Aussie Burmese Mum

Aussie Burmese Mum 🇲🇲 Burmese mum | 🇦🇺 Sydney life
🍳 Cooking & quick family meals
👶 Kids, chaos & outings
💡 Tips, hacks & weekend adventures

🇦🇺ဩစတြေးလျအသားဆိုင်တွေမှာ ရတဲ့ ကိုယ်ကြိုက်တဲ့ ကြက်သားနှစ်မျိုး🍀Maryland chicken သူက စားရတာနူးညံ့တယ် ကြက်မဆလာ ကြက်ဆီပြန် ...
04/09/2026

🇦🇺ဩစတြေးလျအသားဆိုင်တွေမှာ ရတဲ့ ကိုယ်ကြိုက်တဲ့ ကြက်သားနှစ်မျိုး

🍀Maryland chicken
သူက စားရတာနူးညံ့တယ် ကြက်မဆလာ ကြက်ဆီပြန် နန်းကြီးသုပ်အတွက်ကြက်သားဟင်း ချက်ရင်သုံးတယ် စားလို့ကောင်းတယ်. ဟင်းဖြစ်တယ်. အ အစားခံတယ်ပေါ့. သူက 1kg/$8

🍀Cockerel (ကြက်ဖ/ကြက်မာသား လို့ခေါ်မယ်ထင်တယ်)
ဒီကြက်သားက နည်းနည်းပိုမာတယ်. ကိုယ်ကြိုက်တဲ့ အိမ်ကြက်သားလို အရသာမျိုး. ဒီကလူတွေက ကြက်မာသားလို့ ခေါ်ကြတယ်ထင်တယ်
သူ့က ကြက်သားဘူးသီး ကြက်ကလယ်ချက် ကြက်သောက်ဆမ်း အဲလိုချက်စားရင် မာမာလေးနဲ့ကောင်းတယ် အရိုးများတယ် . ပိုချိုတယ်. စျေးကြီးတယ် . အစားမခံဘူး
တစ်ကောင်ကို $26 ပေးရတယ်
စင်ကာပူက ကိုယ်စားနေကျ wet market/sheingsong/fairprice မှာဝယ်လို့ရတဲ့ Kampong chicken လိုအရသာမျိုးလေး

🇦🇺ဩစတြေးလျရဲ့ နွေဦးရက်စွဲများ... 🌸✨🍀Sydney မှာ အအေးဓါတ်သိသိသာသာကျပြီ Spring ရောက်ပြီ! ဗီဒိုရှင်းရင်း. သိမ်းဆည်းလျှော်ဖွပ...
03/09/2026

🇦🇺ဩစတြေးလျရဲ့ နွေဦးရက်စွဲများ... 🌸✨

🍀Sydney မှာ အအေးဓါတ်သိသိသာသာကျပြီ Spring ရောက်ပြီ! ဗီဒိုရှင်းရင်း. သိမ်းဆည်းလျှော်ဖွပ်ရင်း နွေဦးရာသီအတွက် Ready ဖြစ်ကြပြီလား..

🍀ကိုယ်မကြိုက်တဲ့ အေးစက်စက် ဆောင်းရာသီကို နှုတ်ဆက်ပြီး Sydney ရဲ့ သာယာလှပတဲ့ ကိုယ်ကြိုက်တဲ့ Springရောက်လို့လာပါပြီ!

🍀ကိုယ်တွေလို Australia ကို ရောက်တာမကြာသေးတဲ့ New Migrant မိသားစုတွေအတွက်တော့ ဒီရာသီက အိမ်တွင်းပြင်ဆင်စရာတွေရော. ကလေးတွေနဲ့ လှုပ်ရှားစရာ အသစ်အဆန်းတွေပါ အရမ်းစုံတဲ့ အချိန်လေးပါ

🍀တို့အိမ်ကတော့ Spring Preparation စနေပါပြီ
🧥 Puffer jackets တွေ/စောင်အထူတွေ လျှော်သိမ်း
ဆောင်းတွင်းဝတ် အကျီအထူကြီးတွေကို ဆိုင်မှာလျှော်/အိမ်မှာလျှော်ပြီး Vacuum Bag/Storage Box ထဲ နေရာတကျ ထည့်သိမ်း

