေးကြည့်ပါ

မိမိက အစွဲလမ်း လွန်ကဲသူလား❓
ကလေးကို မိမိစိတ်လုံခြုံမှုအတွက် အသုံးချနေမိလား❓

👉 မိဘက စိတ်ကျန်းမာမှ
ကလေးလည်း စိတ်ကျန်းမာမယ်ဆိုတာ အမြဲ သတိကပ်ရပါမယ်။

အသက်အရွယ်လိုက် အကျဉ်းချုပ် အကြံပေးရရင်
0–2 နှစ် မှာ စိတ်လုံခြုံမှုရအောင် ချစ်ပါ

3–6 နှစ် မှာ ချစ်ခြင်း နဲ့အတူ လွတ်လပ်ခွင့်ပေးပါ

7 နှစ်အထက် မှာ ယုံကြည်မှု နဲ့ အတူ ကိုယ်တိုင်ဆုံးဖြတ်ခွင့် ပါပေးပါ (ကိစ္စတိုင်းကို မဆိုလိုပါ)

ဒီစာကို အခုမှ ထရေးဖြစ်တာကလည်း ကိုယ့်ကိုယ်ကိုယ် ဆုံးမ ချင်လို့ တွေးရင်းနဲ့ ရေးဖြစ်သွားတာပါ။

ဒီရက်ပိုင်း ကျွန်မရော ကျွန်မ အမျိုးသားရောက အလုပ်အကိုင်အပေါ် ၊ နေရာဒေသအပေါ်၊ ကိုယ်ကျွမ်းကျင်တဲ့ ပညာရပ်တွေအပေါ်မှာ စွဲလမ်းမှု လွန်ကဲ နေသလို ခံစားလာရပြီး စိတ်တွေ ပင်ပန်းလာလို့ စာရေးဖြစ်သွားတယ်ပဲ ဆိုပါတော့။

“အစွဲအလမ်းအရမ်းကြီးတာ” က

ကောင်းတဲ့ဘက်က ကြည့်မယ်ဆိုရင်တော့
ချစ်ခြင်း၊ အလေးထားမှု၊ သစ္စာရှိမှုကို ပြနိုင်တာပေါ့။

မကောင်းတဲ့ဘက်က ကြည့်မယ်ဆိုရင်တော့

မိမိဘဝကို မေ့ပြီး တစ်ယောက်ထဲကိုသာ မူတည်လာနိုင်တယ်

မယုံကြည်မှု‌တွေ၊ မနာလိုမှုတွေ၊ ထိန်းချုပ်လိုစိတ်တွေ ဖြစ်လာနိုင်တယ်

စိတ်ပင်ပန်းမှု‌တွေ၊ စိတ်ဒဏ်ရာတွေ လဲ ရနိုင်တယ်

အကောင်းဆုံးကတော့
အစွဲအလမ်းကို အလယ်အလတ် ထိန်းထားပြီး
ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်အိပ်မက်တွေ မဆုံးရှုံးစေဖို့
ယုံကြည်မှု၊ လေးစားမှု၊ ဆက်သွယ်ပြောဆိုမှုကိုသာ ပိုဦးစားပေးသင့်ပါတယ်။

အကျဉ်းချုပ်တော့ ချစ်ခြင်း‌ဟာကောင်းပါတယ်၊ ဒါပေမဲ့ ကိုယ်ကိုယ်တိုင်ကိုပါ မေ့မသွားအောင် ထိန်းထားနိုင်မှ ပိုကောင်းပါမယ်။

ဘယ်လိုတွေ ဘယ်အရာတွေ အပေါ်မှာပဲ အစွဲကြီးကြီး ပြဿနာ မရှိပေမယ့်

Mono ဖေဖေ ကိုရော ကျွန်မ ကိုယ် ကျွန်မ ရော အမြဲသတိကပ်ပြီး ဆုံးမ ရမယ့် အရာ တစ်ခု‌တော့ရှိတယ်။

