U N L E S S

U N L E S S Unless is a Burmese Brand which products are meant to be Clothing Accessories.

Middle Age တုန်းက လူတွေဟာ Hood လို့ခေါ်တဲ့ Clothing Accessories တစ်မျိုးကို ယောကျာ်း၊မိန်းမ မရွေး တွင်တွင်ကျယ်ကျယ်ဝတ်ကြတ...
21/05/2023

Middle Age တုန်းက လူတွေဟာ Hood လို့ခေါ်တဲ့ Clothing Accessories တစ်မျိုးကို ယောကျာ်း၊မိန်းမ မရွေး တွင်တွင်ကျယ်ကျယ်ဝတ်ကြတဲ့ Style တစ်မျိုးဖြစ်ခဲ့ဖူးပါတယ်။ ဒါဟာ UNLESS Hood ဖြစ်လာရတဲ့အကြောင်းအရင်းပါပဲ။
အထူးသဖြင့် Hood ဆိုတဲ့အရာကို ပတ်ဝန်းကျင်ကနေ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့အတွက် အသုံးပြုခဲ့ကြပြီး နွေမိုးဆောင်းရာသီဥတုဒဏ်၊ အမှတ်မထင်တိုက်ခိုက်မှုတွေကနေ ကာကွယ်ဖို့ဖြစ်ပါတယ်။ ဒီလိုမျိုး Hood တွေကို Lower Class ကနေ Upper Class အထိ ဝတ်ဆင်ကြပြီး တိုက်ခိုက်ရေးသမားတွေကတော့ သတ္တုနဲ့ပြုလုပ်ထားတဲ့ Hood ကို ဓားရေးတိုက်ခိုက်မှုကနေ ကာကွယ်ဖို့ ဝတ်ဆင်ခဲ့ကြတာပါ။
လက်ရှိ UNLESS Hood ကတော့ တိုက်ခိုက်ရေးအတွက်ထုတ်ထားတာမဟုတ်ပေမယ့် စော်ကြည် ဘဲစေတဲ့ Fashion အနေနဲ့ ဝတ်လို့ရပါတယ် 🌚

ယခု ဖြစ်ပေါ်နေသော မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်တော့မည့်Mocha မုန်တိုင်းကိုရင်ဆိုင်ရာမှာမိဘပြည်သူအပေါင်း ဘေးကင်းလုံခြု...
13/05/2023

ယခု ဖြစ်ပေါ်နေသော
မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်တော့မည့်
Mocha မုန်တိုင်းကိုရင်ဆိုင်ရာမှာ

မိဘပြည်သူအပေါင်း ဘေးကင်းလုံခြုံပြီး
ရန်အပေါင်းမှ ကင်းဝေးပါစေ...

ရွာတဲ့မိုးက တစ်စက် နှစ်စက်ဖျော်လိုက်ရတဲ့ ကော်ဖီနဲ့ ဝတ်လိုက်ရတဲ့ Hoodie အထူကြီးတွေရန်ကုန်သားတွေများ အံ့ဩဘ...ရာသီဥတုတိုင်း...
11/05/2023

ရွာတဲ့မိုးက တစ်စက် နှစ်စက်
ဖျော်လိုက်ရတဲ့ ကော်ဖီနဲ့ ဝတ်လိုက်ရတဲ့ Hoodie အထူကြီးတွေ
ရန်ကုန်သားတွေများ အံ့ဩဘ...
ရာသီဥတုတိုင်းနဲ့ကိုက်ညီတဲ့ Hood ကိုသာ ၂၄ နာရီ၊ ၁၂ရာသီ ဝတ်ပြီးဂေါ်လိုက်စမ်းဘာာာာ...

Unless ရဲ့အချစ်ကလေးတွေရေဒီနှစ်ရဲ့အရမ်းပူတဲ့နွေရာသီကို ဘယ်လိုFashionတွေနဲ့ဖြတ်သန်းခဲ့လဲ။အရမ်းမိုက်တဲ့ Summer Vibe လား။အအေ...
10/05/2023

Unless ရဲ့အချစ်ကလေးတွေရေ
ဒီနှစ်ရဲ့အရမ်းပူတဲ့နွေရာသီကို ဘယ်လို
Fashionတွေနဲ့ဖြတ်သန်းခဲ့လဲ။

အရမ်းမိုက်တဲ့ Summer Vibe လား။
အအေးလွယ်တဲ့ စွပ်ကျယ်လား။
ပူလဲမမူတဲ့ Hoodie နဲ့သူလား။

Unless ကိုဖြေပေးသွားပါဦး🥳🤍

ဒီထက်ပိုပြီး Limit မရှိတဲ့Fashionတွေနဲ့
ဂေါ်ချင်ရင်တော့ Unless ရဲ့ Hood ခေါင်းစွပ်ကလေးနဲ့
Fashion တိုင်းကို ပေါင်းစပ်ပစ်လိုက်ပေါ့

Color option - [Black\White]
Price - [25,000 mmk]

လက်ရှိမှာတော့ 10% Promotion လေးရှိနေတော့
22,500 Mmk သာကျသင့်ပါမယ်ရှင့်🥳🤍

09/05/2023

Unless ရဲ့ "ဝတ်ဆံနှစ်လုံးပေါက် "ပါတဲ့ ချစ်သောလေးတွေကို
Hood လေး Giveaway ပေးဖို့ရွေးချယ်ရာမှာ
ကံထူးသွားတဲ့ ကံထူးရှင်လေးနှစ်ယောက်ကိုဖော်ပြပေးလိုက်ပါတယ်ရှင့်
မပေါက်တဲ့ ချစ်သောလေးတွေလဲစိတ်မပူနဲ့နော် ပါဝင်ကံစမ်းတဲ့ကိုကိုမမဦးဦးဒေါ်ဒေါ်တွေအကုန် Unless ရဲ့ Hoodလေးကိုဝယ်ယူချင်တယ်ဆိုရင်
10% Discount နဲ့ Discount ပေးထားပါတယ်ရှင့်🤍
https://bit.ly/3MaDJOf
Unless ရဲ့ Hood ဆိုတာ ဘယ်လိုFashionလဲသိချင်ရင်တော့ အောက်ကLinkလေးမှာဝင်ကြည့်လှည့်ပါ🤍
https://bit.ly/3BsLwB7

