Designer Phyu Tailoring & Fashion

Designer Phyu Tailoring & Fashion Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Designer Phyu Tailoring & Fashion, Clothing (Brand), Yangon.

“ဝါဆိုလပြည့်_ဓမ္မစကြာအခါတော်နေ့’’အကြောင်း သိကောင်းစရာ”ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်...
29/07/2026

“ဝါဆိုလပြည့်_ဓမ္မစကြာအခါတော်နေ့’’

အကြောင်း သိကောင်းစရာ”

ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ ထိုနေ့၌ ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားက ဟောကြားတော်မူသည်ကို အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်ပါသည်။

ဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ဝါဆိုလပြည့်နေ့ နေ၀င်လထွက်အချိန်၌ ပဉ္စ၀ဂ္ဂီငါးဦးတို့အား ဘုရားအဖြစ်ကို ၀န်ခံသောအားဖြင့် ဟောကြားတော်မူခဲ့ပါသည်။

ဓမ္မစကြာတရားတော်သည် ဝိနည်းမဟာဝါပါဠိတော်၌ ပဉ္စ၀ဂ္ဂိယ ကထာ-အမည်ဖြင့် လာရှိပါသည်။

ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၌ ဓမ္မစက္ကပ၀တ္တန ဝါရ-အမည်ဖြင့် လာရှိပါသည်။

မဟာ၀ဂ္ဂသံယုတ် ပါဠိတော်၌ ဓမ္မစက္ကပ၀တ္တန သုတ္တ-အမည်ဖြင့် လာရှိပါသည်။

ဓမ္မစက္ကပ၀တ္တန၏ အဓိပ္ပါယ်မှာ တရားတည်းဟူသော အသိစက်ကို ဖြစ်စေ၊ လည်စေတော်မူခြင်း-ဟု အဓိပ္ပါယ် ရပါသည်။

(ဓမ္မစက္က=တရားတော်။ ပ၀တ္တ=ဖြစ်စေ၊ လည်စေခြင်း။)

ဓမ္မစကြာတရားတော်သည် သစ္စာလေးပါးတရားကို ညွှန်းဆိုဟောကြားသော ဒေသနာဖြစ်၍ ပိဋကသုံးပုံ၏ အနှစ်ချုပ်တရားဟု ဆိုထိုက်ပါသည်။ ဓမ္မစကြာတရားတော်ကို စိစစ်သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ

(အစွန်း ၂-ခု) ကို ရှောင်ကြဉ်ရေး၊ မဇ္ဈိမပဋိပဒါ လမ်းစဉ်မှန်ကို ကျင့်သုံးရေးတို့ကို ညွှန်ကြားထားပြီး သစ္စာလေးပါးတရားကို သိမြင်စေရန် ဟောကြားထားသောကြောင့် ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော သဘောတရားကို တွေ့မြင်နိုင်ပါသည်။

ဤကဲ့သို့ အနှစ်သာရပါရှိသော တရားဖြစ်၍ ဗုဒ္ဓဘာသာ၀င် ရဟန်းရှင်လူတို့က ဓမ္မစကြာတရားတော်ကို အထူးပင်အာရုံစိုက်၍ ရွတ်ဖတ် သရဇ္ဈာယ်တော်မူကြပါသည်။

( ဝါဆိုလပြည့်နေ့၏ ထူးခြားချက်များ )

မြန်မာ့ရိုးရာ ၁၂-လရှိသည့်အနက် ဝါဆိုလပြည့်နေ့သည်-

၁။ ဂေါတမဘုရားလောင်း ပဋိသန္ဓေနေသောနေ့ဖြစ်၍ ထူးခြားခြင်း။

၂။ ဂေါတမဘုရားလောင်း တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၄။ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၆။ တရားရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း။

၇။ သံဃာရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း။

၈။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့်ကြုံသောနေ့ဖြစ်၍ ထူးခြားခြင်း။

၉။ ဧဟိ ဘိက္ခု-ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း။

အထက်ဖော်ပြပါ ဝိသေသအကြောင်းများကြောင့် ဗုဒ္ဓဘာသာ၀င် သူတော်စင်တို့သည် ဤဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားသို့ သွားရောက်၍ ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဝါဆိုသင်္ကန်း လှူဒါန်းခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအားဖြင့် ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့-ကို ဆင်နွှဲ ပြုလုပ်ကြပါသည်။