အဲဒါက

လောဘကြောင့် စွဲလမ်းနေကြတဲ့
စာတော်ရမယ်။ ကြီးရင် ဘာဖြစ်ရမယ် ဆိုတာတွေကို မေ့ထားပြီး

လူတော်ဖြစ်ဖို့ထက် လူကောင်းဖြစ်အောင် အရင်ဆုံး ထိန်းကျောင်းရင်း

✅ ငါတို့ သား ရဲ့ အရာရာ ကို ၊ ဖြစ်တည်မှု တိုင်းကို အရှိကို အရှိအတိုင်း လက်ခံကြရအောင် ✅

ဆိုတာပါပဲ။

စာကြွင်း။ ။ သား ကြီးလာရင် ပြောပြရမယ်။
( သားရေ အစွဲလမ်းကြီးလွန်းတာ မကောင်းဘူး။
မင်းအဖေ ကိုပဲကြည့် မန်ယူ ကို စွဲလမ်းတာမျိုး🤦
ဘယ်တော့မှလဲ မနိုင်တော့ မေမေတို့ ဘေးကနေကြည့်တာတောင် ဘယ်လောက် စိတ်ဆင်းရဲရလဲ လို့)😄😄

သားလေးမေမေ
Z M Wathone
MEd (Methodology)
6.1.2026 (10:15 AM)

Garnier  တစ်မျိုးပဲ စွဲစွဲလမ်းလမ်းသုံးတဲ့ ကာကာတွေ ရှိကိုရှိတယ်ဟုတ်💪😅😅🧴 Garnier Men Foam တွေမှာ အမျိုးအစားအများကြီးရှိပြီ...
05/01/2026

Garnier တစ်မျိုးပဲ စွဲစွဲလမ်းလမ်းသုံးတဲ့ ကာကာတွေ ရှိကိုရှိတယ်ဟုတ်💪😅😅

🧴 Garnier Men Foam တွေမှာ အမျိုးအစားအများကြီးရှိပြီး အောက်ပါအတိုင်း အသုံးလိုအပ်ချက်အရရွေးနိုင်ပါတယ် —

🌿 ဥပမာ

Garnier Men Acno Fight Anti-Bacteria Wasabi Brightening Foam – Acno Fight Foam
Wasabi Extract နဲ့ Salicylic Acid ပါဝင်ပြီး acne bacteria တိုက်ဖျက်ရန်၊ အဆီထိန်း သန့်စင်ရန်ကူညီပါတယ်။

Garnier Men Turbolight Oil Control Brightening Cooling Foam – Oil Control Foam
Excess oil (အဆီ) ကို ထိန်းထားပြီး အရေပြားကို ချောမွေ့သန့်စင်စေဖို့။

Garnier Men Power White Super Duo Foam – Super Duo Foam
Charcoal + Cooling Minerals ပေါင်းစပ်ပြီး pores နက်ရှိုင်း သန့်စင်ပြီး အရေပြား ကိုတောက်ပစေပါတယ်။

Garnier Men AcnoFight Anti Acne Scrub in Foam – AcnoFight Scrub Foam
Scrub ပါဝင်ပြီး blackhead/whitehead များကို ပိုမို effectively ဖယ်ရှားနိုင်တယ်။

💡 ရနိုင်တဲ့အကျိုးများ
✔ အဆီ / Dirt / Pollution ဖယ်ရှားပါတယ်။
✔ အဆီထိန်းပြီး မျက်နှာသန့်စင်စေပါတယ်။
✔ Blackheads / Whiteheads လျော့ချနိုင်တယ်။
✔ Acne-prone skin များအတွက် Salicylic Acid ပါဝင်တဲ့ variant တွေ ရွေးနိုင်ပါတယ်။

