Myanmar Traditional Dresses Collection

Myanmar Traditional Dresses Collection Myanmar Traditional Dresses

11/02/2026

The Labyrinth [2021]

Horror ဇာတ်ကားတွေကိုမှ ဇာတ်အိမ်ခိုင်ခိုင်နဲ့ ကြည့်ရတာကို သဘောကျတဲ့သူတွေအတွက်ကိုရီးယား horror ကားလေးပါ။

အထက်တန်းကျောင်းတစ်ကျောင်းမှာ တွယ်ကပ်နေတဲ့ မကောင်းဆိုးဝါးကြောင့်ထူးဆန်တဲ့အမှုတွေကကျောင်းအတွင်းမှာ ဆက်တိုက်ဖြစ်နေပြီးတော့ ဘာကြောင့်ဆိုတာကိုလည်း အဖြေရှာလို့မရဖြစ်နေပါတယ်။

အဲ့ကျောင်းကို ပြောင်းလာခဲ့တဲ့ ကျောင်းသားသစ် ဟွီမင် က White Day နေ့မှာ သူသဘောကျနေတဲ့ ကောင်မလေးဖြစ်တဲ့ ဆိုယောင်းကို လက်ဆောင်ပေးဖို့ ကျောင်းကို နောက်ကျမှခိုးဝင်လာခဲ့ပါတယ်။

ဒါပေမဲ့ ကျောင်းကိုရောက်တဲ့အချိန်မှာ တစ်ခုခု မူမမှန်တာကို သတိထားမိသွားပါတော့တယ်....

ဟွီမင်ကရော ကျောင်းထဲကနေပြန်ပြီးထွက်လာနိုင်ပါ့မလား..?
မကောင်းဆိုးဝါးရဲ့ လက်ကနေရော လွတ်နိုင်ပါ့မလား..?
ဒီကျောင်းရဲ့ နောက်ကွယ်မှာရော ဘယ်လိုအဖြစ်အပျက်တွေများ ရှိနေဦးမလဲ

ဇာတ်အိမ်ခိုင်ပြီး ကျောင်းနောက်ခံနဲ့ ရိုက်ကူးထားတဲ့အပြင် မြုပ်ကွက်မျိုးစုံလည်းပါတာကြောင့် အချိန်ပေးကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ် ။

ဇာတ်ကားကြည့်ရန်👇👇👇

https://t.me/moviesreviewboxm/10

11/02/2026

The Pirates (2014)
===============

မင်းသမီးကတော့ ဘယ်ဘုရင်ရဲ့သြဇာခံမှမဟုတ်တဲ့ပင်လယ်ဓားပြတွေအဖွဲ့ပေါ့။ The Classic (2003) ဇာတ်ကားထဲကမင်းသမီးဆွန်ရင်ဂျီကို ဒီလိုမျိုးကြမ်းကြမ်းတမ်းတမ်း Action ကားရိုက်နိုင်လိမ့်မယ်လို့မထင်ခဲ့မိဘူးဗျ။ တကယ်ကိုကောင်းလွန်းလို့ ဒီဇာတ်ကားနဲ့ အကောင်းဆုံးမင်းသမီးဆုကိုဆွတ်ခူးသွားနိုင်ခဲ့တယ်။

စစ်သူကြီးရီဆွန်းဂျဲကဘုရင်ကိုဖြုတ်ချပြီး တရုတ်သြဇာခံဆိုတော့ တရုတ်က တိုင်းပြည်သစ်ကိုဂျိုဆွန်းဆိုတဲ့နာမည်ရယ်၊ အသုံးပြုဖို့တော်ဝင်တံဆိပ်တုံးလည်းပေးလိုက်ပါတယ်။
အပျိုတော် ၅၀၀ နှစ်စဉ်ဆက်သဖို့လည်းမောက်မာလိုက်ပါသေးတယ်။

