Shair Lar Vintage and Outlet Clothes

Shair Lar Vintage and Outlet Clothes Bag & clothes for all. Typically reply within an hour

Thrift ဆိုတာက ဘာလဲ ? လူတိုင်းသိကြတဲ့ ဘေထုတ် အထည်တွေပေါ့ နိုင်ငံရပ်ခြားမှာ နေတဲ့ နိုင်ငံခြားသားတွေက သူတို့မဝတ်တော့တာ မလို...
22/11/2021

Thrift ဆိုတာက ဘာလဲ ?

လူတိုင်းသိကြတဲ့ ဘေထုတ် အထည်တွေပေါ့
နိုင်ငံရပ်ခြားမှာ နေတဲ့ နိုင်ငံခြားသားတွေက သူတို့မဝတ်တော့တာ မလိုအပ်တော့တဲ့ အဝတ်အထည်တွေကို လှူလေ့ရှိကြတယ် like လေဘေး၊ရေဘေး၊မီးဘေးစသဖြင့်ပေါ့

အဲ့လိုကွာ ပြဲနေလို့ ဟောင်းသွားလို့ လှူတဲ့ အထည်တွေ မဟုတ်ဘဲ တကယ်အကောင်းတွေ branded အထည်တွေပါ ထည့်လှူကြတာပါ

နောက်၁ခုက လှူတာမဟုတ်ဘဲနဲ့ thrift clothes ဖြစ်ဖို့ အတွက် သက်သက်ကိုဝယ်တဲ့ shops တွေ လဲ အရမ်းများလာပါတယ်

အဲ့လိုကနေ agents တွေကတဆင့်ပြန်ဝယ် နိုင်ငံအသီးသီးကိုပြန်ရောက် Container ချပီဟေ့ ဆိုတာနဲ့ ဆာလာအိတ်ကြီးနဲ့ thrift clothes တွေကို လုရတာနော်
⁃ Jackets တွေပဲပါတဲ့ အထုတ်ရှိမယ်
⁃ အနွေးထည်တွေပါတဲ့ အထုတ်
⁃ အစုံပါတဲ့အထုတ်
စျေးကလဲ မတူဘူး
စျေးများတဲ့ အထုတ်ဆို branded အင်္ကျီလေးတွေ ရောနေတာ ရှိမယ် ကောင်းတာလေးတွေပိုပါမယ်ပေါ့
Thrifts တွေကို ပြန်ရောင်းချင်သူတွေက ဆာလာအိတ်စျေးနဲ့ ပြန်ဝယ်ရတာပေါ့

အဲ့ဒါကို ပြန်ရွေး ပြန်စီ လျှော်ဖွတ်၊မီးပူတိုက် ရေမွှေးဆွတ်ပီး ရောင်းတဲ့အခါ OS page ထောင်လို့ရပီလေ
ဓာတ်ပုံကောင်းကောင်းလေးရိုက်၊ ဒါလေးကတော့ branded အထည်လေးဘာညာ size လေးကတော့ ဘယ်လိုပါ စျေးကလဲချိုတာကို

OS page တွေမှာ thrifts တွေရောင်းတာကို အတော်ဝယ်တာတွေ့ရတယ်
Thrifts ဝယ်တာ၊ဝတ်တာကို မရှက်ကြတော့ဘူး
တကယ် မြန်မာနိုင်ငံ OS လောကမှာ page ထောင်ပီး thrifts ရောင်းတာကို ဘယ်သူစခဲ့လဲမသိ တကယ်ကျေးဇူးတင်တယ်

နောက် thrifts တွေကို ဘယ်မှာ ရောင်းကြသေးလဲ?

စျေးတွေထဲမှာရောင်းတဲ့ thrifts တွေကြတော့
quality မကောင်းတာ မဟုတ်ဘဲ ဒီအတိုင်း ဆာလာအိတ်ဖောက်ထားတွေကို ပုံထားတဲ့ အခါ ချိတ်နဲ့ချိတ်ထားတဲ့ အခါ အင်္ကျီတွေက တွန့်ကြေ အရောင် မကောင်းတော့ ဝယ်မယ့်လူတွေက မကိုင်ချင် မဝယ်ချင် ဝယ်ရမှာကို ရှက်နေကြတာလို့မြင်တယ်