❄️ Heater သိမ်း. ပန်ကာ ဆေးကြော
Heater တွေကို သန့်ရှင်းရေးလုပ်သိမ်းပြီး ပန်ကာတွေကို ဖုန်သုတ် ဆေးကြောတဲ့ အချိန်ရောက်လာပြန်ပေါ့

👗 စပန့်နဲ့ Cotton ဝတ်စုံလေးတွေ Ready
ပေါ့ပေါ့ပါးပါး စပန့်ဝတ်စုံ. Cotton င်္အကျီတွေ cotton Pyjamas လေးတွေကို ဗီဒိုထဲ ထုတ်ထား

🍀မေမေ/ဖေဖေတို့အတွက် Aussie Spring Fun Facts & Tips
1️⃣ Hay Fever & Pollen Season
Spring မှာ ပန်းဝတ်မှုန်တွေကြောင့် နှာချေ. မျက်လုံးယားတာ (Hay Fever) ခံစားရတတ်ပါတယ်. ကလေးတွေအတွက် Pharmacy မှာ Antihistamine နားလည်တတ်ကျွမ်းသူနဲ့ တိုင်ပင်ပြီး ကြိုတင်ဆောင်ထားပါ

2️⃣ UV Index & Sunsmart
အေးသလိုလိုနဲ့ UV ရောင်ခြည် အရမ်းပြင်းပါတယ်. ကလေးတွေကို ကျောင်းလွှတ်ရင်ဖြစ်ဖြစ်. အပြင်ထွက်ရင်ဖြစ်ဖြစ် Sunscreen မပျက်မကွက် လိမ်းပေးပြီး Broad-brim Hat (ဦးထုပ်) နဲ့ ရေဘူး အမြဲယူ

3️⃣ Swooping Birds Season
ဒီအချိန်က Magpie ငှက်မကြီးတွေ ဥဥတဲ့အချိန်မို့ လမ်းလျှောက်ရင် ရုတ်တရက် တိုက်ခိုက်တတ်ပါတယ်တဲ့ (သူငယ်ချင်းပြောပြတာ)
ကလေးတွေနဲ့ သွားရင် သတိထားပေါ့

🍀Spring မှာ ဘာတွေဈေးပေါလဲ? (In Season)
သစ်သီးများ
- Strawberries , Blueberries, Pineapples, Papayas နဲ့ Mangoes ပေါ်ချိန်

ဟင်းသီးဟင်းရွက်များ
- Asparagus, Broccoli, Spinach, Peas နဲ့ Avocado တို့ ဈေးတန်

🍀Spring Activity- ကလေးတွေနဲ့ ဘာလုပ်မလဲ? ဘယ်သွားမလဲ?
Cherry Blossom & Flower Festivals
- Cherry Blossom Festival/Tulip Top Time တို့မှာ ပန်းလှလှလေးတွေနဲ့ ဓာတ်ပုံရိုက်
လမ်းဘေးပန်းတွေလည်းလှ တွေ့တဲ့နေရာရိုက်😅

Fruit Picking
- local farm လေးတွေမှာ ကလေးတွေနဲ့ Strawberry/Berry သွားခူး

Spring Picnic
- Park လေးတွေမှာ Mat ခင်:. မုန့်စားပြီး ကလေးတွေကို စက်ဘီးစီး/bubbles ဆော့

Berry Picking & Farm Visit
-ကလေးတွေကို Farm တွေခေါ်သွားပြီး အသီးခူးတဲ့ အတွေ့အကြုံယူ. အကောင်လေးတွေအစာကျွေး

🍀Summer မရောက်ခင် ကြိုတင်ပြင်ဆင်ထားရမယ်
Swimwear
-နွေရာသီကျရင် ကမ်းခြေနဲ့ ရေကူးကန် သွားကြတော့မှာမို့ ကလေးတွေအတွက် Swimwear လေးတွေ ဈေးလျော့ချိန် ကြိုဝယ်ထားပါ

