Little Sunshine

Little Sunshine Little Sunshine page လေးက ကြိုဆိုပါတယ်။ ကလေးများအတွက် UK Preloved Book နဲ့ စာအုပ်အသစ် အမျိုးအစားအစုံကိုတစ်နေရာတည်းရနိုင်တဲ့ နေရာလေးပါ။

အကောင်းဆုံး Anime လို့တင်စားကြတဲ့ Attack on Titan“Attack on Titan" ကို လူသားစားဘီလူးကြီးတွေနဲ့ တိုက်ခိုက်တဲ့ ရိုးရိုးရှင...
07/09/2026

အကောင်းဆုံး Anime လို့တင်စားကြတဲ့ Attack on Titan

“Attack on Titan" ကို လူသားစားဘီလူးကြီးတွေနဲ့ တိုက်ခိုက်တဲ့ ရိုးရိုးရှင်းရှင်း Survival ဇာတ်လမ်းလို့ဘဲ ထင်နေကြပေမယ့် တကယ်တော့ AOT က ရင်သပ်ရှုမောဖွယ် Dark Fantasy အမျိုးအစားဖြစ်ပြီး၊ ဇာတ်လမ်းအစမှာ ရိုးရှင်းသလိုထင်ရပေမယ့် နောက်ပိုင်းမှာ ရှုပ်ထွေးနက်နဲတဲ့ နိုင်ငံရေးနဲ့ ဒဿနိကဗေဒဆိုင်ရာ မော်ကွန်းဝင်ဇာတ်လမ်းတစ်ပုဒ်အဖြစ် အံ့ဩစရာကောင်းလောက်အောင် ပြောင်းလဲသွားတာပါ။

ဧရာမမြို့ရိုးကြီးတွေထဲမှာ Titan တွေရဲ့ရန်ကနေ ပုန်းအောင်းနေရတဲ့ လူသားတွေ...။ တစ်နေ့မှာတော့ မြို့ရိုးကြီး အဖျက်ဆီးခံရပြီးနောက် အဓိကဇာတ်ဆောင် Eren Yeager ဟာ Titan တွေကို ချေမှုန်းဖို့ စစ်တပ်ထဲဝင်ခဲ့ပါတယ်။
ဒါပေမယ့် ဇာတ်လမ်းက ဘီလူးတွေနဲ့ တိုက်ခိုက်တာတင်မကဘဲ၊ ထင်မှတ်မထားတဲ့ ပထဝီနိုင်ငံရေး ပဋိပက္ခတွေနဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ဝေခွဲရခက်မှုတွေကြားထဲ ခေါ်ဆောင်သွားမှာပါ။
ဇာတ်လမ်းက တဖြည်းဖြည်းပုံပေါ်လာတာနဲ့ တကယ့်ဗီလိန်တွေက ဘီလူးတွေ မဟုတ်ဘဲ လူသားတွေဖြစ်နေတဲ့ ဆိုတဲ့ twist တွေက ဇာတ်လမ်းရဲ့ ဇာတ်ရှိန်ကို အမြင့်ဆုံးဆွဲခေါ်သွားပေးပါတယ်
♦️နံပါတ် 1 ကနေ 34 အထိ ထွက်ရှိထားပါတယ်။
♦️၁ အုပ်ချင်းရော Set လိုက်ရော ဝယ်ယူနိုင်ပါတယ်။

⚽ Football Fans တွေ အကြိုက်တွေ့တဲ့ Sport Manga : Blue Lock ⚽⚽ ကလေးတွေ တမေးတည်းမေးနေတဲ့ Blue Lock Manga stocks ပြန်ဝင်တုန...
07/09/2026

⚽ Football Fans တွေ အကြိုက်တွေ့တဲ့ Sport Manga : Blue Lock ⚽

⚽ ကလေးတွေ တမေးတည်းမေးနေတဲ့ Blue Lock Manga stocks ပြန်ဝင်တုန်း ယူထားနော်။

“ ဘောလုံးအားကစားကို ရူးသွပ်သူတွေ တိုင်းပြည်အတွက် ကိုယ်စားပြုယှဉ်ပြိုင်ခွင့်ရဖို့ ကြိုးစားကြပုံ ကို စိတ်လှုပ်ရှားဖွယ် ဖတ်ရမှာပါ။”