အဲ့လို စျေးထဲမှာ မြို့ထဲတွေမှာ ရောင်းတဲ့ thrifts တွေက online မှာ ရောင်းတာထက် ပိုသက်သာတယ်
ဒါမဲ့ သူတို့က wholesale သဘောမျိုးရောင်းကြလို့ အဲ့လို မလုပ်နိုင်တာ
သူတို့သာ တကယ် attractive ဖြစ်အောင် လူတွေမြင်တာနဲ့ ဝယ်နိုင်အောင် လုပ်နိုင်ရင် thrifts လောက ကြီးက ပိုအောင်မြင်မှာ

UK မှာဆိုရှိတယ် ဘေထုတ်အထည်တွေပဲနော် ဒါမဲ့ old-fashioned အထည်တွေရောင်းတာ တထည်စျေးနဲ့ တွက်တာမဟုတ်ဘူးနော် င်္အကျီကို weight နဲ့ ချိန်ရောင်းတာ တကယ်မိုက်တယ်

Okay အဲ့ဆို thrift ဘက်ပြန်သွားမယ်
ပုံမှန်လူတန်းစားတွေက ဟိုးအရင် thrift clothes ဘေထုတ် အင်္ကျီတွေ ဝတ်ရင် ဝယ်ရင် ရယ်ကြတယ် လှောင်ကြတယ် လုံးဝ logic ကြီးတခုလိုဖြစ်နေတာ
ဘေထုတ် အင်္ကျီ ဖြစ်တာနဲ့ မဝတ်ရတော့ဘူးလား 🙂 thrift clothes ရောင်းတဲ့ဆိုင်တွေ ရောက်ဘူးတယ် မြင်ဘူးတယ် ဝယ်ဖူးတယ် ဝတ်ဖူးတယ်
ရှက်စရာမဟုတ်ဘူးလို့ထင်တယ်
အပြင်မှာ မဝတ်ရင်တောင် အိမ်မှာနေ ပေါ့ပေါ့ပါးပါး ဝတ်လို့ရတယ်

အမြဲတမ်း အင်္ကျီအသစ်တွေ ဝတ်ရမယ်လဲ မဟုတ်ဘူးပေါ့
⁃ Local brands တွေကိုလဲ အားပေးမယ်
⁃ Websites တွေကလဲ အင်္ကျီအသစ်တွေမှာမယ်
⁃ Thrifts လေးတွေလဲ ဝယ်မယ်
⁃ ကိုယ့်ဆီမှာ မလိုအပ်တဲ့ အင်္ကျီတွေကိုလဲ ပြန်ရောင်းမယ် ပြန်လှူမယ်
⁃ Repeat ပေါ့

နောက်ဆုံးပိတ်ပြောချင်တာကတော့ Thrifts ဝတ်တာ ရှက်စရာမဟုတ်ပါ 💙

Photo credit

သေးသေးလေးကနေစဖို့ ဘယ်တော့မှမရှက်ပါနဲ့သေးသေးလေးကနေ အကြီးဆုံးဖြစ်ဖို့ကအဓိကပါကိုယ်လုပ်နေတဲ့လုပ်ငန်းက သေးသည်ဖြစ်စေ ကြီးသည်ဖြ...
21/11/2021

သေးသေးလေးကနေစဖို့ ဘယ်တော့မှမရှက်ပါနဲ့
သေးသေးလေးကနေ အကြီးဆုံးဖြစ်ဖို့ကအဓိကပါ

ကိုယ်လုပ်နေတဲ့လုပ်ငန်းက
သေးသည်ဖြစ်စေ ကြီးသည်ဖြစ်စေတန်ဖိုးထားပါ

အောင်မြင်မှုဆိုတာ အလကားရတဲ့အရာမဟုတ်ပါဘူး
လမ်းကြုံလို့ ဝင်လာတယ်ဆိုတာမျိုးလဲမရှိပါဘူး
မိမိကြိုးစားမှကြိုးစားသလိုဖြစ်လာမှာပါ

ကိုယ့်လုပ်ငန်းကသေးငယ်သေးတယ်ဆိုပီး
ဘယ်တော့မှမရှက်ပါနဲ့

အောင်မြင်မှုဟာ ကြိုးစားနေတဲ့လူတိုင်းလူတိုင်းဆီကို
တစ်နေ့တော့ရောက်လာမှာပါ

ကျရှုံးတိုင်းလဲစိတ်မညစ်ပါနဲ့
လဲကျတိုင်းပြန်ထပါ အမှားတွေကနေသင်ခန်းစာယူပါ
ဘယ်တော့မှစိတ်ဓာတ်မကျပါနဲ့

