05/03/2024
သားရေ ရည်းစားထားတော့မယ်ဆိုရင်
ထုံတုံတုံ အုံတုံတုံ
အူတူတူ ထူတူတူမိန်းကလေးမျိုးကိုရှာမလာနဲ့
အမေ မကြိုက်ဘူး
သူများက တထွာလောက်ပြရင်
တမိုင်လောက်ကြိုမြင်တဲ့သူမျိုးကိုရှာပါ
ရိုးရိုးယဉ်ယဉ် အိနြေ္ဒရှင်လည်းဖြစ်စရာမလိုဘူး
နန့်တယ် ပျံတယ်ဆိုတာ
ငယ်တုံး အပျိုဘဝမှာပဲ လုပ်လို့ရတာ
ကြိုက်သလောက် နန့်စမ်း
ငယ်တုံး မှာ မီးကုန် ယမ်းကုန် အသားကုန်
ကဲခဲ့တဲ့သူဟာ
အသက်အရွယ်တခုကိုရောက်လာရင်
အလိုလို ငြိမ်သွားရော
အမေ့သာကြည့်😜😜😜
အသက်ကြီးမှ ထကဲရတဲ့သူများကြတော့
ငယ်ငယ်က မလုပ်ခဲ့ရတာတွေကို
ကြီးမှ အသစ်အဆန်း ဖြစ်နေတဲ့အတွက်
ထိန်းမရ သိမ်းမရ
brake မရှိတတ်တာတွေများတယ်
နောက်ပြီး စကားပြောရင်
အိနြေ္ဒမရ ခြေမငြိမ် လက်မငြိမ် ဂနာမငြိမ်တဲ့
သူမျိုးကိုရှောင်ပါ
ခေါင်းကုတ် ဖင်ကုတ် နှာခေါင်းနှိုက်
ဆံပင် တယမ်းယမ်း မိန်းမမျိုးကိုလည်း
မကြိုက်ဘူး
သွက်လက်တာနဲ့ ဂနာမငြိမ် တာ
တခြားစီ ပဲ သားရေ
ယောက်ကျားလေးတွေရှေ့ရောက်ရင်
ရှက်သလိုလို ကြောက်သလိုလို
အလကားနေရင်း အရှက်ကြီးနေတာမျိုးကို
အမေ မကြိုက်ဘူး
စကားပြောတဲ့အခါ တဖက်သူရဲ့
စကားအပေါ် စိတ်ဝင်တစား
အာရုံစိုက်ပြီး နားထောင်တဲ့
သူများရဲ့ မျက်လုံးထဲကို စေ့စေ့ကြည့်ပြီး
စကားပြောတတ်တဲ့ မိန်းကလေးဆိုရင်တော့
warmly welcome ပါ
အိမ်ထောင်ပြုတဲ့အခါ လည်း
မောင်ကတထမ်းဆို မယ်က နှစ်ရွက် သုံးရွက်
ရွက်နိုင်တဲ့ သူမျိုးကိုရှာပါ
ခုခေတ်မှာ ယောက်ကျားတယောက်တည်း
အိမ်ထောင့်တာဝန်ထမ်းရရင်
ပင်ပန်းလိမ့်မယ် သားရေ
ကိုယ့်အဖေက ဦးတေဇလည်း မဟုတ်
ဦးဇော်ဇော်လည်းမဟုတ်ဘူး
ထမင်းဟင်းတွေ ထိုင်ချက်နေစရာမလိုဘူး
မချက်ချင် ဝယ်စားလို့ရတယ်
အိမ့်ထောင့်တာဝန်ကို
ကိုယ်မလုပ်ချင်ရင်တောင်
ဘယ်လို control လုပ်ရမလဲဆိုတာ
သိနေရမယ်
နောက်ပြီး စာဖတ်တဲ့ အလေ့အကျင့်
ရှိမှလည်း ဖြစ်လိမ့်မယ်
အတွေးအခေါ် ဗဟုသုတ ခံယူချက်တွေဟာ
စာမဖတ်တဲ့သူနဲ့ ယှဉ်လိုက်ရင်
တအားကွာတာကို သိရလိမ့်မယ်
အိမ်ထောင်ကျ ကလေးရတာနဲ့
ကိုယ်က ကလေးအမေပဲလေဆိုပြီး
ပစ်စလက်ခတ် နေတတ်သူမျိုး
ကိုလည်းရှာမလာနဲ့
မိန်းမတယောက်ဟာ အသက်ကြီးသည်အထိ
ကိုယ့်ကိုယ်ကို သန်ရှင်း သပ်ရပ်အောင်
လှပအောင် ပြင်နေချင်ရမယ်
အဲ့တာ ဘယ်သူ့အတွက်မှမဟုတ်ဘူး
ကိုယ့်ကိုယ် ကိုအတွက် ပဲ
နောက်ပြီး မိန်းမ တယောက်ဟာ
ကိုယ့်အိမ်ထောင် ကိုယ့်ပတ်ဝန်းကျင်ကို
ကောင်းကောင်း organized လုပ်နိုင်ရမယ်
ယောက်ကျား နောက်က နောက်လိုက်လုပ်နေမဲ့
ပြောလိုက်ရင် မသိဘူးလေ ဆိုတဲ့
မိန်းမ မျိုးကို လည်းမကြိုက်ဘူး
ကိုယ်ကိုယ်တိုင်က admire
ဖြစ်ရမဲ့သူမျိုးကိုရှာပါ
အမေ မကြိုက်တာတွေနဲ့ မှ
ကိုက်ညီနေပါတယ်ဆိုရင်လည်း
အမေနဲ့ ဝေးးဝေးသာနေပါ
နို့မို့ မြန်မြန်အသက်တိုလိမ့်မယ် #
Credit