Aircon Service & Flyscreens
-အိမ်က Aircon Filter တွေကို ဖုန်ရှင်းထားပါ.ပြတင်းပေါက် Flyscreen လေးတွေစစ်/ဆေးကြော (ဖုန်နဲ့ ခြင်/ယင်ကောင် ပေါပြီလေ)

Outdoor Gear
-Camping Gear, Portable Cooler Bag နဲ့ Tent လေးတွေ ကြိုတင်ပြင်ဆင်

🍀Jacaranda ပန်းခရမ်းရောင်လေးတွေနဲ့ ဓါတ်ပုံလှလှလေးတွေရိုက်ဖို့ ready လားဟေးး

မေမေတို့ရော Spring အတွက် ဘာတွေ စတင်ပြင်ဆင်နေကြပြီလဲ? Puffer jacket တွေ သိမ်းကြပြီလား. ဂွမ်းစောင်ကြီးတွေ လျှော်သိမ်းပြီးပြီလား. ကလေးတွေနဲ့ အပြင်ထွက်ဖို့ Weekend plan လေးတွေ ဆွဲနေကြပြီလဲ? Comment မှာ မျှဝေသွားကြပါအုန်းနော်

ကျမရဲ့ 6AM to 3PM Stay-Home Mum Day 🌸🍀အိမ်မှာနေပြီး ကလေးထိန်းတဲ့နေ့ဆိုရင် ပိုက်ဆံမရတဲ့နေ့မို့လို့ ပိုပြီး Productive ဖြစ...
03/09/2026

ကျမရဲ့ 6AM to 3PM Stay-Home Mum Day 🌸

🍀အိမ်မှာနေပြီး ကလေးထိန်းတဲ့နေ့ဆိုရင် ပိုက်ဆံမရတဲ့နေ့မို့လို့ ပိုပြီး Productive ဖြစ်အောင်နေတယ်. စိတ်ကို Occupied ဖြစ်အောင်ထားတယ် ဆိုတဲ့ ကျမရဲ့ ဆောင်ပုဒ်အတိုင်း ဒီနေ့လည်း မနက်အစောကတည်းက စက်ရုပ်တစ်ရုပ်လို အလုပ်တွေ ဆက်တိုက်ပဲ...
(တစ်ချို့ရက်တွေကျ online shopping/shopping mall/pedicure အဲလိုလေးလည်း စိတ်ပျော်အောင်ထားပြီး occupied ဖြစ်အောင်နေတယ်.☺️)

🍀06:30 AM
ကလေးနှစ်ယောက်လုံး နိုးပြီ! ကိုယ်ပါလိုက်ထရတယ်. အိပ်ယာခင်းတွေ ချွတ်ပြီး အဝတ်လျှော်စက်ထဲ ထည့်. ကြာဇံချက်ဖို့ အစာပလာတွေ ရေစိမ်

🍀07:00 AM - 08:00 AM
သားသားတို့ကို မနက်စာ ကျွေး. ကျောင်းသွားဖို့ ပြင်ပေး. ကျောင်းထမင်းဘူးထည့်ပေး
ကျောင်းအသွားလမ်းမှာ ပန်းခြံလေးထဲ ခဏဝင်ပြီး ကလေးတွေနဲ့အတူတူ ဘောလုံးကန် ဆော့ပေးဖြစ်သေးတယ်

🍀ကျောင်းပို့ပြီးအပြန် ဈေးခဏဝင်.အိမ်ရောက်တာနဲ့ လျှော်ထားတဲ့ အဝတ်တွေ လှမ်း
သားငယ်လေး အိပ်နေတုန်း ကြာဇံဟင်းခါး ချက်.ထမင်းဘူးအတွက် ဝက်ချို ချက်

🍀သားငယ်နိုးလာတော့ နို့တိုက်. ထမင်းကျွေး.
သူ့ကိုခေါက်ဆွဲ ရေမချိုးခင် ဆော့ရင်းစားခိုင်းထားပြီး ကိုယ်က ထမင်းပြေးစား