တော်ဝင်တံဆိပ်တုံးကိုသင်္ဘောနဲ့ပြန်သယ်လာတဲ့လမ်းခုလတ်မှာ ဝေလငါးလေးတွေ့တော့ပစ်ဖမ်းရင်း ဝေလငါးအမေကြီးလက်ချက်နဲ့သင်္ဘောပျက်သွားပြီး ဝေလငါးကျောကုန်းမှာလည်းအလံပါတဲ့ရွက်တိုင်စိုက်ပါသွားသလို တံဆိပ်တုံးကိုလည်းဝေလငါးကမြိုသွားပါတယ်။

တော်ဝင်တံဆိပ်တုံးပြန်ရဖို့အတွက် ဘုရင်တပ်ဖွဲ့တွေရယ်၊ ပင်လယ်ဓားပြအဖွဲ့ရယ်၊ တောပုန်းဓားပြအဖွဲ့တွေရယ် ဝေလငါးလိုက်ရှာရင်းဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါ။

ဇာတ်ကားကြည့်ရန်👇👇👇

https://t.me/moviesreviewboxm/3

11/02/2026

🌱အဓ္ဓမဝိုင်းကျင့်ခံရပေမဲ့ တရားမျှတမှုမရတဲ့အပြင် ထပ်ကျူးလွန်ခံရပီး အဆုံးစီရင်သွားတဲ့သမီးဖြစ်သူအတွက် အမေတယောက်ရဲ့ ကလဲ့စားချေမှု ဖြစ်ရပ်မှန်ကား

အပြင်မှာတကယ်ဖြစ်ခဲ့သည့်ဖြစ်ရပ်သည် ဒီထက်မက ကြမ်းတမ်းပါသည်

Don't Cry, Mommy ( 2012 )

ပေတေ ဆိုးသွမ်းနေတဲ့ ကောင်လေးတစ်ယောက်ကို ကြိတ်ချစ်မိနေတဲ့ကောင်မလေးတစ်ယောက်အဲကောင်မလေးကို ကောင်လေးက တိတ်တခိုး ချိန်းပြီး သူငယ်ချင်းတွေနဲ.အတူ အုပ်စုဖွဲမု​ဒိန်းကျင့် ခံခဲ့ရပါတယ်။အဲ မုဒိန်းကျင့်တဲ့ဗီဒီယိုဖိုင်ကို ပြပြပြီး ကောင်မလေးကို အမျိုးမျိုး အကြပ်ကိုင် ခဲ့ကြတယ်။

ကောင်မလေးကသည်းမခံနိုင်တဲ့နောက်ဆုံးမှာတော့ ကိုယ့်ကိုကိုယ်သေ
ကြောင်းကြံစည်ခဲ့တယ်။မသေခင်လေးမှာ ကောင်မလေးက Don’t Cry Mommy!

ဆိုတဲ့စာသားပုံဖော်ထားတဲ့ကိတ်မုန့်လေးကို သူမအမေတွက်ဝယ်ပေးထားခဲ့ပါတယ်။ကောင်မလေးရဲ့အမေက သူ့သမီးလေးရဲ့ဖုန်းကိုဖွင့်ကြည့်မိတော့ vedio ဖိုင်နဲ့ခြိမ်းခြောက်ထားတာကိုတွေပြီးလက်စားချေပါတော့တယ်။ဒီကားက ကိုရီးယားနိူင်ငံမှာရှိတဲ့ကျောင်းသူလေးတွေရဲ့လုံခြုံမူ့ကင်းမဲ့မူကို မီးမောင်းထိုးပြထားတဲ့ဇာတ်ကားကောင်းလေးတစ်ပုဒ်ပါ။

ဇာတ်ကားကြည့်ရန်👇👇👇

https://t.me/moviesreviewboxm/9

17/10/2025

Address

Taze

Website

Alerts

Be the first to know and let us send you an email when Myanmar Traditional Dresses Collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share