21/04/2022
ကျောက်ချဉ်ကို Deodorant အဖြစ်အသုံးပြုဖို့ စိတ်ချရရဲ့လား?
-ကျောက်ချဉ်ကို ဟိုးရှေးတုန်းကတည်းက ချွေးနံ့ထိန်းဆေး အဖြစ် ဘေးကင်းစွာ အသုံးပြုနိုင်သည့် သမိုင်းကြောင်းရှိတာကြောင့် စိတ်ချလက်ချအသုံးပြုလို့ရပါတယ်ရှင့်။
ကျောက်ချဉ်က ဘာကြောင့်ချွေးနံ့ထိန်းပေးတာလည်း?
-အနံ့ထွက်စေသော ဘက်တီးရီးယားများ ပွားများခြင်းမှ ကာကွယ်ပေးတာကြောင့် ချွေးနံ့ထွက်ခြင်းမှ တားဆီးပေးပါတယ်နော်။
ဒါဆို ချွေးပေါက်တွေကိုရော ပိတ်သွားစေလား?
-ချွေးဂလင်းများကို မပိတ်ဆို့စေဘဲ ချွေးအနံ့ကိုသာထိန်းပေးပြီး သဘာဝအတိုင်း ချွေးထွက်စေတာကြောင့် ချွေးထွက်များသူက ပုံမှန်တိုင်း ချွေးထွက်များနေမှာဖြစ်ပြီး ချွေးထွက်နည်းသူလေးတွေကလည်း ပုံမှန်တိုင်းဘဲ ချွေးထွက်နည်းနေမှာပါရှင်။
ကျောက်ချဉ်က sensitive skin တွေရော အသုံးပြုလို့ရလား?
-Wax လုပ်ပြီးတဲ့ နူးညံ့နေတဲ့အရေပြားအပြင် bikini area နဲ့ မျက်နှာကဲ့သို့ ထိခိုက်လွယ်တဲ့ နေရာတွေမှာတောင် အသုံးပြုလို့ရတာကြောင့် sensitive skin တွေလည်း စိတ်ချလက်ချအသုံးပြုလို့ရပါတယ်ရှင်၊နောက်ပြီး အနံ့မရှိတာကြောင့် ရေမွှေးနဲ့ ဓါတ်မတည့်တဲ့သူတွေအတွက်လည်း ကောင်းပါတယ်နော်။ဒါပေမယ့် ကျောက်ချဉ်နဲ့ မတည့်တဲ့သူတွေ အတွက်ကတော့ အသားရည်ပေါက်ပြဲတာ allergies ထတာတွေနဲ့ အသားရည် စပ်လာတာတွေ(shave လုပ်ပြီး အနာဖြစ်သွားတဲ့အပေါ်မှာ သုံးမိလို့ စပ်တာမျိုးကအနာပေါ်မို့ပါ မတည့်တာမဟုတ်ပါဘူးနော်)ဖြစ်တတ်တာကြောင့် အဲ့လို လက္ခဏာလေးတွေပြလာပြီဆိုရင်တော့ ဆက်ပြီး အသုံးမပြုဖို့ သတိလေးပေးပါရစေရှင်။
ကျောက်ချဉ်က ဂျိုင်းဖြူစေလား??
-ကျောက်ချဉ်က ဆဲလ်သေတွေကို ကျုံ့စေပြီး အရေပြားထဲက အဆီပိုတွေကို ဖယ်ရှားပေးတာကြောင့် အသားအရေကို ဖြူဝင်းလာစေပါတယ်။ဒါကြောင့် ဂျိုင်းသားဖွေးချင်တဲ့ သူတွေက ကျောက်ချဉ်မှုန့်ကို Rose Water or Toner နဲ့ ဖျော်ပြီး ဂျိုင်း Mask အဖြစ် အသုံးပြုကြပါတယ်။တစ်ချက်သတိပြုရမှာက Aluminum ပါဝင်တဲ့ Deodorant တွေ အကြာကြီး သုံးထားပြီး ချွေးပေါက်တွေ ပိတ်လွန်းနေတဲ့ အသားရည်တွေအနေနဲ့ကတော့ ကျောက်ချဉ်အခြေခံထားတဲ့ Natural Deodorant တွေ ပြောင်းလဲအသုံးပြုတဲ့အခါမှာ အာနိသင်ပြဖို့ 2-4ပတ် အထိ ကြာမြင့်တတ်ပါတယ်နော်။
ဒါဆို ကျောက်ချဉ်ကို Main Ingredients အဖြစ် အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ Kees Deodorant Spray လေးက အဆင်ပြေဆုံးပါဘဲရှင်ကျောက်ချဉ်အကြောင်းလေးအပြင် သဲလေးတို့ အမြဲမေးတဲ့ ဂျိုင်းသား ဖြူဖွေးစေတဲ့ အကြောင်းလေးကိုလည်း ထပ်ပြီး တင်ပေးပါအုံးမယ်နော် 😍😍