16/08/2026
သေချာလေး ဖတ်ကြည့်ပါ မေမေတို့ ♥️
🌱 အော်လိုက်မှ ငြိမ်သွားတာမဟုတ်ဘူး — လုံခြုံမှုနဲ့ စည်းကမ်းကို ဘယ်လိုတည်ဆောက်မလဲ ?
မိဘတော်တော်များများက ကလေးတွေကို စည်းကမ်းရှိစေချင်ကြပါတယ်။
“ပြောတာနားထောင်ရမယ်။”
“အချိန်တန်ရင် ဖုန်းပိတ်ရမယ်။”
“ရိုင်းရိုင်းစိုင်းစိုင်း မပြောရဘူး။”
“မလုပ်ရဘူးဆိုရင် မလုပ်ရဘူး။”
ဒါတွေဟာ မိဘတွေအနေနဲ့ ကလေးတွေကို သင်ပေးရမယ့် boundaries တွေပါ။
ဒါပေမယ့် မေးစရာတစ်ခုရှိပါတယ်။
❓ ကလေးကို စည်းကမ်းသင်ပေးနေတာလား၊ ဒါမှမဟုတ် ကြောက်အောင်လုပ်ပြီး ထိန်းချုပ်နေတာလား?
ဒီနှစ်ခုဟာ တူမနေပါဘူး။
🧠 ကလေးတစ်ယောက်ဟာ သူ့ကို လူကြီးတွေ ဘယ်လိုဆက်ဆံကြသလဲဆိုတာကနေ သင်ယူပါတယ်
“ငါစိတ်ဆိုးတဲ့အချိန်မှာ လူကြီးတွေက ငါ့ကို ဘယ်လိုကိုင်တွယ်ပေးသလဲ?”
“ငါမလိုက်နာတဲ့အချိန်မှာ ငါ့ကို ဘယ်လိုပြောသလဲ?”
“ငါအမှားလုပ်တဲ့အခါ ငါဟာ မကောင်းတဲ့ကလေးတစ်ယောက်ဖြစ်သွားသလား?”
“ငါ့ခံစားချက်တွေကြောင့် ငါ့ကိုချစ်ခြင်းက လျော့သွားသလား?”
ဒီလိုအတွေ့အကြုံတွေကနေ ကလေးဟာ တဖြည်းဖြည်းနဲ့—
“ငါဟာ ဘယ်လိုကလေးလဲ?”
“ငါဟာ တန်ဖိုးရှိတဲ့သူလား?”
“ငါ့ကို ချစ်လို့ရသေးလား?”
ဆိုတာတွေကို သူတို့ကိုယ်တိုင် ဆုံးဖြတ်လာကြပါတယ်။
ဒါကြောင့် ကလေးတစ်ယောက်ကို ကျွန်မတို့ ဘယ်လိုဆက်ဆံပြောဆိုသလဲဆိုတာဟာ အရမ်းအရေးကြီးပါတယ်။
🧠 ကလေးက သူ့ခံစားချက်တွေကို မထိန်းနိုင်သေးတဲ့အချိန်မှာ...
အထူးသဖြင့် ကလေးငယ်တွေမှာ စိတ်ခံစားချက်ကြီးကြီးမားမား ဖြစ်လာတဲ့အခါ သူတို့ကိုယ်တိုင် အဲဒီခံစားချက်ကို ထိန်းညှိဖို့ မလွယ်သေးပါဘူး။
သူတို့ရဲ့ self-regulation ဟာ ဖွံ့ဖြိုးနေဆဲဖြစ်ပါတယ်။
အဲဒီအချိန်မှာ မိဘရဲ့ တည်ငြိမ်မှု က အရေးကြီးပါတယ်။
🤝 ကလေးက စိတ်လှုပ်ရှားနေချိန်မှာ မိဘကပါ စိတ်လှုပ်ရှားသွားရင်—
ကလေးက ပိုတင်းမာလာနိုင်ပါတယ်။
မိဘက အော်တယ်။ကလေးက ပြန်အော်တယ်။မိဘက ပိုအော်တယ်။ကလေးက ပိုဆန့်ကျင်တယ်။နောက်ဆုံးမှာ မိဘက ခြောက်တယ်၊ ရိုက်တယ်၊ ဖုန်းသိမ်းတယ်။အဲ့သံသရာမှာဘဲလည်နေကြတယ်ပေါ့။
ကလေးကတော့ ငြိမ်သွားပါတယ်။
ဒါပေမယ့် မေးကြည့်ရမှာက—
❓ ကလေးက နားလည်လို့ ငြိမ်သွားတာလား၊ ကြောက်လို့ ငြိမ်သွားတာလား?