⭐️နောက်ဆုံးထွက် 1 to 38 ထိ ရပါပြီ

၁ အုပ်ချင်းရော Set လိုက်ရော ဝယ်ယူအားပေးနိုင်ပါတယ်

#ဘောလုံးကာတွန်း #ဂျပန်ကာတွန်း

🔬အသက် (၈) နှစ်နှင့်အထက် သားသားမီးမီးတို့အတွက် ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာတွေကို ပေါ့ပေါ့ပါးပါး ပုံစံဆန်းဆန်းနဲ့ ရေးသားထား...
07/09/2026

🔬အသက် (၈) နှစ်နှင့်အထက် သားသားမီးမီးတို့အတွက် ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာတွေကို ပေါ့ပေါ့ပါးပါး ပုံစံဆန်းဆန်းနဲ့ ရေးသားထားတဲ့ Adam Kay ရဲ့ စာအုပ်တွဲလေးတွေ Little Sunshine မှာIn Stock ရနေပါပြီနော်။
📚ဒီစာအုပ်လေးတွေမှာ ကလေးတွေ အလွယ်တကူ လေ့လာနိုင်မယ့် အကြောင်းအရာ တွေဖြစ်တဲ့ -
🔹 Incredible Inventions – ကမ္ဘာပေါ်က မထင်မှတ်ထားတဲ့ တီထွင်မှုတွေနဲ့ နောက်ကွယ်က စိတ်ဝင်စားဖွယ် အကြောင်းအရာများ
🔹 ဦးနှောက်ရဲ့ ဆန်းကြယ်တဲ့ လုပ်ဆောင်ချက်တွေကို အလွယ်တကူ နားလည်အောင် ရှင်းပြထားတဲ့ Brilliant Brain
🔹 ဆေးပညာနဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံအကြောင်း ဟာသဆနဆန်တင်ပြထားတဲ့ Marvellous Medicine ဆိုပြီး (၃) ခု ရွေးချယ်နိုင်ပါတယ်။
📖⚡️စာအုပ်တိုင်းမှာ ရုပ်ပုံလေးတွေနဲ့တကူ ပေါင်းစပ်ရေးသားထားတာကြောင့် ကလေးတွေ စာဖတ်ရင်း အပျင်းပြေစေရုံတင်မကဘဲ ဗဟုသုတတွေကိုပါ အလိုလို တိုးပွားစေမှာပါ။
Book Details
* Recommanded Age: 8 Years+
* Paperback
* Pages: 87 - 420 pages (per book)
* Size: 26 cm x 17 cm
📦 In Stock ရှိတာမို့မှာယူလိုပါက Page Messenger မှတစ်ဆင့် ဆက်သွယ်စုံစမ်း မှာယူနိုင်ပါတယ်နော်။

🤔လူသားတွေ ရဲ့ အစက ဘာလဲ? 🗿လူအဖွဲ့အစည်း နိုင်ငံနဲ့ တိုင်းပြည်တွေ ဘယ်လို ဖွံ့ဖြိုးပေါ်ပေါက်လာတာလဲ?☸️နိုင်ငံရေး၊ ဘာသာရေး၊ စီ...
06/09/2026

