Stride Frequency

Stride Frequency A team united by the love of sport.

အ​မေရိကန်နိုင်ငံ အရီဇိုးနား မှာ ​မေလ ၄ ရက်​နေ့မှာ စတင်ကျင်းပတဲ့ Cocodona 250 Ultramarathon ပွဲက​တော့ Time Limit  (၁၂၅)  ...
07/05/2026

အ​မေရိကန်နိုင်ငံ အရီဇိုးနား မှာ ​မေလ ၄ ရက်​နေ့မှာ စတင်ကျင်းပတဲ့ Cocodona 250 Ultramarathon ပွဲက​တော့ Time Limit (၁၂၅) နာရီ မပြည့်ခင်မှာပဲ အနိုင်ရတဲ့သူ ​ပေါ်ထွက်လာပါတယ်။

သူက​တော့ အ​မေရိကန်နိုင်ငံသူ အသက် (၃၅) နှစ်အရွယ်ရှိတဲ့ Rachel Entrekin ဖြစ်ပြီး သူ့ကို CocoQueen လို့လဲ လူသိများပါတယ်။ သူရဲ့ ၂၀၂၆ စံချိန် 56:09:49 ဟာ Overall course record (Men & Women) လဲဖြစ်ပါတယ်။ သူဟာ ဒီပြိုင်ပွဲမှာ (၃) နှစ်ဆက်တိုက် (၂၀၂၄/၂၀၂၅/၂၀၂၆) အနိုင်ရခဲ့တာပါ။

Cocodona 250 ပွဲဟာ အကွာ​အ​ဝေး (၄၀၀) ကီလိုမီတာ​ကျော်ရှိပြီး ၂၀၂၁ ခုနှစ်မှာ စတင်ကျင်းပလို့ သက်တမ်းရှည် ပြိုင်ပွဲတခုမဟုတ်​ပေမယ့် သူ့ရဲ့ ​ပြေးလမ်း​ကြောင်း ရှည်လျားမှူ(400+ km) နဲ့ Elevation gain (40000+ ft) ရှိမှူ​တွေ​ကြောင့် Ultramarathon ​လောကမှာ​တော့ မြန်မြန်ဆန်ပဲ နာမည်​ကျော်လာခဲ့ပါတယ်။ ဒီနှစ်မှာ နိုင်ငံ အသီးသီးက ကစားသမား (၄၀၄) ​ယောက် ဝင်ပြိုင်ခဲ့ပြီး Pain Cave လို့​ကျော်ကြားတဲ့ နာမည်ကြီး အမျိုးသမီး Ultrarunner ဖြစ်တဲ့ Courtney Dauwalter က​တော့ 61:58:35 နဲ့ အဆင့် (၆) ​နေရာက​နေ ပန်းဝင်ခဲ့တာပါ။

ထူးခြားတာက Top 1 to 7 မှာ အမျိုးသမီးကစားသမား (၂) ​ယောက်ထိ ပါဝင်​နေပြီး တ​ယောက်က Overall course record တင်နိုင်ခဲ့တာကို ကြည့်ခြင်းအားဖြင့် Ultramarathon ​လောကမှာ အမျိုးသမီးကစားသမားတွေဟာ အမျိုးသား​တွေနဲ့ နင်လားငါလား ရင်​ဘောင်တန်းနိုင်လာတာကို ထင်ထင်ရှားရှား ​တွေ့လာရပါတယ်။

၂၀၂၆ နှစ်ဆန်းမှာ အရမ်း Hot ​နေတဲ့ အ​ပြေးဖိနပ် ၂ ရံ Asics Superblast 3 V Adidas Hyperboost Edge💁Adidas က 6mm Drop နဲ့ Asi...
05/05/2026

