Chapters of Mai Khar

Chapters of Mai Khar စာရေးချင်ရေးမယ် ရောက်တဲ့နေရာ အမှတ်တရလေးတွေ တင်ချင်တင်မယ်

မန်စီးတီးရှုံးတဲ့နေ့ဆို (ဟာ.. မလန်းတော့ဘူးကွာ လို့ စခံရတဲ့ လန်းလန်းလေးအကြောင်း ကြူးပါမယ်) ၂၀၂၂ ကတည်းက သူ့ကို သိလာတာအဲ့နှ...
16/07/2026

မန်စီးတီးရှုံးတဲ့နေ့ဆို (ဟာ.. မလန်းတော့ဘူးကွာ လို့
စခံရတဲ့ လန်းလန်းလေးအကြောင်း ကြူးပါမယ်)
၂၀၂၂ ကတည်းက သူ့ကို သိလာတာ
အဲ့နှစ်တွေတုန်းက သူ့ကြောင့် မန်စီးတီးပွဲ စောင့်ကြည့်ဖူးတာ.. ခုတော့ မအားလို့ ဘာမှ မကြည့်ဘူး.. ဒါပေမဲ့ မန်စီးတီးပွဲဆိုတာနဲ့ Result တော့ အမြဲရှာကြည့်တယ်
ဂိုးသွင်းသူနာမည်မှာ သူ့နာမည်မပါတာ ရှားတယ်..
လိပ်ပုဖန်ကိုကိုနဲ့ဆို ဖိုက်နေရတာ 🤣 (မင်းအသင်းက ရေနံလောင်းအသင်းလို့ လာလာပြောလို့ 😁🤣)
ဟာလန်းကြောင့် မန်စီးတီးဖန်ဖြစ်နေတာပဲရှိတယ်.. သူ တခြားအသင်းပြောင်းရင် အဲ့အသင်းပြောင်းအားပေးမှာ 🥶 သူငယ်ချင်းတစ်ယောက်က နင် နိုင်တဲ့အသင်းအားပေးနေတာမဟုတ်လား မေးဖူးတယ်.. ဟုတ်တယ် ကိုယ်စအားပေးပြီး Premier League မှာ ၃နှစ်ဆက် ချန်ပီယံဖြစ်တော့ နိုင်လို့အားပေးနေသလိုပေါ့.. ဒါပေမဲ့ အသက်ငယ်ပေမဲ့ ဝါသနာနဲ့အလုပ်ထပ်တူကျပြီး သူလုပ်နေတဲ့အရာကို လေးလေးနက်နက် စိတ်နှစ်လုပ်တတ်တာတွေရယ်..
ကွင်းထဲ သူစိတ်တို ဝုန်းရင်တောင် အမုန်းခံရတာထက် social media မှာ ဝိုင်းစခံရတာတွေကနေ သူ့ကို သဘောကျလာတာ.. PL မှာ မန်စီးတီးမရတာ ၂နှစ်ရှိသွားပြီပေမဲ့ ဟာလန်းကြောင့် မန်စီးတီးပဲ ဆက်အားပေးနေတုန်းပဲ.. ခု ကမ္ဘာ့ဖလားလည်း ပွဲမကြည့်ဘူး.. အများစုက နာမည်ကြီး ထိပ်တန်းကစားသမား ၂ဦးကို အားပေးနေကြပေမဲ့ June 23 တုန်းက ဟာလန်းသတင်းတက်လာတာတွေ့ပြီး ငါ့ကောင်ကြီး ဒီထိ လာဖြဲနေပါ့လားပေါ့ ပွဲမကြည့်ပဲ အားပေးပြန်တာ 😁 Newsfeed မှာ သူ့သတင်းတွေ အရမ်းတက် အစခံ အချစ်ခံနေရတော့လည်း ဝမ်းသာ.. ဘောလုံးပွဲရူးသွပ်သူမဟုတ်ပေမဲ့လည်း ဖတ်ရတဲ့သတင်းတွေအရ ဒီအဆင့်ထိရောက်ခဲ့တာကိုက အောင်မြင်မှုအကြီးကြီးဖြစ်ပြီး 🇳🇴 နိုင်ငံကလည်း ဖလားယူပြီး ပြန်လာသူလို ကြိုဆိုကြတော့ လန်းလန်းအတွက် ထပ်ဝမ်းသာရပြန်တယ်.. အဲ့တော့မှ သူငယ်ချင်းမေးဖူးတဲ့ နိုင်နေလို့ အားပေးနေတာမဟုတ်ပဲ ဘယ်ချိန်ကစပြီး
သူ့ဖန်ဖြစ်မှန်းမသိ ဖြစ်နေခဲ့တာ.. သူ့ရဲ့အနိုင်ကိုလည်း အားပေးသလို ရှုံးချိန်မှာလည်း အရှုံးကို လက်ခံပြီး ဆက်အားပေးနေတာမျိုး..
Premier League နဲ့ပဲ စသိခဲ့တာမို့ Premier League ရာသီရောက်တာနဲ့ မန်ယူနဲ့အာဆင်နယ်ဖန်သူငယ်ချင်းတွေနဲ့လည်း လေတွေတိုက် ရန်ဖြစ်ရသေးတာ 🤣
လိပ်ပုဖန်ကိုကိုက မန်စီးတီးအင်္ကျီမဝယ်ပေးလို့ လိပ်ပုအင်္ကျီပဲ ဝတ်ရတာကွာာ 🤣 ဘာမှမဟုတ်ဘူး ပိုအောင်မြင်နေတဲ့ လန်းလန်းအတွက် ဝမ်းသာလို့
လာရေးတာ 🥰🤍