🍀အိမ်ကိုဖုန်းခေါ် အမေနဲ့ဖုန်းပြော. အလုပ် email စစ်

🍀ပြီးတော့ ကလေးရေချိုး ခေါင်းလျှော်ပေး. TV ဖွင့်ထားပေး. သွားစရာရှိလို့ ကိုယ်လည်းရေမိုးချိုး ခေါင်းလျှော် .
ညနေပိုင်း အမျိုးသား အလုပ်က ပြန်လာတော့ ကလေး ကြည့်ခိုင်းထားပြီး ကိုယ့်ရဲ့ Dental Routine Follow-up သွားပြ

🍀ညနေ ၃ နာရီကျော်မှ သကြားလျော့စားနေပေမယ့် ShareTea က ကိုယ့်အကြိုက် Iced passionfruit green tea with white peals လေး sips ပြီး အမောဖြေရတော့တယ်ကွယ် . ရေးနေရင်းတောင်မောပါတယ်

🍀အခုည ၉နာရီထိုးပြီ. တစ်အိမ်လုံးအိပ်နေကြပြီ.
Netflix က kdrama လေးကြည့်ရင်း ကိုယ့် weekend shifts အတွက် uniforms မီးပူတိုက်ရင်း . လဘက်သုပ်လေးစားရင်း. စာမရေးရတာကြာလို့ page လေးမှာ စာလေးထရေးဖြစ်တယ်

🍀အိမ်မှာ ကလေးထိန်း. အိမ်အလုပ်လုပ်ရတာ တကယ်တော့ အချိန်ပိုင်း အလုပ်မဟုတ်ပါဘူး. Full-time ထက်ပိုတဲ့ Multi-tasking Job တစ်ခုပါ. ဒါပေမဲ့လည်း တစ်နေ့တာလုံးကို မပျင်းရအောင်. အလဟဿ မဖြစ်ရအောင် စီမံပြီး လုပ်နိုင်ခဲ့လို့ ကိုယ့်ကိုယ်ကိုလည်း ကျေနပ်မိတယ်
ဒီလိုနဲ့ပဲ ကျမရဲ့ Productive ဖြစ်လှတဲ့ Stay-home Day လေး ကုန်ဆုံးသွားခဲ့ပြန်ပါပြီ...

ဝက်သားဆို တစ်ကိုယ်လုံးရတဲ့ဆိုင်လေး😅အမဲအူတွေလည်းရတယ်ဘဲသား ကြက်ခြေထောက် အသားကင်အတွက် marinated meats တွေ. Hotpot အတွက် အသာ...
03/09/2026

ဝက်သားဆို တစ်ကိုယ်လုံးရတဲ့ဆိုင်လေး😅
အမဲအူတွေလည်းရတယ်
ဘဲသား ကြက်ခြေထောက် အသားကင်အတွက် marinated meats တွေ. Hotpot အတွက် အသားလွှာတွေလည်းရတယ်

ကိုယ်ကတော့ ဝက်/အမဲ စားချင်တဲ့ ကလီစာတွေအဲလိုဝယ်လို့ရတာ သိပ်ပျော်တာဘဲ.

Good luck butcher ဆိုင်လေးရောက်တုန်း ရိုက်ခဲ့တာလေးတွေ . စျေးလေးတွေပါရေးထားတော့ သိချင်တဲ့သူတွေအတွက် sharing လုပ်လိုက်ပါတယ်

🇦🇺ဩစတြေးလျမှာ Work-Life Balance အတွက် Casual Shift Work ကို ဘာလို့ရွေးကြလဲ🍀မိသားစု.ကလေးတွေရဲ့ ကျောင်းချိန်နဲ့ အလုပ်ကို ဒ...
01/09/2026