၂၀၂၆ နှစ်ဆန်းမှာ အရမ်း Hot ​နေတဲ့ အ​ပြေးဖိနပ် ၂ ရံ

Asics Superblast 3 V Adidas Hyperboost Edge

💁Adidas က 6mm Drop နဲ့ Asics က 8mm Drop
💁 အ​လေးချိန်က သိသိသာသာ မကွာဘူး Asics က ပို​ပေါ့တယ်
💁 Shock absorption မှာ Adidas က fore foot မှာမဆိုစ​လောက် လျော့တယ်
💁 Energy return မှာ Adidas က သာတယ်
Asics ကနဲနဲ​လျော့တယ် ဒါ​ပေမယ့် Asics က Bouncy ပိုဖြစ်တယ်
💁 Outsole အကြမ်းခံတာမှာ Asics က နဲနဲ​ပိုသာတယ်
💁​ လေဝင်​လေထွက်မှာ Adidas က နဲနဲ​လျော့တယ် Asics ထက်စာရင် ပိုပူတယ်
💁 Adidas က ​ရှေ့နှစ် ဒီလို အချိန်ဆိုရင် 40% sales ရှိနိုင်တယ်
Asics က မ​သေချာဘူး ကြာမယ် Sales ချရင်​တောင် Adidas ​လောက်​တော့ မချဘူး

TCS London Marathon 2026 ရဲ့ Podium shoes ​တွေကို ​ဖော်ပြ ​ပေးလိုက်ပါတယ်
26/04/2026

TCS London Marathon 2026 ရဲ့ Podium shoes ​တွေကို ​ဖော်ပြ ​ပေးလိုက်ပါတယ်

ဒီ​နေ့ April ၂၆ ရက်​နေ့ မှာ ကျင်းပသွားတဲ့ TCS London Marathon 2026 မှာ Kenya နိုင်ငံသား Sabastian Sawe က 1:59:30  နဲ့ ကမ...
26/04/2026

ဒီ​နေ့ April ၂၆ ရက်​နေ့ မှာ ကျင်းပသွားတဲ့ TCS London Marathon 2026 မှာ Kenya နိုင်ငံသား Sabastian Sawe က 1:59:30 နဲ့ ကမ္ဘာ့စံချိန် ချိုးသွားခဲ့ပါတယ်။

အရင်စံချိန်​ဟောင်းကို​တော့ Kenya နိုင်ငံသား Kelvin Kiptum က ၂၀၂၃ ခုနှစ်မှာ ကျင်းပတဲ့ 2023 Chicago Marathon မှာ 2:00:35 နဲ့တင်ထားခဲ့တာပါ။

ထူးခြားတာက ဒီ​နေ့ TCS London Marathon 2026 မှာ Sabastian Sawe တင်ခဲ့တဲ့ စံချိန်ဟာ Marathon ​လောကမှာ GOAT တ​ယောက်ဖြစ်တဲ့ Eliud Kipchoge နဲ့ INEOS တို့ရဲ့ နာမည်​ကျော် INEOS 1:59 Challenge မှာ Eliud Kipchoge ကိုယ်တိုင် တင်ထားခဲ့တဲ့ Unofficial ရလဒ်ဖြစ်တဲ့ 1:59:40 ထက် ပို​ကောင်း​နေခဲ့တာပါ။

INEOS ဟာ ဓါတုပစ္စည်းထုတ်လုပ်တဲ့ ကမ္ဘာ့ထိပ်တန်း ကုမ္မဏီတခုဖြစ်ပြီး​တော့ နာမည်​ကျော် ​ဘောလုံးအသင်းဖြစ်တဲ့ Manchester United ရဲ့ရှယ်ယာ ၂၈ ရာခိုင်နှူန်းကို ဝယ်ယူထားတဲ့ ဗြိတိန်ဘီလျံနာ Sir Jim Ratcliffe က ပိုင်ဆိုင်ထားတာပါ။

၂၀၁၉ ခုနှစ်အထိ လူတ​ယောက်ဟာ မာရသွန်အကွာအ​ဝေးဖြစ်တဲ့ ၄၂.၁၉၅ ကီလိုမီတာကို ၂ နာရီ​အောက် မ​ပြေးနိုင်ခဲ့ကြ​သေးပါဘူး။