Yo Yo!!!အစက Giveaway ၂ ခုပဲဖောက်ပေးဖို့စဉ်းစားထားခဲ့ပေမယ့် ကျွန်တော်တို့ထင်ထားတဲ့ Comment အရေအတွက်ထက်များနေတာကြောင့် မပေ...
09/05/2023

Yo Yo!!!
အစက Giveaway ၂ ခုပဲဖောက်ပေးဖို့စဉ်းစားထားခဲ့ပေမယ့် ကျွန်တော်တို့ထင်ထားတဲ့ Comment အရေအတွက်ထက်များနေတာကြောင့် မပေါက်ခဲ့သူတွေကိုလည်း 10% Discount ပေးဖို့ စီစဉ်ထားပါတယ်။
10% Discount နဲ့ဝယ်ယူဖို့ဆိုရင်တော့ Giveaway Post အောက်မှာ မန့်ထားတဲ့ ကိုယ့် Comment ကို Chatbox မှာပြပြီး လာဝယ်ပါ။ မမန့်ရသေးဘူးဆိုရင် သွားမန့်ဖို့မမေ့နဲ့ဦး...
Love You Guyssss!

နာမည်မှာ ဘာပါရင် ဘာအလကားယူဆိုတာတွေ ပြီးသွားကြပြီလား...ပြီးသွားလည်းကိစ္စတော့မရှိပါဘူး။ အလကားဆိုတာကြီးကို မရလိုက်သူတွေအတွက...
07/05/2023

နာမည်မှာ ဘာပါရင် ဘာအလကားယူဆိုတာတွေ ပြီးသွားကြပြီလား...
ပြီးသွားလည်းကိစ္စတော့မရှိပါဘူး။ အလကားဆိုတာကြီးကို မရလိုက်သူတွေအတွက် UNLESS ရဲ့ Hood အလကားပေးမှာမို့ နာမည်မှာ ဝတ်ဆံနှစ်လုံးပေါက် ပါရင် Comment ထဲမှာ ကိုယ့်နာမည်ကို မန့်သွားလိုက်ပါ။
လာမယ့် (၉) ရက်နေ့မှာ Comment Picker နဲ့ မဲဖောက်ပေးမယ်နော်...

ဒိုင်ယာရီရဲ့ အဆုံးသတ်စာရွက်မှာမင်းနာမည်မပါခဲ့ဘူးဆိုရင်ဒိုင်ယာရီရဲ့ အဆုံးသတ်စာရွက်မှာမင်းနာမည်မပါခဲ့ဘူးဆိုရင်...............
21/04/2023

ဒိုင်ယာရီရဲ့ အဆုံးသတ်စာရွက်မှာ
မင်းနာမည်မပါခဲ့ဘူးဆိုရင်

ဒိုင်ယာရီရဲ့ အဆုံးသတ်စာရွက်မှာ
မင်းနာမည်မပါခဲ့ဘူးဆိုရင်............
ဇန်နဝါရီ ၆ရက်နေ့ ၂ဝ၁၉
ညနေ ၄နာရီ၅၇မိနစ်

ရေးနေတဲ့ဒိုင်ယာရီစာအုပ်ကို ကျွန်တော်
အဆုံးသတ်ပြီးပိတ်လိုက်တယ် ထူးတော့ထူးဆန်းတယ်
ကျွန်တော် ဒီ ဒိုင်ယာရီကိုဘာလို့ဆက်ရေးနေမိမှန်းမသိဘူး...

ဒိုင်ယာရီရေးတဲ့အကျင့်ကိုဘယ်သူသွင်းပေးခဲ့လဲ
ကျွန်တော်မမှတ်မိဘူး ကျွန်တော်မှတ်မိတာက
ဒိုင်ယာရီပေါ်မှာပထမဆုံးချရေးခဲ့မိတဲ့နာမည်လေးတစ်ခုပဲရှိတော့မယ်...

ဒီနာမည်ကိုပုံဖော်ဖို့အတွက် လွန်ခဲ့တဲ့နှစ်တွေဆီကဒိုင်ယာရီစာအုပ်အဟောင်းတစ်ခုရဲ့စာမျက်နှာကိုပြန်သွားရမယ် ဒီဇာတ်လမ်းမှာ
ကျွန်တော် ရယ် ခတ္တာ ဆိုတဲ့မိန်းကလေးရယ်
ဒိုင်ယာရီစာအုပ်တစ်အုပ်ရယ်ပါတာပေါ့...
............

၂ဝ၁၆ ခုနှစ် ဂျုလိုင်လ ၁၂ရက်နေ့ ညနေ
၄နာရီ၄၅မိနစ်

ကျွန်တော့်ဒိုင်ယာရီ စာမျက်နှာ ၆

ကျွန်တော် သောက်လက်စ လက်ဖက်ရည်ကိုဖြတ်ပြီး
ရေနွေးပူပူလောင်းထည့်လိုက်တယ်
စိတ်ထဲမှာအကြမ်းသွင်းထားတဲ့ ဝတ္တုတို ဇာတ်လမ်းတစ်ပုဒ်အတွက်ကောင်းမွန်တဲ့ ကုန်ကြမ်းရှာမယ်ဆိုတဲ့အတွေးနဲ့ပါပဲ

"ကို မြတ် တစ်ယောက်ထဲလား"

ကျွန်တော့်နာမည်ခေါ်သံကြားလို့မော့ကြည့်တော့
ရုံးဆင်းလာတဲ့ လမ်းထဲက ကလေးမလေး
နှုတ်ဆက်တာဖြစ်နေတယ်

"ကို မြတ်က အမြဲတစ်ယောက်ထဲပဲနော်
ဟိဟိ မစွံဘူးလား"

"ဟ အကိုက စာရေးဆရာဝါသနာပါတာ
ဒီနိုင်ငံမှာမဖြစ်ထွန်းမယ့် အရာကိုချစ်မိထားတဲ့လူကို ဘယ်သူကယုံယုံကြည်ကြည်ရွေးချယ်မလဲကွ"

သူ့ရဲ့ ခနဲ့တဲ့တဲ့ ကိုယ့်ကိုဟာသလုပ်တဲ့ပုံကို
ကိုယ့်ဘက်က ပြန်အရွှန်းဖောက်ပြီးပြန်နောက်လိုက်တယ်

"အဲ့လိုလဲ မဟုတ်ပါဘူးနော် ဒီက ကိုမြတ်ကို
သဘောကျနေတဲ့ကောင်မလေး ရှိနေကြောင်း
တကူးတကလာပြောပြတာ"

ကျွန်တော့်စိတ်ထဲတွေးလိုက်တာက
ဘုရားရေ ကျွန်တော့်လို ပုဆိုးတစ်ထည်ကို
လေးရက်လောက်လှည့်ဝတ်နေတဲ့ပုံဆိုးပန်းဆိုး
လူသားမျိုးကိုမှ သဘောကျမိတဲ့မိန်းကလေးရှိသေးတာလား သူဘယ်လောက်ရူးပါပေ့...