ဝါဆိုလပြည့်နေ့အကြောင်း သိကောင်းစရာလေး မျှဝေလိုက်ပါတယ်။

***********************************

ဝါဆိုလပြည့်နေ့အကြောင်း သိကောင်းစရာများ

ဝါဆိုလပြည့်ဆိုတာ မြန်မာတွေအတွက် အရေးပါလှတဲ့ နေ့လေးတစ်နေ့ပါ။ ဂေါတမမြတ်စွာဘုရား တရားဦးဟောကြားခဲ့သော ဓမ္မစင်္ကြာတရားကြောင့် ဗုဒ္ဓအလင်းရောင်တွေ ထိန်လင်းခဲ့ပါသည်။ ဓမ္မစင်္ကြာ အခါတော်နေ့ဟာ သစ္စာလေးပါးနဲ့ အမှန်တရားကို ဟောပြ ခဲ့တဲ့ နေ့ထူးနေ့မြတ် ဖြစ်ပါသည်

ဝါဆိုလပြည့်နေ့ရာဇ၀င်

ဟိုးရှေးရှေးတုန်းက… မြတ်စွာဘုရားလက်ထက်မှာ ရဟန်းသံဃာအများစုသည် မိုးတွင်းကာလမှာ စိုက်ပျိုးထားသည့် စပါးခင်းများထဲကို ဖြတ်သန်းလေ့ရှိတာကြောင့် စပါးခင်းတွေ ပျက်ဆီးခဲ့ရပါသည်။ အဲဒီအကြောင်းကို ရွာသူရွာသားများက မြတ်စွာဘုရားကို တိုင်ကြားကြပါသည်။ မြတ်စွာဘုရားသည် စပါးပင်တဲ့စိုက်တဲ့အချိန်ကနေ စ၍ စပါးပင်တွေ မှည့်တဲ့ အချိန်ထိတိုင်အောင်.. ရဟန်းသံဃာများကို မိမိသီတင်းသုံးနေသောကျောင်းမှ ဘယ်နေရာကိုမှ ညအိပ်ညနေသွားခွင့်မရှိပဲနဲ့မိမိကျောင်းမှာပဲ သီတင်းသုံးကာ တရားအားထုတ်ဖို့ အချိန်သုံးလသတ်မှတ်ခဲ့ပါသည်။ ထိုကာလကို ဝါတွင်းသုံးလလို့ ခေါ်ပါသည်။ အဲဒါကြောင့်မို့ဒီဝါတွင်း သုံးလအတွင်းမှာ ရဟန်းသံဃာများဟာ ဘယ်မှဝေးဝေးလံလံ မသွားဘဲနဲ့ ကိုယ့်ကျောင်းမှာပဲ တရားဒေသနာများကို သင်ချအားထုတ် လေ့လာ ဆည်းပူးနိုင်ပါသည် လို့ စည်ကမ်းသတ်မှတ်ခဲ့ပါသည်။

ဝါဆိုသင်္ကန်း

ဝါဆိုသင်္ကန်း- ဆိုတာ ဝါတွင်းကာလ(မိုးကာလ)၌ မိမိတို့ကျောင်းအသီးသီးတွင် သီတင်းသုံးနေထိုင်သည့် သံဃာတော်များအား လှူဒါန်းသည့်သင်္ကန်းလို့ ပြောနိုင်မယ်ထင်ပါသည်။ ဘုရားရှင် ဟောကြားတဲ့ ပါဠိတော်များမှာ ဝါဆိုသင်္ကန်းကို ဝဿာဝါသိက သာဋိက-လို့ ဟောထားပါသည်။ ပါဠိအင်္ဂလိပ်အဘိဓာန်မှာတော့ a cloak for use in the rainy season- လို့ဖွင့်ပါသည်။ တိပိဋက ပါဠိအဘိဓာန်က ဝဿာဝါသိက- မိုးကာလ၌ နေလေ့ရှိသော ရဟန်း သာဋိက-အ၀တ်(သင်္ကန်း) – မိုးကာလ၌ မိမိတို့ကျောင်းတွင် နေလေ့ရှိသောရဟန်းတို့အား ပေးလှူအပ်သော သင်္ကန်းလို့ ဖွင့်ပါသည်။

ဝါမဆိုမီကာလမှာ ဝါဆိုသင်္ကန်းကို ကပ်လှူလေ့ရှိသည်။ ဝါတွင်းကာလမှာ အရင်ကထက်ပိုလို့ စာသင်စာချ(ပရိယတ်) တရားထိုင်တရားပြ(ပဋိပတ်) လုပ်တဲ့သံဃာတော်များအားဝါဆိုသင်္ကန်းဆိုပြီး ကျွန်မတို့ ဗုဒ္ဓဘာသာ၀င်များမှ လှူဒါန်းကြပါသည်။🙏🌕✨🍀🍀

