14/01/2026
ကျွန်မလူကြီးဖြစ်ချင်တယ်
အသက်ကြီးလို့လူကြီးဖြစ်လာရတာကိုကြောက်ပါတယ်
အသက်တစ်နှစ်ကြီးလာရင် အသိဉာဏ်ပညာလဲတစ်နှစ်ကြီးလာတဲ့လူကြီးဖြစ်ချင်တယ်
ငါသာအမှန် ငါပြောတာလုပ် ငါကြုံခဲ့ရတာသာအမှန်ဆိုတဲ့ ငါမိသားစု ငါ့ဘာသာ ငါ့အယူအဆဆိုတဲ့ self centerအားကြီးတဲ့လူကြီးမဖြစ်ချင်ဘူး
ရင်ဘတ်ကိုဖွင့်ထားပြီး အပြောင်းအလဲတွေကြား လိုက်လျောညီထွေရှိပြီး လက်ခံပေးတတ်တဲ့လူကြီးတစ်ယောက်ဖြစ်ချင်တယ်
မတတ်သာလို့သာဆက်ဆံနေရတဲ့ ရွံကြောက်ကြီးဖြစ်နေရတဲ့လူကြီးတစ်ယောက်မဖြစ်ချင်ဘူး
မတူညီတဲ့ခံယူချက်အမြင်တွေကို လက်ခံနိုင်ပြီး ကိုယ်ေဘးမှာဆို စိတ်လုံခြုံပြီး အေးချမ်းရတဲ့ ချစ်ခင်လေးစားရတဲ့ ကိုယ်ကျင့်တရားအမှန်တကယ်ပြည့်၀နေတဲ့လူကြီးတစ်ယောက်ဖြစ်ချင်ပါတယ်
ကိုယ့်သက်မွေးလမ်းကြောင်းမှာ ရှင်းလင်းတိကျပြတ်သားပြီးမှန်ကန်တဲ့ရပ်တည်မှုနဲ့ နာမည်ကြားတာနဲ့စိတ်ချရတယ်ဆိုတဲ့လူကြီးတစ်ယောက်ဖြစ်ချင်ပါတယ်
ကိုယ့်နောက်ကအငယ်တွေအပေါ်မှာ ကျော်တက်မှာစိုးလို့ ပညာပြတတ် powerပေးတတ်တဲ့အမြင်ေဘာင်ကျဥ်းပြီး တွန့်တိုတတ်တဲ့လူကြီးမဖြစ်ချင်ဘူး
အတူတူလက်တွဲခေါ်ပြီး သိသင့်သိထိုက်တာဖေးမတတ်တဲ့ အကူအညီပေးနိုင်တဲ့ဘောင်ထဲကနေ အမြဲငါးမဖမ်းပေးပဲ ငါးဖမ်းနည်းကိုပါသင်ပေးနိုင်တဲ့လူကြီးဖြစ်ချင်ပါတယ်
လုပ်ချင်တာတွေတွေဝေနေရင်းမလုပ်လိုက်ရပဲအချိန်လွန်နောင်တတွေနဲ့အသက်ကြီးရတဲ့လူကြီးမဖြစ်ချင်ဘူး
မေတ္တာတရား ချစ်ခြင်းတရား ပညာဉာဏ်ကြီးစွာနဲ့ပဲလူကြီးအဖြစ်အသက်ကြီးလာချင်ပါတယ်
🦋