အသေးစိတ်သိလိုတာရှိရင်လည်း cb မှာလာမေးနိုင်ပါတယ်။

Baby & Beauty products အားလုံးကို အိမ်ရောက်ငွေချေ စနစ်နဲ့ အမြို့မြို့အနယ်နယ်တိုင်းကို ပို့ဆောင်ပေးပါတယ်။

အခုမှစပြီး skin care မယ့်သူတွေဟာ simple ကို မေ့ထားလို့တော့မရပါဘူးနော်Simple ဟာ အသားအရေကို မထိခိုက်အောင် ပြုလုပ်ထားတဲ့ sk...
04/01/2026

အခုမှစပြီး skin care မယ့်သူတွေဟာ simple ကို မေ့ထားလို့တော့မရပါဘူးနော်

Simple ဟာ အသားအရေကို မထိခိုက်အောင် ပြုလုပ်ထားတဲ့ skin care အမျိုးအစားဖြစ်ပါတယ်။

Simple Beauty Product မှာ
🌿 Ingredients နည်းနည်းပဲ ပါဝင်တယ်
❌ အနံ့ဆိုး၊ အရက် (Alcohol) များများ မပါ
👶 Sensitive skin (အသားအရေ အလွန်လွယ်လွယ်ယားတတ်သူ) တွေအတွက် သင့်တော်ပါတယ်

🧴 အသုံးပြုရ လွယ်ကူ သလို

Face Cleanser

Moisturizer

Sunscreen

စတဲ့ Simple Beauty Product အားလုံးဟာ
အသားအရေကို ထိခိုက်မှု မရှိသလောက်ဖြစ်လို့
နေ့စဉ်သုံးဖို့ သင့်တော်သလို
Skincare beginner တွေအတွက် အရမ်းကောင်းပါတယ်

Mono လေးကြိုက်တဲ့ Dmp ရေချိုးဆပ်ပြာဟာ👶🧼🌿    ကလေးရဲ့ အရေပြားနူးညံ့မှုကို သတိထားပြီး ထုတ်လုပ်ထားတဲ့ baby bath / baby soap ...
03/01/2026

Mono လေးကြိုက်တဲ့ Dmp ရေချိုးဆပ်ပြာဟာ👶🧼🌿
ကလေးရဲ့ အရေပြားနူးညံ့မှုကို သတိထားပြီး ထုတ်လုပ်ထားတဲ့ baby bath / baby soap ဖြစ်ပါတယ်

နေ့စဉ် ရေချိုးဖို့ အသုံးပြုနိုင်အောင် ပျော့ပျောင်းသော ဖော်မြူလာ နဲ့ ပြုလုပ်ထားပါတယ်

✅ အထူးလက္ခဏာများ

Mild & Gentle – ကလေးအရေပြားကို မယားယံစေ ခြင်း
pH balanced – ကလေးအရေပြားနဲ့ ကိုက်ညီခြင်း

အနံ့ပျော့ပျော့ – မထိခိုက်စေတဲ့ fragrance ဖြစ်ခြင်း

ရေချိုးပြီးနောက် အရေပြား မခြောက်သွေ့စေ ခြင်းတို့ကြောင့် အရမ်းလူကြိုက်များတဲ့ product တစ်ခုဖြစ်ပါတယ်

👶 ဘယ်အသက်ကစ သုံးလို့ရလဲ?