မုန်ညှင်းခင်းကြည့်ပြီး စားချင်စိတ်ပေါက်နေတာ 🤣
03/07/2026

မုန်ညှင်းခင်းကြည့်ပြီး စားချင်စိတ်ပေါက်နေတာ 🤣



25/06/2026

ဒီမြောင်ကိုတော့ အရမ်းကြိုက်နေလို့ 😁
စိတ်ကြီးဝင်လိုက်ပြီ 🤣



သမီးအကြီးဆုံးတွေ အဖေကို ဘယ်လောက်ထိချစ်လဲ ???ကျနော် ၈ နှစ်အရွယ်လောက်ကပေါ့ ညနေခင်းကြိုးခုန်တမ်းကစားနေရင်း အဲ့နေ့ညပြမဲ့ ဗီဒ...
21/06/2026

သမီးအကြီးဆုံးတွေ အဖေကို ဘယ်လောက်ထိချစ်လဲ ???

ကျနော် ၈ နှစ်အရွယ်လောက်ကပေါ့ ညနေခင်းကြိုးခုန်တမ်းကစားနေရင်း အဲ့နေ့ညပြမဲ့ ဗီဒီယိုဇာတ်ကား (အသည်းကွဲလေဒီ ဆိုတဲ့ကား) အကြောင်း အဖေက မိုက်နဲ့အော်နေတာ.. အဲ့ချိန် ကစားနေတဲ့ထဲက ကျနော့ထက် ၁-၂ နှစ်လောက်ပိုကြီးတဲ့အမတစ်ယောက်က အဲ့ဦးလေး အော်ရင် ဘာတွေအော်မှန်းမသိဘူး အသံက လုံးပြီး ဘာမှမသဲကွဲဘူး ဘာညာပေါ့ ပြောနေတာ
မျက်နှာက ဖအေကိုပြောလို့ စူပုပ် (ငါ့အဖေကိုပြောနေတာ နေနှင့်အုံးပေါ့ ) ရေချိုးတဲ့အချိန် တိုက်တိုက်ဆိုင်ဆိုင် တွေ့ပါလေရော မြစ်ထဲချိုးကြတာ ရေက နက်ပေမဲ့ ကလေးတိုင်း ရေကူးတတ်ကြတယ်.. အဲ့ဒါနဲ့ ကျနော်လည်း ရေထဲက သစ်ငုတ်ကို လက်တဖက်က ကိုင်ထားပြီး ခြေထောက်နဲ့ အဲ့အမ
စကပ်ကို လှမ်းညှပ်ထားတာ
(သူက ရေကူးတတ်ပေမဲ့ တစ်ခုခုနဲ့ငြိနေတယ်ထင်ပြီး အော်ငိုပါလေရော 😎 သူ ဘယ်လောက် ကူးကူး ရှေ့မရောက်နေဘူးကိုး အဲ့တော့ အဒေါ်ကြီးတစ်ယောက်က အဝတ်လျှော်နေရင်း ဘာဖြစ်နေတာလဲဆိုပြီး အဲ့အမဆီ လာမှ မသိမသာ ပြန်လွှတ်ပေးလိုက်တာ 🤣) တအားဆိုးသောနော်.. (ကလေးဆိုတော့ မယုတ်ပါဘူး နစ်အောင်တော့ မလုပ်ဘူး လွှတ်ပေးမှာပဲ) အမေနဲ့အဖေ ရန်ဖြစ်ရင်လည်း အဖေနောက်လိုက်မယ်ချည်း အဲ့ဒါကြောင့် အမေက ကိုယ့်ဆို အမြင်ကတ်တာ ဆူတာ 🙂
ကျနော့ဘဝမှာ သားသမီးရခွင့်ရှိမယ်ဆိုရင်တောင် အကြီးဆုံးက သမီးဆို အမေ့ဝဋ်လည်မှာစိုး 😅

21 June 2026



19/06/2026

အကောင်သေးသေးလေးနဲ့ Japan မှာ ၆လကြာ ကြုံခဲ့ရတဲ့ စိတ်ပင်ပန်းမှုတွေကို နောက်ဆုံးမှာ ကျော်ဖြတ်နိုင်ခဲ့တဲ့အတွက် ကျေးဇူးပါ ကောင်မလေး 🤍 ရှေ့ဆက်ပြီးလည်း သန်မာနေပေးပါအုံး ကိုယ့်ဘာသာ ဆံပင်ညှပ်ပြီး ပဲများနေသူလေး 😁🥰




