MKM Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MKM, Thanlyin.

21/03/2020
မြန်မာဝတ်စုံ ကို ဝတ်လိုက်တဲ့ အခါမှာ စိတ်ထဲမှာ ကိုယ့်ကိုယ်ကို ပိုပြီး မိန်းကလေးဆန်သွားသလို မျိုး ခံစားသွားရ တတ်ပါတယ်။ဒီလိ...
01/03/2020

မြန်မာဝတ်စုံ ကို ဝတ်လိုက်တဲ့ အခါမှာ စိတ်ထဲမှာ ကိုယ့်ကိုယ်ကို ပိုပြီး မိန်းကလေးဆန်သွားသလို မျိုး ခံစားသွားရ တတ်ပါတယ်။ဒီလို ခံစားချက်မျိုးကို မြန်မာဝတ်စုံဝတ်ဖူးတဲ့ မိန်းကလေးတိုင်းခံစားဖူးပါတယ်။ပုံမှန် ဝတ် နေကျ လူ ဆို ရင် တော့ အရမ်းကြီး မသိသာပေမယ့် ဘောင်းဘီ၊စကပ်တို့ အဝတ်များတဲ့ သူတွေ ၊မြန်မာဝတ်စုံကို တခါ တလေ မှ ဝတ်တဲ့ သူတွေမှာဆိုရင်တော့ ပိုသိသာပါတယ်။မြန်မာမလေးတိုင်း မြန်မာဝတ်စုံနဲ့ လိုက်ဖက်ပြီး အရမ်းကို လှပါ တယ်။ ဒါပေမယ့် မြန်မာဝတ်စုံနဲ့ အရမ်းကို လိုက်ဖက်ပြီး ထူးထူးခြားခြား အရမ်းကို လှတဲ့ ဆယ်လီ မမ တွေ ရှိပါတယ်။ သူတို့ တွေကတော့……

#အေးမြတ်သူ
အေးမြတ်သူကတော့ တကယ့်ကို ဆုတောင်းကောင်းခဲ့သူလေးလို့ ပြောလို့ရပါတယ်။လူတစ်ယောက် နဲ့ တစ်ယောက် Body အချိုးအစားခြင်းမတူတာကြောင့် လိုက်ဖက်တဲ့ ဖက်ရှင်ခြင်းကလည်း မတူတတ်ပါဘူး။တစ်ချို့က မြန်မာ ဝတ်စုံ နဲ့ လှရင် တခြားအနောက်တိုင်း ခေတ်ဆန်တဲ့ ဝတ်စုံမျိုးတွေနဲ့ဆိုရင် သိပ်မလိုက်တာမျိုးတွေရှိပါတယ်။ဒါပေမယ့် ပရိ သတ် ချစ်တဲ့ အေးမြတ်သူကတော့ အဲ့လို မဟုတ်ပါဘူး။
သူမရဲ့ Body က ဘယ်လို အဝတ်အစားမျိုး နဲ့ မဆို လိုက် ဖက်တဲ့ Body အချိုးအစားမျိုးပါ။ဂျင်းဘောင်းဘီ၊ဂါဝန်၊ စကပ်၊Dress ..ဘယ်လို အဝတ်အစားမျိုး နဲ့ မဆို သူမရဲ့ ကျစ်ကျစ်လစ်လစ် Body လေးနဲ့ လိုက်ပါတယ်။ဒါပေမယ့် အလိုက်ဆုံးကတော့ မြန်မာဝတ်စုံပါ။ခါး သေးသေး လေး နဲ့ သူမဟာ မြန်မာ ဝတ်စုံလေးတွေ ဝတ်လိုက်ရင် ထူးထူးခြားခြား အရမ်းကို လှပြီး လိုက်ဖက်တာကို တွေ့ရပါတယ်။