🇦🇺ဩစတြေးလျမှာ Work-Life Balance အတွက် Casual Shift Work ကို ဘာလို့ရွေးကြလဲ

🍀မိသားစု.ကလေးတွေရဲ့ ကျောင်းချိန်နဲ့ အလုပ်ကို ဒွန်တွဲလုပ်ကိုင်နေတဲ့ မေမေတို့အတွက် ဩစတြေးလျနိုင်ငံမှာ Casual Nurse (Hospital Pool/Agency) အဖြစ် လုပ်ကိုင်တာဟာ ကိုယ်လုပ်ချင်တဲ့ shift ကို ကိုယ်အဆင်ပြေတဲ့နေ့မှာ ရွေးပြီး booking တင်ရတာမို့ ကိုယ့်အတွက်တော့အရမ်းအဆင်ပြေတယ်

🍀အမျိုးသားမနက်စောစော သွားရတဲ့အလုပ်ဆိုရင် မိသားစုအတွက် ပုံမှန်အလုပ်ချိန်တွေနဲ့ ညှိရတာ ခက်တတ်တယ်. ဒါပေမဲ့ Casual ရဲ့ အဓိကအားသာချက်ကတော့ ကိုယ့်ရဲ့ အလုပ်ချိန်ဇယားကို ကိုယ်တိုင် ရေးဆွဲ စီမံခွင့်ရတာပါပဲ

🍀ကျောင်းတက်နေတဲ့ ကလေးရှိတဲ့ မိသားစုတွေအတွက် Casual Shift က ဘာတွေ အဆင်ပြေလဲဆိုရင်
🔹 မနက်ပိုင်း ယောက်ယပ်ခပ်စရာမလို
Health care setting မှာ ၂၄ နာရီပတ်လုံး လည်ပတ်နေတာမို့ 9-to-5 ရုံးချိန်အတိုင်း ဝင်ရတဲ့ ဖိအားမရှိသလို. မနက်စောစော ကလေးထိန်းကျောင်း ပို့ရမယ့် စိတ်ဖိစီးမှုလည်း မရှိပါဘူး

🔹 Mum’s Mood First
ကလေးတွေကို စိတ်အေးလက်အေး ကျောင်းပို့. ကလေးတွေ settled ဖြစ်တာ သေချာမှ ကော်ဖီလေး သောက်ရင်း စိတ်အပန်းဖြေ (ဒါက မေမေတို့ စိတ်ကျန်းမာရေးအတွက် အရမ်းရေးကြီးပါတယ်! 😅). မနက် 930AM လောက်မှ Casual App/Roster Coordinator ဆီကနေ ကိုယ်ဆင်းချင်တဲ့ Afternoon Shift လေးကို စိတ်ကြိုက် Pick လုပ်လိုက်ရုံပါပဲ

🍀ဩစတြေးလျက Afternoon Shift
Shift အပြည့် - 1:30 PM – 10:00 PM or 2:30 PM – 10:00 PM
Shift အတို - 2:30 PM – 7:00 PM (အလုပ်ချိန်လည်း ရ၊ စိတ်လည်း ပေါ့ပေါ့ပါးပါး ရှိစေမယ့် အကောင်းဆုံး အချိန်ပါပဲ!)

🍀ဩစတြေးလျက ဆေးရုံတိုင်းမှာ နေ့စဉ် ဝန်ထမ်းအမြဲ လိုအပ်နေတာမို့ အလုပ်ချိန်ဇယား ရွေးချယ်မှူက မေမေတို့ လက်ထဲမှာ အပြည့်အဝ ရှိပါတယ်. မနက်ပိုင်းမှာ ကလေးတွေကျောင်းပို့. ကိုယ့်ရဲ့ အလုပ်လည်းမပျက်. ပြီးတော့ကိုယ်က night shift မကြိုက်တဲ့သူဆိုတော့ casual RN က 3 rotating shifts မကြိုက်ရင် လုပ်စရာမလိုပါဘူး

🍀ပုံလေးကတော့ ကလေးတွေကျောင်းပို့ ကော်ဖီလေးသောက် စိတ်ကြည်နေတော့ 930AM မှ 130PM shift ကို app ကနေ pick up လုပ်တာပါ

🍀ဪပြီးတော့ afternoon penalty fees 15% + casual loading ပိုရသေးတာနော်.
(ဩစတြေးလျက nurses penalty loading အကြောင်းရေးထားတာလေးရှိသေးတယ်😍)

