05/06/2026
“မူလရိုက်ထားတဲ့ ဇာတ်ကားတွေလောက် ဇာတ်လမ်း၊ဇာတ်အိမ် အားမကောင်းဘူးဆိုရင်တော့ ကျွန်တော်တို့ ရိုက်ချင်မှလည်း ရိုက်မယ်ပေါ့နော်။ အဓိကတော့ ဇာတ်လမ်းနဲ့ပဲ ဆိုင်ပါတယ်။ ကာရိုက်တာတွေ ဆိုတာကတော့ နောက်တစ်မျိုးတော့ ရှိကောင်းရှိလာနိုင်တယ် ဒါပေမယ့် ဇာတ်အိမ်၊ဇာတ်လမ်း ဖွဲ့စည်းမှုက နောက်တစ်ကားရိုက်ဖို့အတွက် လုံလောက်တယ်ဆိုရင်တော့ တစ်မျိုးပေါ့နော်။ ရိုက်တာတော့ ကျွန်တော်အစုံရိုက်ပါတယ်။ ဒါပေမယ့် ပရိသတ်ရဲ့trend ရယ်နဲ့ ဒီဇာတ်ကားအတွက် တကယ်လိုအပ်တဲ့ ပုံစံမျိုးကိုတော့ ဦးစားပေး ရိုက်နေပါတယ်။ကာရိုက်တာတွေ ပြန်လုပ်ခြင်း၊မလုပ်ခြင်းထက် ဒီဇာတ်လမ်းက ဘယ်လောက်ထိ ဆွဲဆောင်မှုရှိလည်းပေါ့၊ပရိသတ်အပေါ်မှာ ဘယ်လောက်ထိ အကျိုးပြုနိုင်မလဲ ဆိုတဲ့အပေါ်ပဲ မူတည်ပါတယ်။ ကျွန်တော်တို့ စီစဉ်ထားတဲ့ ဇာတ်လမ်းတွေလည်း ရှိပါတယ်။”
သရုပ်ဆောင် နေတိုးနှင့် တွေ့ဆုံမေးမြန်းခြင်း….
#နေတိုး