❌ ကြောက်လို့ ငြိမ်သွားတာက ရေရှည် self-regulation ကို သင်ပေးတာမဟုတ်ပါဘူး။
✅ ကျွန်မတို့လိုချင်တာက ကလေးက လုံခြုံမှုရှိတဲ့ဆက်ဆံရေးထဲမှာ boundary ကို နားလည်ပြီး လိုက်နာတတ်လာဖို့ပါ။
🔑 အော်လိုက်မှ ငြိမ်သွားတာ ဆိုတဲ့ သံသရာကနေ“တည်ငြိမ်စွာ boundary ထားနိုင်တယ်” ဆိုတဲ့နေရာကို ရောက်ဖို့ပါ။
🌿 ပထမဆုံး — မိဘက ကိုယ်တိုင်တည်ငြိမ်ဖို့လိုတယ်
ကလေးတွေဟာ ကျွန်မတို့ပြောတဲ့စကားတွေထက် ကျွန်မတို့ရဲ့ အပြုအမူတွေကနေ ပိုပြီးသင်ယူကြပါတယ်။
“စိတ်မဆိုးနဲ့” လို့ အကြိမ်ကြိမ်ပြောနေရုံနဲ့ မလုံလောက်ပါဘူး။
သူတို့မြင်နေရတာက—
မေမေက စိတ်ဆိုးလာတဲ့အခါ ဘာလုပ်သလဲ?
❌ အသံမြှင့်သလား?❌ ခြိမ်းခြောက်သလား?❌ ရိုက်သလား?
ဒါမှမဟုတ်—
✅ ခဏရပ်သလား?✅ အသက်ရှူပြီး ကိုယ့်ကိုယ်ကို regulate လုပ်သလား?✅ တည်ငြိမ်စွာ boundary ကို ပြန်ပြောသလား?
ဒါကြောင့် မိဘတွေရဲ့ self-awareness က အရေးကြီးပါတယ်။
အခု ငါစိတ်တိုလာပြီ။
အသံမြင့်လာပြီ။
အခု ငါ့ခန္ဓာကိုယ်က တင်းလာပြီ။
ငါအော်လိုက်ရင် အခြေအနေက ပိုကောင်းလာမလား၊ ပိုဆိုးလာမလား?
ဆိုပြီး သတိထားနိုင်တာက ကိုယ့်ကိုယ်ကို ပြန်ရွေးချယ်နိုင်ဖို့ အခွင့်အရေးပေးပါတယ်။
🔑 အော်ဖို့အစား ခဏရပ်မလား?ခြိမ်းခြောက်ဖို့အစား boundary ကို ပြန်ပြောမလား?
ဒါဟာ လေ့ကျင့်ယူရတဲ့ skill တစ်ခုပါ။
🔑 Boundary ဆိုတာ ဘာလဲ?
