KiMo Textile & Crafts

KiMo Textile & Crafts We create coz We care ⛰️

Paper Quilling Basic Training - 1 အမှတ်တရ ပုံရိပ်များ ​"Today, KiMO BRAND hosted a Paper Quilling Basic Training course ...
13/06/2026

Paper Quilling Basic Training - 1

အမှတ်တရ ပုံရိပ်များ

​"Today, KiMO BRAND hosted a Paper Quilling Basic Training course for the amazing young participants of the She connects program to share our craft and knowledge!"

13/06/2026

KiMo X Lavender

Changing address -13 ရက်နေ့မှာ ပြုလုပ်မည့် KiMo Textile & Craft ရဲ့ Paper Quilling Basic ( sec 1) သင်တန်းလေးလူပြည့်သွားပ...
07/06/2026

Changing address -

13 ရက်နေ့မှာ ပြုလုပ်မည့် KiMo Textile & Craft ရဲ့ Paper Quilling Basic ( sec 1) သင်တန်းလေးလူပြည့်သွားပါပြီ။

သင်တန်းလေးကို သင်တန်းသူများ သွားလာရပိုမိုလွယ်ကူစေရန် နေရာပြောင်းလဲ သတ်မှတ်ထားပါတယ်။

Delta Plaza , ဗန်ဒါပင်မှတ်တိုင် အနီး။ ဗဟန်းမြို့။

အသေးစိတ်ကို

viber : 09950903968

ph 09950903968 / 09663308929

Hello , KiMo တို့ရေ မျှော်နေတဲ့ Paper Quilling Art Basic course ရဲ့ အချိန်ဇယားလေးထွက်လာပါပြီ။      she connects program ...
02/06/2026

Hello , KiMo တို့ရေ မျှော်နေတဲ့ Paper Quilling Art Basic course ရဲ့ အချိန်ဇယားလေးထွက်လာပါပြီ။
she connects program မှာ ပါဝင်တဲ့ KiMo team members များနှင့်လည်းအတူသင်ကြားခွင့်ရမယ် ။

သင်တန်းပြီးသွားရင်လည်း မိမိကိုယ်တိုင်လုပ်ထားတဲ့ Bookmark နှင့် postcard လေးများကို လက်ဆောင်အဖြစ်ပြန်ယူဆောင်ခွင့် ရမှာပါနော်။

ကုန်ကြမ်းဝယ်ယူရရှိနိုင်တဲ့ နေရာများကိုလဲ ညွှန်းပေးပြီး စျေးသက်သာစွာ ဝယ်ယူနိုင်တဲ့နည်းလမ်းများကိုလည်းသင်ယူလေ့လာခွင့်ရရှိမှာပါ။

Date : 13.06.2026

Time : 1:30 - 2:30PM

Location : မြေနီကုန်း ( she creates show room ကယာယီသတ်မှတ်ထားပါတယ်။)

ဒီနေ့မှာတော့ KiMo တို့က she connect အဖွဲ့သားများနှင့်အတူ ဆရာမ မွန်ဟောစီရဲ့ Art of Storytelling ပွဲလေးမှာ လိုက်ပါစီးမျောခ...
30/05/2026

ဒီနေ့မှာတော့ KiMo တို့က she connect အဖွဲ့သားများနှင့်အတူ ဆရာမ မွန်ဟောစီရဲ့ Art of Storytelling ပွဲလေးမှာ လိုက်ပါစီးမျောခဲ့ကြပါတယ်။ ✨

☕️🌿​Brand တစ်ခုရဲ့ နောက်ကွယ်က ဖြစ်တည်မှုကို အနုပညာဆန်ဆန် ပြန်ပြောင်းပြောပြကြတဲ့အခါ Product တစ်ခုချင်းစီရဲ့ ရာဇဝင် (Story) တွေဟာ ဘယ်လိုဖြစ်တည်လာသလဲဆိုတာ စိတ်ဝင်စားစရာ အပြည့်ပါပဲ။

​ဒီပွဲလေးကနေ ရရှိလိုက်တဲ့ အဓိက Key Points လေးတွေကို KiMo တို့က ပြန်လည်မျှဝေပေးချင်ပါတယ် -