#မအေးသောင်း
နောက်တစ်ယောက် ထပ်ပြီး ရွေးရမယ်ဆိုရင်တော့ မအေးသောင်းပါ။မအေးသောင်းကတော့ အနုပညာလောကထဲကို တကျော့ပြန်လည် ဝင်ရောက်လာသူပါ။အနုပညာလောကနေ ခဏတာပျောက်ကွယ်သွားပြီးနောက် ပြန်လည်ဝင်ရောက် လာခဲ့တာပါ။ မအေးသောင်းရဲ့ မြန်မာဆန်ဆန် အလှကတော့ အမျိုးသားထုကြားမှာ တင်မဟုတ်ပဲ အမျိုးသမီးထု ကြားမှာပါ နာမည်ကြီးခဲ့ပါတယ်။
မအေးသောင်းဝတ်တဲ့ အဆင်ဆိုပြီး အထည်ဆိုင်တွေမှာ ရောင်းကြတာမျိုးတွေရှိသလို၊ အကျီင်္ဆိုင်တွေ၊ အပ်ချုပ် ဆိုင်တွေမှာ မအေးသောင်းဝတ်တဲ့ အကျီင်္ပုံဆိုပြီး နာမည်ကြီးတဲ့ အထိကို အောင်မြင်ခဲ့ပါတယ်။ အရပ်ရှည်ရှည်၊ ဆံပင်ရှည်ရှည်နဲ့ သူမဟာ မြန်မာဝတ်စုံလေးနဲ့ ဆိုရင် ဘယ်လို ကြည့်ကောင်းမှန်း မသိလောက်အောင်ကို လှပကြည့်ကောင်းသူလေးပါ။
#အူဝဲ
ပရိသတ်က ချစ်စနိုးနဲ့ အူဝဲ လို့ ခေါ်တဲ့ မင်းသမီးပါ။အူဝဲကလည်း ဆုတောင်းကောင်းသူ တစ်ယောက်ပါ။ ကျစ်ကျစ်လစ်လစ် ပိန်ပိန်ပါးပါးလေးမို့ ဘယ်လို ဖက်ရှင်နဲ့ မဆို လိုက်ဖက်ပါတယ်။ ကလေးနှစ်ယောက်ရဲ့ မေမေ ဆိုပေမယ့် အပျိုတွေရှုံးလောက်တဲ့ Body အချိုးအစားကို ပိုင်ဆိုင်ထားသူပါ။ မိန်းကလေးချင်းတောင်မှ အရမ်းလှတဲ့ Body လို့ အသိအမှတ်ပြုရသူပါ။ အူဝဲကလည်း မြန်မာဝတ်စုံလေးကို ဝတ်ရင် အရမ်းကို လှပြီး သူမနဲ့ အရမ်း လိုက် ဖက်တာ ကို တွေ့ရပါတယ်။
#မိုးဟေကို
Fashion ပိုင်းမှာ အခုထိ ဆရာမကြီးပါ။ မိုးဟေကိုတော့ အရွယ်တစ်ခုကို ဖြတ်ကျော်လာပြီး နောက်မှာတော့ အရင်အနုပညာလောကစထဲက ပုံနဲ့အများကြီးကွာသွားတာကို တွေ့ရပါတယ်။ အခုဆိုရင်တော့ အမျိုးသားပရိသတ်တွေ ကြားမှာ မမမိုး ဆိုပြီး နာမည်ကြီးနေသူပါ။ တည်ကြည်ပြီး Classic ဖြစ်တဲ့ သူမရဲ့ အလှနဲ့ မြန်မာဝတ်စုံ လေးတွေ နဲ့ တွဲလိုက်ရင် ကျက်သရောရှိပြီး အရမ်းလှသွားတယ်ဆိုတဲ့ အချက်ကတော့ ဘယ်သူမှ ငြင်းလို့ မရတဲ့ အချက်ပါ။
#ဝတ်မှုံရွှေရည်
နောက်ထပ်တစ်ယောက်ကတော့ ရွေကစ်ဆိုပြီး ချစ်စနိုးခေါ်ကြတဲ့ ဝတ်မှုံရွှေရည်ပါ။ သူမရဲ့ ပြီးခဲ့တဲ့ အကယ်ဒမီ ပွဲ တက် ဖက်ရှင်ဟာဆိုရင် ပရိသတ်တွေကြားမှာ အရမ်းကို နာမည်ကြီးခဲ့ပါတယ်။လှပတဲ့ အသားအရေ ကျစ်လစ်တဲ့ ရွှေကစ်ဟာ မြန်မာဝတ်စုံလေးတွေနဲ့ အရမ်းလိုက်တဲ့ မင်းသမီးတွေထဲက တစ်ယောက်ပါ။
#အိချောပို
အိချောပိုကတော့ Body အလှဆုံး မြန်မာမင်းသမီးတွေထဲက တစ်ယောက်ပါ။ သဲနာရီ Shape Body လှလှ လေး ကတော့ ဘယ်လို အဝတ်အစားကိုပဲ ဝတ်ဝတ် ဆွဲဆောင်မှုရှိတယ်ဆိုတဲ့ အချက်ကတော့ ဘယ်လို မှ မငြင်း နိုင်တဲ့ အချက်ပါ။ မြန်မာဝတ်စုံက မိန်းကလေးတွေရဲ့ ကောက်ကြောင်းလှလှကို ယဉ်ယဉ်ကျေးကျေးနဲ့ ပေါ်လွင်စေတဲ့ ဝတ်စုံမျိုးပါ။ အိချောပိုလို အရင်တည်းက Body ကောက်ကြောင်းလှသူကတော့ မြန်မာဝတ်စုံနဲ့ ဆိုရင် အထူး ပြောနေစရာတောင် မလိုအောင်ကို လိုက်ဖက်လှတာကိုတွေ့ရပါတယ်။
Photos from အနုပညာရှင်များရဲ့ fb
Credit: Shwemon

Address

Thanlyin
11291

Telephone

09799436822

Website

Alerts

Be the first to know and let us send you an email when MKM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share