Baby Shwe Htoke Shop

Baby Shwe Htoke Shop ဘေဘီလေးများအတွက်

အခုရက်ပိုင် baby လေးတွေကို ဂရုစိုက်ကြပါနော် ဖျားတာ နှာရည်‌ တွေကျတာ အန်တာ ဝမ်းပျက်တာ‌ေတွ ဖြစ်ကြပါတယ်     Shwe Htoke
26/02/2026

အခုရက်ပိုင် baby လေးတွေကို ဂရုစိုက်ကြပါနော်
ဖျားတာ နှာရည်‌ တွေကျတာ အန်တာ ဝမ်းပျက်တာ‌ေတွ ဖြစ်ကြပါတယ်
Shwe Htoke

ဖြည့်စွက်စာကျွေးနည်းလေး အပိုင်း 2 နူးနေသော ဆန်ပြုတ်ကို ဇွန်းနှင့်ဖိချေပြီး ကျွေးပါ။ကြက်သွန်ဖြူ /နီ သုံးနိုင်သည်။ အရသာရှိ...
03/02/2026

ဖြည့်စွက်စာကျွေးနည်းလေး

အပိုင်း 2

နူးနေသော ဆန်ပြုတ်ကို ဇွန်းနှင့်ဖိချေပြီး ကျွေးပါ။

ကြက်သွန်ဖြူ /နီ သုံးနိုင်သည်။ အရသာရှိစေရန် ဆား၊ သကြား အနည်းငယ် ထည့်နိုင်ပါသည်။ (သားသားကိုတော့ ဆား /သကြား မကျွေး သေပါ။ ဆား /သကြား အစားထိုး အမှုံ့ လေးတွေ ထပ်တင်ပေးပါမယ်)

ရေကျက်အေး တိုက်နိုင်ပါသည်။

ဆန်ပြုတ် / ထမင်းပျော့ပျော့ကို တဖြည်းဖြည်း ပျစ်လာရပါမည်။ ပမာဏကို တဖြည်းဖြည်း တိုး၍ကျွေးပါ။ ထွေးထုတ်လျှင် ပြန်ကျွေးရပါမည်။

အသက် (၈) လခန့်တွင် ငှက်ပျောသီးဖီးကြမ်း ခြစ်၍ ( အမျှင်အခွံခွာပြီး) စတင် ကျွေးနိုင်ပါသည်။ (အူတိုင် မကျွေးပါနှင့်။) ပန်းသီး/ စပျစ်သီး/ သဘော်သီးနှင့် ရာသီပေါ်အသီးအနှံ များလည်း သင့်လျော်သလို ကျွေးနိုင်ပါသည်။ အသီး မနင်စေရန် အရွယ်တော် စိပ်ပြီး ကျွေးရပါမည်။(blueberry မပါ)

- ကြက်ဥ ကျွေးနိုင်ပါသည်။ ကြက်ဥကျွေးရာတွင် ဥအနှစ် ကစတင်ကျွေးပြီး တည့်မှ အကာ ထည့်၍ ကျွေးသင့်ပါသည်။

Formula နို့မှုန့်ဖျော်၍ ပေါင်မုန့် / ကိတ်မုန့် / ဘီစကွတ် တို့အား စိမ်ပြီး ကျွေးနိုင်ပါသည်။

မြန်မာ့မုန့်ပဲ သရေစာများ (ပဲ/ ဘယာ/ တို့ဟူး/ အားလူးထောင်းကြော် ) လည်း ကျွေးနိုင်ပါသည်။(အိမ် လုပ် ပဲကြော်/ဘယာကြော် / တို့ပူး မှ အဆင်ပြေနိုင်ပါမယ် ။အပြင်စာတွေက ဘာပဲ နဲ့ လုပ်ထားမှန်မသိနိုင်လို့ပါ)ကုလာပဲ ပဲဝါ ပဲနီ အဆင်ပြေပါတယ်

