16/09/2025
ဒါလေး ကိုယ်သုံးကြည့်ပြီး review ပေးမယ်💯
သူကလေ ဆန်နဲ့လုပ်ထားလို့ ဖွင့်လိုက်တာနဲ့ ဆန်အနံ့သင်းသင်းလေး
ကိုယ့်လိုfreshဖြစ်တာကြိုက်ရင်တော့အဆင်ပြေတယ်
သဘာဝရနံ့လေးမို့ လျှော်လိုက်တာနဲ့ထွက်လာ
တဲ့အနံ့နဲ့ ခံစားမှုက လတ်ဆက်ပြီး သာယာအေးချမ်း
တဲ့တောတောင်ထဲရောက်သွားသလိုပဲ အခုလာနေတဲ့
ချော်နား ကားထဲကလိုအစားအသောက်စားမှ လန်းဆန်းသွား တာမဟုတ်ဘူးနော်😁😁
အထူးသဖြင့် ကလေးငယ်တွေ တရော် မှလျှော်ပါတယ်ဆိုတဲ့လူကြီးတွေ
ဆံပင်တွေတအားပျက်စီးလို့ ပြန်မွေးရတော့မယ်ဆိုတဲ့သူတွေအတွက်သင့်တော်တယ်
ခဏခဏဖြောင့်ကောက်ဆံပင်ဆိုရင်တော့အဆင်မပြေလောက်ဘူး
သူက ဘာchemicalမပါပဲသဘာဝအတိုင်းထုတ်တာမို့ အဆင်မပြေနိုင်လောက်ဘူး
ဆံပင်တအားပျက်စီးလို့သုံးကြည့်ချင်တယ်ဆိုလဲမတားပါဘူးနော် သုံးလို့ရပါတယ်
တစ်ခါလျှော်ကြည့်ပြီး အဆင်မပြေလောက်ဘူးထင်ခဲ့ပေမယ် နှစ်ခါသုံးခါလျှော်ကြည့်ပြီးအဆင်ပြေလို့ပြန်ညွှန်းပေးတာ
👍👍👍