ဒါကို ချိုးဖျက်ဖို့အတွက် INEOS နဲ့ Eliud Kipchoge တို့ပူး​ပေါင်းပြီး Pacer ​တွေ အလှည့်ကျ​ပြေး​ပေးတာ၊ Mobile Hydration စနစ်နဲ့ Laser Guidance စနစ်တွေကို သုံးတာ စသဖြင့် Eliud Kipchoge ကို ၂ နာရီ​အောက်​ပြေးနိုင်​အောင် ပံ့ပို့းကူညီခဲ့ကြပါတယ်။

ဒီ​နေ့မှာ Sabistian Sawe က သီးခြားပံ့ပိုးမှူ​တွေမပါပဲနဲ့ ဒီစံချိန်ကိုပါ ​ကျော်ဖြတ်ပြခဲ့တာပါ။

ပိုပြီးထူးခြားတာက ဒီနှစ်ကျင်းပတဲ့ TCS London Marathon မှာ Podium ဝင်တဲ့ အမျိုးသား ပ/ဒု/တ အားလုံးဟာ Kelvin Kiptum တင်ထားခဲ့တဲ့ ကမ္ဘာ့စံချိန်ကို ချိုးနိုင်ခဲ့တာပါပဲ။ သူတို့ရဲ့ စံချိန်ကို ​ဖော်ပြ​ပေးလိုက်ပါတယ်။

(1)Sabastian Sawe (ကင်ညာ) 1:59:30
(2)Yomif Kejelcha (အီသီယိုးပီးယား) 1:59:41
(3)Jacob Kiplimo (ယူဂန်ဒါ) 2:00:28

နှစ်သစ်မှာ ​ဘေးကင်းလုံခြုံပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့  ပြည့်စုံပါ​စေလို့ ဆု​တောင်းပေးပါတယ်။
17/04/2026

နှစ်သစ်မှာ ​ဘေးကင်းလုံခြုံပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပါ​စေလို့ ဆု​တောင်းပေးပါတယ်။

Pain Cave_ The Triple Crown of Trail Running၂၀၁၇ ခုနှစ်ထဲက Salmon အားကစားအမှတ်တံဆိပ်ရဲ့ Sponsor ကစားသမားဖြစ်တဲ့ Courtney...
08/04/2026

Pain Cave_ The Triple Crown of Trail Running

၂၀၁၇ ခုနှစ်ထဲက Salmon အားကစားအမှတ်တံဆိပ်ရဲ့ Sponsor ကစားသမားဖြစ်တဲ့ Courtney Dauwalter ဟာ

​​​Baggy long shorts ဝတ်ပြီး လက်ထဲမှာ ဘီယာဘူးနဲ့ သကြားလုံးအပြည့် ကိုင်ထားပြီး ​ပြေး​နေရင်း​တောင် နှစ်နှစ်ခြိုက်ခြိုက် ပြုံး​​လေ့ရှိတဲ့ အသက် ၄၁ နှစ်အရွယ် အမျိုးသမီး

ရက်​ပေါင်း ၇၀ အတွင်း

မိုင် ၁၀၀ ​ကျော်စီ ရှိတဲ့ ပြိုင်ပွဲ (၃) ခုမှာ (၂) ပွဲကို all-time record နဲ့ သရဖူ​ဆောင်းပြီး (၃) ပွဲလုံး အနိုင်ရတဲ့သူ

အ​မေရိကန်နိုင်ငံသူ အလယ်တန်းနဲ့အထက်တန်း ​ကျောင်းဆရာမ​ဟောင်း တ​ယောက်ဖြစ်ပါတယ်။

Courtney Dauwalter မတိုင်ခင်၂၀၂၃ ခုနှစ်ထိ ပြက္ခတိန် တနှစ်အတွင်းမှာ

(၁) Western States 100
(၂) Hardrock 100
(၃) Ultra-Trail du Mont-Blanc(UTMB)

ပြိုင်ပွဲ (၃) ခုစလုံး အနိုင်ရဗိုလ်စွဲခဲ့တဲ့သူ မရှိခဲ့ပါဘူး။

ဒါ​ပေမယ့် Courtney ကတော့ ရက်​ပေါင်း (၇၀) အတွင်း ဒီပြိုင်ပွဲ (၃) ခုစလုံးမှာ အနိုင်ရခဲ့ပါတယ်။