🤔လူသားတွေ ရဲ့ အစက ဘာလဲ?
🗿လူအဖွဲ့အစည်း နိုင်ငံနဲ့ တိုင်းပြည်တွေ ဘယ်လို ဖွံ့ဖြိုးပေါ်ပေါက်လာတာလဲ?
☸️နိုင်ငံရေး၊ ဘာသာရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှု အယူအဆတွေကရော ဘယ်လို တိုးတက်ပြောင်းလဲလာတာလဲ စတဲ့ သမိုင်းဆိုင်ရာမေးခွန်းတွေကို ဖတ်ရှုလေ့လာနိုင်မယ့် စာအုပ်အမျိုးအစားဖြစ်ပါတယ်။
📚ဒီစာအုပ်တွေရဲ့ ဖန်တီးရှင် Yuval Noah Harari ဟာ သမိုင်းပညာရှင်တစ်ဦးဖြစ်ပြီး မူရင်းစာအုပ်ဖြစ်တဲ့ Sapiens: A Brief History of Humankind စာအုပ်နဲ့ အုပ်ရေသန်းပေါင်းများစွာရောင်းချခဲ့ရတဲ့အထိထင်ရှားတဲ့ စာရေးသူတစ်ဦးလည်းဖြစ်ပါတယ်။
📕📘အခု စာအုပ် (၂) အုပ်ဖြစ်တဲ့ Sapiens Vol 1. နဲ့ Vol.2 ကတော့ Comic ပုံစံနဲ့ ဖတ်ရတာကြိုက်သူတွေနဲ့ ငယ်ရွယ်တဲ့စာဖတ်သူများအတွက် ဖန်တီးပေးထားတဲ့ Graphic Novel အမျိုးအစားဖြစ်ပါတယ်။
📕📘ပထမ တစ်အုပ်နဲ့ ဒုတိယတစ်အုပ်ကို ရာစုနှစ်အလိုက် ခွဲခြားတင်ဆက်ထားပြီး သမိုင်းကိုစိတ်ဝင်စားတဲ့ စာဖတ်သူနဲ့ လူသားမျိုးနွယ်အကြောင်းကို စိတ်ဝင်စားပြီး ပေါ့ပေါ့ပါးပါးလေ့လာချင်တဲ့ စာဖတ်သူများအတွက် အထူးသင့်လျော်ပါတယ်။
📍စာအုပ်လေးတွေက In Stock ရှိနေတာ ဖြစ်တဲ့ အတွက် မှာယူချင်တယ် ဆိုရင်တော့ messenger ကနေမေးမြန်းစုံစမ်းနိုင်ပါတယ်။
Book Detail
▪️Colorful Graphic Novel
▪️Hardcover
▪️Pages: 245 per book
▪️Size: 8.5” x 12”

#𝗕𝗼𝗼𝗸𝘀𝗙𝗼𝗿𝗞𝗶𝗱𝘀 #𝗞𝗶𝗱𝘀𝗕𝗼𝗼𝗸𝗦𝗵𝗼𝗽𝗬𝗮𝗻𝗴𝗼𝗻

✨ ကလေးတို့ရဲ့ သဘာဝ စူးစမ်းလိုစိတ်နဲ့ အကိုက်ညီဆုံးဖြစ်တဲ့ Curious George ပုံပြင်စာအုပ်တွဲလေး”🚩ချစ်စရာကောင်းပြီး တလွဲလေးတွ...
06/09/2026

✨ ကလေးတို့ရဲ့ သဘာဝ စူးစမ်းလိုစိတ်နဲ့ အကိုက်ညီဆုံးဖြစ်တဲ့ Curious George ပုံပြင်စာအုပ်တွဲလေး”
🚩ချစ်စရာကောင်းပြီး တလွဲလေးတွေ ခဏခဏ လုပ်တတ်တဲ့ မျောက်ကလေး George ရဲ့ အလွဲပုံပြင်လေးတွေကနေတစ်ဆင့် ကလေးတို့ရဲ့ စူးစမ်းလိုစိတ်ကို မြှင့်တင်ပေးနိုင်ပြီး ကြုံတွေ့ရတဲ့ ပြဿနာတွေကို ပိုကောင်းအောင် ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ အရေးပါတဲ့သင်ခန်းစာလေးတွေကိုသင်ကြားပေးနိုင်မယ့် ပုံပြင်လေးတွေပါ။
📚၁၆ အုပ် ပါဝင်တဲ့ ဒီစာအုပ်တွဲလေးမှာနေရာမျိုးစုံ၊ အဖြစ်အပျက်မျိုးစုံနဲ့ စိတ်ဝင်စားစရာ ပုံပြင်လေးတွေကို တစ်နေရာတည်းမှာ စုံစုံလင်လင် ဖတ်ရှုရမှာပါ။
▪️ချစ်စရာ ကာတွန်းရုပ်ပုံလေးတွေက ကလေးတို့ရဲ့ စာဖတ်ချင်စိတ်ကို အပြည့်အဝ နိုးဆော်ပေးနိုင်ပြီး ရိုးရှင်းလွယ်ကူတဲ့ ဝေါဟာရနဲ့ ဝါကျပုံစံတွေကို သုံးပေးထားတာမို့ ကိုယ်တိုင် စာစဖတ်လေ့ကျင့်နေတဲ့ သားသားမီးမီးတို့အတွက် အလွန် သင့်တော်ပါတယ်။
Product Details
▪️Recommended Age: 4 - 7 Years
▪️Book Details: 16 Books in a Set
▪️Page: 32 Pages per book (Paperback)
▪️Size: 7.7” x 7.7”
📩 သားသားမီးမီးတို့အတွက် စာဖတ်တဲ့ အလေ့အကျင့်ကောင်းနဲ့ ပျော်ရွှင်စရာ စာဖတ်ချိန်လေးတွေကို ဖန်တီးပေးဖို့ အခုပဲ မှာယူနိုင်ပါပြီနော်။