Healthy boundary ဆိုတာ—
❌ သား/ သမီး လုပ်ချင်တာမှန်သမျှ မလုပ်ရဘူး လို့ ကလေးကို ထိန်းချုပ်တာမဟုတ်ပါဘူး။
Boundary ဆိုတာ—
✅ သား/သမီး ရဲ့ခံစားချက်ကို လက်ခံတယ်။ ဒါပေမယ့် ဒီအပြုအမူကိုတော့ ခွင့်မပြုဘူး
ဆိုတာကို ရှင်းရှင်းလင်းလင်း ပြနိုင်ခြင်းပါ။
ဥပမာ
ကလေးက ရိုက်လာတဲ့အခါ
မေမေက လက်ကို အေးအေးဆေးဆေး တားပြီး—
“မေမေသိတယ်။ သား/သမီး အရမ်းစိတ်တိုနေတယ်။စိတ်တိုလို့ရတယ်။ဒါပေမယ့် လူကို မရိုက်ရဘူး။မေမေ လက်ကိုတားပေးမယ်။ဖက်ထားပေးမယ်။ စိတ်အေးသွားရင် ပြန်ပြောကြမယ်။”
ဆိုပြီး boundary ကို ထားလို့ရပါတယ်။
✅ ခံစားချက်ကို လက်ခံပေးတယ်။✅ အပြုအမူကိုတော့ ကန့်သတ်တယ်။
ဒါဟာ permissive parenting မဟုတ်ပါဘူး။
ဒါဟာ firm but kind ဖြစ်တာပါ။ ချစ်ခြင်းကမပြောင်းလဲဖူး။ တည်တည်ငြိမ်ငြိမ်နဲ့စည်းကမ်းကိုသေချာကိုင်ထားတာမျိူးပါ။
“မရဘူး” ဆိုတာကိုလည်း တည်ငြိမ်စွာ ပြောလို့ရတယ်
ကလေးတစ်ယောက်က တစ်ခုခုကို မုန့်ဖြစ်ဖြစ်ဖုန်းဖြစ်ဖြစ် ပေါ့နော် ၊ မရမချင်း ဂျီကျနေတတ်ပါတယ်။
❌ မိဘက နားပူမခံနိုင်တော့လို့ ပေးလိုက်တယ်။
နောက်တစ်ကြိမ် ထပ်ဂျီတယ်။
❌ မိဘက ထပ်အော်တယ်။
ဒီလိုနဲ့—
ဂျီ → မိဘအော် → ကလေးငြိမ် → နောက်တစ်ကြိမ် ထပ်ဂျီ
ဆိုတဲ့ cycle ဖြစ်လာပါတယ်။
အဲဒီအစား—
“မေမေသိတယ်။ သမီး ဒါကို တကယ်လိုချင်နေတာ။ဒါပေမယ့် အခုတော့ မရဘူး။သမီးစိတ်ဆိုးလို့ရတယ်။ မေမေ့ကို စိတ်ဆိုးလို့လည်းရတယ်။ဒါပေမယ့် အဖြေက မပြောင်းဘူး။”
ဆိုပြီး ချစ်ခြင်းကို မလျှော့ဘဲ boundary ကို မပြောင်းလဲဘဲ ထားလို့ရပါတယ်။
“No” ဆိုတာကို ဒေါသနဲ့ ပြောစရာမလိုပါဘူး။
📱 ဖုန်း၊ TV နဲ့ Screen Time မှာလည်း Boundary ထားလို့ရတယ်
မေမေတွေ အများဆုံးကြုံရတာက—
“ဖုန်းပိတ်တော့!”“ပိတ်တော့လို့ ပြောနေတယ်!”“မပိတ်ရင် သိမ်းမယ်!”
ဆိုပြီး နေ့တိုင်း တိုက်ပွဲဖြစ်နေတာပါ။
အဲဒီအစား—
✅ အချိန်မစေ့ခင် ကြိုပြောတာ။
“နောက် ၁၅ မိနစ်ဆို ဖုန်းပိတ်မယ်နော်။”
ပြီးရင်—
“နောက် ၅ မိနစ်ကျန်ပြီ။ ကိုယ်တိုင်ပိတ်မလား၊ မေမေက ပိတ်ပေးရမလား?”
လို့ ရွေးချယ်ခွင့်ပေးနိုင်ပါတယ်။
ရွေးချယ်ခွင့်ပေးတာနဲ့ boundary ကို လွှတ်ပေးတာ မတူပါဘူး။
“ဘယ်အချိန်ပိတ်မလဲ?” ကိုတော့ မရွေးခိုင်းဘူး။
သတ်မှတ်ထားတဲ့အချိန်မှာ ပိတ်ရမယ်ဆိုတဲ့ boundary က ရှိနေပြီးသားပါ။
ရွေးချယ်ခွင့်က—
“ကိုယ်တိုင်ပိတ်မလား၊ မေမေက ပိတ်ပေးရမလား?”
လိုမျိုး ဖြစ်နိုင်ပါတယ်။
❤️ “မေမေ့ကို မချစ်တော့ဘူး!”
ကလေးတွေက သူတို့လိုချင်တာ မရတဲ့အခါ—
“မေမေ့ကို မချစ်တော့ဘူး!”