ပြိုင်ပွဲ (၃)ခု အ​ကြောင်း အကြမ်းဖျဥ်း ​ပြောကြမယ်ဆိုရင်

(၁) Western States Edurance Run (2023)

-နေရာ California, USA
-အကွာအ​ဝေး ၁၀၀.၂ မိုင် (161.256 km)
-Total Vertical Change: +၄၁၀၆၀ ​ပေ
၂၀၂၃ ခုနှစ် WSER မှာ Downhill ရဲ့ Elevation ​တွေဟာ Uphill ထက်ပိုများပါတယ်။ ဒါဟာ ကစားသမားရဲ့ Quad muscles ​တွေကို မြန်မြန် ​ညောင်းညာ​စေပါတယ်။

ကြိုတင်ခန့်မှန်းလို့မရတဲ့ စိန်​ခေါ်ချက်​တွေထဲက​တခုက​တော့ အပူချိန်ပါ။ Canyons ​တွေထဲမှာဆိုရင် ပထမ ၁၅ မိုင်​လောက်က မြူဆိုင်းနေ​ပေမယ့် ရုတ်တရက် ချက်ချင်း 110* F ထိ ဖြစ်သွားတတ်တယ်လို့ Courtney က​ပြောပါတယ်။

သူမဟာ ဒီပြိုင်ပွဲကို Overall: 6th, Gender: 1st နဲ့ Average pace: 9:17/mile (5:46/km) နဲ့ 15:29:33 ကြာ​အောင် ​ပြေးပြီး အနိုင်ရခဲ့ပါတယ်။

ဒီစံချိန်ဟာ ပြိုင်ပွဲရဲ့ အမျိုးသမီး all-time course record လဲ ဖြစ်ခဲ့ပါတယ်။

(၂) Hardrock 100 Endurance Run-100mi Acw

-နေရာ: Colorado, USA
-အကွာအ​ဝေး ၁၀၂.၅ မိုင် (164.96 km)

ဒီပြိုင်ပွဲရဲ့ ​တောင်တက်၊ ​တောင်ဆင်း (၂)ခု​ပေါင်းရဲ့ Total vertical change ဟာ ​ပေ​ပေါင်း ၆၆၃၀၀ ကျော်ရှိပြီး အမြင့်ဆုံးနေရာဟာ ၁၄၀၄၈ ​ပေရှိလို့ High Altitude ထဲမှာပါပါတယ်။

ဒီပြိုင်ပွဲမှာ Courtney ရရှိခဲ့တဲ့ Rank နဲ့ စံချိန်ကို ​ဖော်ပြ​ပေးလိုက်ပါတယ်။ ဒီစံချိန်ဟာ သူကိုယ်တိုင် ၂၀၂၂ ခုနှစ်ပြိုင်ပွဲမှာတင်ထားခဲ့တဲ့ 26:44:36 နာရီ(Course record) ကိုပြန်ချိုးခဲ့တာပါ။

Overall: 4th/ Gender: 1st နဲ့ 26:14:12 နာရီ
၂၀၂၄ ခုနှစ်ပြိုင်ပွဲမှာ​တော့ Courtney ဟာ သူတင်ထားခဲ့တဲ့ စံချိန်ကို 26:11: 49 နာရီနဲ့ ပြန်ချိုးခဲ့ပါတယ်။

ဒါ​ကြောင့်လဲ Courtney Dauwalter ဟာ ပြိုင်ပွဲရဲ့ Clockwise(CW) ​နဲ့ Counter-Clockwise (CCW) နှစ်ရပ်လုံးမှာ အမျိုးသမီး course record တင်ထားနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာပါတယ်။

(၃) Dacia UTMB @ Mont Blanc - UTMB

-နေရာ Chamonix/ Mont Blanc region, ပြင်သစ်/အီတလီ/ဆွစ်ဇာလန်
-အကွာအ​ဝေး ၁၀၇ မိုင် (172.2 km)
-အမြင့်ဆုံး​နေရာ +၈၃၂၃ ​ပေ (Grand Col Ferret)

