30/04/2024
စကားများရန်ဖြစ်ပြီးတိုင်း
တစ်ညလုံး ငါငိုနေမလားဆိုပြီး စိတ်မပူပဲ
စိတ်ချလက်ချပစ်ထားနိူင်ခဲ့တဲ့နင်က
မနက်ရောက်တဲ့အချိန်တိုင်း ငါတို့
နှစ်ယောက်ကြားမှာ ဘာမှမဖြစ်ခဲ့သလိုမျိုး
ငါ့ကို ပုံမှန်အခြေအနေတိုင်း
အခေါ်အပြောလုပ်နိူင်ခဲ့ပေမယ့်လို့
စကားများတဲ့အချိန်တိုင်း
အမြဲလိုလို တစ်ယောက်တည်း ကျန်ခဲ့ရတဲ့ငါက
တစ်ညလုံးအရူးလိုငိုတယ် အရူးမီးဝိုင်းဖြစ်နေသလို
စိတ်ထိခိုက်ပူဆွေးမူ့များစွာနဲ့
ဖြတ်သန်းခဲ့ရတဲ့နေ့ညတွေကို ငါ့ဘက်ကနေ
ငါတို့နှစ်ယောက်ကြားမှာဘာမှမဖြစ်ခဲ့သလိုပုံစံမျိုးနဲ့
တခါတည်းကိုမေ့ပစ်ပေးလိုက်ရပြီး
အီလည်လည်စိတ်ကြီးနဲ့ ပြန်ခေါ်ပြန်ပြော
ပြန်ပြေလည်းပေးလိုက်ရတာမျိုးတွေ
သိပ်ကြာကြာငါတောင့်ခံမထားနိူင်လောက်ဘူး
ငါ ခံစားရတာ ငါပဲ သိတယ်
နင်ကတော့ နေနိူင်တယ် မေ့လွယ်နိူင်တယ်လေ
ဟိုစာစုလေးလိုပေါ့ဟာ ...
' ခုတ်နေတဲ့ ပုဆိန်က မသိပေမယ့်
အခုတ်ခံလိုက်ရတဲ့ သစ်ပင်မှာတော့
ခုတ်ထစ်ရာတွေ ကျန်နေခဲ့တယ် ' တဲ့
နင်က [ ပုဆိန် ] ငါက [ သစ်ပင် ] ဖြစ်နေခဲ့တာ
သေချာတယ် ... နင်ပြန်ခေါ်တဲ့အချိန်
ငါ ပြန်မခေါ်တော့တဲ့ တစ်နေ့ ...
သူစိမ်းတွေထပ်ပိုစိမ်းနေအောင်ကို ဝေးပြီ ... ။