အရေးအကြီးဆုံးအချက်က
ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပါ လုပ်ငန်းကိုတန်ဖိုးထားပါ
လဲကျတိုင်းအမှားတွေကနေသင်ခန်းစာယူပါ
to original uploader

19/11/2021

ကျွန်တော်ငယ်ငယ်က စာမတော်ဘူး
1 to 10 မပြောနဲ့
10 to 20 တောင် မဝင်ခဲ့ဘူး
ကွန်တော်လည်း ကို့အစွမ်းအစရှိသလောက်
ကြိုးစားကျက်တာပဲ..
နားလည်တာတွေရှိသလို နားမလည်တာတွေလည်းရှိတယ်...
ဒီတော့ အလွတ်ကျက်
ဒါမေး ဒါဖြေကာလက စာမေးပွဲတွေမှာ
အလွတ်မကျက်နိုင်တဲ့ကျွန်တော်
အဆင့်တွေလည်း မကောင်းခဲ့ဘူး...

စာတော်တဲ့အထဲမပါတော့
အတန်းထဲမှာကျွန်တော် မျက်နှာလည်းမရခဲ့ပါဘူး..

ဆရာမနားနေခန်းမှာ
စာတွေသွားသွားမေးပြီး အချိန်ရှိသရွေ့စာလုပ်နေတဲ့
သူတွေကလည်း ကျွန်တော့်ကိုမပေါင်းကြဘူး...

အရမ်းမချမ်းသာတော့
ဆရာတွေဆရာမတွေကို
အိမ်မှာဝိုင်းခေါ်ပြီးလည်းမသင်နိုင်ခဲ့တော့
အတန်းထဲမှာကျွန်တော့်နာမည်ဟာ
အတန်းတက်လို့နာမည်ခေါ်ရင်ထူးဖို့တစ်ခုပဲ
အသုံးဝင်ခဲ့တယ်..

အတူထိုင်တဲ့သူငယ်ချင်း သုံးလေးယောက်လောက်ကလွဲရင်
ကျွန်တော် ရှိမှန်းတောင်မသိကြဘူး..

အရင်ကတော့ ကျွန်တော် စိတ်ထဲ
အဆင့်၁ရသူတွေဟာ ...
သူတို့အသက်ကြီးလာရင် ပညာတက်ကြီးတွေဖြစ်လာလိမ့်မယ်
ငွေတွေချမ်းသာကြလိမ့်မယ်
သူတို့ဘဝတွေအမြဲအောင်မြင်ကြမယ်လို့
ထင်ခဲ့မိတယ်...

ဆရာဆရာမတွေကလည်း
သူတို့သည်သာ စံပြ
သူတို့သည်သာ ဆရာဝန် အင်ဂျင်နီယာတွေဖြစ်ကြလိမ့်မယ်
သူတို့သည်သာ ချမ်းချမ်းသာသာနေရလိမ့်မယ် ဆိုပြီး
အမြဲပြောခဲ့ကြတယ်...

ကျွန်တော်တို့က အဆင့်မကောင်းခဲ့ဘူး
ပညာမတော်ဘူး
ကြီးလာရင် ဆင်းရဲလိမ့်မယ်
ပင်ပန်းလိမ့်မယ်ဆိုပြီး စာတွေကိုပဲအလွတ်ကျက်ခိုင်းကြတယ်...

အဲ့အတွက် ကျွန်တော်တို့လို
အမှတ်မကောင်း
အဆင့်မကောင်းသူတွေဟာ
ငါတို့ကြီးလာရင် လူရာဝင်မှာမဟုတ်ဘူးဆိုပြီး
အတွေးရှိခဲ့ကြဘူးတယ်....

အဆင့်မကောင်းတဲ့ကျွန်တော်ဟာ
ဘယ်ဆရာမရဲ့မျက်နှာသာပေးခြင်းကိုမှ
မခံရသလို
ငွေကြေးမချမ်းသာလို့
ကျောင်းပွဲတော်တွေရဲ့ဘယ်နေရာမှာမှ
လူရာမဝင်ခဲ့ဘူး...

