30/07/2024
မိုးလင်းကနေ မိုးချုပ်အထိ စွဲနေမယ့် နှုတ်ခမ်းနီမျိုး လိုချင်သူများအတွက်သာ... !
Baby Bright ရဲ့ Mask Friendly Lip Tint ပါ။
Texture ကအစ တခြား Series တွေနဲ့မတူပဲ Liquid ဘက်သွားလို့ Tint လိုမျိုး ဆိုးရတာ ပိုကောင်းတယ်။ ဆိုးလိုက်တာနဲ့ ခြောက်တာမြန်လို့ Lip & Cheek လိုတော့ 3 in 1 သုံးလို့အဆင်မပြေဘူး။ Lip Only ပဲ အဆင်ပြေပါတယ်။
Long-Wearing Type မို့ နှုတ်ခမ်းသားမှာ ပုံမှန်ထက် အချိန်အကြာကြီးစွဲတယ်။ အရမ်းတင်းခြောက်နေလားဆိုတော့လည်း မဟုတ်ဘူး။ တစ်ချို့ Matte တွေထက်စာရင် အများကြီး အများကြီး Lightweight ဖြစ်ပါတယ်။ ခြောက်သွားရင်တောင် အဖတ်တွေ ထွက်လာတာမျိုး၊ နှုတ်ခမ်းကွဲအက်တာမျိုးမဖြစ်ဘူး။ သူ့ဘာသူပဲ နှုတ်ခမ်းမှာ စွဲနေတဲ့ ပုံစံမျိုးပါ။
မနက်ကနေ ညအထိခံတာကတော့ တကယ်... ယုံလိုက်ပါ။ ဘာစားစားမပျက်ဘူး၊ Mask အဖြုတ်အတပ်လုပ်လည်း မပေကျံသွားဘူး။ ဒါကို သဘောကျလို့ အပြင်ထွက်တဲ့နေ့တွေဆို ဒီ Lip Tint ပဲ ဆိုးသွားဖြစ်နေတယ်... နောက်တစ်ကြိမ် ထပ်ထုတ်ဆိုးစရာမလိုတော့လောက်အောင်ကို အဆင်ပြေပါတယ်။ စားဖို့သောက်ဖို့သွားတာဆိုရင် သေချာပေါက် ဆိုးသွားသင့်တယ်။
အထဲက Applicator ကိုလည်း ထူးထူးခြားခြားပဲ Tint လိုပုံစံ ဆိုးလို့ လွယ်အောင် အကောက်လေးနဲ့ လုပ်ပေးထားတာကို တွေ့ရတယ်။
ရွေးချယ်စရာ အရောင် ၉ မျိုးရှိပါတယ်။
01 - Apple Tea
02 - Cherry Jam
03 - Peach Tea
04 - Bearing Orange
05 - Ceylon Tea
06 - Goji Tea
07 - Persimmon Jam
08 - Rose Tea
09 - Black Tea
၉ မျိုးစလုံးကို ခြုံပြီးပြောရရင် ဒီ Mask Friendly Series က လက်ဖက်ရည်အရောင်ကိုမှ အနီနဲ့ လိမ္မော်ကို တစ်မျိုးစီ ကစားပေးထားတဲ့ ကာလာမျိုးတွေပါ။ ခပ်စိုစိုကာလာဘက်သွားတဲ့ အရောင်တွေလည်း ရှိတယ်။ ဥပမာ - 02, 07 ... Jam လိုမျိုးအရောင်ပါ။
ကြာကြာခံတာလိုချင်ရင် ရာနှုန်းပြည့်ရွေးချယ်သင့်တဲ့ Lipstick ပါ။ Mask Friendly ရော၊ Budget Friendly ရော ဖြစ်တာမို့ သဘောကျကြမယ်လို့ မျှော်လင့်ပါတယ်။
လိုချင်တယ်ဆို မင်မင့် messenger လေးကို အပြေးလှမ်းခဲ့နော်🤍
's Home Market