ပုံမှန်အားဖြင့် မွေးကင်းစကလေး (newborn) မှ စပြီး အသုံးပြုနိုင်ပါတယ်

🛁
ရေချိုးပြီးနောက် baby lotion လိမ်းပေးရင် ပိုကောင်းပါတယ်

⚠️ သတိထားရန်
မျက်လုံးထဲ မဝင်အောင် သတိထားပါ

အရေပြားနီခြင်း၊ ယားယံခြင်း ဖြစ်လာရင် အသုံးပြုခြင်း ရပ်ပြီး ဆရာဝန်ကို ပြပါ

G6PD ရှိကလေးများကတော့ ဆရာ၀န်ရဲ့ အကြံပြုချက်ယူပြီးမှ သာ အသုံးပြုပါ

အမြို့မြို့ အနယ်နယ်တိုင်းကို အိမ်ရောက်ငွေချေ ပို့ဆောင်ပေးပါသည်။

☎️09975979786 ကို ဆက်သွယ်၍ လည်း မှာယူနိုင်ပါသည်။

#ကလေးအသုံးအဆောင်ပစ္စည်းမျိုးစုံ

03/01/2026

စိတ်ထိခိုက်မှုတွေ များနေတဲ့ လောကကြီးမှာ
ပိုလှအောင်နေပါနော်


Body lotion ကို ဘာကြောင့်လိမ်းသင့်တာလဲ ❓⬇️1. အသားအရေကို စိုပြည်စေတယ်ရေချိုးပြီးနောက် အသားအရေထဲက အရေပြားဆဲလ်တွေ ရေဆုံးရှု...
02/01/2026

Body lotion ကို ဘာကြောင့်လိမ်းသင့်တာလဲ ❓⬇️

1. အသားအရေကို စိုပြည်စေတယ်
ရေချိုးပြီးနောက် အသားအရေထဲက အရေပြားဆဲလ်တွေ ရေဆုံးရှုံးလွယ်ပါတယ်။ Body lotion လိမ်းခြင်းကြောင့် အစိုဓာတ်ကို ထိန်းပေးနိုင်ပါတယ်။

2. အသားအရေ ခြောက်သွေ့ခြင်း၊ အဖတ်ကွဲခြင်း ကာကွယ်ပေးတယ်
မလိမ်းရင် အသားအရေခြောက်၊ ယားယံတာတွေ ဖြစ်နိုင်ပါတယ်။

3. အသားအရေ ပျော့ပျောင်းချောမွေ့စေတယ်
ပုံမှန်လိမ်းပေးရင် အသားအရေ မကြမ်းဘဲ နူးညံ့လာပါတယ်။

4. အသားအရေကာကွယ်စနစ်ကို အားကောင်းစေတယ်
Lotion ထဲက moisturizer တွေက အသားအရေကို အပြင်ဘက်အန္တရာယ်တွေကနေ ကာကွယ်ပေးပါတယ်။

5. အသက်အရွယ်ကြောင့် ဖြစ်လာတဲ့ အသားအရေမကောင်းမှုကို လျော့ချပေးတယ်
အရေပြားခြောက်သွေ့တာကြောင့် အရေးအကြောင်းတွေ ပိုပေါ်လွင်လာတာကို လျော့စေပါတယ်။

6. နေလောင်ခြင်း၊ ယားယံခြင်းတွေ သက်သာစေတယ်
Aloe vera၊ Vitamin E ပါတဲ့ lotion တွေက အသားအရေကို အေးမြပြီး သက်သာစေပါတယ်။

👉 အကောင်းဆုံး လိမ်းချိန်
ရေချိုးပြီး ၃–၅ မိနစ်အတွင်း လိမ်းရင် စိုပြည်မှု ပိုကောင်းပါတယ်။

အသားအရေအမျိုးအစားအလိုက် ဘယ်လို body lotion ကို ရွေးသင့်လဲ ကိုလည်း နောက်ရက်မှာ အသေးစိတ်တင်ပေးမယ်နော် 😊

အိမ်ရောက်ငွေချေနဲ့ ရောင်းချပေးနေပါတယ်ရှင့်

လိုအပ်တာရှိရင်
☎️09975979786

Hello လိုက်တော့နော်

Address

မန္တလေး/မိုးကုတ်လမ်း၊ ပြည်လုံးချမ်းသာကမ္ဘာဧစေတီနှင့်မျက်နှာချင်းဆိုင်၊ လက်ပန်လှ
Singu

Alerts

Be the first to know and let us send you an email when Baby & Beauty Products posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share