ဒီအကြောင်းတွေကိုကျွန်တော့်အမေကိုပြန်ပြောတိုင်း
အမေကစကားတစ်ခွန်းအမြဲပြောတယ်
"အဆင့်မကောင်းပေမယ့်
"လူကောင်းဖြစ်အောင်ကြိုးစားပေါ့သားရဲ့"တဲ့
" ငါ့သားက စာညံ့ပမေဲ့
ကြီးလာရင် လူရာဝင်မှာပါ"တဲ့.....

ခုပြန်တွေးကြည့်တော့လည်း
အမေပြောတာလေးတွေမမှားခဲ့ဘူးဆိုတာ
ကျွန်တော်သိခဲ့တယ်

ခုချိန်မှာ
ငယ်ငယ္က အဆင့်၁ ဆိုတဲ့သူတိုင်းလည်း
မချမ်းသာကြသလို...

အမှတ်ကောင်းခဲ့တဲ့သူတိုင်းလည်း
ဆရာဝန်မဖြစ်ခဲ့ကြပါဘူး

ဆရာမတွေရဲ့မျက်နှာသာပေးတာခံခဲ့ရတဲ့
သူတချို့လည်း
လောကဓံရဲ့မျက်နှာသာပေးခြင်းကိုမခံရဘဲ အဆင်မပြေနေကြတဲ့သူတွေလည်း
ကျွန်တော်တွေ့နေရတယ်

၉တန်းတောင်မအောင်တဲ့သူတွေက
သိန်းကိုသောင်းနဲ့ချီချမ်းသာနေကြပြီး...

နှစ်စဉ်ပထမရခဲ့တဲ့သူတချို့ကတော့
ရာထူးတစ္ခု ခုံတစ္လုံး
ဘောပင်တစ်ချောင်းနဲ့
အသက်တွေကြီးသွားတာကျွန်တော် မြင်နေရတယ်

ဆယ်တန်းကိုရိုးရိုးသာအောင်ခဲ့တဲ့သူတွေက
ကားသစ် လဲစီးနေကြပြီး
ဂုဏ်ထူးတွေနဲ့အောင်တဲ့သူတွေက
Bus ကားစီးနေရတုန်းပဲ...

စာတော်ခဲ့ပြီး ခုလည်းအဆင်ပြေနေကြသူတွေရှိသလို
စာညံ့တဲ့သူတွေ ခုလည်းဆင်းရဲနေတုန်းပဲဆိုတာလည်း
ကျွန်တော် တွေ့နေရတယ်

ဆိုတော့...

ကျွန်တော်ငယ်ငယ် စာမရလို့စိတ်ဓာတ်ကျပြီး
ငိုခဲ့တာတွေ..
အဆင့်၁ရတဲ့သူတွေရဲ့ကျွန်တော်တို့ကို
နှိမ်ချဆက်ဆံတာတွေ..
ကျွန်တော်တို့ရဲ့ အဆုံးအဖြတ်ဟာ
Report card ပေါ်ကအဆင့်သာလျှင်ဖြစ်တယ်လို့
ကျွန်တော်ထင်ခဲ့တာတွင်
အားလုံးဟာ ဟာသလိုဖြစ်နေတယ်

ကံကြမ္မာရဲ့အဆုံးအဖြတ်ဟာ
အဆင့်သက်မှတ်ချက်တွေထက်
ပိုအရေးကြီးတယ်ဆိုတာသိလာတဲ့အခါ..

ဘဝပေးအခြေအနေနဲ့
မိဘရဲ့ထောက်ပံ့ပေးနိုင်မှုတွေဟာ
အတန်းထဲမှာ ပထမရတာထက်
ပိုအရေးကြီးတယ်ဆိုတာ...

ပညာရေးမှာမထူးချွန်ပေမယ့်
လူတိုင်းဟာ တျခားတစ္ခုခုမွာ
ထူးချွန်နိုင်တယ်ဆိုတာ...

ဘဝမွာ ကိုယ်ယုံကြည်ရာကိုသာ
သေချာကြိုးစားရင်
အဆင့်၁မရလည်းကိစ္စမရှိဘူးဆိုတာ
သိလာတဲ့အချိန်မှာ...