၂၀၁၂ ခုနှစ်ကပေါ့.. အမေက နယ်ကနေ ရထားနဲ့မုံရွာလာပြီး ပိုက်ဆံနဲ့ စားစရာလာပေးလို့ မုံရွာကွန်ပျူတာတက္ကသိုလ်ကနေ မုံရွာ ဘူတာကြီ...
16/06/2026

၂၀၁၂ ခုနှစ်ကပေါ့.. အမေက နယ်ကနေ ရထားနဲ့မုံရွာလာပြီး ပိုက်ဆံနဲ့ စားစရာလာပေးလို့ မုံရွာကွန်ပျူတာတက္ကသိုလ်ကနေ မုံရွာ ဘူတာကြီးကို အသွား (သူငယ်ချင်းရဲ့ဆိုင်ကယ်ငှါးသွားတာ)
ကန်သာယာနားရောက်တော့ ရပ်ခိုင်းခံရပါလေရော.. ဦးထုပ်လည်းပါတယ် ဆိုင်ကယ်ကလိုင်စင်လည်း ရှိတယ် ဒါပေမဲ့ လိုင်စင်ကဒ်ပြားက ပါမလာဘူး ဆိုင်ကယ်မှာလည်း တပ်မထားဘူး.. အဲ့တော့ ၄၀၀၀ ပေးတဲ့ ပိုက်ဆံက မပါဘူးလို့ အခုမှ အမေ့ဆီသွားယူမလို့ ဆိုတော့ ဒါဆို အဲ့ဆိုင်ကယ်ထားခဲ့တဲ့ သူ့ဆိုင်ကယ်နဲ့သွား အပြန်ကျမှ ၄၀၀၀ ပေးပြီး ဆိုင်ကယ်ပြန်ယူသွားတဲ့.. ဖြတ်ပိုင်းရေးပေးလိုက်တယ်.. (ပါလာတဲ့ခြင်းထဲ ဖြတ်ပိုင်းလေးထည့်) အိုခေပေါ့ မော်တော်ပီကယ်ဖမ်းတဲ့ဦးလေးကြီးဆိုင်ကယ်စီးပြီး အမေ့ဆီသွားလိုက်တယ် 🤣 ဟိုရောက်တော့ အမေက ယူလာတဲ့စားစရာအခြောက်အခြမ်းတွေနဲ့ ပိုက်ဆံကိုတော့ ကြွပ်ကြွပ်အိတ်လေးနဲ့ ထည့်ထားတာထင်တာပဲ သူ့ခြင်းထဲကနေ ကိုယ့်ခြင်းထဲ ပြန်ထည့်ပေး.. (အဲ့ခေတ်က ဖုန်းလည်းမကိုင်ကြသေး ရထားရောက်မဲ့အချိန်မှန်းပြီး ချိန်းကြရတာ) အဲ့တော့ ဟယ် ခြင်းထဲမှာ ဖြတ်ပိုင်းရှိတယ် အမေ မမြင်ပါစေနဲ့ ဆုတောင်းရသေးတာ အဆူခံရမှာစိုးလို့.. ပြီး အမေက မှာတယ် သမီး လိမ်လိမ်မာမာနေနော်ပေါ့ အယ် ငါ့သမီး သတိထားပြန်အုံး မြို့ထဲမှာ
ဆိုင်ကယ်တွေဖမ်းနေတယ် ကြားတယ်တဲ့ (မရယ်မိအောင် ထိန်းထားရတာဟေးး) ဟုတ် အမေ စိတ်မပူနဲ့ (ဖမ်းခံရပြီးပြီအမေပေါ့ စိတ်ထဲကနေ 🤣) ဆိုင်ကယ်မှာတပ်ထားတဲ့ကဒ်ပြားမှာ ဆိုင်ကယ်ပိုင်ရှင်ရာထူးတွေ ရေးထားတာမို့ အမေနဲ့ မုန့်လေးဘာလေးတောင် မစားဘူး ကျောင်းပြန်တက်ရအုံးမှာ သွားတော့မယ် အမေလို့ နှုတ်ဆက်ပြီး ချက်ချင်းပြန်ပြေး 🤣 ကျောင်းရောက်တဲ့ထိ တွေးလိုက် ခွီလိုက်လုပ်ပြီး မောင်းပြန်သွားတာ

မှတ်မှတ်ရရ ဘဝမှာ အဲ့တစ်ခါ ဖမ်းခံရဖူးခြင်းပေါ့




14/06/2026

Yokohama က အရမ်းလှတဲ့ ရောင်စုံနှင်းဆီတွေ 🥰


Address

Tokyo
Yangon

Opening Hours

Monday 09:00 - 23:00
Tuesday 09:00 - 23:00

Telephone

+959794343185

Website

Alerts

Be the first to know and let us send you an email when Chapters of Mai Khar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share