23/09/2021
တရားသောဘက်မှ ရပ်တည်နေသော မြန်မာပြည်သူပြည်သားတို့ရှင့်
တော်လှန်ရေးရဲ့ အရေးကြီးတဲ့အချိန်ကာလတစ်ခုကိုရောက်နေပြီမို့
စိတ်ဓာတ်ခိုင်မာမှုကလွဲလို့ လိုအပ်ချက်တွေအများကြီးရှိနေသေးတဲ့ ပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့တွေအတွက် ဖြည့်ဆည်းပေးရမဲ့တာဝန်တွေ ရင်ဘတ်ထဲမှာအပြည့်ရှိနေကြတယ်မလား....
ပြည်သူတွေရဲ့ အင်အား အထူးလိုအပ်နေတဲ့အချိန်ရောက်နေပါပြီ...
တို့ပြည်သူတွေအင်အားနဲ့ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေကို ကူညီကြရအောင်🤑🤑🤑
မပင်ပန်းပါဘူး ဖုန်းလေးပွတ် အချိန်တခုပေးပြီး ကြည့်ရုံပါပဲ...
တနေ့ မိနစ်၃၀လောက်လေးအချိန်ပေးပြီး ကူပေးကြပါ please 🙏
အချိန်ပိုပေးနိုင်တဲ့သူတွေက ရသလောက် ကြည့်ပေးကြပါ🤗
10 Million View challenge!!!! We can do it together 💪
💪💪
လုပ်ကြည့်ရင်း အဆင်မပြေတာရှိရင် လာမေးလို့ရပါတယ်ရှင် 🤗
👇👇👇👇👇👇👇👇👇👇👇
"Click နှိပ်ပြီး လှူ"
ဒီပို့စ်က Click2donate အကြောင်း မသိသေး၊ မရှင်းသေးသူများကို ရည်ရွယ်ပါတယ်။ အနှစ်ချုပ် တင်ပေးထားတာပါ။
တော်လှန်ရေး အောင်မြင်ဖို့မှာ ပိုက်ဆံက အရေးကြီးပါတယ်။ လှူနိုင်ဖို့ ငွေရှာကြတဲ့အခါ ပြည်တွင်းကပဲ ရှာမယ်ဆို သူ့ငွေ ကိုယ့်ဆီရောက်၊ ကိုယ့်ငွေ သူ့ဆီရောက်နဲ့ ဒီထဲက ငွေတွေပဲ ဖြစ်နေမှာပါ။ ဒါကြောင့် ပြည်ပက ဝင်လာမဲ့ ငွေတွေလည်း လိုပါတယ်။ ပြည်ပရောက် မြန်မာတွေရဲ့ အလှူငွေလိုမျိုးပေါ့။ ခု Click to donate ဆိုတာလည်း ဒီလို နိုင်ငံခြားငွေ ရနိုင်မဲ့ အစီအစဥ်ပါပဲ။ (ဘယ်လောက် အရေးကြီးလဲ သဘောပေါက်လောက်ပြီ ထင်ပါတယ်။)
အရင်ဆုံးအနေနဲ့ ဝက်ဘ်ဆိုက်တွေ၊ YouTube ချန်နယ်တွေ ဘယ်လို ပိုက်ဆံရသလဲ ဆိုတာလေး ရှင်းပြချင်ပါတယ်။ ကျနော်တို့ ဝက်ဘ်ဆိုက်ထဲဝင်၊ စာတွေ ဖတ်ကြတယ်။ YouTube ကနေ ဗီဒီယို ကြည့်ကြတယ်။ အဲ့အခါ ကြော်ငြာလေးတွေ တက်လာတာ မြင်ဖူးကြမယ် ထင်ပါတယ်။ ဒီအတွက် ကြော်ငြာခ တစ်စိတ်တစ်ပိုင်းကို ဝက်ဘ်ဆိုက် တည်ထောင်သူ၊ YouTube ချန်နယ် တည်ထောင်သူက ရပါတယ်။
