20/07/2023
Streetwear Street fashion ဆိုတာဘာလဲ??
Streetwear မှာ ပုံမှန် အားဖြင့် Hip Hop Fashion, Skate wear, Tech wear, High fashion and Athleisure ဆိုပြီ ရှိတယ်လို့ ရှာတွေ့ မိပါတယ်။
Street Wear ဆိုတာနဲ့ အင်္ကျီဘောင်းဘီခပ်ပွပွနဲ့Sneaker တရံစီးထားပြီး Skateboardတွေနဲ့တွဲပြီး ပြေးမြင်မိမှာတော့အမှန်ပါဘဲ ။တကယ်တမ်းတော့ Streetwear street fashionဆိုတာDefination ရယ်လို့အတိအကျမရှိပေမဲ့ အဓိက စတင်ပေါ်ပေါက်လာခဲ့တာတော့ 1990 လောက်က ဖြစ်ပါတယ်။Streetwearရဲ့ ဖခင်ကြီးလို့တောင် ခေါ်လို့ရတဲ့ Shawn Stüssy ရဲ့ Stüssy brand ကနေ LIMITED & Exclusivity ဆိုတဲ့ Method နဲ့ feeling ကြီးတခုကို ပေးစွမ်းခဲ့ရာကနေ ဖြစ်ပေါ်လာခဲ့တယ်လို့ ဆိုရပါမယ်။
ပေါ့ပေါ့ပါးပါး(Casual) ဖြစ်တာနဲ့ အထှာကျနေပြီဆိုရင် street wear ဆိုပြီးတော့ တ ချို့က ပြောကြပေမဲ့တယောက်ယောက်နဲ့တယောက်မတူနိုင်ပါဘူး။ ဥပမာအားဖြင့် TOMMY HILFIGER အနေနဲ့ streetwearဆိုတာ Sportwear & MTLITARY ကိုဆိုလိုတယ်လို့ပြောခဲ့ပါတယ်။ထို့အပြင် JEFF STAPLES အနေနဲ့ကလဲ streetwearဆိုတာ Casual ဖြစ်တဲ့ လွပ်လွပ်လပ်လပ်ပေါ့ပေါ့ပါးပါး မျိုးကို ဆိုလိုပါတယ်တဲ့။
ဒါကြောင့်တဦးဦးနဲ့တစ်ဦး Street wear ကို အမြင်အမျိုးမျိူး ရှုထောင့်အမျိုးမျိုးကနေ ကြည့်လို့ ရပေမယ်လို့ တဂယ်တန်း Streetwear မှာက အဓိကအားဖြင့်SKATING ကစလို့ ROCK, E BOY, HIP HOP, PUNK စသဖြင့် ပုံစံ cultureပေါင်းမျိုးစုံ နဲ့ ဖွဲ့စည်းထားတယ်လို့ ဆိုလိုခြင်းဖစ်ပါတယ်။
အနှစ်ချုပ်အားဖြင့်ပြောရမယ်ဆိုရင်တော့ STREETWEAR STREET FASHION ဆိုတာက T- Shirt, Hoodie တို့လို STYLE PANTS ,JEAN PANT ,Baggy Trouser အစရှိသဖြင့် CASUAL ဖြစ်တဲ့အဝတ်အစား များကိုဆိုလိုခြင်း ဖြစ်ပါတယ်။
streetwearရဲ့သက်တမ်းဟာနှစ်ပေါင်း30ထက်မနည်းတည် ရှိနေပြီဖြစ်သော်လည်း 2017လောက်ကနေစပြီး မြန်မာနိုင်ငံထဲမှာလဲ Street ဝတ်တဲ့သူတော်တော်များများကို တွေ့မြင်လာခဲ့ ကြ ပြီးဖြစ်တာကြောင့် ဒီ streetwear ဆိုတဲ့ရေစီးကြောင်းကြီးကို ကိုယ်တိုင်စီးမျှောကြည့်သင့်တယ်။
Photo By Google.