🚫📖ကလေးတွေကို စာအုပ်အတင်းမဖတ်ခိုင်းပါနဲ့📚ကလေးတစ်ယောက်ရဲ့ စာဖတ်ချင်စိတ်ဆိုတာ အမိန့်ပေး ဖိအားပေးလို့ ရလာတဲ့အရာ မဟုတ်ပါဘူး။ ...
05/09/2026

🚫📖ကလေးတွေကို စာအုပ်အတင်းမဖတ်ခိုင်းပါနဲ့
📚ကလေးတစ်ယောက်ရဲ့ စာဖတ်ချင်စိတ်ဆိုတာ အမိန့်ပေး ဖိအားပေးလို့ ရလာတဲ့အရာ မဟုတ်ပါဘူး။
📖စာဖတ်ခြင်းကို စည်းကမ်းတစ်ခုလို၊ တာဝန်တစ်ခုလို အတင်းအကျပ် ဖတ်ခိုင်းမိတဲ့အခါ စာဖတ်တာဟာ သူတို့အတွက် ပျင်းစရာကောင်းပြီး ဖိအားတစ်ခု ဖြစ်သွားတတ်ပါတယ်။
✨ စာအုပ်လေးတွေနဲ့ ထိတွေ့စေပြီး ရင်းနှီးနေပါစေ!
📚စာအုပ်ကို အတင်းဖတ်ခိုင်းတာထက် မြင်ကွင်းထဲမှာ စာအုပ်လေးတွေ အမြဲထားပေးပါ၊ ပုံပြင်လေးတွေ အတူတူကြည့်ရင်း စာအုပ်နဲ့ ပတ်သက်တဲ့ ပျော်စရာ အတွေ့အကြုံလေးတွေ သဘာဝအတိုင်း ဖန်တီးပေးပါ။
🎁ဖိအားမပါဘဲ သဘာဝအတိုင်း ပျိုးထောင်ပေးလိုက်တဲ့ စာဖတ်ခြင်းအလေ့အကျင့်လေးဟာ ကလေးတွေအတွက် ဘဝတစ်သက်တာ မကုန်းခမ်းနိုင်တဲ့ အနာဂတ်လက်ဆောင်တစ်ခု ဖြစ်သွားလို့ပါပဲ။
❤️ စာဖတ်ခြင်းကို နှစ်သက်တဲ့ ကလေးတစ်ယောက်ဟာ ကြီးပြင်းလာတဲ့အခါ ပညာဆည်းပူးရတာကို တန်ဖိုးထားတတ်လာပြီး၊ ရင့်ကျက်တည်ငြိမ်တဲ့ အတွေးအခေါ်တွေနဲ့ လူအဖွဲ့အစည်းမှာ ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာဖို့ အခွင့်အလမ်း ပိုများပါတယ်။
🤔 ဒီအလေ့အထကောင်းကို ဘယ်အချိန်ကစပြီး ပျိုးထောင်ပေးကြမလဲ?