ဒါကြောင့် ဝက်ဘ်ဆိုက်ထဲ စာဝင်ဖတ်အောင် ဆောင်းပါးတွေ တင်ပေးကြတယ်။ သတင်းဝင်ဖတ်အောင် လူစိတ်ဝင်စားမဲ့ သတင်းတွေ တင်ကြတယ်။ YouTube ချန်နယ်ကို ဝင်ကြည့်အောင် လူအများ နှစ်သက်မဲ့ ဗီဒီယိုတွေ တင်ထားကြတယ်။ အဲ့လို ဝင်ကြည့်တဲ့သူ များလေ၊ ပိုက်ဆံပိုရလေ ဖြစ်လို့ပါ။
အခု Click2donate (Click နှိပ်ပြီး လှူ) ကျတော့ ကျနော်တို့ ဒီစာ၊ ဒီဗီဒီယိုကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ၊ ဖတ်ချင်သည်ဖြစ်စေ မဖတ်ချင်သည်ဖြစ်စေ ကြည့်ပေးရမှာပဲ ဖြစ်ပါတယ်။ ဒါမှ တည်ထောင်သူက ကြော်ငြာခ ရမယ်။ ရမှ အဲ့ဒီဝင်ငွေကို လိုအပ်နေတဲ့ နေရာတွေဆီ ခွဲဝေထောက်ပံ့နိုင်မှာ ဖြစ်ပါတယ်။
ဟုတ်ပြီ။ ဒါဆို ငါတို့ ဘယ်ဟာကို ဝင်ပေးရမလဲ။ Click ပေးရမလဲ။
နည်းလမ်း ၃ ခု ရှိပါတယ်။
◾၁။ ဝက်ဘ်ဆိုက်
ဒီအောက်က ဝက်ဘ်ဆိုက်လင့်ခ် ၂ ခုထဲကို ဝင်ပေးရပါမယ်။
https://click2donatemm.com/
https://weclick4pdf.com/
သတိထားရမဲ့ အချက်တွေကတော့
👉 တစ်ချက်ကလေး ဝင်လိုက်ပြီး ပြန်ထွက်သွားလို့ မရပါဘူး။ အနည်းဆုံး ၅ မိနစ်တော့ ဝက်ဘ်ဆိုက်ပေါ်မှာ နေပေးပါ။ ဆောင်းပါးလေးတွေလည်း ရှိလို့ ဟိုကြည့် ဒီကြည့် လုပ်နေလို့ ရပါတယ်။ (ဖတ်ကောင်းတာ မကောင်းတာ မစဥ်းစားနဲ့နော်။ ဖတ်ပေးဖို့က အဓိကပဲ။)
👉 စိတ်ကူးပေါ်တုန်း တစ်ရက်၊ နှစ်ရက်လောက်ပဲ ဝင်ရင်လည်း သိပ်မထူးပါဘူး။ နေ့တိုင်း ဝင်နေဖို့ လိုပါတယ်။
👉 တစ်နေ့ကို အနည်းဆုံး ၃ ခါ ဝင်ပေးစေချင်ပါတယ်။
အဲ့တော့ အချိန်လေးတစ်ခု သတ်သတ်မှတ်မှတ် ထား။ အင်တာနက် စသုံးပြီ ဆိုတာနဲ့ ဒါကို စလုပ်မယ် ဆိုတာမျိုးပေါ့။ အပေါ်က လင့်ခ် ၂ ခုကို ဖုန်းရဲ့ Notes ထဲမှာ ဖြစ်ဖြစ် ကော်ပီကူးထားလိုက်။ မနက်တစ်ခါ၊ နေ့လယ်တစ်ခါ၊ ညတစ်ခါ Click ရမဲ့ အချိန်လေးတွေ Alarm ပေးထား။ ကြားထဲ သတိရရင် ရသလိုလည်း ထ Click လို့ရတယ်။
◾၂။ Application
Application ကို အရင်ဆုံး အောက်က လင့်ခ်တခုခုကနေ Download လုပ်ရမှာ ဖြစ်ပါတယ်။
Playstore link>>>>>>> https://play.google.com/store/apps/details?id=com.c2donate.app
Playstore မရှိသူများအတွက် apk pure link>>>>>
https://apkpure.com/p/com.c2donate.app