☕️🌿​Authenticity (စစ်မှန်မှု): Brand တစ်ခု၊ Product တစ်ခုမှာ ကိုယ်ပိုင်အမှတ်အသားနဲ့ စစ်မှန်မှုရှိဖို့က ဘယ်လောက်အရေးကြီးကြောင်း။

☕️🌿​Work-Life Boundary: လုပ်ငန်းခွင် အလုပ်တွေနဲ့ ကိုယ်ပိုင်ဘဝ (Personal life) ကြားမှာ ကျန်းမာတဲ့ အတိုင်းအတာတစ်ခု (Boundary) ထားရှိဖို့ လိုအပ်ပုံတို့ကို ​ဆရာမက အမေး၊ အဖြေပုံစံလေးနဲ့ ရင်းရင်းနှီးနှီး၊ အပြန်အလှန် ဆွေးနွေးပြောပြသွားတာမို့ တကယ့်ကို အကျိုးရှိပြီး စိတ်ခွန်အားရစေတဲ့ ပွဲလေးတစ်ပွဲ ဖြစ်ခဲ့ပါတယ်။
​ #ပြင်သစ်ယဉ်ကျေးမှုဌာန #မွန်ဟောစီ

🐞🐞  ဆန်းသစ်တဲ့ စိတ်ကူးစိတ်သန်းတွေကို လက်တွေ့မှာ ချက်ချင်းအကောင်အထည်ဖော်ဖို့ တွေးရင်း အချိန်ကုန်နေတယ်လို့ ခံစားနေရပြီလား ...
29/05/2026

🐞🐞 ဆန်းသစ်တဲ့ စိတ်ကူးစိတ်သန်းတွေကို လက်တွေ့မှာ ချက်ချင်းအကောင်အထည်ဖော်ဖို့ တွေးရင်း အချိန်ကုန်နေတယ်လို့ ခံစားနေရပြီလား

​ကိုယ်ပိုင် ကိုယ်တိုင် ဆန်းသစ်တီထွင်ပြီး မိမိအနုပညာတွေကို စျေးကွက်မှာ ချပြနိုင်ဖို့ Paper Quilling (စက္ကူလိပ်ပန်းချီ) အခြေခံသင်တန်းလေး လာပါပြီ! 🌸

မိမိရဲ့ တနေ့တာ အချိန်တွေကို ပေးဆပ်ပြီး ဘာတွေ သင်ယူခွင့် ရမှာ လဲ 🤔

​လှပဆန်းပြားတဲ့ လက်လုပ် စက္ကူညှပ်စာညှပ် (Bookmarks) လေးတွေနဲ့ ရာသီအလိုက်စျေးကွက်ဝင်နေအုံးမယ် လက်ဆောင် Post Card လှလှလေးတွေ ချက်ချင်းလုပ်မယ်။

​ဒီ အကောင်းဆုံး အခွင့်အရေးက ဘယ်မှာ ရမှာလဲ ?🤔

🛠️ ​KiMo Textile & Crafts မှ Paper Quilling အခြေခံ သင်တန်းလေး ကို ဖွင့်လှစ်ပေးတော့မှာ ဖြစ်ပါတယ်။

အခြေခံ Level - 1 ( Basic course ) ကစပြီး စနစ်တကျ သင်ကြားပေးသွားမှာမို့လို့ လုံးဝ မလုပ်ဖူးသေးတဲ့ အစပျိုးသူတွေအတွက်လည်း အဆင်ပြေစေမယ့် အလုပ်ရုံဆွေးနွေးပွဲ (Workshop) လေးတစ်ခု ဖြစ်ပါတယ်။
​🛠 ​သင်တန်းသူ/သားတစ်ဦးချင်းစီအတွက် စာညှပ် (Bookmark) ဒီဇိုင်းတစ်ခု နှင့် ပို့စကတ် (Post Card) ဒီဇိုင်းတစ်ခုစီ ကိုယ်တိုင် လက်တွေ့ ဖန်တီးပြုလုပ်မယ်။

​📌 သင်တန်းဘယ်တော့ စမှာလဲ
​သင်တန်းစတင်မည့်အချိန်: ၂၀၂၆ ခုနှစ်၊ ဇွန်လလယ်ပိုင်းတွင် စတင်ပါမည်။
​နေရာ: လူဦးရေ ကန့်သတ်ထားပါသဖြင့် (Limited Seats) စောစောစီးစီး စာရင်းပေးသွင်းဖို့ လိုအပ်ပါတယ်နော်။

