17/06/2026
Cotton အထည်တွေက သက်သောင့်သက်သာရှိပြီး ဝတ်ရတာ အရမ်း Comfortable ဖြစ်ပေ့မယ်
ထိန်းသိမ်းတဲ့နည်းလေးတွေ မမှန်တဲ့အခါမှာ အဟောင်းမြန်တတ်ကြပါတယ်
အဝတ်လျှော်တဲ့အခါ ရေအေးအေးလေးနဲ့လျှော်ပေးပါ ရေပူသုံးမိရင် အထည်ကကျုံတာမျိုးအရောင်ကျတတ်တာမျိုးလေးတွေဖြစ်တတ်ပါတယ်ရှင်
Cotton အထည်လေးတွေကို အဝတ်လျှော်စက်သုံးရင်တော့ Gentle Cycle ကို ရွေးချယ်လျှော်ပေးပါနော်
အပူချိန်မြင့်တဲ့အချိန်မှာ တိုက်ရိုက်မလှမ်းဘဲနဲ့အပူချိန်မှာအရမ်းမပြင်းတဲ့ အချိန်လေးမှာ လေရအောင် လှမ်းပေးပါ
ဒီနည်းလေးက cotton ရဲ့ Texture ကို ထိန်းသိမ်းပေးနိုင်ပြီးတော့ အထည်ကိုအဟောင်းမမြန်
အောင်လည်း ကူညီပေးပါတယ်ရှင်
ကိုယ့်ရဲ့ cotton အင်္ကျီလေးတွေကို အမြဲလှပနေအောင် ဒီလိုနည်းလမ်းလေးနဲ့ထိန်းသိမ်းဖို့ အကြံပြုလိုက်ပါတယ် သဲလေးတို့ရေ