"ကိုမြတ် စိတ်ဝင်စားရင် သမီးမိတ်ဆက်ပေးမယ်လေ မမက အရမ်းလှတာနော်"

"ကျေးဇူးပါညီမလေးရေ အကို့လို မိန်းကလေးတစ်ယောက်ကို ဘာမှမဖြည့်ဆည်းနိုင်တဲ့လူက
ဘယ်အရာမှမမျှော်လင့်ချင်ပါဘူး တကယ်ကျေးဇူးပါ"

ဆိုပြီး ကျွန်တော်လှည့်ပတ်ပြီးငြင်းလိုက်တယ်
အရမ်းလဲ မယုံရဲဘူးဗျ တော်ကြာ ကျွန်တော်မကြိုက်တဲ့ပုံစံမျိုးဖြစ်နေမှပြေးရခက် ရှောင်ရခက်တွေဖြစ်ကုန်မှာ မသိတာပဲကောင်းပါတယ်ဗျာ
..........

၂ဝ၁၆ ခုနှစ် ဂျုလိုင်လ ၁၅ရက်နေ့
ညနေ ၄နာရီ ၃၆မိနစ်

ကျွန်တော့်ဒိုင်ယာရီ စာမျက်နှာ ၉

"အကို...ခတ္တာကို ဟိုနေ့ကမမိတ်ဆက်ချင်ဘူးငြင်းလိုက်တယ်ဆို"

ကျွန်တော်ညစာစားဖို့ ဟင်းဝယ်ပြီးအပြန်
လေသံခပ်စွာစွာလေးကြားလို့ သမင်လည်ပြန်
ခေါင်းကိုလှည့်ကြည့်လိုက်တော့ သူမ

"အကိုက ချေတယ်နော် ဒီက
အကိုနဲ့သူငယ်ချင်းဖြစ်ချင်လို့ကို..."

ကျွန်တော်မြင်ခဲ့တဲ့ပုံရိပ်အရတော့
သူမက အသက်၂၁ ၂၂ဝန်းကျင်လောက်
အကောင်သေးသေး မျက်ဝန်းကျဥ်းကျဥ်း
ရုတ်တရက်ကြည့်လိုက်ရင် နိုင်ငံခြားသူလို့
ထင်ရလောက်အောင် အသားဖြူတယ်
နောက်ပြီးသူ့ဆံပင်ကလဲ ဝါတောက်နေအောင်
ဆေးတွေတင်ထားသေးတာကိုဗျ...

"ညီမကဘယ်သူလဲဟင်...အကိုလဲတစ်ခါမှမမြင်.."

"ဟ ဘဲကြီးကလဲ ဟိုနေ့ကလဖေ့ရည်ဆိုင်မှာ
ခတ္တာ သူငယ်ချင်းကို မိတ်ဆက်ဖို့ပြောခိုင်းတယ်လေ...အကိုပဲငြင်းလွှတ်တာ"

အားပါး...ငါတော့ကင်းကိုဂေါ်ဇီလာလောက်ကိုက်ပြီဆိုပြီး လက်ထဲကအထုတ်တွေကိုရမ်းရင်း

"အာမဟုတ်ပါဘူး ညီမရာ အကိုက..."

"အကိုဘာမှထပ်မပြောနဲ့ ခတ္တာ အကို့ကိုသဘောကျတယ် အကိုခတ္တာနဲ့သူငယ်ချင်းဖြစ်သွားပြီ
ဒါပဲနော် တာတာ..."

ပြောချင်ရာပြောပြီးပြေးထွက်သွားတဲ့
ကလေးမကိုကြည့်ရင်း ကျွန်တော်လက်ထဲက
ကြက်ဥထုတ်ကိုတောင်မလွတ်ကျသွားအောင်
အံသြတကြီးကျန်ခဲ့ရတယ်...

တကယ် ဒီစကားဝိုင်းမှာကျွန်တော်
စကားတစ်ခွန်းမှတောင်မပြောခဲ့ရပါဘူးဗျ
ခက်ပ...သြော် ခတ္တာ ခတ္တာ...............

၂ဝ၁၆ခုနှစ် ဂျုလိုင်လ ၁၉ရက်နေ့
ညနေ ၄နာရီ၄၇မိနစ်

ကျွန်တော့် ဒိုင်ယာရီစာမျက်နှာ ၁၃

"အကို အကို...အခုတလောအကိုပျောက်နေတယ်နော် ခတ္တာ လိုက်ရှာနေတာ လက်ဆောင်ပေးချင်လို့လေ"

ဘုရားရေ ဒီအသံကြားရပြန်ပြီ
ကျွန်တော်ခေါင်းနပန်းကြီးသွားပြီး
သောက်နေတဲ့ရေနွေးကြမ်းကိုချ လှည့်ကြည့်လိုက်တော့ သူမှသူအစစ်

"ရော့အကို အကို့ကိုခတ္တာလက်ဆောင်ပေးချင်နေတာ ဒီမှာဒီမှာ..."

ကျစ်အောင်ထုတ်ထားတဲ့လက်ဆောင်ထုပ်လေးကို ကျွန်တော့်ဆီထိုးအပေးမှာ ထုပ်ပိုးထားတဲ့ပုံစံအရ ဒီလက်ဆောင်က
အင်္ကျီမဟုတ်ရင် ဘောင်းဘီ တစ်ခုခုဖြစ်မယ်ဆိုတာ ကျွန်တော်မှန်းရဲတယ်...

"အကို အကိုက Social media မသုံးတော့
ခတ္တာက အကို့ကိုစကားလဲပြောမရ အဲ့တော့
အသိတွေကနေပဲ အကိုဘာကြိုက်တက်လဲမေးပြီး
ဝယ်ရတာ ခတ္တာကိုခင်တယ်ဆိုယူရမယ်နော်...
နော် နော် နော်လို့"

ပြောချင်တာတွေပြောပြီး ပေးချင်တာတွေလာပေးနေတဲ့ ကလေးမကိုအဲ့အချိန်ကျွန်တော်တွေးမိတာက ဒီချာတိတ်တော်တော်ရဲတင်းတာပဲဆိုတာပဲ

"ညီမ အကိုလေ..."

