14/08/2025
"OpenAI က GPT-5 ထွက်.. လူတွေအလုပ်ပြုတ်ကိန်းပိုသွက်... "
GPT-4 ထွက်ပြီး... ၂နှစ်ကျော်အကြာမှာ GPT-5 ထွက်လာပါပြီ..။
OpenAI CEO Sam Altman ကတော့.. AGI ဖက်ကို.. ပိုနီးစပ်လာပြီလို့ဆိုပါတယ်..။ AI ထက် G ဆိုတဲ့.. General တလုံးပိုနေတာတဲ့.. AGI ကတော့... နတ်ဉာဏ်စစ်စစ်..၊ လူသားလိုတာအကုန်ခိုင်းလို့ရတဲ့အခြေအနေဖြစ်လာမှာပါ...။
ခုကတော့.. ဒေါက်တာဘွဲ့ရ(Ph.D.-level expert.”)အဆင့်.. အကြံပေးအဖွဲ့.. ဘေးမှာငုတ်တုတ်ရှိနေသလိုအဆင့်.. သိချင်တာမေး.. အကုန်ဖြေပေးဖို့အသင့်..။
GPT-5 ကို မနေ့ကစပြီး Free, Plus, Pro နဲ့ Team အားလုံး စသုံးလို့ရနေတာပါတဲ့..။
‘Vibe Coding’ ခေါ်တဲ့.. ကိုယ်လိုချင်တဲ့.. စိတ်ခံစားမှုအတိုင်း... ပရိုဂရမ်တွေ.. ဝက်ဘ်ဆိုက်တွေ.. နောက်ဆုံး.. App အထိ.. လိုက်ရေးပေးနိုင်တာကလည်း.. အရမ်းပိုကောင်းလာ...။
မကြာခင်လပိုင်းတွေမှာ.. အောက်ကအလုပ်အကိုင်မျိုးတွေ.. တန်းစီပြုတ်ပါမယ်..။
၁) Interpreters and Translators ( ဘာသာပြန်အလုပ်များ)
၂) Historians (သမိုင်းဆရာများ)
၃) Passenger Attendants ( ခရီးသွားများကို.. ဝန်ဆောင်ပေးသူများ)
၄) Sales Representatives of Services (အရောင်းစာရေး/ဝန်ထမ်း)
၅) Writers and Authors (စာရေးဆရာများ)
၆) Customer Service Representatives ( ဧည့်သည်/ဖောက်သည်.... ဝန်ဆောင်ပေးသူများ)
၇) CNC Tool Programmers (စက်ကြီး/Machine ပရိုဂရမ်သမားများ)
၈) Telephone Operators (ဖုံးအော်ပရိတ်တာ)
၉) Ticket Agents and Travel Clerks ( လက်မှတ်အရောင်းကိုယ်စားလှယ်တွေ)
၁၀) Broadcast Announcers and Radio DJs ( သတင်းထုတ်လွှင့် ကြေညာသူ/ရေဒီယိုသီချင်းဒီဂျေသမား)
* အဲဒါတွေလုပ်မိရက်သားဖြစ်နေရင်.. တခြားအလုပ်အတွက်.. ခြေလှမ်းပြင်ထားပါ..။ ဒါနဲ့ဆိုင်တဲ့ဒီပလိုမာ/ကျောင်းတက်ဘွဲ့ယူမယ်.. တွေးထားရင်.. ပြင်ပြောင်းပါ..။
လူသားအချင်းချင်းတိုက်ရိုက်ထိတွေ့ပြီး.. စိတ်ပိုင်းဆိုင်ရာဆက်သွယ်သက်ဆိုင်မှုပါတဲ့အလုပ်တွေ/ပညာရေးတွေကိုသာ ရွေးပါ..။
ဘယ်အလုပ်တွေပြုတ်.. ဘယ်အလုပ်တွေကျန်မယ်ဆိုတာ.. မိုက်ခရိုဆော့ဖ် က.. Bing Copilot သုံးပြီး.. လူ၂သိန်းကနေ... စစ်တမ်းထုတ်ထားတာရှိတယ်..။
လူက ၂သိန်းသာပြထားတာ..။ မိုက်ကရိုဆော့ဖ်က.. ဝင်းဒိုစ်းအိုအက်စ်ပိုင်ရှင်မို့.. သူ့ဟာသုံးနေတဲ့.. လူဘီလီယံချီထဲက... ကြိုက်သလောက်နှိုက်ထုတ်ပေးလို့ရတယ်..။
ဆိုတော..
အခုက.. အဲဒါကိုမှီပြီး.. ပြုတ်နိုင်ချေအရှိဆုံးအလုပ်.. ၁၀ ခုထုတ်ပြထားတာပါ..။
ခြုံပြောရရင်တော့..AI တွေအဆင့်မြင့်လာတာနဲ့အမျှ... လူတွေအလုပ်ပြုတ်ကိန်း..ပိုပိုဆိုက်ကုန်လာပြီဖြစ်ကြောင်းပါ..။
Given the rapid adoption of generative AI and its potential to impact a wide range of tasks, understanding the effects of AI on the economy is one of society’s most important questions. In this work, we take a step toward that goal by analyzing the work activities people do with AI, how successful...