The Cat Gang MM

The Cat Gang MM Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Cat Gang MM, Yangon.

The Cat Gang MM​ အဖွဲ့သား ၉ ယောက်ဖြစ်တဲ့ မီဂေး၊ ဝက်မကြီး၊ ဝီကီ၊ ချက်စူ၊ မိချော၊ မိညို၊ မဲမဲ၊ ရှမ်းကြီး၊ မိဖြူ တို့ညီအစ်ကို မောင်နှမများရဲ့ Story
​တွေကို နေ့စဉ် တင်ဆက်ပေးသွားမှာပါ။

17/10/2025
17/10/2025

အဲ့လောက်ကတော့ ဖွင့်တတ်ပါတယ်နော် 😹

#မဲမဲ

ဝက်မကြီး 😺😻သူမက ဆရာမကြီး အိမ်ရောက်တာ ၁၀နှစ်ကျော်ခဲ့ပီ သွားတွေမရှိတော့ တရက်ကို ခရင်မီ ၆ ချောင်းနဲ့ ငါးကြော်အတွင်းသားဘဲ စာ...
16/10/2025

ဝက်မကြီး 😺😻

သူမက ဆရာမကြီး အိမ်ရောက်တာ ၁၀နှစ်ကျော်ခဲ့ပီ သွားတွေမရှိတော့ တရက်ကို ခရင်မီ ၆ ချောင်းနဲ့ ငါးကြော်အတွင်းသားဘဲ စားနိုင်တော့တဲ့ BOSS မမ😻🥰

၀က်မကြီးနဲ့ရေစက်အစက ဒီလို.....
..လမ်းဘေးကြောင်လေးဘ၀ကနေ အိမ်ကို ရောက်လာတယ်...အဲ့တုန်းက သူမက ကိုယ်၀န်နဲ့🤭

အိမ်ရှေ့မှာ ရုံးသွားခါနီး အမြဲကားရှေ့ လာထိုင်စောင့်နေတတ်သူလေး🤭 ခုလို မ၀ စလင်းအလှလေးပေါ့ဗျာ😅

ဒီလိုနဲ့ အစာကျွေးနေရင်း သူ ဘယ်မှာ ခလေးမွေးလဲတော့ မသိ....မွေးပီးတာတော့ သိတယ် ဗိုက်ကပြားပီမို့...ကို့အပိုင်မဟုတ်တော့ ထွေထူး.မစဥ်းစားမိသလို အိမ်မှာလည်း ဘာသတ္တဝါမှ မွေးခွင့်မပြုတဲ့အချိန်....🥲

တမနက်ခင်း ရုံးပိတ်ရက် ကြောင်ခလေးတွေအော်သံနဲ့ ရွစိရွစိ ကြောင်ပေါက်လေး ၃ ကောင် 😻😻😻

ဘယ်ကလာလဲ မသိတော့ cctv ပြန်ကြည့်မှ ၀က်မကြီး က မနက် ၄နာရီထဲက လမ်းကခွေးတွေလွတ်အောင် ရှောင်ပုန်းရင်း သယ်လာတာ သယ်လာတာ ☺️☺️

မိဘမေတ္တာထင်ပါရဲ့ သူစားရသလို စားရပါစေဆိုပီး🥺

တနေ့လုံး ၀က်မကြီးပျောက်နေခဲ့တယ်....သူ့ခလေးတွေကို အိမ်က ဘယ်လို ဆက်ဆံမလဲ သူချောင်းနေခဲ့တာ ကိုတွေတအိမ်လုံးမသိခဲ့🙄

အိမ်က အဖေက ကြောင်ဆို ခွေးဆို ခါးသီးလွန်းသူ😑

ကြောင်ပေါက်လေး ၃ကောင်ကိုတော့ အဖေမလွန်ဆန်နိုင်ခဲ့ပါဘူး 😅

အဖေလက်ခံတယ် ချီတယ် အစာကျွေးတယ်ဆိုတာကို ၀က်မကြီးက ခိုးကြည့်နေခဲ့တာ မသိခဲ့ကြဘူးရယ်😫