“အလိုလိုက်တဲ့သူဆီပဲ သွားမယ်!”
လိုမျိုး ပြောတတ်ကြပါတယ်။
ဒီအချိန်မှာ မိဘကလည်း နာကျင်ပြီး—
❌ “အဲဒါဆို သွား!”❌ “မေမေ့ကလည်း မလိုဘူး!”
ဆိုပြီး ပြန်ပြောမိနိုင်ပါတယ်။
ဒါပေမယ့် မိဘက ဒီလိုအစားထိုးပြောလို့ရပါတယ်နော်
“Wow… သား အခု တော်တော်စိတ်တိုနေတယ်ထင်တယ်။မေမေ့ကို မချစ်ဘူးလို့တောင် ပြောနေပြီ။သား မေမေ့ကို ချစ်မချစ်ဆိုတာထက် မေမေကတော့ သားကိုချစ်တယ်။ဒါပေမယ့် ဖုန်းသုံးချိန်ကတော့ ပြောင်းမှာမဟုတ်ဘူး။”
ဒါကဘာကိုပြပေးတာလဲဆိုတော့
❤️ ချစ်ခြင်းက မပြောင်းဘူး။
🔑 Boundary ကလည်း မပြောင်းဘူး။
မကျေနပ်လို့ရတယ်။ ရိုင်းလို့မရဘူး။”
အထူးသဖြင့် ဆယ်ကျော်သက်ကလေးတွေနဲ့ဆိုရင် ဒီ boundary က အရေးကြီးပါတယ်။
ကလေးက—
“မေမေက အမြဲတမ်း ဒီလိုပဲ!”
“မေမေ့ကို မုန်းတယ်!”
ဆိုပြီး ရိုင်းစိုင်းစွာ ပြောလာနိုင်ပါတယ်။
မိဘကလည်း ဝမ်းနည်းပြီး အသံမြှင့်ပြန်ပြောမိနိုင်ပါတယ်။
အဲဒီအစား—
“ဒီကိစ္စကို သား/သမီး တော်တော်မကျေနပ်တာ မေမေသိတယ်။မကျေနပ်တာကို ပြောလို့ရတယ်။မေမေ့ကို သဘောမတူလို့လည်း ရတယ်။ဒါပေမယ့် ရိုင်းစိုင်းတဲ့စကားနဲ့တော့ မပြောရဘူး။အခုနှစ်ယောက်လုံး စိတ်အေးသွားရင် ပုံမှန်အသံနဲ့ ပြန်ဆွေးနွေးကြမယ်။”
ဆိုပြီး boundary ကို ထားလို့ရပါတယ်။
✅ ခံစားချက်ကို ခွင့်ပြုတယ်။❌ မလေးစားတဲ့အပြုအမူကိုတော့ ခွင့်မပြုဘူး။
🔑 “မကျေနပ်ခွင့်ရှိတယ်။ ရိုင်းစိုင်းခွင့်မရှိဘူး။”
အရေးကြီးဆုံးကတော့ “တစ်သတ်မှတ်တည်း” ဖြစ်ဖို့ပါ
တစ်နေ့—
“မရဘူး!”
နောက်တစ်နေ့—
“ကဲ… ဒီတစ်ခါတော့ ရတယ်။”
ဆိုရင် ကလေးက boundary ကို ဘယ်လိုနားလည်ရမလဲ မသိတော့ပါဘူး။
ဒါကြောင့် မိဘတွေအနေနဲ့—
❌ စိတ်ရှိတဲ့နေ့မှာ စည်းကမ်းထားပြီး❌ စိတ်မရှိတဲ့နေ့မှာ စည်းကမ်းလွှတ်တာမျိုး
မဖြစ်ဖို့ ကြိုးစားဖို့လိုပါတယ်
Perfect ဖြစ်ဖို့မလိုပါဘူး။
တစ်ခါတလေ မိဘလည်း ပေါက်ကွဲနိုင်ပါတယ်။
အဲဒီအခါ—
“မေမေ အခုနည်းနည်းလွန်သွားတယ်။မေမေ အော်မပြောသင့်ဘူး။ဒါပေမယ့် မေမေပြောခဲ့တဲ့ boundary ကတော့ ရှိနေတုန်းပဲ။”
လို့ ပြန်ပြောနိုင်ပါတယ်။
Repair လုပ်နိုင်တာကလည်း parenting ရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုပါ။
နောက်ဆုံးမှာ ကလေးတွေ ဘာကို သင်ယူသွားမလဲ?