/ အသက် ( ၉/၁၀ ) လကျော်တွင် မိသားစု ထမင်း /ဟင်းမှ ဟင်းချိုဟင်း /အသားအမျှင် ၊ ထမင်း ပျော့ပျော့တို့ကို စတင်ကျွေးရပါမည်။

မိခင်နို့ကိုလည်း ကလေး (၂) နှစ်ခန့်အထိ ဆက်လက်တိုက်ကျွေးရပါမည်။

ဆာ၊သကြား၊ငံပြာရည် ‌ တို့ကို ထပ်တင်ပေးပါမယ်

#ဖြည့်စွက်စာ
Proto

hello ...... G6PD နဲ့ ဖြည့်စွက်စာG6pd သားသားလေးအတွက် သူရဲ့ကလေးဆရာ၀န်ကပေးတဲ့ ဖြည့်စွက်စာကျွေးနည်လေး မျှ‌ဝေပေးတာပါ ကလေးဆရာ...
22/01/2026

hello ...... G6PD နဲ့ ဖြည့်စွက်စာ
G6pd သားသားလေးအတွက် သူရဲ့ကလေးဆရာ၀န်
ကပေးတဲ့ ဖြည့်စွက်စာကျွေးနည်လေး မျှ‌ဝေပေးတာပါ
ကလေးဆရာဝန် ကပေးတာဖြစ်တဲ့ အတွက်ဖြည့်စွက်စာဆရာ၀န်ပေးတာနဲ့တော့ မတူနိုင်ပါဘူး ဒါပေမဲ့အခြေခံ သဘောတရားတွေကတော့တူတူပဲဖြစ်လို့တင်‌ပေးလိုက်ပါတယ်။
အသက် ၆ လ ပြည့်ပီးမှသာ ဖြည့်စွက်စာ စတင်ကျွေးပေးပါရန် ။

အပိုင်း ၁.....
အသက် ၆ လ အထိ မိခင်နို့ တစ်မျိုးတည်သာတိုက်ပေးပါ (ရေတိုက်ရန် မလိုသေပါ)

အသင့်ဖျော် Nestle Cerelac / Milna / Garber (သို့) ဆန်ပြုတ် + နို့မှုန်ဖြင့် စတင်ကျွေးနိုင်ပါသည်။
(ဖော်ပြထားတဲ့ တံဆိပ် များမှ ဆန်၊ဂျုံ တို့ကို အခြေခံ ထုတ်လုပ်ထားသော ပါဝင်ပစ္စည်းများ ကိုသာ တိုက်ကျွေးပေးရန် အခြား အသီးအနှံ အရောများ မကျွေးသင့်သေပါ)

မနက်ပိုင်းတွင် (၁) ကြိမ် 30 ml ခန့်မှ စတင်ကျွေးပါ။ မအန်လျှင် ပမာဏနည်းနည်းစီ တိုးပြီးနောက် ၃-၄ ရက်တွင် (၂ ) ကြိမ် တိုး၍ကျွေးပါ။

နောက်အပတ်တွင် တစ်ရက်လျှင် (၃) ကြိမ်အတွက် မနက်ပိုင်း (၈) နာရီခန့် ၊ နေ့လည် (၁၁) နာရီ ကျော်ခန့်နှင့် ညနေ (၅) နာရီခန့်တို့တွင် ကျွေးရပါမည်။

တစ်နေ့လျှင်(၃) ကြိမ် ကောင်းမွန်စွာ စားနိုင်ပြီဆိုပါက ဆန်ပြုတ် / ထမင်းပျော့ပျော့ဖြင့် အစားထိုး ကျွေးသင့်ပါသည်။