🌱 တကယ်တော့ စာမဖတ်တတ်ခင် လသားအရွယ်ကတည်းက စတင်နိုင်ပါတယ်။ သူတို့လေးတွေ သဘောကျမယ့် ရုပ်ပုံလှလှလေးတွေ၊ ပုံသဏ္ဌာန်မျိုးစုံတဲ့ စာအုပ်လေးတွေနဲ့ စတင်မိတ်ဆက်ပေးလို့ ရတာပေါ့။
🎓 ကျောင်းနေအရွယ် တစ်လျှောက်လုံးမှာလည်း အသက်အလိုက်၊ အဆင့်အလိုက် သူတို့လေးတွေ နှစ်သက်မယ့် —
✨ ပုံပြင်၊ ဇာတ်လမ်း
✨ ကာတွန်းနဲ့ ဗဟုသုတစာအုပ်မျိုးစုံကို အမြဲမပြတ် ပံ့ပိုးပေးဖို့ လိုအပ်ပါတယ်။
☀️ ကိုယ်ရင်သွေးလေးတွေကို စာဖတ်ခြင်းအလေ့အကျင့် ကောင်းမွန်စွာ ပျိုးထောင်ပေးချင်တဲ့ မိဘတိုင်းအတွက် 𝗟𝗶𝘁𝘁𝗹𝗲 𝗦𝘂𝗻𝘀𝗵𝗶𝗻𝗲 𝗕𝗼𝗼𝗸𝘀𝘁𝗼𝗿𝗲 က ကူညီဖို့ အမြဲအသင့်ရှိနေပါတယ်နော်။
🍼 လသားအရွယ် ပုံပြစာအုပ်လေးတွေကစလို့ 🎒 ဆယ်ကျော်သက်နဲ့ လူကြီးဖတ် စာအုပ်တွေအထိ 🥰 အသက်အရွယ်စုံအတွက် 𝗘𝗻𝗴𝗹𝗶𝘀𝗵 ဘာသာနဲ့ စာအုပ်မျိုးစုံကို စိတ်တိုင်းကျ ရွေးချယ်နိုင်အောင် 𝗜𝗻 𝗦𝘁𝗼𝗰𝗸 အပြည့် ဖြည့်ဆည်းပေးထားပါတယ်။
🛒 မှာယူချင်တယ်ဆိုရင်…
👇✨ 𝗣𝗮𝗴𝗲 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 ကနေလည်း စိတ်တိုင်းကျ မေးမြန်းမှာယူနိုင်သလို၊ ဆိုင်မှာ ကိုယ်တိုင်လာရောက် ရွေးချယ်ချင်တဲ့ မိဘတွေအတွက်လည်း ဆိုင်လိပ်စာလေးကို 𝗖𝗼𝗺𝗺𝗲𝗻𝘁 မှာ ထည့်ပေးထားပါတယ်။

#𝗟𝗶𝘁𝘁𝗹𝗲𝗦𝘂𝗻𝘀𝗵𝗶𝗻𝗲𝗕𝗼𝗼𝗸𝘀𝘁𝗼𝗿𝗲 #𝗥𝗲𝗮𝗱𝗶𝗻𝗴𝗛𝗮𝗯𝗶𝘁𝘀 #𝗣𝗮𝗿𝗲𝗻𝘁𝗶𝗻𝗴𝗧𝗶𝗽𝘀 #𝗕𝗼𝗼𝗸𝘀𝗙𝗼𝗿𝗞𝗶𝗱𝘀 #𝗖𝗵𝗶𝗹𝗱𝗿𝗲𝗻𝘀𝗕𝗼𝗼𝗸𝘀 #𝗖𝗵𝗶𝗹𝗱𝗗𝗲𝘃𝗲𝗹𝗼𝗽𝗺𝗲𝗻𝘁 #ကလေးစာအုပ် #𝗽𝗮𝗿𝗲𝗻𝘁𝗶𝗻𝗴𝘁𝗶𝗽𝘀

📚 English Writing Skill ကို အခြေခံမှစပြီး Academic Level အထိ စနစ်တကျ လေ့ကျင့်ချင်သူတွေအတွက် National Geographic Learning...
04/09/2026