"အာ...အကိုညီမမေ့နေတာ အိမ်မှာမီးဖိုကြီးဖွင့်ခဲ့တာပဲ အကိုရေဆောရီးဆောရီး ပြေးရဦးမယ်"

ဟင်...မနက်ထဲကရုံးသွားနေတဲ့လူက
အခုမှမီးဖိုဖွင့်ခဲ့တာသတိရတယ်ဆိုပြီးထွက်ပြေးသွားပြန်ပြီ ကျွန်တော့်ကို သူပြောချင်ရာပြောပြီး လှိမ့်သွားပြန်ပြီ အခုလဖေ့ရည်ဆိုင်မှာကျွန်တော်
တစ်ယောက်ထဲ လက်ဆောင်ထုတ်တစ်ထုတ်နဲ့
တစ်ဆိုင်လုံးကလဲ ဝိုင်းကြည့်နေတာ...
ရှက်လာပြီဗျာ နောက်နေ့မှဆက်ရေးတော့မယ်
..............

၂ဝ၁၆ခုနှစ် ဂျုလိုင်လ ၂ဝရက်နေ့
ညနေ ၄နာရီ၂၂မိနစ်

ဒီနေ့တော့ကျွန်တော်သူမကိုစောင့်ဖမ်းရမယ့်အလှည့် အရင်နေ့က ပြောချင်ရာပြောပြီး လစ်သွားတဲ့
သူ့ကို ကျွန်တော့်ဘက်ကပြန်ပြီးပညာပြရမယ်
အခုက သူရုံးပြန်တဲ့လမ်းကိုအစောကြီးလာစောင့်နေတာလေ ဒီကလေးမ မိရင်တော့လား
ဟိုနေ့ကလက်ဆောင်ကိုပြန်ပေးပြီး ကောင်းကောင်းဆူရမယ်

"အကို ဒီမှာဘာလုပ်...ခတ္တာကိုစောင့်နေတာလား"

အနောက်ကနေထွက်လာတဲ့အသံကြောင့်
ဆွေ၇ဆက် မျိုး၇ဆက်ပါမေ့ပြီးကျွန်တော်
အလန့်တကြားလှည့်အကြည့်

"ဟဲ့ နင် နင်ဒီမှာဘာလုပ်နေတာလဲ ရုံးမဆင်းသေးဘူးလေ"

"အယ် ဒီနေ့ ခတ္တာကရုံးမှမသွားတာ
ဒီနေ့ ခတ္တာပိတ်ရက်လေ..."

"ပိတ်ရက် ဟုတ်လို့လား ညည်းကဘာလို့
သောကြာနေ့ကြီးပိတ်တာတုန်း"

"ဘဲကြီးကလဲ ခတ္တာက သောကြာရယ်
ဗုဒ္ဓဟူးရယ်ပိတ်တာ ခုတောင်အိမ်နဲ့ရုံးက
မျက်စောင်းထိုးမို့ မုန့်ဆင်းစားရင်း
အကို ရုံးကိုချောင်းနေတာမြင်လို့
ဒါနဲ့ဘာလုပ်ဖို့တုန်း"

"အော် ညီမ ဟိုနေ့က အကို့ကိုလက်ဆောင်ပေးတာလေ အကိုမယူနိုင်လို့ ဒီမှာ...
နောက်ပြီးအကို့ကို အဲ့လိုပြောချင်ရာပြောပြီး
ထားမသွားပါနဲ့ အကိုမကြိုက်ဘူး"

ကျွန်တော့်စကားအဆုံးသတ်တော့
သူ့မျက်ရည်လေးတွေဝဲချင်သွားလို့ မျက်တောင်
လေးတွေခပ်လိုက်တာကျွန်တော်ရိပ်မိတယ်
ကျွန်တော်စကားများလွန်သွားလား...

"အကို ခတ္တာကို မခင်ချင်လဲရပါတယ်
ခတ္တာက အကိုနဲ့သူငယ်ချင်းဖြစ်ချင်ရုံပါ
အကိုမကြိုက်ရင် ခတ္တာမပေးတော့ဘူးနော်
အခုလက်ဆောင်လေးတော့ပြန်မပေးပါနဲ့"

သူ့ရဲ့ငိုသံဝဲဝဲနဲ့လေသံကို ထိန်းပြီး
အသံတုန်နေတာကိုမရိပ်မိအောင်ပြောလိုက်တဲ့
လေသံလေးမှာကျွန်တော်အတော်အားနာသွားတယ်

"အင်း...မင်းကအခုဘယ်သွားမလို့လဲ
အကိုလိုက်ပို့မယ်လေ သူငယ်ချင်းက
လက်ဆောင်ပေးထားတော့ အကိုကမုန့်ပြန်ကျွေးရမှာပေါ့"

"အယ်...တကယ်လား တကယ်လား
ခတ္တာနဲ့အကိုအခုဒိတ်တော့မှာပေါ့နော် ဟီးဟီး
သွားမယ်သွားမယ် မြန်မြန်"

ဆိုပြီး ကျွန်တော့်လက်မောင်းကိုလှစ်ခနဲ
လှမ်းဆွဲလို့ကျွန်တော်လဲ သူဦးဆောင်တဲ့နောက်ကို
ခြေနှစ်စုံအောက်က ဖိနပ်တစ်ရံလို
ဝှစ်ခနဲကပ်ပြီးပါသွားတော့တာပဲ....

အဲ့နေ့က ခတ္တာနဲ့ကျွန်တော်
ရခိုင်မုန့်တီသောက်ဖြစ်တယ် သူမကတော့
ကျွန်တော့်ကိုအကွက်တွေပြတော့တာပဲ
ရခိုင်မုန့်တီကို ငရုပ်သီးတွေ ပြွတ်သိပ်ထည့်ပြီး
တဇွန်းစားတယ် စပ်လို့တဲ့ ကျွန်တော့်ကိုထိုးကျွေးပြီး ရီတော့တာပဲ

ရီဆို ကျွန်တော်ကအစပ်မှမစားနိုင်ပဲ
ဖရဲသီးကိုအခွံချွတ်ပြီး ရေနွေးပူနဲ့မြိုက်နေသလို
မျက်နာက နီရဲပြီးချွေးတွေကျနေတာ...