ကျွန်တော့် သားသမီးတွေကို
အတန်းထဲမှာ ပထမရဖို့
အသည်းအသန်ကြိုးစားပြီး
အပူလောင်နေတဲ့မိဘတွေထဲ
ကျွန်တော် မပါတော့ဘူး...

ကျွန်တော့်အမေလိုဘဲ
ကျွန်တော့် သားသမီးတွေကို
စကားတခွန်းပဲကျွန်တော် အမြဲပြောတယ်

"အဆင့် ၁ရဖို့ထက်
လူကောင်းဖြစ်အောင် ကြိုးစားပါ
အဆင့်၁ ရဖို့ထက်
လူရာဝင်အောင် လူဝင်ဆံ့အောင်ပိုကြိုးစားပါ
အတန်းထဲမှာ မျက်နှာရဖို့ထက်
ပြင်ပလောကမှာ အောင်မြင်စွာရပ်တည်ဖို့
အမြဲကြိုးစားပါ"........

Credit to original writer

Thrift အထည်တွေကို ဘာကြောင့် ရွေးချယ်သင့်တာလဲ?   ခုနောက်ပိုင်း Thrift အထည် တစ်နည်းအားဖြင့် ဘေထုပ်တွေက trend ဖြစ်လာတော့ th...
17/11/2021

Thrift အထည်တွေကို ဘာကြောင့် ရွေးချယ်သင့်တာလဲ?

ခုနောက်ပိုင်း Thrift အထည် တစ်နည်းအားဖြင့် ဘေထုပ်တွေက trend ဖြစ်လာတော့ thrift ဆိုတဲ့စကားလုံးနဲ့ စိမ်းကြမယ်မထင်ပါဘူး ။ရှင်းရှင်းပြောရရင် ဘေထုပ်ဆိုတာ used item အသုံးပြုပြီးသား အရာတွေပါ။ ဒါပေမဲ့ တခါတလေ tag တောင်မဖြုတ်ရသေးဘဲ အသစ်အတိုင်းပါလာတာတွေလဲ ရှိပါတယ်။
အရင်နှစ်တွေတုန်းကတော့ လမ်းဘေးနား၊ စျေးအနီးနားတဝိုက်မှာ ဒါမှမဟုတ် ပွဲစျေးတွေမှာ ပုံပုံစတိုးတွေကို တွေ့ရလေ့ရှိပါတယ်။ကိုယ်စိတ်ကြိုက်မတွေ့မချင်း ထိုင်ရွေးရတာကိုက အရသာပါ.... ။အခုတော့ covid ကြောင့်ရော နိုင်ငံရေးအခြေနေကြောင့်ပါ ထိုင်ရွေးလို့ အဆင်မပြေတော့တဲ့ အခါမှာ online ကနေဝယ်ရတာ ၂ ဦး ၂ ဖက်အဆင်ပြေတဲ့ အနေထားပါ.ကဲ အခု ဘာကြောင့် Thrift clothes ​တွေကို ရွေးချယ်သင့်သလဲဆိုတာကို ပြောပြပေးသွားပါမယ်.....

1️⃣ Save money🤑(ငွေအကုန်ကျ သက်သာမယ်)
ဟုတ်ပါတယ် အားလုံး အကြိုက်တွေ့ကြတဲ့ အချက်ပါ။ကိုယ်သာရွေးတတ်ရင် ​​စျေးအတော်မြောက်တဲ့ branded အထည်တွေကအစ စျေးအတော်​သက်သက်သာသာနဲ့ ရနိုင်တာမလို့ သုံးပျော်ပါတယ်။ Photo shooting လုပ်တဲ့သူတွေ တခါဝတ်ပြီး မဝတ်ချင်တော့တဲ့မမချောတွေအတွက် လုံးဝ must buy ပါ။

2️⃣Clothes are unique
များသောအားဖြင့် ဘေထုပ်သဘောက တစုံတထည်ဘဲလာတာများ
ပါတယ်။တခါတလေကျ အပြင်သွားရင်း ကိုယ်နဲ့ဆင်တူဝတ်တာတွေ့တဲ့အခါ စိတ်ထဲတမျိုးဖြစ်တတ်ကြတယ်မလား.
Thrift ကတော့ ဒီပြသနာအရှင်းဆုံးပါ။ကိုယ်က သူများနဲ့ဆင်တာ မကြိုက်တဲ့သူဆိုရင် ဘေထုပ်လေးကိုသာ ရွေးပါလို့☺

