18/03/2025
RAY BAN ရဲ့ G-15 Diamond Hard Coating နဲ့လာတဲ့ Sunglasses တွေဟာ NASA ရဲ့နည်းပညာနဲ့ လုပ်ထားပြီး Bausch & Lomb ရဲ့ ရိုးရိုး G-15 lens တွေထက် 10 times ပိုပြီး Scratch and hard resistant ပိုဖြစ်ပါတယ် ။ ခု Ray Ban တွေမှာဒီနည်းပညာနဲ့မထုတ်တော့တာ ၂၅နှစ်ရှိပါပြီ ။ ဈေးကွက်ထဲရှားပါးပါ ။
နောက်တစ်ပုံကတော့ AO ရဲ့ခုလာတဲ့ Lens မှာပါတဲ့ Logo ပုံပါ ၊ RAY BAN Aviator နဲ့ ပုံစံတူ AO ပုံကို AO General လို့ခေါ်ပါတယ် ။ အမှန်ကတော့ AO ကအရင် ထုတ်ခဲ့တာပါ ။ အစစ်အတုခွဲခြားနည်းတွေကတော့အများကြီးရှိပါတယ် Serial No. နဲ့ QR code ကို scan ဖတ်လိုက်လျင် သိနေရတဲ့ခေတ်ကြီးမှာ QR code အတုတွေလည်းရှိသလို QR code scan ဖတ်လို့ တရုတ် site ထဲရောက်သွားတဲ့ QR code တွေလည်းရှိပါသေးတယ် ။
အဓိက ကတော့မျက်မှန်အစစ်ဆိုပြီးရောင်းနေတာ အတုတွေအများကြီးပါ ၊ မျက်စိကလည်းတစ်စုံပဲပါလာတယ် အပိုပါမလာတဲ့အတွက်ကြောင့် ကိုယ့်မျက်စိကို ကိုယ်မှဂရုမစိုက်လျင် ပိုက်ဆံအပိုကုန်မှာပါ ။ ဒါကြောင့် ကိုင်း frame တွေ ၊ Brands တွေ ခဏထား (ခဏထားဘာကြောင့်ပြောရသလဲဆို ဂျင်းအများဆုံးထွက်ရှိရာ မြန်မာနိုင်ငံဖြစ်နေလို့ပါ) ပြီး မှန် lenses တွေကောင်းတာနဲ့ မျက်မှန်လုပ် တပ်ကြပါလို့ ပြောပါရစေ ၊ eyeglasses or sunglasses lens တွေမှာလည်းရွေးချယ်စရာ မှန်အမျိုးစားစုံကိုရှိပါတယ် ။
မှန်အစိမ်း green lens
နေကာမှန်မပါပဲအပြင်ရဲ့ပကတိအရောင်
natural colour တွေအတိုင်း အနီးစပ်ဆုံးမြင်ရတဲ့ မှန်အရောင်ဟာ အစိမ်းရောင်မှန်ပါပဲ ၊ Blue light, UV rays တွေကိုလည်းကာကွယ်ပေးတဲ့ နေရောင်ရဲ့ 85% လောက်ကိုစုပ်ယူပြီး ၊ အမြင်ပိုမိုကြည်လင်တဲ့ ပကတိ Natural vision ကိုရရှိစေပါတယ် ။ Originally developed for military use.
မှန်အညို brown lens
သူလည်း မှန်အစိမ်း နဲ့ အချက်တွေအကုန်တူပြီးတော့ သူက အလင်းရောင်အားနည်းတဲ့အခြေအနေမှာ greater contrast ပို အရောင်စိုပြီး power to see more clarity အမြင်အာရုံကိုပိုမိုပြတ်သားစေပါတယ် ။
Originally developed for military use.