အဲ့ညလဲ ကျွန်တော်ဝမ်းတွေသွားတော့တာပါပဲဗျာ...

၂ဝ၁၆ခုနှစ် ဂျုလိုင်လ ၂၂ရက်နေ့
ညနေ ၅နာရီ ၇မိနစ်

ကျွန်တော် ဝမ်းတွေသွားနေတာ တော်တော်နဲ့
မသက်သာဘူး အပြင်လဲမသွားနိုင်
တစ်ယောက်ထဲနေတဲ့သူဆိုတော့ ဘော်ဒါတစ်ကောင်ဖြစ်တဲ့ ပိစိ ကိုအိမ်ခေါ်ပြီးစောင့်ခိုင်းရတယ်

ပိစိ ဆိုပေမယ့်သူက အကောင်အကြီးကြီးရယ်
ငယ်ငယ်က ဘော်ဒါတွေကျောင်းမှာအိမ်သာတက်တုန်း ဒီကောင့်ငယ်ပါကို တစ်ယောက်ကမြင်ပြီး ဝိုင်းလှောင်ရင်းနဲ့ အဲ့နာမည်ကအခုထိပါလာတာပဲ နာမည်အရင်းက ထက်ထူးအောင် တဲ့

ပိစိက ကျွန်တော့်ကိုဆေးဝယ်ပေးတာတို့
ဆရာခေါ်ပေးတာတို့လုပ်တယ် သူကနဂိုထဲကမှ
သူ့အိမ်ပိုင် လဖေ့ရည်ဆိုင်မှာ လက်ယားလက်ယား
နေတော့ ဒီမှာကျွန်တော့်ကိုလွတ်လွတ်လပ်လပ်
ကူညီပေးနေနိုင်တာပေါ့...

"မြတ်ကျော်ရာ မင်းဗိုက်ကလဲ လွန်ပါတယ်
ရခိုင်မုန့်တီတပွဲနဲ့ ချီးပန်းရတယ်လို့ သိက္ခာကျတယ် ပန်းကျော် လို့သာနာမည်ပြောင်းလိုက်တော့
ငါ့အသိ သတင်းတိုက်ရှိတယ် ငါနာမည်ပြောင်းကြေညာစာထည့်ဖို့ပြောပေးမယ်ကွာ"

ဒီကောင့်ရဲ့ စိတ်ပျက်သလိုလို မျက်ခွက်ပြောင်သလိုလိုမရီရတဲ့ဟာသတွေကို ကျွန်တော့်မှာပြန်ချေပစရာ စကားတွေစဥ်းစားလို့မရတော့ပါဘူး...

"ပိစိ ထက်ထူး ထက်ထူး ပိစိ အိမ်သာ အိမ်သာ"

"ဟ ဟကောင် ငါကမင်းကိုအိမ်သာထဲပါတွဲသယ်ရဦးမှာလား ကိုယ့်ဘာကိုယ်သွားလေ မင်းထိုင်နေတဲ့နေရာက အိမ်သာနဲ့ခြေလှမ်းတောင်ရနေပြီ"

သူပြောမှဟုတ်သား ဗိုက်ရစ်နေတာပဲသိတယ်
ကျန်တာဘာမှမသိခဲ့ပါဘူးဗျာ...
အဲ့လိုနဲ့ ကျွန်တော် အိမ်သာထဲမှာငရဲကျနေတုန်း
အပြင်အိမ်ဝက လူခေါ်ခေါင်းလောင်းသံလေးနဲ့အတူမိန်းကလေးတစ်ယောက်အသံလေးထပ်တူပါလာတယ်....

"ကိုမြတ်ရှိလား ကိုမြတ်"

သေချာပြီ ဒါဟိုမယ်မင်းကြီးမ ခတ္တာပဲ
ငါ့ကိုဝမ်းလျှောအောင်လုပ်ရတာအားမရလို့
ဝမ်းပါချုပေးမလို့ထင်တယ်....
ဘယ်လိုဖြစ်ဖြစ် ငါအခုလိုမျက်တွင်းဟောက်ပက်နဲ့ ၇ရက်လောက်ထမင်းမစားရသေးသလိုရုပ်ဖြစ်နေတာကိုတော့ သူမြင်လို့မရဘူး....
မယ်မင်းကြီးမက အောင်နိုင်သူကြီးလို
ပြုံးပြုံးကြီးကြည့်ရင် ငါတော့အရှက်ကွဲရချေရဲ့

"ပိစိ သားကြီး ငါမရှိဘူးပြောပေးစမ်းပါကွာ..."

"အာ နောက်ကျသွားပြီ ယောက်ဖရဲ့
မင်းဆရာမက အိမ်ခန်းထဲတက်ထိုင်နေပြီ"

သေပြီ သေပြီဆရာပဲ *င်ဝက အညစ်အကြေးတောင် အထဲကိုဒိုင်ဗင်ပြန်ပစ်သွားတယ်။
တတိယကမ္ဘာစစ်ကိုဘယ်လိုတိုက်ရမလဲဆိုတဲ့
ဗျုဟာစဥ်းစားရသလောက်ကိုကျပ်သွားတာ....

အဲ့တာနဲ့ ကျွန်တော်လဲကိစ္စဖြတ်ပြီး
ဖြစ်ချင်ရာဖြစ် ဘုရင့်နောင်ဖောင်ဖြတ်
ပြန်ဆုတ်စရာမရှိတော့ဘူးဆိုပြီး

ပုဆိုးကိုတင်းတင်းဝတ် အိမ်သာထဲကထွက်လိုက်တယ်

ထွက်ထွက်ခြင်းပဲ အိမ်သာဝမှာကျွန်တော်
အားပြတ်ပြီးလဲကျတော့တာပဲ...
(ဝုန်း) ဆိုတဲ့ကျွန်တော် စားပွဲကိုတိုက်ပြီး
လဲကျတဲ့အသံကြားတော့ လူနှစ်ယောက်အပြေးလာကြည့်ကြတယ်

"ဟကောင် မြတ်ကျော် မြတ်ကျော် ရရဲ့လား
ဟ ထ ထပါဦး"

"ကို ကို...ကိုမြတ် လုပ်လုပ်ကြပါဦး ကိုထက်ထူး
မ မ ဆေးရုံ ဆေးရုံ..."