Mediafire or Mega direct link >>>>>
https://www.click2support.xyz/2021/09/app-download.html
ပြီးသွားရင် ဖွင့်လိုက်ပါ။ ညာဘက်အပေါ်ထောင့်က ?How To ဆိုတာလေးကို နှိပ်လိုက်ရင် ဘယ်လိုသုံးရမယ် ဆိုတာ ပြောပြပေးထားပါတယ်။ အဲ့ထဲကအတိုင်း ဆက်လုပ်ပါ။ ဒီမှာ ရေးပြနေရင် ရှုပ်သွားမှာ စိုးလို့ပါ။
Application ကို Download လုပ်ထားရုံနဲ့လည်း ငွေမဝင်ပါဘူး။ သူ့ထဲက လင့်ခ်တွေကို ဝင်ကြည့်ပြီး အနည်းဆုံး ၅ မိနစ် နေပေးဖို့ လိုပါတယ်။
◾၃။ YouTube
ယုန်နဲ့လိပ် တုန်းကလိုပဲ ကြည့်ပေးရမှာပါ။ ရှင်သန်ခြင်း၊ ကြယ်၊ နေ့သစ်၊ နေမဝင်အိမ်ပြန်ချိန် ဆိုတဲ့ သီချင်း ၄ ပုဒ်ကို ၁၀ ရက်အတွင်း TOTAL 10 M view (ကြည့်ရှုမှု အကြိမ်ရေ ၁၀ သန်း) ရအောင် ကြည့်ပေးကြရမှာ ဖြစ်ပါတယ်။
တင်ထားတဲ့ ချန်နယ်တွေကတော့ Raung Ni နဲ့ WE CLICK ပါ။ ဒါကိုလည်း အထူးသတိထားစေချင်ပါတယ်။ YouTube ပေါ်မှာ click2donate တို့၊ kyipaypar2.0 တို့လို ဆင်တူယိုးမှား နာမည်တွေနဲ့ အချောင်လိုချင်သူတွေ ရှိလို့ပါ။ Raung Ni နဲ့ WE CLICK ချန်နယ် ၂ ခုက ဗီဒီယိုတွေကိုပဲ ကြည့်မှ ရမှာပါ။
👉 YouTube video ကြည့်နည်း
ကြည့်တယ်ဆိုတိုင်း မရပါဘူး။ သူ့စည်းကမ်းနဲ့သူ ကြည့်မှ ငွေဝင်မှာပါ။
၁) YouTube application ထဲကို ဝင်ပါ။ ညာဘက်အပေါ်ထောင့်မှာ gmail နဲ့ Sign in အရင်လုပ်ပေးပါ။
၂) We Clickလို့ ရိုက်ရှာပြီး သောင်းဂဏန်းအထက်ရှိတဲ့၊ အပြာရောင် Profile လေးနဲ့ Channel ကို Subscribe လုပ်ပေးပါ။
ပြီးရင် တင်ထားတဲ့ ဗီဒီယိုတွေကို အစအဆုံး ကြည့်ပေးရမှာ ဖြစ်ပါတယ်။
• Auto play ပိတ်ပါ။ (ဗီဒီယိုရဲ့ ညာဘက်အပေါ်ထောင့်မှာ ရှိပါတယ်။)
• Loop မလုပ်ပါနဲ့။ Quality 480 နဲ့ အထက် ထားပေးပါ။ (ဗီဒီယိုရဲ့ ညာဘက်အပေါ်က အစက်ကလေး ၃ စက်ကို နှိပ်ရမှာပါ။) PLAY LIST လုပ်ထားပြီး တစ်နေကုန် loop နဲ့ repeat လုပ် ဖွင့်ထားတာမျိုး လုပ်လို့ မရပါဘူး။
• ဗီဒီယို ကြည့်နေတုန်း မကျော်ရ၊ မရပ်ရ၊ မရစ်ရပါ။