📚 English Writing Skill ကို အခြေခံမှစပြီး Academic Level အထိ စနစ်တကျ လေ့ကျင့်ချင်သူတွေအတွက် National Geographic Learning ရဲ့ Great Writing Series (5th Edition) 🌟

ဒီ Great Writing Series လေးကတော့ Foundations အဆင့်ကနေ Level 5 အထိ ပြည့်ပြည့်စုံစုံ ထွက်ရှိထားပါတယ်။
♦️Foundations: အင်္ဂလိပ်စာ အရေးအသားရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ ဝါကျ (Sentence) လေးတွေ စတင်တည်ဆောက်ပုံ၊ အခြေခံ Grammar နဲ့ Vocabulary တွေကို အစပျိုး လေ့ကျင့်ပေးလို့ ရပါတယ်။
♦️Level 1 (Great Sentences for Great Paragraphs): မှန်ကန်ရှင်းလင်းတဲ့ ဝါကျတွေ တည်ဆောက်နိုင်ပြီဆိုတာနဲ့ စနစ်ကျတဲ့ Paragraph (စာပိုဒ်) တွေအဖြစ် ဘယ်လိုချိတ်ဆက်ရေးသားရမလဲဆိုတာကို လမ်းညွှန်ပေးမှာပါ။
♦️Level 2 (Great Paragraphs): အကြောင်းအရာတစ်ခုကို ပြည့်ပြည့်စုံစုံနဲ့ ပိုမိုကောင်းမွန်တဲ့ Paragraph တွေ ရေးဖွဲ့နိုင်ဖို့၊ Topic Sentence နဲ့ Supporting Details တွေ သုံးတတ်ဖို့ အဓိကထား သင်ကြားပေးမယ့် အဆင့်ဖြစ်ပါတယ်။
♦️Level 3 (From Great Paragraphs to Great Essays): Paragraph တွေကနေတစ်ဆင့် စနစ်ကျတဲ့ Essay တွေ စတင်ရေးသားနိုင်ဖို့ အဆင့်ကူးပြောင်းပေးမယ့် စာအုပ်ဖြစ်ပြီး Essay တစ်ပုဒ်ရဲ့ အခြေခံဖွဲ့စည်းပုံတွေကို သေချာလေ့ကျင့်ပေးမှာပါ။
♦️Level 4 (Great Essays): စိတ်ဝင်စားစရာကောင်းတဲ့ မိတ်ဆက် (Introduction)၊ ခိုင်မာတဲ့ အကြောင်းပြချက်တွေနဲ့ အဆုံးသတ် (Conclusion) တွေအပါအဝင် Essay အမျိုးအစားစုံလင်စွာကို ကျွမ်းကျင်စွာ ရေးသားနိုင်ဖို့ လေ့ကျင့်ပေးမယ့် အဆင့်ပါ။♦️Level 5 (From Great Essays to Research): အဆင့်မြင့် Academic Writing အတွက် ရည်ရွယ်ပြီး Essay တွေကနေတစ်ဆင့် အချက်အလက်ရှာဖွေကိုးကားရတဲ့ Research Paper တွေအထိ ရေးသားနိုင်ဖို့ ပြင်ဆင်ပေးမယ့် အမြင့်ဆုံးအဆင့် ဖြစ်ပါတယ်။

Academic Writing ကို သေချာလေ့လာချင်သူတွေအတွက် မရှိမဖြစ် ဆောင်ထားသင့်တဲ့ စာအုပ်ကောင်းလေးပါ။
✔️Age recommend. : Middle school မှ High school ကျောင်းသားတွေအတွက်

📙Grammer စာအုပ်လေးတွေ မေးကြတဲ့မေမေဖေဖေတွေအတွက် in stock ရှိတဲ့စာအုပ် လေးတွေစုစည်းပေးထားပါတယ်။📚ဒီတစ်ခုပိုစ်ကစာအုပ်တော်တော...
04/09/2026