မေမေတို့ရော ဘယ် Shift ကို အကြိုက်ဆုံးလဲ? ကလေးတွေနဲ့ အဆင်ပြေအောင် အလုပ်ချိန်ကို ဘယ်လို စီစဉ်ကြလဲဟင်?
တစ်ခြားနိုင်ငံက မေမေ Nurse တွေလည်း မတူတဲ့ shift တွေအကြောင်း sharing လုပ်ခဲ့လို့ရပါတယ်

01/09/2026

🇦🇺 ဩစတြေးလျမှာ $180 ဖိုးနဲ့ ဘာဝယ်လို့ရလဲကြည့်ရအောင်…
Coles ကဝယ်လာတဲ့ပစ္စည်းတွေကြည့်ရင်း နည်းနည်းပွါးမယ် ရုပ်ဆိုးလှချိန်မှာ ကြေညာဝင်မယ်😅

Flybuys rewards က တစ်ပတ် $180 ၄ပတ်ဝယ်ရင် $100 ပြန်ရတော့ ဝယ်နေတာ 3rd week ပါ. $180 ဖိုးပြည့်အောင်ဝယ်ရတော့ အများကြီးဝယ်လိုက်မိတယ်. Diaper 2 packs $50 တော့ Video ထဲမှာ မပါဖြစ်ဘူး

28/08/2026

ကြာဇံဒုတ်ထိုးရှယ်🥰🥰
အူပိတ် အူမကြီး လျှာကို အားရပါးရထူထူလေးလှီး ကြာဇံငရုပ်ဆီများမများနဲ့🥰

အမျိုးတို့ရေ... Estée Lauder Free Gift Set ရမှာမို့  လက်တို့လိုက်တယ်နော်! 🎁🍀Estée Lauder ပစ္စည်းတွေ ဝယ်ဖို့ စဉ်းစားထားရင...
28/08/2026

အမျိုးတို့ရေ... Estée Lauder Free Gift Set ရမှာမို့ လက်တို့လိုက်တယ်နော်! 🎁

🍀Estée Lauder ပစ္စည်းတွေ ဝယ်ဖို့ စဉ်းစားထားရင်တော့ အခုအချိန်က အသင့်တော်ဆုံးပါပဲနော်!
သူတို့ရဲ့ Advanced Night Repair Serum က လူကြိုက်များတာမို့ ဝယ်ဖို့ စာရင်းထဲရှိပြီးသားဆိုရင် ဒီအခွင့်အရေးက တကယ့်ကို တန်မှတန်ပါပဲ

🍀Estée Lauder ပစ္စည်းများကို $99 နှင့်အထက် ဝယ်တာနဲ့ $250 ကျော် ရှိတဲ့ ၆ မျိုးပါ Deluxe လက်ဆောင်ပစ္စည်း ကို free ရမယ်ဆိုတော့..

🍀လက်ဆောင်ထဲမှာ ဘာတွေပါလဲဆိုရင်
Advanced Night Cleansing Gel (30ml)
Advanced Night Repair Serum (15ml)
Revitalizing Supreme+ Youth Power Creme (15ml)
Futurist Aqua Brilliance Primer (15ml)
Pure Color Lipstick - Shade: Rose Tea (Full Size!)
👛 Estée Lauder Limited Edition pouch (ဒါလေး ကြိုက်)

🍀Promotion ကာလ - 6th September အထိ/ stocks ကုန်သည်အထိ

🍀တစ်ပတ်လုံးကလေးထိန်းထားရတော့ ကိုယ့်ကိုယ်ကို သနားတာနဲ့ပဲ gift set opportunity လေးကို အကြောင်းပြပြီး Serum လေး ဆုချ🤪

T&Cs apply. Excludes sets, minis, and foundation pumps. Minimum $99 spend must be in one transaction. One gift per customer

Address

Yangon

Telephone

+959753055196

Website

Alerts

Be the first to know and let us send you an email when Aussie Burmese Mum posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share