ပြန်လည်ကူးယူ ဒါနပြုခြင်းဖြစ်ပါသည်။

Pattern & Tailoring By Me 👕
27/07/2026

Pattern & Tailoring By Me 👕

Customize order for 6 years ✅
25/07/2026

Customize order for 6 years ✅

အမြင့်လိုင်းသီးသန့်Local Brand ထုတ်ချင်သော Customer များအတွက် ready to wear အထည်များကိုတာဝန်ယူမှုတာဝန်ခံမှုအပြည့်နှင့်Pa...
24/07/2026

အမြင့်လိုင်းသီးသန့်
Local Brand ထုတ်ချင်သော Customer များအတွက်
ready to wear အထည်များကိုတာဝန်ယူမှုတာဝန်ခံမှုအပြည့်နှင့်Pattern to Packing တစ်ဆိုဒ်ကို အထည်အရေအတွက် 20 မှစ၍အပ်နှံနိုင်ပါသည် 😊
ထုတ်လုပ်ချင်သောဒီဇိုင်းပုံစံများကို အချိန်မရွေးလာရောက်ဆွေးနွေးတိုင်ပင်နိုင်ပါသည်🥰
မှတ်ချက်… အထည်အရေတွက် ထောင်ချီလက်မခံပါ
ဆက်သွယ်လိုပါက Cb or Viber 09957100003 သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်🥰
လက်ရှိချုပ်ရုံမှထွက်ရှိထားသောအထည်များ

ဝါဿနာနဲ့အလုပ်ထပ်တူကျသောနေ့ရက်တွေထဲမှ‌ နေ့တစ်နေ့စတင်ချင်း ဆိုင်ဖွင့်မယ့် customer အတွက် pattern နှင့်sample ပြင်ဆင် ရင်း ...
17/07/2026

ဝါဿနာနဲ့အလုပ်ထပ်တူကျသောနေ့ရက်တွေထဲမှ‌ နေ့တစ်နေ့စတင်ချင်း ဆိုင်ဖွင့်မယ့် customer အတွက် pattern နှင့်sample ပြင်ဆင် ရင်း နက်ဖြန်ကိုယ့်တပည့်လေးကိုပါစာသင်ဖို့ note တွေထုတ်ရင်းးးးးးးးးးးး 💪💪💪

Hight Quality ဝတ်ချင်သောသူများအတွက်အပ်ထည်အော်ဒါများမှာယူနိုင်ပါသည်😊Hawaiian Shirt & Pantsကိုယ်တိုင်ချုပ်ထားသောပုံများဖြစ...
16/07/2026

Hight Quality ဝတ်ချင်သောသူများအတွက်
အပ်ထည်အော်ဒါများမှာယူနိုင်ပါသည်😊
Hawaiian Shirt & Pants
ကိုယ်တိုင်ချုပ်ထားသောပုံများဖြစ်၍ ပုံယူသုံးခွင့်မပြုပါ
Cb or viber 09957100003 သို့ဆက်သွယ်နိုင်ပါသည်။

ကဲဒီနေ့တော့ဘောင်းဘီလေးတွေရောင်းမယ်နော်ချစ်တို့ရေ🥰😊ချည်သားဘောင်းဘီ ထသွားထလာပဲ၀တ်၀တ် အိမ်နေရင်းပဲ၀တ်၀တ်အဆင်ပြေသော ဘေးအိတ်န...
13/07/2026

ကဲဒီနေ့တော့ဘောင်းဘီလေးတွေရောင်းမယ်နော်ချစ်တို့ရေ🥰😊
ချည်သားဘောင်းဘီ
ထသွားထလာပဲ၀တ်၀တ် အိမ်နေရင်းပဲ၀တ်၀တ်
အဆင်ပြေသော ဘေးအိတ်နှစ်ဖက်ပါ ချည်သားဘောင်းဘီ
ခါးဆိုဒ် 24 မှ 36 free size
3ထည်တစ်စည်းယူ တစ်ထည် 7000ကျပ်
မှာယူလိုလျှင် cb or viber 09957100003 သို့ဆက်သွယ်မှာယူအားပေးနိုင်ပါသည် 😊
Ninjavan ရောက်ရှိသည့်မြို့နယ်တိုင်းအိမ်ရောက်ငွေချေရရှိပါသည်။
အဆင်ဒီဇိုင်းတော့ရွေးမရပါ အဆင်ပြေအောင်ထည့်ပေးထားပါတယ်နော်😊

Customize order 🥼
10/07/2026

Customize order 🥼

27/06/2026

Cre@ted By me 3 in one set

လိုအပ်သူယူပါ ယောက်ျားဝတ် ဘောင်းဘီတို
24/05/2026

လိုအပ်သူယူပါ ယောက်ျားဝတ် ဘောင်းဘီတို

Address

Yangon

Telephone

+959951915885

Website

Alerts

Be the first to know and let us send you an email when Designer Phyu Tailoring & Fashion posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Designer Phyu Tailoring & Fashion:

Shortcuts

Share