14/05/2026
လစ်ပို လက်ဖက် စီးပွားတက်
စီးပွားရေး လုပ်ငန်းများ အဆင်မပြေလို့ ငွေကြေးနဲ့ပတ်သတ်ပြီး အခက်ခဲဖြစ်နေကြတဲ့ ခုနှစ်ရက် သားသမီး
များအတွက် လွယ်ကူပြီး အစွမ်းထက်တဲ့
ယတြာနည်းလမ်းတစ်ခု မျှဝေပေးချင်ပါတယ် ။
ဒီယတြာလေးလုပ်ဖို့ ကြွေပန်းကန်တစ်ချပ်လိုပါတယ် ။ အဝိုင်းဖြစ်ဖြစ် ၊ လေးထောင့်ဖြစ်ဖြစ် အသုံးပြုလို့ရပါတယ် ။
မနှပ်ထားတဲ့ လက်ဖက်
အသားချည်းကို ၄ပုံကို လင်ဗန်းပေါ်မှာ ပုံရပါမယ် ။
ပြီးတာနဲ့ ကြွေပန်းကန်အလယ်မှာ လစ်ပို ပုလင်းအသစ်တစ်လုံးတင်ရပါမယ် ။
အကုန်လုပ်ဆောင်ပြီးတာနဲ့ ဗုဒ္ဓဟူးနေ့ နံနက်
၁ဝး၃၀ ကနေ ၁၂း၀၀ အတွင်း ၊ ပိုပြီးဓာတ်မိအောင်
၁ဝး၄၅ အချိန်မှာ ဘုရားကျောင်းဆောင်ပေါ်တင်ပြီး
လစ်ပိုပုလင်း အပေါ်မှာ ဖယောင်းတိုင် တစ်တိုင် ထွန်းလိုက်ရုံပါပဲ ။
သုံးထားတဲ့ ပါဝင်ပစ္စည်းတွေဟာ
နဝင်းတွေချည်း ရွေးသုံးထားတာဖြစ်ပြီး ဖယောင်းတိုင်ထွန်းနေဆဲမှာ ကိုယ့်ရဲ့စိတ်က ငွေတွေ ကိုယ့်ဆီရောက်လာပြီလို့ အာရုံပြုထားနိုင်ရင် ပိုကောင်းပါတယ် ။
ဒီနေရာမှာ ပုတီးစိပ်နိုင်တဲ့သူတွေကတော့ ၁၀၈ လုံးပါတဲ့ ပုတီးနဲ့ လာဘ်ပွင့်ဂါထာဖြစ်တဲ့ " ဒိဝါတပတိ ဂါထာ " ကို ပုတီးတစ်ပတ်စိပ်ပေးနိုင်ရင် အတိုင်းထက်လွန်
ပိုကောင်းပါတယ် ။ ဒီယတြာလေးကို ပုံမှန်
လုပ်ဆောင်ခြင်းဖြင့် မိတ်ဆွေတို့ရဲ့ စီးပွားရေး
လုပ်ငန်းများ အဆင်ပြေ အောင်မြင်လာပြီး
ငွေကြေးဥစ္စာ ဒီရေအလား တိုးတက်လာပါလိမ့်မယ် ။
" ဒိဝါတပတိ ဂါထာတော်ကြီး "
_________________________
ဒိဝါ တပတိ အာဒိစ္စော၊ ရတ္တိမာ ဘာတိ စန္ဒိမာ ။
သန္နဒ္ဓေါ ခတ္တိယော တပတိ၊ ဈာယီ တပတိ ဗြာဟ္မဏော ။
အထ သဗ္ဗ မဟောရတ္တိံ၊ ဗုဒ္ဓေါ တပတိ တေဇသာ ။
တာဒိသံ တဇေသမ်ပန်နံ၊ ဗုဒ်ဓံ ဝန်ဒာမိ အာဒရံ ။
နမက္ကာရာနုဘာဝေန၊ သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ
ဗေဒင်နှင့်ယတြာအစီအမံ ဆရာဦးအောင်မိုးကျော်