01/11/2026
နေလို့မကောင်းဘူး
အိပ်လို့မပျော်ဘူး
အစားမမှန်ဘူး
အသက်ရှူမဝဘူး
စိတ်ကပုံမှန်မဟုတ်ဘူး
လူလည်း ပုံမှန်မဟုတ်ဘူး
ပျော်စရာတွေလည်း
ဘယ်မှာမှ ပြန်ရှာမတွေ့တော့ဘူး
ဝမ်းနည်းလို့လည်းမရဘူး
ငိုလို့လည်းမထွက်တော့ဘူး
ဘာကိုမှလည်း မမှတ်မိချင်တော့ဘူး
အရောင်စုံ ဒုက္ခတွေ ကလွဲပြီးအရာရာဟာ
အမည်းရောင်ချည်းပဲ
မီးဖွင့်လိုက်ရင်တောင်
ကိုယ့်ကိုကိုယ် ပြန်မမြင်ရဘူး
မနက်ဖြန်အကြောင်း တွေးလို့မရဘူး
မနေ့ကအကြောင်း ဆွေးဖို့အချိန်မရှိဘူး
ကောင်းကောင်းအိပ်မပျော်တာကြာလာတော့
ဘယ်သောအခါမှ မနိုးကြားနေတော့ဘူး
အိပ်မက်ဆိုးကလန့်နိုးလာလည်း
တကယ့်ဘဝက ပိုဆိုးနေတာပဲ
နတ်ဘုရားတွေဆိုတာလည်း
ဒီလောကနဲ့ တအားဝေးလွန်းတယ်
တိုင်တည်နေလည်း ကြားမှာမဟုတ်ဘူး
ရှင်သန်နေရရုံကလွဲပြီး
ဘာမှလည်းကျန်မနေတော့ဘူး
လူ့သက်တမ်းက မပြည့်နိုင်သေးဘူး
ရုပ်ကော နာမ်ကော ကုန်သွားကြပြီ
တော်သေးတယ်
ရှေ့ဆက်စရာ ဒါဏ်ရာတွေ အများကြီး
ကျန်နေသေးလို့
#သရဲ