20/04/2026
ကလေးလေးတွေရဲ့ အသားအရေဟာ အရမ်းကို နူးညံ့ပြီး ထိခိုက်လွယ်တာကြောင့် သဘာဝပစ္စည်းစစ်စစ်တွေနဲ့သာ ထုတ်လုပ်ထားတဲ့ ‘Enfant Organic Plus Double Moisture Lotion’ လေးကို မေမေတို့နဲ့ မိတ်ဆက်ပေးလိုက်ပါရစေ👶
✅ နူးညံ့တဲ့ ဖော်မြူလာ: ကလေးငယ်တွေအတွက် အထူးသင့်တော်တဲ့ သဘာဝပစ္စည်းစစ်စစ်များနဲ့သာ ထုတ်လုပ်ထားလို့ လုံးဝဘေးကင်းစိတ်ချရပါတယ်။
✅ ဓာတုပစ္စည်းများကင်းစင်ခြင်း: Paraben, Color & Dye, Benzene, Lanolin, Formaldehyde, Phthalate တို့လို ပြင်းထန်တဲ့ ဓာတုပစ္စည်းတွေ လုံးဝ မပါဝင်လို့ ကလေးငယ်ရဲ့ အသားအရေကို ထိခိုက်ခြင်း၊ ဓာတ်မတည့်ခြင်း မဖြစ်စေပါဘူး။
✅ အာဟာရပြည့်ဝခြင်း: အသားအရေကို အတွင်းပိုင်းအထိ အာဟာရဖြည့်ပေးပြီး ကြာရှည်စိုပြေကျန်းမာစေဖို့ RICE BRAN OIL နဲ့ ECOCERT အသိအမှတ်ပြု ARGAN OIL တို့ ပါဝင်ပါတယ်။
✅ အရေပြားဆရာဝန်များ၏ ထောက်ခံချက်: ဂျာမနီနိုင်ငံမှာရှိတဲ့ အရေပြားဆရာဝန်များမှ စမ်းသပ်စစ်ဆေးပြီးဖြစ်လို့ အလွန်နူးညံ့တဲ့ အသားအရေပိုင်ရှင်များအတွက်ပါ အထူးသင့်တော်ကြောင်း အာမခံပါတယ်။
💧 ကလေးငယ်တွေအတွက် Moisture Lotion က ဘာကြောင့် မရှိမဖြစ်လိုအပ်တာလဲ?
ကျွန်တော်တို့ရဲ့ အရေပြားမှာ ရေဓာတ်၊ အဆီဓာတ်နဲ့ အစိုဓာတ်ကို ထိန်းသိမ်းပေးတဲ့ အရာတွေ သဘာဝအတိုင်း ပါဝင်ပါတယ်။ ဒီအရာတွေ နည်းသွားတဲ့အခါ အသားအရေ ခြောက်သွေ့အက်ကွဲတာ၊ ယားယံတာနဲ့ ရောင်ရမ်းတာတွေ ဖြစ်လာနိုင်ပါတယ်။ ကလေးငယ်တွေရဲ့ အသားအရေဟာ ပိုပြီးနူးညံ့တာကြောင့် အလွယ်တကူ ခြောက်သွေ့ယားယံတတ်ပါတယ်။ ဒါကြောင့် နူးညံ့တဲ့ Baby Lotion ကိုသုံးပြီး သူတို့ရဲ့ အသားအရေကို ကာကွယ်ပေးဖို့ အရေးကြီးပါတယ်။
💡 အသုံးပြုနည်း
လိုးရှင်းလိမ်းဖို့ အကောင်းဆုံးအချိန်ကတော့ ရေချိုးပြီးချိန်ပဲ ဖြစ်ပါတယ်။ ရေချိုးပြီး ၅ မိနစ်အတွင်းမှာ လိမ်းပေးပါက အသားအရေရဲ့ အစိုဓာတ်ကို အကောင်းဆုံး ထိန်းသိမ်းပေးနိုင်ပါတယ်။ လိုးရှင်းကို လက်ဖဝါးထဲထည့်ပြီး နွေးသွားအောင် အရင်ပွတ်ပေးပါ။ ပြီးမှ ကလေးငယ်ရဲ့ အသားအရေပေါ်မှာ ညင်သာစွာ လိမ်းပေးပါ။ (မျက်လုံး၊ နား၊ ပါးစပ် စတဲ့ နူးညံ့တဲ့နေရာတွေကိုတော့ ရှောင်ရှားပေးပါ)
မေမေတို့ရွေးချယ်ဝယ်ယူချင်တယ်ဆိုရင် page messenger မှာစုံစမ်းနိုင်ပါတယ်ရှင်
ဆိုင်မှာလာကြည့်ချင်တဲ့ ဖေဖေမေမေတို့အတွက်
လိပ်စာလေးက
🏘️ ချစ်ကြည်ရေးဆီပန့်ကွင်း ရှမ်းရွှေမြန်မာလက်ဖက်ရည်ဆိုင် မျက်စောင်းထိုး အခန်း C2 အာခါဈေး ဝိန်းကျောက်ရပ်ကွက် တာချီလိတ်မြို့
📞 09400521171
အာခါဈေးအနီးဆိုပို့ခfreeပါရှင်
မြို့တွင်းပို့ခလေးက အနီးအဝေးပေါ်မူတည်ပါတယ်ရှင်
#တာချီလိတ်မြို့