ကျွန်မတို့က ကလေးတွေကို စကားတွေအများကြီး သင်ပေးနေကြပါတယ်။
ဒါပေမယ့် သူတို့အတွင်းထဲမှာ ကျန်ခဲ့တာက—
ကျွန်မတို့ သူတို့ကို ဘယ်လိုခံစားစေခဲ့သလဲ ဆိုတာပါ။
“The way we talk to our children becomes their inner voice.”
ကျွန်မတို့ရဲ့အသံက တဖြည်းဖြည်းနဲ့ သူတို့ရဲ့အတွင်းစကားသံ ဖြစ်လာပါတယ်။
❌ “ငါမှားရင် ငါမကောင်းဘူး။”
❌ “ငါ့ခံစားချက်တွေက အရေးမကြီးဘူး။”
ဒါမှမဟုတ်—
✅ “ငါစိတ်ဆိုးလို့ရတယ်။”
✅ “ငါမကျေနပ်လို့ရတယ်။”
✅ “ငါအမှားလုပ်လို့ရတယ်။”
❤️ “ဒါပေမယ့် ငါဟာ တန်ဖိုးရှိနေတုန်းပဲ။”
❤️“ငါ့ကိုမိဘတွေချစ်တဲ့အချစ်က ငါ့လုပ်ရပ်ပေါ်မှာမူမတည်ဖူး “
ဆိုတဲ့အသံလား?
အဲဒါတွေဟာ မိဘတွေက နေ့စဉ်အပြုအမူတွေနဲ့ တည်ဆောက်ပေးနိုင်တဲ့အရာပါ။
🌱 ဒါကြောင့်...
ကလေးတွေဟာ သူတို့ရဲ့ခံစားချက်တွေကို ကိုယ်တိုင်ထိန်းညှိနိုင်တဲ့စွမ်းရည်ကို တဖြည်းဖြည်း ဖွံ့ဖြိုးလာကြတာပါ။
အဲဒီဖွံ့ဖြိုးမှုအတွက် မိဘတွေရဲ့—
Co-regulation
တည်ငြိမ်မှု
လုံခြုံတဲ့ဆက်ဆံရေး
ရှင်းလင်းတဲ့ boundaries
တွေက အရေးကြီးပါတယ်။
ဒါကြောင့်—
❌ စည်းကမ်းမထားဘဲ ချစ်တာမဟုတ်ဘူး။
❌ အော်ဟစ်ခြောက်လှန့်ပြီး စည်းကမ်းထားတာလည်း မဟုတ်ဘူး။
ကျွန်မတို့လိုချင်တာက—
🌿 “နူးညံ့ပေမယ့် ခိုင်မာတဲ့ မိဘဖြစ်ဖို့ပါ။”
Connection without losing boundaries.
Boundaries without losing connection.
❤️ ကလေးကို ကြောက်အောင်လုပ်ပြီး နားထောင်စေတာမဟုတ်ဘဲ—
လုံခြုံမှုရှိတဲ့ဆက်ဆံရေးထဲမှာ စည်းကမ်း၊ တာဝန်ယူမှုနဲ့ လေးစားမှုကို သင်ပေးနိုင်ဖို့ပါ။
အဲဒီနေရာကနေမှ မိဘနဲ့သားသမီးကြားမှာ healthy boundaries တွေ တည်ဆောက်လာနိုင်ပြီး—
🔑 “အော်မှနားထောင်မယ်၊ ခြောက်မှလုပ်မယ်”
ဆိုတဲ့ သံသရာကနေ တဖြည်းဖြည်း ထွက်လာနိုင်မှာပါ။
ဒီစာလေးကနေတခုခုရယူနိုင်ပါစေနော်။ မေမေဖေဖေတွေရဲ့အခက်အခဲတွေကိုလဲ ရေးထားပေးလို့ရပါတယ်။
မေတ္တာဖြင့်
,
လွတ်လပ်စွာshare နိုင်ပါတယ်။
Photo