သူက လည်လွန်းတာလား.နားလည်တာလားနော်😁🤌

ဒီလိုနဲ့ ဝက်မကြီးတို့ မိသားစုဇာတ်လမ်းက စလာတာပါဘဲ 😻🥰

#ဝက်မကြီးဆရာမ

16/10/2025

ဆရာမကြီး ဝက်မကြီး 🥰😺

#ဝက်မကြီးဆရာမ

"အပြင်မှာ ဖိုက်တာ၊ အိမ်မှာ ခလေး! 😎"ဟုတ်ကဲ့ ....The Cat Gang ရဲ့ အကိုကြီး မီဂေးပါ 😾​💥 မီဂေး: The Cat Gang ရဲ့ Street Figh...
16/10/2025

"အပြင်မှာ ဖိုက်တာ၊ အိမ်မှာ ခလေး! 😎"

ဟုတ်ကဲ့ ....The Cat Gang ရဲ့ အကိုကြီး မီဂေးပါ 😾
​💥 မီဂေး: The Cat Gang ရဲ့ Street Fighter Boss ....သူ့ရဲ့ အဘိဓာန်မှာ "ရန်မဖြစ်ဖူးတဲ့ ကြောင်အထီး" နဲ့ "သူဖွန်မကြောင်ဖူးတဲ့ ကြောင်မလေး" ဆိုတာ မရှိပါဘူး🥴🤧 တစ်လမ်းလုံးက ကြောင်မှန်သမျှ သူ့ကို မြင်ရင် လေးစားရတယ်..နေ့ရော ညရော ချနေကြတာ အော်သံ ရန်ဖြစ်သံကြားရင် သွားမကြည့်နဲ့ ...အဲ့တာ မီဂေး 🤭🐈
​ဒါပေမဲ့... အိမ်တံခါးဝရောက်တာနဲ့ ဇိုး နေရာကနေ ချက်ချင်းပြောင်းပြီး သခင်ချစ်မှ နေတတ်တဲ့ ကလေးလို ဆိုးတဲ့ကောင်ဆိုးလေး ဖြစ်သွားပြန်ရော!
​မီဂေး ရဲ့ Bad Boy Vibe နဲ့ ချွဲတတ်တဲ့ပုံ တွေကို စောင့်ကြည့်ဖို့ Like & Share လုပ်ထားနော်!
​ #မီဂေးဖိုက်တာကြီး

မင်္ဂလာပါ The Cat Gang MM Page ကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်! 👋ဒီနေ့ ထပ်ပီး  Tha Gang အဖွဲ့၀င် ၄ ဦးနဲ့ မိတ်ဆက်ပေးမှာဖြစ...
15/10/2025

မင်္ဂလာပါ The Cat Gang MM Page ကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်! 👋

ဒီနေ့ ထပ်ပီး Tha Gang အဖွဲ့၀င် ၄ ဦးနဲ့ မိတ်ဆက်ပေးမှာဖြစ်ပါတယ်..

​ကျွန်တော်တို့ Gang ရဲ့ အဖွဲ့ဝင်လေးတွေဟာ အမည်နာမ တွေအတိုင်း မဟုတ်ဘဲ လျှို့ဝှက်စရိုက် တွေ ပိုင်ဆိုင်ထားသူတွေပါဘဲ

😅ကြောက်တတ်တဲ့ Boss ကနေ သွားမရှိတဲ့ ဆရာမကြီး အထိ၊ သူတို့ရဲ့ စစ်မှန်တဲ့ Story တွေကို မိတ်ဆက်ပေးပါရစေ! 😼


​၁။ ချက်စူ (The Cautious King / အထီး)
​🐈 ချက်စူ: သူကတော့ အထီးလေး ဖြစ်ပေမဲ့ အားငယ်တတ်ပြီး အရမ်းကြောက်တတ်သူ ပါ။ သူ့ရဲ့ ဖြူစင်မှု က တကယ့်ကို အသည်းယားစရာကောင်းပြီး အစားကို တအားမက်လွန်းလို့ ညဘက် အိပ်နေရင်းကတောင် အစားနံ့ရရင် ထပြီး ငတ်တတ်သူပါ။ သခင်မရဲ့ အချစ်ကို ရမှ ကြောက်စိတ်ပြေပြီး အကုန်လိုက်စူးစမ်း စပ်စုတော့တာပဲ!

• ​Gang Role: The "Food-motivated" Cautious Leader.

