08/12/2025
🌿🌼🌿 လိုအင်ဆန္ဒပြည့်ဝစေရန် 🌿🌼🌿
နမာဇ်ဝတ်ပြုပြီးတိုင်း ( ၇ )ကြိမ် မည်သူမဆို ဖော်ပြပါ စူရဟ်သောင်ဝ်ဗဟ်၏ နောက်ဆုံး အာယသ်တော်နှစ်ပိုဒ်ကို ဖတ်ရွတ်လျှင် ထိုသူ၏ အလိုဆန္ဒ၊ လုပ်ငန်းများကို အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင် စီမံဆောင်ရွက်ပေးတော်မူပါလိမ့်မည်။
💥 အားအင်ချည့်နဲ့ပြီး အိုမင်းမစွမ်း ကျန်းမာရေးမကောင်းဖြစ်နေရင်လဲ အင်န်ရှာအလ္လာဟ် ပြန်လည်ပြီး ခွန်အားပြည့်ဖြိုးသန်စွမ်းမှုရရှိပြီး ကျန်းမာရေးကောင်းမွန်သွားပါလိမ့်မည်။
💥 အကြွေးပေးစရာရှိလို့ ဖတ်ရင်လဲ အမြန်ဆုံး အကြွေးအားလုံးကို ပြန်လည်ပေးဆပ်ပြီး အကြွေးကင်းရှင်းတဲ့သူ၊ သောက ကင်းဝေးတဲ့သူအဖြစ်သို့ ရောက်ရှိသွားလိမ့်မည်။
💥 အကျဉ်းထောင် အချုပ်ထဲ ချုပ်နှောင်ဖမ်းဆီးခြင်းခံရထားသူရှိနေရင် နေ့စဉ်( ၄၁ )ကြိမ် ဖတ်ပြီး ဒိုအာလုပ်ပါက အင်န်ရှာအလ္လာဟ် အမြန်ဆုံး ပြန်လည်လွှတ်ငြိမ်းချမ်းသာခွင့် ရရှိသွားပါလိမ့်မည်။
💥 ဤအာယသ်တော်နှစ်ပိုဒ်အနက် ပထမအာယသ်တော်သည် ရိုဇီရိက္ခာများကို ကျယ်ဝန်းများပြားစေတော်မူပါတယ်။
💥 ထို့ပြင် ဘေးဒုက္ခ၊ အန္တရာယ်အပေါင်းတို့မှ ကင်းဝေးပြီး လွတ်မြောက်နေစေဖို့ ကာကွယ်ပေးပါတယ်။
💥 ဒုတိယအာယသ်တော်သည် မိမိအား လူတို့က ချစ်ခင်မြတ်နိုး၊ ကြည်ညိုလေးစား၊ ရိုသေခန့်ညား၊ ရိုကျိုးလာအောင် စွမ်းဆောင်ပေးပါတယ်။
💥 နောက်ဆုံး တိုက်တွန်းလိုတာက အခြေအနေတိုင်းမှာ မနက်(၁)ကြိမ်၊ ည(၁)ကြိမ် ဖတ်ဖြစ်အောင် ဖတ်ရွတ်ကြပါ။ အင်ရှာအလ္လာဟ် လိုအင်ဆန္ဒပြည့်ဝပေမည်။
❤️ စူရဟ်သောင်ဗဟ်၏ အာယသ်တော်(၂)ပိုဒ် ❤
( စူရဟ်သောင်ဝ်ဗဟ်၊ အာယသ် ၁၂၈၊ ၁၂၉ )