• Channel တစ်ခုတည်းက ဗီဒီယိုတွေ ဆက်တိုက် မကြည့်ပါနဲ့။ ဗီဒီယိုတစ်ခုတည်းကိုလည်း ဝင်လိုက်ထွက်လိုက်နဲ့ ပြန်ပြန်မကြည့်ပါနဲ့။ ဒါကို ကြည့်ပြီး ကြားထဲမှာ တစ်ခြား ဗီဒီယိုအတိုလေးတွေ ၃ ခုလောက် ကြည့်ပြီးမှ Main video တွေကို ပြန်ကြည့်ပေးပါ။
• Ads တွေ မကျော်ပါနဲ့။
• VPN ဖွင့်ပြီး ကြည့်ပေးပါ။ ဒါမှ ကြော်ငြာတွေ လာမှာပါ။ ကြော်ငြာတွေ မလာရင် clear data လုပ်ပါ။
• VPN ကို US က လွဲရင် ကျန်တာ ထားလို့ ရပါတယ်။ US တစ်မျိုးတည်း ရှိတဲ့သူကတော့ US သုံးနိုင်ပါတယ်။ အခွန်ဖြတ်လို့ပါ။
• Comment မှာ emoji ထည့်မမန့်ပါနဲ့။
• Volume 50+ ထားပေးပါ။
▪️▪️▪️▪️▪️▪️▪️
ဒါကြောင့် Click တဲ့ အလုပ်ကို နေ့စဥ်လုပ်ရမဲ့ To-do-list ထဲ ထည့်ထားပေးစေချင်ပါတယ်။ အနှစ်ပြန်ချုပ်ရရင် -
▪️ဝက်ဘ်ဆိုက် ၂ ခုထဲ သွားပါ။ တစ်နေ့ ၃ ခါ အနည်းဆုံးနဲ့ တစ်ခါဝင် ၅ မိနစ်အနည်းဆုံး နေပါ။
▪️Application ကို ဖွင့်ပါ။ လင့်ခ်တွေကို နှိပ်ပါ။ တစ်နေ့ ၃ ခါ အနည်းဆုံးနဲ့ တစ်ခါဝင် ၅ မိနစ်အနည်းဆုံး နေပါ။
▪️YouTube ချန်နယ် ၂ ခုက ဗီဒီယိုတွေကို ကြည့်ပါ။
တစ်နေ့ကို အချိန် ၁ နာရီကနေ ၂ နာရီလောက်ထိတော့ ပေးရပါလိမ့်မယ်။ တခြားလူတွေက အသက်ပေး၊ ဘဝတွေပေးပြီး တိုက်ပွဲဝင်နေချိန်မှာ တကယ်သာ တော်လှန်ရေးကို အောင်မြင်စေချင်တယ်ဆို ဒီလောက်တော့ စိတ်ရှည်ရှည်ထား ကြိုးစားပေးသင့်တယ် ထင်ပါတယ်။
ငွေမကူနိုင်လို့ စိတ်ညစ်နေတယ်ဆို ဒါလေး လုပ်ပေးပါ။ ငွေကူနိုင်ပေမဲ့ အိမ်မှာ ထိုင်နေရင်း ထပ်ပါဝင်ချင်သေးတယ်ဆို ဒါလေး လုပ်ပေးပါ။ ကျဆုံးသွားတဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုချင်တယ်ဆို ဒါလေး လုပ်ပေးပါ။ တော်လှန်ရေးထဲ ဘေးမသီ ရန်မခ၊ ငွေတစ်ပြားမှ မကုန်ဘဲ ပါဝင်လိုက်တာနဲ့ အတူတူပါပဲ။ တစ်နေ့တစ်နေ့ အကျိုးရှိတာ လုပ်နိုင်လိုက်တယ် ဆိုတဲ့ ခံစားချက်လည်း ရလာပါလိမ့်မယ်။
ဝက်ဘ်ဆိုက်တွေ၊ Application တွေနဲ့မို့ ဖေ့စ်ဘွတ်သုံးရတာလို မရိုးရှင်းလို့ သိပ်နားမလည်သူတွေများ ရှိခဲ့ရင်လည်း အချင်းချင်း ကူရှင်းပြပေးပါ။ ဒီပို့စ်လေးကိုလည်း အကျိုးရှိတယ်ဆို မျှဝေပေးပါ။ ကျေးဇူးတင်ပါတယ်။
အရေးတော်ပုံ အောင်ရမည်။