ဆိုပြီးပြာယာခတ်နေတဲ့အသံတွေကြားမှာ
ကျွန်တော်လဲ လောကကြီးနဲ့အဆက်ပြတ်သွားတော့တယ်....
မကြားဖူးပါဘူးဗျာ ရခိုင်မုန့်တီကြောင့်
ချီးပန်းပြီးဆေးရုံရောက်ရတယ်လို့...
....................

၂ဝ၁၆ခုနှစ် ဂျုလိုင်လ ၂၄ရက်နေ့
ည ၉နာရီ ၁၂မိနစ်

ကျွန်တော်မနေ့က ဒိုင်ယာရီမရေးဖြစ်ဘူး
ဒီနေ့တော့အချိန်ရတုန်းရေးလိုက်တယ်
ဆေးရုံမှာဆေးသွင်း ဆေးပေးနဲ့
သက်တော့သက်သာသွားပါတယ်

ဆေးရုံစရိတ်တွေအားလုံး ခတ္တာပဲရှင်းသွားတာ
သူကတော့ သူ့ပယောဂမကင်းလို့ လုပ်ပေးတာပါလို့ ပြောပေမယ့်အားနာလိုက်တာဗျာ
ပြောမယ့်သာပြောတာ ကလေးမက ကျွန်တော်ဖြစ်တော့ ပြာယာကိုခက်သွားတာတဲ့ ပိစိပြန်ပြောပြတယ်

ဒီညတော့ သူ့အကြောင်းပဲတွေးမိနေတယ်
အိပ်မရဘူး သူတော့ဘယ်လိုနေမလဲမသိပေမယ့်
ကျွန်တော့်စိတ်ထဲမှာတော့ ခတ္တာဆိုတဲ့
ကလေးမလေးကိုနေရာပေးလာမိတာအမှန်ပါပဲ...
...............

၂ဝ၁၆ ခုနှစ် ဂျုလိုင်လ ၂၉ရက်
နေ့လည် ၂နာရီ ၃၅မိနစ်

"ကိုမြတ်ကျော် ဘဲကြီးရေ ကိုမြတ် ကိုမြတ်"

အသံခပ်အက်အက်နဲ့ မိန်းကလေးအသံရယ်
ခေါင်းလောင်းကိုအဆက်မပြတ်ခေါက်နေတဲ့
အသံတွေကြောင့် ရေးလက်စဝတ္ထုတိုကိုဖြတ်ပြီး
ကျွန်တော်အိမ်ပြင်ထွက်တော့ ခတ္တာ

"ကိုကိုမြတ် ဟီး ခတ္တာ ဟိုနေ့ကကိုမြတ်သက်သာလား လူနာလာမေးဖို့ ရုံးအလုပ်တွေကမပြတ်တာနဲ့ ဒီနေ့မှထွက်လာဖြစ်တယ် ကိုမြတ်အားရင်
ခတ္တာနဲ့ ခဏလောက်မုန့်လိုက်စားပါလား
ခတ္တာ အပြစ်တွေကိုချေချင်လို့ပါ...ဟိ"

"လာတောင်းပန်တဲ့လူရဲ့ရုပ်ကလဲ ဖြီးနေတာပဲနော်
ဘာလဲ ကျုပ်ကိုအစပ်တွေထပ်ကျွေးဦးမလို့လား"

"မဟုတ်ပါဘူးနော် ကိုမြတ်ကလဲ ခတ္တာက
ကိုမြတ်နဲ့ ကော်ဖီတူတူသောက်ပြီး ကိုမြတ်အကြောင်းလေးတွေမေးချင်လို့ပါ လိုက်ခဲ့ပါနော်နော်....ကိုမြတ်မလိုက်ရင်ခတ္တာမပြန်ဘူး"

မလိုက်ရင် အပေါက်ဝမှာတဲထိုးပြီး ညအိပ်စောင့်မယ့် မယ်မင်းကြီးမကို ကိုင်တွယ်ဖို့
ကျွန်တော်အိမ်ထဲဝင်ပြီး ရှပ်အင်္ကျီအဖြူတစ်ထည်နဲ့ စတိုင်ပန်ဘောင်းဘီတစ်ထည်ကိုခပ်သန့်သန့်ဝတ်ဆင်လိုက်တယ် မျက်နှာလေးဘာလေးသစ်ပြီးထွက်လာတော့

"အားပါးပါး ဘဲကြီးကမိုက်နေရောဟေ့
ဒီပုံစံအတိုင်းဆို ခတ္တာတို့တော့ ပြိုင်ဘက်တွေပေါတော့မှာပဲ"

အရွှမ်းဖောက်နေတဲ့ မယ်မင်းကြီးမကိုကျွန်တော်
မျက်စပစ်ရင်း

"တယ်...အကိုက အချစ်ရေးကိစ္စမှာစိတ်မဝင်စားလို့ တစ်ယောက်ထဲနေတာကြာပြီ အကို့ကိုလဲ
ဘယ်သူ့မှစိတ်မဝင်စားဘူး အကိုကစာရေးဆရာပါ မင်းမေ့နေပြီလား"

"စာရေးဆရာကဘာဖြစ်လို့လဲ...အခုစိတ်ဝင်စားမယ့်လူတစ်ယောက်ရှိပြီလို့သတ်မှတ်လိုက် လာလာဘဲကြီး ပန်းဆိုးတန်းက ကော်ဖီဆိုင်လေးအရမ်းကောင်းတယ် ခတ္တာအမြဲသွားချင်နေတာ မြန်မြန်လာ..."

အမလေး ရဲတင်းလိုက်တဲ့အမျိုးသမီးရယ်
အရပ်ကတို့ရေ ဒီပုံစံတိုင်းဆို မြတ်ကျော်တို့
ဘဝတော့ရေတိမ်တင်မကဘူး ပင်လယ်ကြီးထဲပါ
အဆုံးထိမြုပ်တော့မှာပဲ....

အဲ့လိုနဲ့ မြတ်ကျော်နဲ့ ခတ္တာတို့တော့
မြေနီကုန်း စမ်းချောင်းဘက်က ဒဂုံစင်တာအရှေ့
ကော်ဖီဆိုင်လေးတစ်ဆိုင်ကိုရောက်သွားကြလေရဲ့ပေါ့.....