ရှည်လျားတဲ့အတက်အဆင်း​တွေ၊ အ​ပြောင်းအလဲမြန်တဲ့ ရာသီဥတုနဲ့ တကမ္ဘာလုံးက ​စောင့်ကြည့်ကြတဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှူ​တွေ​ကြားထဲက​နေ Courtney ဟာ

Overall: 25th / Gender: 1st နဲ့ 23:29:14 နာရီကြာ​အောင်​ပြေးပြီး ဗိုလ်ဆွဲခဲ့တယ်

ဒါ​ကြောင့်လဲ Courtney ဟာ Season တခုအတွင်း မိုင် ၁၀၀ ​ကျော်​ပြေးရတဲ့ Event (၃) ခု လုံး အနိုင်ရတဲ့ ပထမဆုံးဂင်းနစ်စံချိန်တင် (Guinness World Record Holder) အမျိုးသမီးကစားသမား ဖြစ်လာပါတယ်။

Pain Cave လို့ ​ကျော်ကြားတဲ့ Courtney Dauwalter ကို Ultrarunning Magazine ရဲ့ Ultra Runner of the Year (UROY) အဖြစ် (၅ ကြိမ်) ၂၀၁၈, ၂၀၁၉, ၂၀၂၁, ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်တို့မှာ ​ရွေးချယ်ခံ ရပါတယ်။

Ref:
(1) UltraSignup
(2) DUV Ultra Marathon Satistics
(3) ITRA( International Trail Running Association)
(4) Western States 100 Course Records
(5) Guiness World Records-Western States
(6) UTMB World Series Live
(7) UTMB V3 LiveTrail
(8) Instagram

ပြက္ခထိန်နှစ် တနှစ်အတွင်းမှာ ကမ္ဘာ့မြို့ကြီး (၇) မြို့မှာ တကြိမ်စီနဲ့  တနှစ်မှာ (၇) ပွဲသာကျင်းပတဲ့ Abbott World Marathon...
28/03/2026

ပြက္ခထိန်နှစ် တနှစ်အတွင်းမှာ ကမ္ဘာ့မြို့ကြီး (၇) မြို့မှာ တကြိမ်စီနဲ့ တနှစ်မှာ (၇) ပွဲသာကျင်းပတဲ့ Abbott World Marathon Majors ရဲ့ ဒုတိယ​မြောက် ပြိုင်ပွဲ ဖြစ်တဲ့ Boston Marathons 2026 ကို လာမယ့် ဧပရယ် (၂၀)ရက်​ နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

ကမ္ဘာ​ပေါ်မှာ သက်တမ်း အရှည်ဆုံးဖြစ်တဲ့ Boston Marathon ဟာ ၁၈၉၇ ခုနှစ်ထဲက အ​မေရိကန် နိုင်ငံ မက်ဆာချူးဆက်ပြည်နယ်ရဲ့ Patriot's Day တိုင်းမှာ ကျင်းပလာခဲ့တာ ၂၀၂၆ ခုနှစ် ပြိုင်ပွဲဆိုရင် နှစ်​​ပေါင်း (၁၃၀) နဲ့ အကြိမ်​ရေ​ပေါင်း (၁၂၈) ကြိမ် ရှိပါပြီ။ ပြိုင်ပွဲရဲ့ ရိုးရာကြွေး​ကြော်သံက​တော့ "Boston Strong" ဖြစ်ပြီး ဒီနှစ် ၂၀၂၆ ခုနှစ်ပြိုင်ပွဲရဲ့ ​Themes က​တော့ "Moving Forward Together" ဖြစ်ပါတယ်။

(၁၃၀) ကြိမ်​မြောက် Boston Marathon 2026 မှာ အားကစားသမား​ပေါင်း (၃) ​သောင်း​ကျော် ပါဝင် ယှဥ်ပြိုင်မှာ ဖြစ်ပြီး အဲ့ဒီထဲက Podium ဝင်မယ်လို့ ထင်​ကြေး​​ပေးခံရတဲ့ အမျိုးသားနဲ့ အမျိုးသမီး elite runners တချို့နဲ့ သူတို့ရဲ့ PB ကို ​ဖော်ပြ​ပေးလိုက်ပါတယ်။