#အသက် ၇လ မှ ၈လ
ဆန်ပြုတ် ပြုတ်ရာတွင် ပဲနီလေး (ပဲ ၁ ဆ+ ဆန် ၄ ဆ) ကို ပြုတ်ပေးပြီး တစ်ကြိမ်ကျွေးလျှင် ထမင်းစားဇွန်း ၃-၅ ဇွန်းခန့်တွင် ငါး/ကြက်သား ကို နူးအိနေအောင် ပြုတ်၍ အရိုးထွင်ပြီးသား သို့မဟုတ် အသားနုပ်နုပ်စင်း ပုံမှန် (၁) တုံးခန့်နှင့် ဆီသပ်ပြီး စားဆီ လက်ဖက်စားဇွန်း တစ်ဇွန်း ( 2.5 - 5 ml ) ခန့် ထည့်ရပါမည်။(ဆီ မသုံးချင်သေလဲရပါတယ် အိမ်ကသားသားကိုတော့ ဆီ မကျွေးသေပါဘူး)

ဆန်ပြုတ်ကို နူးပြဲနေအောင် ပြုတ်ရပါမည်။

မုန်လာဥနီ /ရွှေဖရုံသီး /ကန်စွန်းရွက် /ဟင်းနုနွယ်ရွက် /ပန်းမုန်လာပွင့် (ဖြူ/စိမ်း) အစရှိသဖြင့် အသီးအရွက်တစ်မျိုးမျိုး
တို့ကို နုပ်နုပ်စင်း၍ ထည့်ပြုတ်ကျွေးရပါမည်။

ဖော်ပြထားတဲ့ item များက အိမ်ကသားသား ကျွေးတာလေးတွေပါ သူအတွက် အဆင်ပြေပါ
ကျန်တဲ့ အပိုင်းလေးတွေလဲ ဆက်တင်ပေးထားပါမယ်
#ဖြည့်စွက်စာ

21/01/2026

Hello..မေမေ
ဒီနေ့ တင်ပေးမှာကတော့ ဆရာမကြီး
Dr Win Win Myint ရဲ့ G6PD 🧑‍🍼သားသား 🤱 မီးမီး လေးတွေ အတွက် ဗဟုသုတ လေးတွေ နားထောင်ကြည့်ကြရအောင်..........
မူရင်း video အတွက်

Hello..... G6pd baby လေးတွေအတွက် စိတ်ပူနေကြတဲ့ မေမေတွေအတွက် အခြေခံ သိစရာလေးတွေပါ။အိမ််က သားသားကလဲ G6PD ရှိတဲ့ အတွက်အခြေခ...
19/01/2026

Hello.....
G6pd baby လေးတွေအတွက် စိတ်ပူနေကြတဲ့ မေမေတွေအတွက် အခြေခံ သိစရာလေးတွေပါ။
အိမ််က သားသားကလဲ G6PD ရှိတဲ့ အတွက်အခြေခံသိထားသင့်တာလေးတွေကို သိသလောက် Knowledge share လုပ်ပေးတာပါ

G6PD ချို့တဲ့ ကလေးတွေ အတွက် ရှောင််ဖိုလိုတဲ့ အစားအစာ၊ အသုံးအဆောင် နဲ့ ဆေးတချို့ နဲ့ အဓိက ရှောင်ရမဲ့ ဟာလေးတွေပါ

အစားအစာ...
Fava beans လို့ခေါ်တဲ့(တောင်ကြီးပဲလှော် လုံးဝ ရှောင်သင့်ပါတယ်)
ပဲတောင့်ရှည်
ပဲလက်မ၊ပဲပိစပ်
ကျောက်ကပ်ပုံစံ ပဲအမျိုးမျိုး(အခြေခံ ပုံစံသဘော သာဖြစ်သည်)(တဲ့သူရှိသလို့ မတဲ့သူလဲရှိ)
Blueberry၊
လူများပြုလုပ်ထားသော အပြာရောင် ဆိုးဆေး များနှင့် ပြုလုပ်သောအစားအစာ (သဘာဝမှရရှိသောအသီး၊စပျစ်သီး တို့မှ ရရှိသော အရာတို့မှ ထုတ်လုပ်ထားသောအစားအစားများ မပါဝင်ပါ)