​၂။ 👵 ဝက်မကြီး (The Grandmaster / ဆရာမကြီး)😹

​🧡 ဝက်မကြီး: သူမကတော့ ဒီအိမ်ရဲ့ သက်တမ်းအကြာဆုံး ဆရာမကြီး ပါ၊ ၁၀ နှစ်ကျော် အတူတူ နေခဲ့တာပါ။ 🕰️ သူမမှာ သွားတွေ မရှိတော့ပေမယ့် ခရင်မီနဲ့ ငါးကြော် ကိုပဲ ရွေးချယ် စားသုံးသူပါ။ သခင်ကလွဲရင် ဘေးလူ လုံးဝ အကပ်မခံ တဲ့အပြင်၊ သခင်ကိုတောင် တစ်ခါတလေ ပြန်ကုတ် တတ်တဲ့ ခေါင်းဆောင်ကြီး ပါ။

• ​Gang Role: The "Original" Vicious Gatekeeper.

​၃။ 😴 မိချော (The Solitary Sleeper / ကြောင်မလေး)
​💖 မိချော: သူမကတော့ ကြောင်မလေး တစ်ကောင်ဖြစ်ပြီး တခြားသူတွေကို စိတ်မဝင်စားတတ်သူ ပါ။ တစ်ကောင်တည်း အေးဆေးနေပြီး အမြဲတမ်း အိပ်နေတတ်တယ် လို့ အိမ်မှာ လူအပေါင်းအသင်း နည်းသူပါ။ သခင်နားလည်း မကပ်တတ်ဘူး... ဒါပေမဲ့ ကြွက်စားတယ် ဆိုတဲ့ ဆိုးတဲ့အချက် လေးတော့ ရှိပါတယ်။

• ​Gang Role: The "Anti-Social" House Guard.

​၄။ 🖤 မိညို (The Mighty Hunter / ကြွက်မုဆိုး)
​💥 မိညို: သူမကတော့ အဖျတ်လတ်ဆုံး၊ သတ္တိအရှိဆုံး နဲ့ ဘာမှမကြောက်တဲ့သူ ပါ။ ၃ ထပ်ပေါ်ကနေ ၁ ထပ်ခွဲ အိမ်ပေါ် ခုန်ချရဲတဲ့ စွန့်စားခန်း ကို နေ့တိုင်းလုပ်သူ။ သူ့ရဲ့ နာမည်ပြောင်က "ကြွက်မုဆိုး" ဖြစ်ပြီး ကြွက်ကို နေ့တိုင်း ၁ ကောင်ရအောင် ဖမ်းနိုင်သူ ပါ။ သခင်ကို တအားချွဲ ပေမဲ့၊ ကြွက်ရရင် မစားဘဲ သူ့အစ်မ မိချောကိုကျွေး တတ်တဲ့ သဘောကောင်းသူ ပါ!
• ​Gang Role: The "Daily Hunter" and "Generous Daughter."

​ကဲ... အခုကတော့ အကျဥ်းချုပ်မိတ်ဆက်ထားတာမို့ နောက်နေ့ကျရင် တယောက်ချင်းစီရဲ့ စရိုက်သဘာ၀လေးတွေနဲ့ ချစ်စရာအမူအကျင့်လေးတွေကို ပုံတွေ video လေးတွေ နဲ့ထပ်ပီး ပြောပြပေးဦးမှာမို့ Like and Follow လေး လုပ်ထားပေးကြပါဦးနော်

#ကြွက်မုဆိုးမိညို #ဝက်မကြီးဆရာမ #ကြောက်တတ်တဲ့ချက်စူ

"The Cat Gang MM ရဲ့ Coolest Scout ရှမ်းကြီး ပါ။ 😎 ကျွန်တော့်ရဲ့ လှပတဲ့ မျက်ဝန်းတွေက ဘေးဘီဝန်းကျင်ကို အမြဲ စူးစမ်းနေတာပါ...
14/10/2025

"The Cat Gang MM ရဲ့ Coolest Scout ရှမ်းကြီး ပါ။ 😎 ကျွန်တော့်ရဲ့ လှပတဲ့ မျက်ဝန်းတွေက ဘေးဘီဝန်းကျင်ကို အမြဲ စူးစမ်းနေတာပါ။ ဘယ်သူ့ရဲ့ မုန့်ခိုးစားရမလဲဆိုတာလည်း စဥ်းစားနေတာပေါ့။ 😼 'လိုက်ခ်' ပေးခဲ့နော်!
#ရှမ်းကြီးTheCoolest

Address

Yangon

Telephone

+959404918297

Website

Alerts

Be the first to know and let us send you an email when The Cat Gang MM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share