📙Grammer စာအုပ်လေးတွေ မေးကြတဲ့မေမေဖေဖေတွေအတွက် in stock ရှိတဲ့စာအုပ် လေးတွေစုစည်းပေးထားပါတယ်။
📚ဒီတစ်ခုပိုစ်ကစာအုပ်တော်တော်များများက Grammar သဘောတရားတွေသက်သက်ချည်းမဟုတ်ဘဲ၊ ပုံပြင်လေးတွေ၊ စကားပြောစကားတွေနဲ့ ဖန်တီးထားလို့ ဖတ်ရှုရင်း Grammar ကို လေ့လာနိုင်တဲ့စာအုပ်လေးတွေဖြစ်ပါတယ်။
📚တစ်အုပ်ချင်း ရွေးလို့ရတဲ့စာအုပ်လေးတွေရှိသလို၊ Set လိုက်ဝယ်ယူလိုမယ့် အတွဲလိုက်လေးတွေလည်း ရှိပါတယ်။
📖တစ်ပုံချင်းရဲ့ Caption မှာလည်း အသေးစိတ်စာသားတွေ ရေးထားပေးပါတယ်။
🚩ကလေးတို့ရဲ့ English learning journey မှာ အရေးပါတဲ့ Grammar စာအုပ်လေးတွေကို အခုပဲ မှာယူနိုင်ပါပြီနော်။

📖📚Early Reader သားသားမီးမီးတို့အတွက် Comic Style နဲ့ ဖတ်ရလွယ်ကူ စာအုပ်လေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။🐘🐷Elephant & Piggie ...
03/09/2026

📖📚Early Reader သားသားမီးမီးတို့အတွက် Comic Style နဲ့ ဖတ်ရလွယ်ကူ စာအုပ်လေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
🐘🐷Elephant & Piggie တို့ စာအုပ်တွေရဲ့ လူကြိုက်များ ထင်ရှားတဲ့ Mo Willems ရဲ့ စာအုပ်လေးတွေဖြစ်ပါတယ်။
🏆📙ကလေးစာပေ ဆုပေါင်းများစွာ ရရှိထားတဲ့ ဒီစာအုပ်လေးတွေက Animation Movie ဆန်ဆန် ရုပ်ပုံလေးတွေနဲ့ Speech Bubble ပုံစံ စာသားတင်ပြပုံလေးတွေကြောင့် ကလေးတို့အတွက် စာအုပ်လေးတွေကို နှစ်သက်စွာ ဖတ်ရှုစေနိုင်ပါတယ်။
📚အခုစာအုပ်တွဲလေးမှာ မတူညီတဲ့ Illustrator (၈) ယောက်ရဲ့ ဖန်တီးမှုနဲ့အတူ ချစ်စရာ ရုပ်ပြဇာတ်လမ်းနဲ့ သင်ခန်းစာယူစရာ ပုံပြင်လေးတွေကို ဖတ်ရှုရမှာပါ။
📖အသက် - ၆ နှစ်နဲ့ အထက် သားသားမီးမီးတို့အတွက် ဖတ်ရှုဖို့ အဆင်ပြေပြီး၊ (၆) နှစ်အောက် သားသားမီးမီးတို့အတွက်လည်း Bedtime Story အနေနဲ့ တင်ပြဖို့ သင့်လျော်ပါတယ်။
❣️သားသားမီးမီးတို့ရဲ့ Reading Journey မှာ fun ဖြစ်စေဖို့ အခုပဲ ဝယ်ယူနိုင်ပါပြီနော်။

📚✨ သားသားမီးမီးတို့ရဲ့ အင်္ဂလိပ်စာ ဖတ်စွမ်းရည်ကို 𝐉𝐮𝐦𝐩𝐬𝐭𝐚𝐫𝐭 လုပ်ပေးမယ့်- ❝𝐒𝐢𝐠𝐡𝐭 𝐖𝐨𝐫𝐝 𝐓𝐚𝐥𝐞𝐬 (𝟐𝟓 𝐁𝐨𝐨𝐤𝐬 𝐒𝐞𝐭)❞🚌ကျောင်းမတက်ခင...
02/09/2026

