30/05/2024
အသိတစ်ခုရယ် ဆင်ခြင်နိုင်စွမ်းရယ်
ပေါင်းစပ်မိတဲ့အခါ
ဦးနှောက်က ဆုံးဖြတ်ချက်တွေ ရလာတယ် ။
ခံစားမှုမပါသောလုပ်ရပ်တွေမှာ
စက်ရုပ်သာသာ
ဘ၀ ကို ဒီလိုဖြတ်သန်းတော့
နှလုံးသားက ငိုတယ်
လက်ရှိပိုင်ဆိုင်တယ် ထင်မိတာလေး
လက်လွှတ်လိုက်ရရင် ဘ၀ က သေသလိုနဲ့
တကယ်တော့
ထူးမခြားနားရှင်သန်ခြင်းပါပဲ
အချစ်ဆိုတာ
လွတ်လပ်စွာ မြတ်နိုးခွင့်လေးသက်သက်သာ...
M y a P o n e n a M i