​သင်တန်းရက်အချိန်ဇယားအသေးစိတ်နှင့် အပ်ဒိတ်များကို သိရှိနိုင်ရန်အတွက် KiMo Page ကို Like & Follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။ 🥰

စိတ်ဝင်စားနိုင်မယ့် သူငယ်ချင်းတွေကိုလည်း ဒီ Post လေးကို မျှဝေ (Share) ပေးပြီး အတူတူ ဖန်တီးလိုက်ရအောင်။ 🎨✂️
​(Note: စာရင်းပေးသွင်းရန် သို့မဟုတ် အသေးစိတ်သိရှိလိုပါက Messenger ကနေ တိုက်ရိုက် ဆက်သွယ်စုံစမ်းနိုင်ပါတယ်!)

သင်တန်းကြေး ။ ၅၀,၀၀၀ကျပ် တစ်ဦး

Free Paper Quilling Basic Training Class! 🌸

​Calling all creative souls!

Always wanted to learn the art of creating stunning paper filigree like these beautiful handmade bookmarks?

​Now is your chance!

We're hosting a Paper Quilling Basic Training Class. This beginner-friendly workshop will guide you through the essentials of paper quilling.

​In this hands-on class, you will learn:

​The basic quilling shapes

​The essential tools and techniques of paper quilling

​How to create simple and beautiful designs such as Book mark and post card.


​Join us for this exciting workshop and discover the joy of paper quilling!

​The class will be start soon on mid of june 2026.

​Don't forget to like and follow our page for updates and to get notified when the class goes and details schedule.

We can't wait to craft with you! Share this post with your friends who might be interested! Let's get creative together!

Course fees : 50,000ks per person

မေလ ၁၆ နှင့် ၁၇ ရက်နေ့မှာ ကျင်းပမယ့် SWC '26 Community Market မှာ KiMo tote bag ကလေးများက သူမလက်ရာ booth မှာ ထည့်သွင်းရေ...
15/05/2026

မေလ ၁၆ နှင့် ၁၇ ရက်နေ့မှာ ကျင်းပမယ့် SWC '26 Community Market မှာ KiMo tote bag ကလေးများက သူမလက်ရာ booth မှာ ထည့်သွင်းရောင်းချပေးမှာဖြစ်ပါတယ်။

KiMo tote bags ၆လုံးကို ရောင်းချ ရရှိသော ငွေများ မှ တန်ဖိုးအားလုံးကို ပုလဲမေတ္တာ မိဘမဲ့ဂေဟာသို့ လှူဒါန်းနိုင်ဖို့ ရည်ရွယ်ထားရှိပါတယ်။

🗺️ အမှတ် ၁၃၂၊ အင်းလျားလမ်း၊ Coral Inya bar , Yangon မှာ လာရောက် ဝယ်ယူအားပေး လှူဒါန်းနိုင်ပါတယ်။ ဝယ်ပြီးကူမယ် 🤩

⏰ အချိန် : နေ့လည် ၁၁နာရီမှ - ည ၇နာရီအထိ

#သူမလက်ရာ

SCW'26ဖက်ရှင်ကျကျဝတ်မယ်၊လှူမယ်။ မြန်မာနိုင်ငံမှာကျင်းပမယ့် ဖက်ရှင်ကျကျဝတ်မယ်၊ လှူမယ့် Charity Fashion Show 2026💃မြန်မာ စ...
04/05/2026

SCW'26

ဖက်ရှင်ကျကျဝတ်မယ်၊လှူမယ်။
မြန်မာနိုင်ငံမှာကျင်းပမယ့် ဖက်ရှင်ကျကျဝတ်မယ်၊ လှူမယ့် Charity Fashion Show 2026💃

မြန်မာ စွန့်ဦးတီထွင် အမျိုးသမီးလက်မှု့အနုပညာဖန်တီးတည်ထွင်သူ ၊ ထုတ်လုပ်ဖြန့်ချိသူအမျိုးသမီးလုပ်ငန်းရှင်များက မိမိတို့ရဲ့ ထုတ်ကုန်ပစ္စည်းများရဲ့ အားသာချက်ကြောင့် ယခုဖက်ရှင် SHOW ပွဲမှ ရောင်းချရရှိလာသော ဝင်ငွေများကို သက်ဆိုင်ရာ ပရဟိတအဖွဲ့အစည်းများသို့ ထည့်ဝင်လှူဒါန်းပေးသွားမှာဖြစ်ပါတယ်။

venue တည်နေရာ ။ ။ Gothe - institue ,Myanmar
( Auditorium), Coner of Kabaraye Pogoda Road & Nat Mauk Street ,Bahan Townshio,Yangon.