📚✨ သားသားမီးမီးတို့ရဲ့ အင်္ဂလိပ်စာ ဖတ်စွမ်းရည်ကို 𝐉𝐮𝐦𝐩𝐬𝐭𝐚𝐫𝐭 လုပ်ပေးမယ့်-
❝𝐒𝐢𝐠𝐡𝐭 𝐖𝐨𝐫𝐝 𝐓𝐚𝐥𝐞𝐬 (𝟐𝟓 𝐁𝐨𝐨𝐤𝐬 𝐒𝐞𝐭)❞
🚌ကျောင်းမတက်ခင်နဲ့ 𝐏𝐫𝐞-𝐊𝐆 ကတည်းက 𝐄𝐧𝐠𝐥𝐢𝐬𝐡 စကားလုံးအသစ်တွေကို သဘာဝကျကျနဲ့ အလွယ်တကူ မှတ်မိစေချင်တဲ့ မေမေ/ဖေဖေတို့အတွက် အထူးသင့်တော်တဲ့ ပုံပြင်စာအုပ်တွဲလေးပါ။
✅ကလေးတို့အတွက် မဖြစ်မနေ သိထားရမယ့် အသုံးများ 𝐒𝐢𝐠𝐡𝐭 𝐖𝐨𝐫𝐝 (𝟏𝟎𝟎) ကို စနစ်တကျ သင်ယူသွားနိုင်ပါတယ်။
📚ပုံပြင်စာအုပ်(𝟐𝟓) အုပ် ပါဝင်ပြီး စာအုပ်တစ်အုပ်စီမှာ 𝐊𝐞𝐲 𝐖𝐨𝐫𝐝𝐬 (𝟒)လုံးစီပါတဲ့ စိတ်ဝင်စားဖွယ် 𝐑𝐞𝐚𝐝-𝐀𝐥𝐨𝐮𝐝 𝐒𝐭𝐨𝐫𝐲 လေးတွေနဲ့ ဖန်တီးထားလို့ စကားလုံးဝေါဟာရတွေကို ကျက်စရာမလိုဘဲ အလိုလို မှတ်မိသွားစေပါတယ်။
📖 ပုံပြင်ဖတ်ရုံတင်မကဘဲ စကားလုံးတွေကို ပိုမိုစွဲမြဲစေမယ့် လေ့ကျင့်ခန်း ပျော်စရာ 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐲 လေးတွေလည်း ပါဝင်ပါတယ်။
📝မေမေဖေဖေတို့ ကိုယ်တိုင် အိမ်မှာ ထိထိရောက်ရောက် သင်ကြားပေးနိုင်ဖို့ သင်ခန်းစာများ၊ လေ့ကျင့်ရန် စာမျက်နှာများနှင့် ပြန်လည်ကူးယူအသုံးပြုနိုင်သည့် (𝐑𝐞𝐩𝐫𝐨𝐝𝐮𝐜𝐢𝐛𝐥𝐞) စာအုပ်ငယ်လေးများ ပါဝင်သည့် စာမျက်နှာ (𝟏𝟒𝟒) မျက်နှာပါ 𝐆𝐮𝐢𝐝𝐞 စာအုပ်အကြီး တစ်အုပ်လည်း ပါဝင်ပါတယ်။
📩ကလေးတို့ရဲ့ 𝐄𝐚𝐫𝐥𝐲 𝐑𝐞𝐚𝐝𝐢𝐧𝐠 𝐒𝐮𝐜𝐜𝐞𝐬𝐬 အတွက် 𝐒𝐢𝐠𝐡𝐭 𝐖𝐨𝐫𝐝 နဲ့ 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐲 တွေ ပြည့်ပြည့်စုံစုံပါဝင်တဲ့ 𝐁𝐨𝐨𝐤 𝐒𝐞𝐭 𝐒𝐞𝐭 လေးမို့ အခုပဲ မှာယူနိုင်ပါပြီ။ #𝗹𝗶𝘁𝘁𝗹𝗲𝘀𝘂𝗻𝘀𝗵𝗶𝗻𝗲𝗯𝗼𝗼𝗸𝘀𝘁𝗼𝗿𝗲 #𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻𝗮𝗹𝗕𝗼𝗼𝗸𝘀

Address

No. 390, Ground Floor, Thura Street. (9) Ward. South Okkalapa Township
Yangon

Alerts

Be the first to know and let us send you an email when Little Sunshine posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share