3️⃣ပြီးတော့ အခုဆိုရင် old fashion တွေက ပြန်ခေတ်စားလာတာကို သတိထားမိကြမှာပါ။အမေတို့ ခေတ်က ကိုယ် ဒိတ်အောက်ပါတယ်ကွာလို့ ထင်ခဲ့တဲ့ဟာလေးတွေကလည်း အခုတကျော့ပြန် ခေတ်စားလာပါတယ်.ကိုယ်ရဲ့ fashion တွဲစပ်မှုကောင်းရင် ကောင်းသလို တော်တော်လေးကို လှတဲ့ vintage style လေးတွေကို ဘေထုပ်ထဲမှာ ရွေးလို့ရပါတယ်💕

4️⃣နောက်ပြီးတော်တော်များများသတိမထားမိကြတာက thrift clothes တွေက environment ကို တော်တော်အထောက်ကူပြုတာပါ။ သုံးပြီးသားအထည်တွေကို ပြန်သုံးတာဖြစ်လို့ recycling လုပ်ပြီးသားလဲဖြစ်ပါတယ်.စက်ရုံတွေကထွက်တဲ့ waste တွေကိုပါ လျှော့ချပြီးသားဖြစ်တာကြောင့် ပတ်ဝန်းကျင်ကို ထိန်းသိမ်းရာလဲ ရောက်ပါတယ်

ဒါပေမဲ့ဘေထုပ်ရွေးတိုင်းလဲအကောင်းကြီးဘဲရတာတော့မဟုတ်ပါဘူး.error ပါတတ်တာမျိုးရှိပြီး တချို့အထည်တွေက ဝတ်လို့အဆင်မပြေတာတွေလဲရှိတယ်."Philothrifty" ကတော့ စျေးသက်သက်သာသာနဲ့ quality ကောင်းမွန်တဲ့အထည်တွေကို အဓိကတင်တာမလို့ စိတ်ချလက်ချ ဝယ်ယူအားပေးလို့ ရပါတယ်ရှင်❤

မူရင်းပိုင်ရှင်ကို crd ပေးပါတယ်ရှင့်

Customer အမျိုးအစားများ**************************1. စိတ်မြန်လက်မြန်ရှိသူအမရေ ဒါလေး ရသေးလား။ဘယ်နေ့ရမလဲ ခဏနေ ရမလား။လမ်းကြု...
17/11/2021

Customer အမျိုးအစားများ
**************************

1. စိတ်မြန်လက်မြန်ရှိသူ

အမရေ ဒါလေး ရသေးလား။
ဘယ်နေ့ရမလဲ ခဏနေ ရမလား။
လမ်းကြုံတယ် ဝင်ယူလိုက်မယ်။

2. အတွေးအခေါ်သမား

ဒါနဲ့ ဒီဟာနဲ့ ဘယ်ဟာ ပိုကောင်းလဲ။
ဒါကို ဘာကြောင့် စျေးလျှော့ထားတာလဲ။
ဘာကိုယူသင့်သလဲ review လေးတွေ ပြပါဦး။

3. ယဉ်ကျေးလိမ်မာသူ

မင်မင်ရေ မေးခွန်းလေး တစ်ခုလောက်
မေးမလို့ စိတ်တော့မရှိပါနဲ့နော်
ဒါလေးက ဘယ်လိုသုံးရလဲဟင် ။
စိတ်မဆိုးနဲ့နော် မင်မင် 😘

4. စိတ်အေးလက်အေး ရှိလွန်းသူ

ရတယ် အေးဆေးမှပို့ ။
လာတဲ့ချိန် ဖုန်းဆက်လိုက်ပါ။
လူမရှိရင် အိိမ်မှာ ပေးထားလိုက်ပါ။

5. ဂျီးဂျွတ်မများသူ

ဒါ ယူမယ်။ အင့် လိပ်စာ ဖုန်းနံပါတ်။ 👍🏻
(စာထပ်မဖတ်တော့)