နေ့ရက် ။ ။ 13,May 2026

အချိန် ။ ။ 5:30PM - 7:30PM ( Door Open at 5PM)




မြန်မာနှစ်ကူး အတာဦးမှာ မိမိချစ်ခင်ရတဲ့ မိဘ ၊ ဆရာသမားများနှင့် လေးစားရသူ​တွေကို ရိုသေမြတ်နိုးစွာ လက်အုပ်ချီမိုး ပြီးအမှတ...
30/03/2026

မြန်မာနှစ်ကူး အတာဦးမှာ မိမိချစ်ခင်ရတဲ့ မိဘ ၊ ဆရာသမားများနှင့် လေးစားရသူ​တွေကို ရိုသေမြတ်နိုးစွာ လက်အုပ်ချီမိုး ပြီးအမှတ်တရလက်ဆောင်တွေနှင့် ကန်တော့မယ်ဆိုရင် 👏

မိမိချစ်ခင်ရတဲ့သူတွေနှင့် ပိတ်ရက် ရှည်ကြီးမှာ မခွဲခွာခင် အမှတ်တရ လက်ဆောင်လေးတွေအပြင်
ရင်ထဲကလာတဲ့ စကားလေးတွေကို စာသားအဖြစ်ပြောင်းပြီး တသက်တာရေး သိမ်းထားစေဖို့ ဆိုရင်

ဒီလို ပို့စကဒ် လှလှလေးတွေ လိုမယ်နော်။

ချစ်ခင်နှစ်သက်ခြင်း ယုံကြည်ရိုသေခြင်းတွေကိုပြသဖို့

KiMo မှာ လက်မှု့ အနုပညာ PostCard လေးတွေ ဝယ်ယူလို့ ရပါပြီရှင့် 📝

#မုန့်လုံးရေပေါ် #သင်္ကြန်
#ချမ်းမြေ့ပါ #အတာအိုး #အမှတ်တရ #ဂါရဝ

P.S

🌺 ချည်လွယ်အိတ်လေး တစ်အိတ်ဆိုတာထက်ပိုသော KiMo  Totebagအိတ်လေး တစ်အိတ်ကို ဝယ်ယူလိုက်တာနဲ့ ချင်းလူမျိုးတွေရဲ့ရိုးရာ အငွေ့အသ...
28/03/2026

🌺 ချည်လွယ်အိတ်လေး တစ်အိတ်ဆိုတာထက်ပိုသော

KiMo Totebagအိတ်လေး တစ်အိတ်ကို ဝယ်ယူလိုက်တာနဲ့ ချင်းလူမျိုးတွေရဲ့ရိုးရာ အငွေ့အသက်လေးတွေ ၊ ပျိုမြစ်နုနယ်တဲ့ အလှ ၊ သီးသန့်ဆန်နေတဲ့ အမှတ်တရလေးတွေ ကို တပြိုင်တည်းခံစားရရှိနိုင်မှာပါ။

အမှတ်တရဝယ်ပြီး သတိတရဖြစ်နေစေဖို့

အိတ်တစ်လုံးဝယ်ယူပြီးတိုင်း အိတ်ဖိုးရဲ့ ၁ရာခိုင်နှုန်းက ပန်ူချီဖြင့် အသက်မွေးဝန်းကျောင်းပြုနေတဲ့ ရပ်ဝန်းတစ်ခုပို အထာက်အကူဖြစ်စေမှာပါရှင်။

🌺 Every thread tells a story.

Inspired by Chin traditional beauty and grace,
KiMo tote bags are more than just accessories — they carry culture, identity, and artistry wherever you go.
From the delicate floral touches to the elegance of traditional attire, each design reflects the strength and softness of Chin women.

👜 Handmade with love

🌿 Inspired by heritage

✨ Designed for everyday elegance

ချင်းရိုးရာ အိမ်ငယ်
12/02/2026

ချင်းရိုးရာ အိမ်ငယ်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when KiMo Textile & Crafts posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share