ကြက်ဟင်းခါးသီး (တဲ့သူရှိသလို့ မတဲ့သူလဲရှိ)

ပရုတ် (Methol) (လုံးဝ အသုံးပြုလို့မရပါ)
ပရုတ်လုံး ၊ပရုတ်ဆီ၊ပရုတ်ပါဝင်သော သွားတိုက်ဆေး ၊ပရုတ်ပါဝင်သော မြန်မာဆေး၊တရုတ်ဆေး များ
ဒန်း (လက်မှာ အလှ ဆွဲကြသော ဒန်း နှင့် ဆံပင် ဆိုးဆေး)

ဆေးဝါးများ
ငှက်ဖျား ရောဂါအတွက်အသုံးပြုရသောဆေးများ ဆေးဘက်ဆိုင်ရာဖြစ်သည့်အတွက် ဆေးခန်းပြတိုင် မိမိ မှာ G6PD Deficiency ဖြစ်ကြောင်းပြောပြတာက အကောင်းဆုံး ဖြစ်ပါတယ်

လက်ရှိရေးပေးထားသော အစားအစားများတွင် တောင်ကြီးပဲ နှင့် ကျောက်ကပ်ပုံစံ ပဲများသည် အဓိက ဖြစ်ပီ အခြားသော အစားစားများမှာ ကလေးတစ်ယောက်နှင့်တစ်ယောက်မတူညီနိုင်ပါ

G6PD. Deficiency  ဆိုတာဘာလဲ ???G6PD  phosphate dehydrogenase လို့ခေါ်တဲ့ အင်ဇိုင်းဓါတ် နည်းပါးတဲ့အခြေအနေပါ။ ဒါကတော့ မျို...
19/01/2026

G6PD. Deficiency ဆိုတာဘာလဲ ???

G6PD phosphate dehydrogenase လို့ခေါ်တဲ့ အင်ဇိုင်းဓါတ် နည်းပါးတဲ့အခြေအနေပါ။ ဒါကတော့ မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ မွေးရာပါ အခြေအနေတစ်ခုပါ တကယ်တမ်းတော့ သူ့ကို ရောဂါလို့တောင် ပြောလို့မရပါဘူး။ ဒါကလဲ အရမ်းကြောက်စရာ တော့မလိုပေမဲ့ (သတိ)ထားဖို့တော့အရမ်းအရေးကြီးပါတယ်။ G6PD နဲ့ ဓါတ် မတဲတာတွေ စားမိတာ၊သုံးမတာ၊ရှူမိတာတွေဆိုရင် အရမ်းအန္တာယ်များတဲ့ အခြေအနေတစ်ခု ဖြစ်ပေါ်လာနိုင်ပါတယ်။

ဒီ G6PD အင်ဇိုင်းဟာ ခန္ဓါကိုယ်မှာရှိတဲ့ သွေးနီဥတွေ အလုပ် လုပ်နိုင်အောင် အကူအညီပေးပါတယ်..။ သွေးထဲမှာပါလာတဲ့ သွေးနီဥ‌ေတွအတွက် အန္တရာယ်ရှိနိုင်တဲ့ အရာဝတ္ထုတွေကနေလည်း ကာကွယ်ပေးပါတယ်..။

G6PD ဓါတ်နည်းပါးတဲ့လူတွေမှာတော့ သွေးနီဥတွေကို ကာကွယ်ပေးဖို့ မလုံလောက်တဲ့အခါ …သွေးနီဥတွေပြိုကွဲသွားနိုင်ပြီး… နောက်ဆက်တွဲအနေနဲ့ သွေးအားနည်းတာ.. အသား၊ ဆီးနဲ့ မျက်လုံးဝါတာ.. မောပမ်းတာ.. အားနည်းလွယ်တာ…ခေါင်းမူးတာအပြင် တခြားလက္ခဏာတွေဖြစ်နိုင်ပါတယ်..။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Baby Shwe Htoke Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share