"ကိုမြတ် ဘာသောက်မှာလဲ
ခတ္တာတော့ ဘလက်ခ်ကော်ဖီပဲသောက်တော့မယ်"

"အကိုကတော့ အိတ်စ်ပရက်စ်ဆို တစ်ခွက်
ရေခဲလျှော့ထည့်ပေးနော် ညီလေး"

ကျွန်တော့်ရဲ့အော်ဒါကို ကော်ဖီဆိုင်ကညီလေး
လက်ခံပြီးတော့ ကျွန်တော်တို့ကို ကော်ဖီဆိုင်ရဲ့
အပေါ်ထပ်ထောင့်စွန်းဝိုင်းက နေရာလေးတစ်နေရာကို ပို့ပေးလေရဲ့

ခတ္တာ မယ်မင်းကြီးမတော့ ဖြီးနေတာပဲ....
ပါးစပ်ကလဲပိတ်တယ်ရယ်မရှိ သူ့ရဲ့ဖြစ်ချင်တာတွေ အိမ်မက်တွေကိုတစ်ခုပြီးတစ်ခုပြောပြနေလေရဲ့ ထူးတော့ထူးဆန်းတယ်

ခတ္တာက ဖတဆိုးသမီးလေး ခေတ်စကားအရဆို
အဖေတစ်ခု သမီးတစ်ခုပေါ့လေ
သူကပေါ်တူဂီကိုအရမ်းသွားချင်တာ
သူစကားပြောတိုင်း ပေါ်တူဂီနိုင်ငံကိုအမြဲထည့်ပြောလေ့ရှိတယ်

"ကိုမြတ်သိလား ခတ္တာကဝိုင်သောက်ရတာကြိုက်တယ် ပေါ်တူဂီကဝိုင်လေးတွေအရမ်းမြည်းချင်တာ"

"ကိုမြတ် ကိုမြတ် ပရိုင်ယာဒါမာရီယာဆိုတဲ့ကမ်းခြေရှိတယ် ခတ္တာ မဂ္ဂဇင်းတစ်ခုမှာဖတ်ကြည့်တာ
ရေတွေကပြာလဲ့နေပြီး ကျောက်တောင်တွေကလဲ
အရမ်းကိုလှတာပဲ"

"ကိုမြတ်သိလား စီရော်လ်နယ်ဒိုကလဲ
ပေါ်တူဂီကပဲလေ"

ဆရာမလေးနဲ့ နှစ်နာရီလောက်ထိုင်တဲ့
ကော်ဖီဒိတ်ကလေးမှာ ဆရာမလေးရဲ့ပေါ်တူဂီကို
အလည်အပတ်သွားချင်တဲ့စိတ်ကူးလေးကို
အတိုင်းသားမြင်ရတယ်

"ကိုမြတ် ကိုမြတ်ကော ဒီကနေထွက်သွားရမယ်ဆို ဘယ်ကိုသွားချင်လဲ"

"ကိုမြတ်ကလား...ကိုမြတ်ကတော့
ခရီးထွက်ရမယ်ဆိုရင်ခြေဦးပေါက်ရာထွက်ချင်တယ် လူတွေရဲ့ဘဝဇာတ်ကြောင်းတွေကို
လေ့လာချင်တယ်...အဲ့တာတွေကအကောင်းဆုံး
ဝတ္ထုကုန်ကြမ်းတွေပဲလေ"

"ဟီး စာရေးဆရာကတော့ စာရေးဆရာလေသံနဲ့ပဲနော်"

နှစ်ယောက်စလုံး ခပ်ဖွဖွလေးရီမိကြပြီး
ဂျုလိုင်လ ၂၉ရက်နေ့ ညနေငါးနာရီ
မြေနီကုန်း ရဲ့ ကော်ဖီဆိုင်လေးတစ်ဆိုင်မှာ
ခတ္တာဆိုတဲ့ကောင်မလေးနဲ့ ကျွန်တော်
အလှအပဆုံးညနေလေးကိုဖြတ်သန်းဖြစ်ခဲ့တယ်...

"ကဲ ခတ္တာ အကိုတို့ပြန်တာပေါ့ အချိန်လဲလင့်နေပြီလေ"

ခတ္တာကို သတိပေးရင်ကျွန်တော် ကော်ဖီဆိုင်က
ညီလေးကို ဘေလ်ရှင်းဖို့တောင်းလိုက်တယ်

"ခတ္တာ အကိုဒီတစ်ခါ ကော်ဖီတိုက်မယ်နော်...
ဟိုနေ့က ဆေးရုံပို့ပေးတဲ့ ကိစ္စအတွက် ကျေးဇူးတင်လို့ပါ"

"အာ အကို မလိုပါဘူး မလုပ်ပါနဲ့ ခတ္တာအားနာ..."

"ဘာ အားနာရမှာလဲ တိတ် လာအခုပြန်မယ်"

ရာဇသံပေးလိုက်တော့ ကလေးမရုပ် ဖြီးထွက်သွားတယ် ကျွန်တော်တို့ပြန်တော့ ကောင်းကင်ကြီးကမဲလို့ မိုးတွေသည်းနေပြီ

"ဟာ ခတ္တာ အကိုတို့အပေါ်ထပ်မှာမို့
မိုးတွေရွာနေတာမသိလိုက်ဘူး ထီးလဲမပါဘူး
ဒုက္ခပဲ"

ကျွန်တော်စိတ်ပူပြီးမျက်နှာပျက်သွားတော့
ခတ္တာကချက်ခြင်း

"ဟယ် မိုးတွေရွာနေတာလား အတော်ပဲ
ခတ္တာကမိုးရေထဲလမ်းလျှောက်ချင်နေတာ
ကိုမြတ်လဲ အတူလျှောက်ပါလား ပြီးမှ
ကားငှားပြီးအတူတူအိမ်ပြန်ကြမယ်လေ"

"အော် ကလေးမရယ်အကယ်လို့ ဖျားကုန်ရင်
မင်းမနက်ဖြန်ရုံးမသွားနိုင်ပဲနေမှာပေါ့"

"အကိုက ခတ္တာကိုအထင်သေးတာလား
ဒီက တော်ရုံနေမကောင်းမဖြစ်တဲ့ ဒေါင်ဒေါင်မြည်
မိန်းမကြမ်းကြီးပါကွ ဟားဟားဟား"

လုပ်ယူထားတဲ့ လေသံသြသြနဲ့ ချစ်ဖို့ကောင်းတဲ့
ရွှေအိုရောင်ဆံသားနဲ့ ပိန်ပိန်သွယ်သွယ် မျက်မှေးလေးကို အသည်းယားလာတာနဲ့ ကျွန်တော်လဲ
မျက်နှာချက်ခြင်းလွှဲလိုက်ပြီး

"ကဲ လာ ခတ္တာဖုန်းကို ဆိုင်ကကြွပ်ကြွပ်အိတ်
သုံးအိတ်လောက်တောင်းပြီး ပိတ်လိုက်မယ်
အကို့ကိုပေးထား သွားကြမယ်"

"ယေးးးးး"

ကလေးလေးတစ်ယောက်လိုပျော်နေတဲ့ ခတ္တာနဲ့
ကျွန်တော် ချုန်းချုန်းကျနေတဲ့ မိုးမဲတွေထဲ
စမ်းချောင်းတစ်လျှောက်ကနေ
ရွှေဂုံတိုင်အထိ လမ်းလျှောက်ကြတယ်....

