26/07/2026
Ecoprint လုပ်ရတာခက်ခဲလား??လွယ်ကူလား??တကယ်တော့ သစ်ရွက်လေးတွေကိုအခြေခံပြီးလုပ်ရတာဖြစ်လို့ ခက်ခဲမနေသလို အရမ်းကြီးလဲလွယ်ကူမနေပါဘူး
သစ်ရွက်လေးတွေခူး ဒီဇိုင်းပုံအစမ်းလုပ်ကြည့်ရတာတွေ အရောင်စပ်နည်းတွေ အရောင်မပျက်အောင် လုပ်ရတာတွေ သူ့နည်းနဲ့သူတဆင့်ချင်းစီ စမ်းသပ်ပြီးလုပ်ဆောင်ရတာမို့ အထည်ပုံလေးမှားသွားရင် တခုခုလွဲချော်သွားရင် အစကနေအသစ်ပြန်လုပ်ရသလိုတခါတလေ အထည်လေးတွေလဲဆုံးရှုံးရပါတယ်။အနုစိတ်သေချာ စိတ်ရှည်ရှည်နဲ့လုပ်ဆောင်ပေးရတာဖြစ်လို့ ကိုယ်လုပ်တဲ့အရာတိုင်းအထည်တိုင်းအိတ်လေးတွေကို မြတ်နိုးပါတယ် တန်ဖိုးလဲထားပါတယ်။ကိုယ်လုပ်တဲ့အိတ်တွေအကျီတွေကိုကာစတန်မာသဘောကျတယ်ဆိုရင်တော့ကျေနပ်ပိတိအဖြစ်ရဆုံးအခိုက်တံ့ပါပဲ ဒါကြောင့် Ecoprintဖန်တီးပေးသူရဲ့လက်ရာကိုတန်ဖိုးထားပေးစေချင်ပါတယ်💚💚💚💚