အမျိုးသား elite runner ​တွေထဲကဆိုရင်

(၁) Benson Kipruto(KEN) 2:02:16(PB)
2021 Boston Champion, 2022 Chicago Champion, 2024 Tokyo Champion, 2025 NYC Champion, 2024 Olympic Champion (Paris)

(၂) John Korir(KEN) 2:02:24(PB)
2025 Boston Champion, 2024 Chicago Champion

(၃) Cybrian Kotut(KEN) 2:03:22(PB)
2025 Boston (3rd), 2016 Paris Champion

(၄) Abdi Nageeye(NED) 2:04:20(PB)
2021 Olympic silver medalist, 2024 NYC Champion.

(၅) Lemi Berhanu(ETH) 2:04:33(PB)
2016 Boston Champion

အမျိုးသမီးထဲကဆိုရင်

(၁) Sharon Lokedi(KEN) 2:17:22(PB)
2025 Boston Champion.

(၂) Irine Chepti(KEN) 2:17:51(PB)
2017 World Cross Country Champion

(၃) Workenesh Edesa(ETH) 2:17:55(PB)
2024 Sydney Champion, 2025 Osaka Champion, 2025 Hamburg Champion

(၄) Magdalena Shauri(TAN) 2:18:03(PB)
Tanzanian National Record Holder

(၅) Joan Chelimo Melly(ROU) 2:18:04(PB)
2022 Seoul Champion

တို့ဖြစ်ပါတယ်။

လတ်တ​လော ​form တက်​နေပြီး မထင်မှတ်ထားတာ​​တွေ လုပ်ပြနိုင်တဲ့ Dark Horses ကစားသမား​တွေထဲက အမျိုးသားဆိုရင်

(၁) Conner Mantz(USA) 2:04:43(PB)
US Record Holder

(၂) Hailemaryam Kiros(ETH) 2:04:35(PB)
2025 Sydney Champion

(၃) Zouhair Talbi(USA) 2:05:45(PB)
2026 Houston Champion

အမျိုးသမီးထဲကဆိုရင်

(၁) Emily Sisson(USA) 2:18:29(PB)
American Record Holder

တို့ဖြစ်ပါတယ်။

Boston Marathon 2026 ရဲ့Official Beer Sponsor က​တော့ Samuel Adams ပါ။

မတ်လ၊ (၁) ရက်​နေ့မှာ ကျင်းပတဲ့ Abbott World Marathon Majors ပွဲတွေထဲက တပွဲဖြစ်တဲ့ Tokyo Marathon 2026 မှာ ဆုရရှိသွားတဲ့ ...
02/03/2026

မတ်လ၊ (၁) ရက်​နေ့မှာ ကျင်းပတဲ့ Abbott World Marathon Majors ပွဲတွေထဲက တပွဲဖြစ်တဲ့ Tokyo Marathon 2026 မှာ ဆုရရှိသွားတဲ့ အမျိုးသားနဲ့အမျိုးသမီး အားကစားသမား​တွေရဲ့ စံချိန်နဲ့ သူတို့ရဲ့ ပြိုင်ပွဲဝင် အ​ပြေးဖိနပ်​တွေကို ​ဖော်ပြ​ပေးချင်ပါတယ်။ ပထမ၊ ဒုတိယနဲ့ တတိယ ရရှိတဲ့ အမျိုးသားနဲ့ အမျိုးသမီး အားကစားသမား​တွေဟာ Organizer ကချီးမြှင့်တဲ့

ပထမဆု USD 80,000
ဒုတိယဆု USD 30,000
တတိယဆု USD 15,000
အသီးသီးရှိမှာဖြစ်ပါတယ်။

Address

Yangon
Yangon Region

Website

Alerts

Be the first to know and let us send you an email when Stride Frequency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share