Polarized lens
သူကြတော့ Anti-glare တောက်ပြောင် တောက်ပမှုအမြင်ကိုလျော့ချပေးတယ် ၊ Anti-reflect အလင်ပြန်ရောင်ပြန်ခြင်းအမြင်ကိုလျော့ချပေးတယ် ။ တံလျပ် Mirage (အပူရှိန်ကြောင့်ရေလိုမြင်ရတဲ့အလင်းပြန်မှု) တွေကိုလျော့ချပေးတယ် ။ ပင်လယ် ရေပြင် ၊ နေရောင် ၊ မီးရောင်တွေကို အလင်းဖြာပြီးမြင်ရခြင်းကို ကာကွယ်ပေးပါတယ် ။ အလင်းတန်းကို direction တစ်ခုတည်း ဖြစ်အောင်မြင်ရတဲ့မြင်ကွင်းမျိုးကိုရရှိစေပါတယ် ။
Grey & Black (darken) lenses
မြင်ရတဲ့အရောင်ကွာမယ် benefits တွေကတော့ အတူအတူတူလောက်တွေပဲ ။ မျက်စိညောင်းညာတာတွေ နီတာတွေကို တခြားနေကာမှန်တွေလိုပဲ ကာကွယ်ပေးနိုင်ပါတယ် ။
Mirror lens ပြဒါးရောင်မှန်သား (multicolour)
Gradient lens အပေါ်ပိုင်းအရောင်ရင့်ပြီး အောက်ကို အရောင်ဖျော့သွားသောနေကာမှန် ။
Tint lens အပေါ် lens နဲ့အတူတူပါပဲ ။
မှန်အမျိုးအစားတွေအနေနဲ့ကတော့
Crystal, Plastic, Nylon, Organic, High Index, Polycarbonate, Progressive , Chromance, Photochromic lenses ဆိုပြီး အမျိုးအစားပေါင်းများစွာ အပြင် ထပ်ပြီးတော့လည်းရှိပါသေးတယ် ။
Ray Ban ရဲ့ Bausch & Lomb ဘောက်ရှ် အန်
လွန့်ဘ့် က 1937 ကတည်းက တည်ထွင်ခဲ့တဲ့ G-15 green lens နဲ့ B-15 brown lens တွေဟာ အတော်ကိုနာမည်ကြီးတဲ့ မှန်အမျိုးအစားတွေပါ ။ ဘာလို့ 15 လို့ခေါ်လဲဆိုတော့ကာ အလင်းရောင်ခြည်ရဲ့ 85% ကိုစုပ်ယူကာကွယ်ပေးပြီး 15% နှုန်းပဲ အဲ့မှန်တွေကို ဖြတ်သန်းလို့ရအောင်ပြုလုပ်ထားတဲ့အတွက်
ကြောင့်ပါ ။ G-15 green lens, B-15 brown lens.
Diamond Hard Coating ကတော့ NASA ရဲ့ technology တစ်ခုပါ ၊ exclusive အနေနဲ့ B&L company ကိုပေးပြီး Ray Ban and NASA ပေါင်းထုတ်ခဲ့ကြတာပါ ။
AVIATOR SUNGLASS BY RAY BAN.
Ray Ban Aviator version မှာ ကျနော်သိသလောက်ကတော့
1.Ray Ban Chromax Driving Service w/wo Brow Bar, 2.With Brow Bar Outdoorsman-I နားအနောက်ထဲထိကုပ်ပြီးတပ်လို့ရတဲ့ ကုပ်ကိုင်း 3.Outdoorsman-II ရိုးရိုး Aviator ပုံကိုမှ brow bar ပါ , 4.Sharpshooter နှာဒေါက်လယ်မှာ bullet hole အဝိုင်းလေးပါတဲ့ Aviator, 5.မှန်အပြည့် ဘယ်ညာ အပြင် အလယ်ပါ မှန် ပါတဲ့ Sharpshooter. 6.ရိုးရိုး Aviator ကိုမှ Size မျိုးစုံ မှန်မျိုးစုံ ။ Sharpshooter made in usa ဆို ဒေါ်လာ ၄၀၀ ကျော်ကနေ ၈၀၀ ကျော်ထိ သူ့ဆိုဒ်အလိုက် ဈေးကွာပါတယ် ။
26 Aug' 2024.(Mon)
03:20
Edit: *** တကယ့်အရေးကြီးဆုံးအချက်ပြောဖို့ကျန်ခဲ့တယ် ၊ ဘာလဲဆို မိမိနဲ့သင့်တော်မယ့် မျက်မှန်ကိုင်းဆိုဒ်ကို ရွေးချယ်ဖို့လိုတယ်ဆိုတဲ့အချက်ပါပဲ ။ ဒါမှ လျောကျတာ တော်ရုံခါယမ်းလျင်ကျွတ်မထွက်မှာပဲဖြစ်ပါတယ် ။