6. ဇီဇာကြောင်သူ

ပုံမှာပြထားတဲ့ အရောင်နဲ့ အပြင်အရောင်
အတူတူပဲလား ။ အလင်းထဲထွက်ပြီး
ဗီဒီယိုဖိုင် ရိုက်ပြပေးပါလား။
300 ml ဆိုရင် gram နဲ့ ဘယ်လောက်လဲ။
ပေတံလေးနဲ့ တိုင်းပေးလို့ရလား ဒီ size ကို။

7. ဇာတ်ကြောင်းပြန်တတ်သူ

ညီမလေ ငယ်ငယ်တုန်းက ချော်လဲထားတော့
ခြေထောက်မှာ အမာရွတ်လေးရှိတယ်။
ဒါမဲ့ အဖွားက ကြိတ်မှန်ရွက် လိမ်းပေးတာ သက်သာသွားတယ်။ အဖွားက နယ်ကလေ။
ညီမက ဒီမှာ ကျောင်းတက်နေလို့။
ခု ညီမရှာနေတာက အဲ့လို ကြိတ်မှန်ရွက် effect ပါတဲ့ ....

8. ငွေတစ်ဝက် ကြိုရှင်းထားသူ

မင်မင်ရေ ဘောက်ချာမှာ တစ်ဝက်တန်ဖိုးပဲ
ရေးပေးနော် မမေ့ပါနဲ့နော်။ 🥺
မေ့ရင် အိမ်ပေါ်က ဆင်းရတော့မှာ။ 🥺

9. ဒရာမာကွင်း

နေပါစေ 🙂 ရပါတယ် ပြန်မလဲတော့ပါဘူး။
သေချာပြောထားရက်နဲ့ မှားလာတာတော့
စိတ်မကောင်းဘူး 🙂
ကိုယ်ပဲ သေချာ မပြောပြတတ်တာ နေမှာပါ။🙂

10. ရာသီလာနေသူ

ဘယ်လိုလုပ်လိုက်တာလဲ အစ်မ။
အလုပ်ကို သေချာ မလုပ်တတ်ဘူးလား။
ခုချက်ချင်း ပြန်အမ်းငွေ လိုချင်တယ်။
ဘာမှ ပြန်မလဲပေးနဲ့။ နောက်လည်း မဝယ်ဘူး။

11. ဖွန်ကြောင်သူ

ဟယ်လို အက်မင် မမနဲ့ စကားပြောချင်ပါတယ်။
ရန်ကုန်ကလားဗျ။ 😜

12. ပစ္စည်းမကျန်မှာ တွေးပူတတ်သူ

မင်မင်ရေ လကုန်မှ ယူမှာ ချန်ထားပေးပါဦး။
လကုန် တကယ်ယူမှာနော်။

13. လူလိမ် page များကြောင့် စိတ်ဒဏ်ရာရနေသူ

အော် ငွေကြိုလွှဲရမှာလား ဆောရီးနော်။
မယူဖြစ်တော့ဘူး။ တစ်ခါက အလိမ်ခံထားရလို့ပါ။

13-1. ကားဂိတ်များကို အယုံကြည် ကင်းမဲ့သောသူ

ဟယ်လို ကားဂိတ် ပြေစာလေး ပို့ထားပေးပါ။
ဂိတ်တွေက ဖုန်းမဆက်လို့ပါ။
အမ ဂိတ်ပြေစာ ရရင် ပို့ထားပါဦး။
အမ ပို့ပြီးပြီလားရှင့် ပြေစာလေး။

14. ချွေတာဖို့ ကြိုးစားနေသူ

မင်မင်ရေ ဒီလ သုံးတာများသွားလို့
ဘူးသေးပဲ ယူတော့မယ်။
ဟယ် နှုတ်ခမ်းနီက sale ချနေတာလား။
မပြောဘူး ကြည့်။
ဒါရယ် ဒါရယ် ဒါရယ် သုံးမျိုး အရင်လိပ်စာပဲနော်။

Credit to original uploader
Photo credit

17/11/2021
ကိုယ့်အလုပ်ကို ချစ်ပါ...ကိုယ့်အလုပ်က ဝင်ငွေနည်းသည်ဖြစ်စေ၊များသည်ဖြစ်စေ တန်ဖိုးထားပြီး ဂုဏ်ယူပါ။စျေးရောင်းခြင်း၊စက်ချုပ်ခ...
15/11/2021