"ခတ္တာ အကို့ကိုဘာလို့သဘောကျတာလဲ"

"ဗျာ...မကြားရဘူး"

"ခတ္တာ အကို့ကိုဘာလို့သဘောကျတာလဲ"

လေသံမြှင့်ပြောလိုက်တဲ့ကျွန်တော့်စကားကို
သူမကြားလိုက်တဲ့ဟန်နဲ့ သွားကိုအကုန်မြင်ရအောင်ဖြီးပြီး

"အကိုက ခတ္တာဘက်ကတစ်ခါရပ်တည်ဖူးတယ်လေ"

"ဘာကိုပြောတာလဲ အကိုနားမလည်ဘူး"

ကျွန်တော်တို့စကားဝိုင်းက မိုးခြိမ်းသံတွေ
ဘက်စ်ကားဟွန်းသံတွေကြားမှာ ငြိမ်ဝတ်
ပျက်ပြားနေချိန် ခတ္တာက ကျွန်တော့်လက်ကို
ဆွဲပြီး မှတ်တိုင်အောက်ခေါ်သွားတယ်

"အကိုမှတ်မိလား ၂ဝ၁၅ သင်္ကြန်အကျနေ့မှာ
ခတ္တာ နဲ့ အကိုဆုံဖူးတယ် ခတ္တာ ရုတ်တရက်
ဓမ္မတာလာတော့ အကိုပဲအပေါ်အင်္ကျီကိုချွတ်ပေးပြီး ခတ္တာကိုကြည့်နေတဲ့မျက်လုံးတွေကိုကာကွယ်ပေးခဲ့တာလေ....အဲ့တုန်းက အကိုပဲ မင်းတို့ကောမဖြစ်ဖူးဘူးလား မင်းတို့နှမတွေ အမေတွေကော မဖြစ်ဖူးဘူးလားဆိုပြီး အကို့သူငယ်ချင်းတွေရဲ့အကြည့်တွေကနေတောင် ခတ္တာကို ကာကွယ်ပေးခဲ့တယ်"

"အကို မမှတ်မိဘူး ခတ္တာ"

ကျွန်တော့်ရဲ့ အော်သံကြားမှာ ခတ္တာ ရီပြပြီး

"အရေးမကြီးပါဘူး...........
ခတ္တာအနားမှာ အကို
အခုရှိနေပြီပဲ"

လို့ပြောပြီး ဇတ်ကနဲ ကျွန်တော့်နှုတ်ခမ်းကို
ခတ္တာဆွဲနမ်းလိုက်တယ်....
မိုးသည်းထဲက လူမရှိတဲ့မှတ်တိုင်အောက်မှာ
ရန်ကုန်မြို့ရဲ့မီးရောင်ပြပြ....
တက်ခ်စီ တွေရဲ့ ကျွန်တော်တို့ကို နောက်ပြီး
ဟွန်းတီးသွားတဲ့အသံတွေရဲ့အလယ်မှာ...
ကျွန်တော့် ရင်ထဲ ခတ္တာရဲ့အထိအတွေ့တွေ
ဗလောင်ဆူသွားခဲ့တယ်....

ရူးစမ်း ဒိုင်ယာရီရေ
မြတ်ကျော်တစ်ယောက် ထပ်ချစ်မိခဲ့ပြန်ပြီ...............................

အမည်းရောင်ဟာ အပူကိုစုပ်ယူတယ်။အဖြူရောင်ကတော့ အပူဒဏ်ကိုတွန်းထုတ်ပေးတယ်။ ရန်ကုန်နွေဟာ ပိုပူနေပြီဆိုရင်တော့ အပြင်သွားတိုင်း ...
29/03/2023

အမည်းရောင်ဟာ အပူကိုစုပ်ယူတယ်။
အဖြူရောင်ကတော့ အပူဒဏ်ကိုတွန်းထုတ်ပေးတယ်။
ရန်ကုန်နွေဟာ ပိုပူနေပြီဆိုရင်တော့
အပြင်သွားတိုင်း Hood အဖြူလေးကို
သယ်သွားဖို့ မမေ့နဲ့နော်…

22/03/2023

Check this out🔥

Hood ဝတ်ပြီး အပူရှောင်မယ့် ရန်ကုန်သားတွေအတွက် Cash on Deli ရပါပြီဗျ။ ဝယ်ယူမယ်ဆိုရင်တော့ နာမည်၊ ဖုန်းနံပါတ်၊ ဝယ်ယူလိုတဲ့အ...
14/03/2023

Hood ဝတ်ပြီး အပူရှောင်မယ့် ရန်ကုန်သားတွေအတွက် Cash on Deli ရပါပြီဗျ။
ဝယ်ယူမယ်ဆိုရင်တော့ နာမည်၊ ဖုန်းနံပါတ်၊ ဝယ်ယူလိုတဲ့အရောင် နဲ့ အရေအတွက်၊ လိပ်စာအပြည့်အစုံကို Chatbox မှာပေးပို့ပြီး ဝယ်ယူနိုင်ပါတယ်။ နယ် Customer များကတော့ ငွေလွှဲပြီး ၃ရက်အတွင်း ပို့ဆောင်ပေးသွားမှာပါ။
Price - 25,000 mmk
Color Options - Black, White
မြို့တွင်း(CoD)၊ နယ်ဝေး ပို့ဆောင်ပေးနေပါသည်။

Address

Tamwe
Yangon
11211

Alerts

Be the first to know and let us send you an email when U N L E S S posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share