20/02/2025
Skin Aqua _ UV Super Moisture Gel (gold) 140g
SPF 50+ PA++++
Air က K beauty ဖက်ကို စိတ်ဝင်စားသလောက် Japanese skincare တွေထဲမှာဆို Biore လောက်ပဲသိတာ .. လိမ်းလို့ကောင်းတယ်ဆိုတဲ့ sunscreen တွေရှာရင်းနဲ့ Skin Aqua သွားတွေ့တယ်ဆိုပါတော့ ..
သူ့ကိုအစက Skin aqua ဆိုပြီး brand သက်သက်ရှိတယ်ထင်လိုက်တာ ဘယ်ဟုတ်မလဲ တကယ်တော့သူက အကောင်ကြီးတစ်ခုရဲ့လက်ခွဲဗျ New V.Rohto eye drop ဆို တော်တော်များများသိကြမယ်ထင်တယ် မသိသူမရှိနာမည်ကြီး မျက်စဉ်း brand လေ အဲ့ဒီ Rohto ဆိုတာ Japan နိုင်ငံရဲ့ နာမည်ကြီး pharmaceutical co.တစ်ခုပဲ သူကနေ 1988 မှာ OTC healthcare products တွေထုတ်တဲ့ America က Mentholatum co. ကိုဝယ်ချလိုက်ပြီး Rohto-mentholatum brand အနေနဲ့ skincare တွေ၊ အခြား healthcare products တွေ ဆက်ထုတ်တယ်ပေါ့ အဲ့မှာ skin aqua ဆိုပြီး skincare line တစ်ခုထွက်လာတာ
စကားကြောတွေလည်းရှည်နေပြီဆိုတော့ product ပိုင်းလေးပြန်သွားလိုက်မယ် Skin aqua ထဲမှာမှ moisture gel နဲ့ tone up essence လေး၂ခုကို summer အတွက်အဓိကရွေးဖြစ်တယ် ၂ခုလုံးရေးပေးမှာမို့ tone up essence အကြောင်းကိုတော့ နောက်ပုံမှာဖတ်နော်
‘Moisture gel’ ဆိုပေသိ သူ့ texture က လုံးဝ milk (နို့ရည်) အတိုင်းပဲ အရမ်းလည်းမပျစ်၊ အရမ်းလည်းကျဲမနေဘဲ လိမ်းကောင်းရုံ အနေအထားလေးပေါ့နော် Milk ဆိုလို့ လန့်မသွားနဲ့ဦး Ingredients ထဲမှာ နို့လည်းမပါသလို နို့နံ့လည်းမထွက်ဘူး Viscosity control လုပ်ဖို့အတွက် alcohol ထည့်ထားလို့ alcohol နံ့ခပ်ပါးပါးတော့ရတယ် (air အတွက်တော့ အဲ့အနံ့ကပြဿနာမရှိ) ပြောသာပြောရတာ matt or invisible finish နဲ့ စေးကပ်ကပ်မကျန်အောင်ဆို alcohol မထည့်လို့မရဘူး Alcohol free မှ ဆိုတဲ့သူတွေကတော့ sensitive တွေအတွက်ထုတ်ထားတဲ့ moisture sunscreens တွေပဲ ရွေးလို့ရမယ်
Chemical sunscreen အမျိုးအစားဖြစ်ပြီး UV filter တွေနဲ့ပတ်သက်လို့လည်း အရမ်းကြီး weak ဖြစ်မနေဘူး Tinosorb S (broad-spectrum protection) နဲ့ UVB ကောင်းကောင်းစုပ်နိုင်တဲ့ octinoxate ပါတယ် မျက်နှာပေါ်တင်တဲ့အခါအေးအေးလေးနဲ့ နေရမခက်အောင် ပွတ်လိမ်းရလွယ်အောင် emollients တစ်ချို့ထည့်ပေးထားတယ်
Air သုံးကြည့်ရသလောက် သူ့ကိုလိမ်းနေတဲ့အချိန်ရော လိမ်းပြီးတဲ့အထိရော စေးကပ်ကပ်မဖြစ်ဘူး Sunscreen အချို့မှာတွေ့ရတတ်တဲ့ တအားဆွဲဖြန့်လိမ်းရတာမျိုးလည်းမရှိဘူး Daily apply လုပ်လို့ကောင်းတယ် နောက်တစ်ခုက သုံးတဲ့ပမာဏများသွားလို့ အဆီတွေရွှဲသွားတာ or ပြာသွားတာ လုံးဝမတွေ့ရဘူး Air ဆို အခြား suncream တွေသာချိန်လိမ်းဖြစ်တာ သူ့ဆို 3/4 ခါလောက် pump out ပြီး ထွက်လာသမျှအကုန်လိမ်းတာပဲ Residues များများစားပိုကျန်တာမတွေ့မိဘူး Amount များသွားလို့ လိမ်းရင်း အဖြူအလိပ်လိပ်တွေထွက်တာမျိုးလည်း မဖြစ်ဘူး ဒါကတော့ sunscreen လိမ်းရင် ဘယ်လိုကြီးဖြစ်သွားတာတော့ဆိုပြီး ဂျီးများတဲ့သူတွေဆို တက်စရာ complain မရှိသလောက်နည်းသွားစေမယ့် sunscreen မျိုးပါ 😹
နောက်ဆုံး finish ကတော့ invisible & semi matt ပုံစံမျိုးပဲ အဆီလည်းမပြန်သလို လုံးဝလည်းမခြောက်ဘဲ semi-matt type ကိုမှ white cast လုံးဝမကျန်ဘဲ ပင်ကိုယ်အသားအရေကာလာအတိုင်း invisible look လေးကျန်ခဲ့တယ် Air အတွက်ကတော့ နေ့တိုင်းသုံးလို့ တော်တော်လေးအဆင်ပြေတယ် ဒီကြားထဲ waterproof ကဖြစ်နေသေးလို့ workout လုပ်တဲ့အချိန်တို့၊ ရေကူးတဲ့အချိန်တို့လည်း သူ့ပဲလိမ်းဖြစ်တယ်
Recommend လုပ်ချင်တဲ့ skin တွေကတော့ oily, combo, dehydrated နဲ့ budget သမားတွေကိုပါပဲ Semi-matt finish မို့ အရမ်းမခြောက် အရမ်းမပြောင်ဘဲ ခပ်သိပ်သိပ်လေးနဲ့ အသက်ရှုချောင်စေတဲ့အတွက် ခုလိုနွေမှာဆို oily နဲ့ combo တွေသေချာပေါက်ကြိုက်မှာ Dehydrated တွေအတွက် ညွှန်းပေးရတာက သူလိမ်းပြီးမျက်နှာမှာ moist feeling လေး အမြဲခံစားရတဲ့အတွက် လိမ်းရခက်တဲ့ sunscreen တွေထက် ပိုအသုံးဝင်မှာပဲ နောက်ဆုံးကတော့ ဘတ်ဂျက်ဆေ့ချင်တဲ့သူတွေအတွက် သတင်းကောင်းပါ 140g တောင်ပါတဲ့ full size ကို 20000 ကျော်ကျော်လေးနဲ့ရမှာမို့ ကျွမ်းထိုးသုံးတောင်တန်တယ်
Price: around 20000 mmk
(Made in Japan)