ကိုယ့်အလုပ်ကို ချစ်ပါ...
ကိုယ့်အလုပ်က ဝင်ငွေနည်းသည်ဖြစ်စေ၊
များသည်ဖြစ်စေ တန်ဖိုးထားပြီး ဂုဏ်ယူပါ။
စျေးရောင်းခြင်း၊စက်ချုပ်ခြင်း၊အစားအသောက်
ချက်ရောင်းခြင်း၊စာသင်စားခြင်း၊အထည်ချုပ်
လုပ်ခြင်း အစရှိသည့် ဘယ်အလုပ်မဆို
ကိုယ်အားသန်ရာ အလုပ်မှာ ကိုယ့်လုပ်ရမယ့်
တာဝန်ကို ပြီးမြောက်အောင်လုပ်ပါ။
အဓိက သမ္မာအာဇီဝ အလုပ်လေးတော့
ဖြစ်နေပါစေကွယ်။သမ္မာအာဇီဝဆိုတာ
ကိုယ်ချွေးနည်းစာနဲ့ရှားလို့ရသော ဝင်ငွေဖြစ်ပြီး
ဝယ်သူဆီက မတရားအမြတ်တွေစားပြီး
ဂုတ်သွေးစုပ်တာကို ပြောတာ မဟုတ်ပါ။

အလုပ်လုပ်ပြီဆိုမှတော့ စိတ်ဖိစီးမှု၊စိတ်ဓာတ်ကျမှု၊အရှုံးပေါတာတို့ အခက်အခဲပေါင်းများ
စွာကြုံရမည်။ခုရေတွင်းတူး ခုချက်ခြင်း
ရေကြည်တော့ ဘယ်သောက်လို့ရမလဲကွယ်။
အချိန်ပေးရသလို ရင်းနှီးမြုပ်နှံများစွာ
ပေးဆပ်ရသည်။သူများထက် ပိုအောင်မြင်ချင်ရင်
သူများအိပ်နေချိန်၊စားနေချိန်ကိုယ်ဟာ
အဆပေါင်းများစွာ ကြိုးစားနေရမည်။
(ကိုယ့်သိတဲ့ ညီမလေးတစ်ယောက်
အသက်က၁၉နှစ်သာသာပဲ အလုပ်တအား
တော်ပြီး တစ်လတစ်လ သူ့ဝင်ငွေ မနည်းပါ။
သူနဲ့စကားပြောဖြစ်တိုင်း ကိုယ်ကအားကျ
မိကြောင်း အမြဲပြောဖြစ်သည်။)

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု
အမြဲရှိချင်ရင် အလုပ်အမြဲလုပ်နေပါ။
ဘယ်အလုပ်မဆို စစခြင်းအင်မတန်
ခက်ခဲသလို ဆက်ပြီးမလုပ်ချင်လာအောင်
သင့်စိတ်ကိုခံစားစေတတ်သေးသည်။
အဓိက စိတ်ဓာတ်လုံးဝမကျဘဲ ဆက်ပြီး
ကြိုးစားနေပေးပါ။တစ်နေ့နေ့တော့ ကိုယ်နေရာ
တစ်ခုရလာလိမ့်မည်။ကိုယ်ကြိုးစားခဲ့တာတွေ
အရာထင်ပါလိမ့်မည်...။

𝑫𝒐𝒏'𝒕 𝒍𝒐𝒔𝒆 𝒚𝒐𝒖𝒓 𝒄𝒐𝒏𝒇𝒊𝒅𝒆𝒏𝒕,𝒊𝒕
𝒄𝒂𝒏 𝒎𝒂𝒌𝒆 𝒚𝒐𝒖 𝒔𝒖𝒄𝒄𝒆𝒔𝒔 𝒊𝒏 𝒚𝒐𝒖𝒓 𝒍𝒊𝒇𝒆.🎉

ချစ်ခြင်းများစွာဖြင့်

Crd to နူးနူးအောင်

Photo- Credit to the rightful owners

Cute Korea FashionCrd;
07/11/2021

Cute Korea Fashion

Crd;

ကိုယ့်အကြိုက် Casual Korea FashionCrd;
06/11/2021

ကိုယ့်အကြိုက် Casual Korea Fashion

Crd;

Address

Yangon

Telephone

+959250300957

Website

Alerts

Be the first to know and let us send you an email when Shair Lar Vintage and Outlet Clothes posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shair Lar Vintage and Outlet Clothes:

Share