20/01/2026
ဒီနေ့ခေတ် မိဘတိုင်းရဲ့ အိမ်မက်ဆိုးကတော့ ကလေးတွေက Digital Device တွေနဲ့ပဲ အချိန်ကုန်ဆုံးနေပြီး ဖုန်းစွဲလမ်းတဲ့ ပြဿနာကို ရင်ဆိုင်နေရတာပါပဲ။
မိဘတွေအနေနဲ့ အလုပ်ရှုပ်လို့ပဲဖြစ်ဖြစ်၊ ကလေးငြိမ်သွားအောင်ပဲဖြစ်ဖြစ် ဖုန်းပေးလိုက်မိရာကနေ နောက်ပိုင်းမှာ
ဖုန်းကြည့်မှ ထမင်းစားတတ်၊ အိပ်ပျော်တတ်တဲ့ အကျင့်တွေ ဖြစ်လာတာ ။
ဖုန်းပြန်တောင်းတဲ့အခါတိုင်း ဂျီကျ၊ အော်ဟစ်၊ ရန်မူတာတွေ ကြုံတွေ့ရတာ ။
ဖုန်းမရရင် ဘာမှလုပ်ချင်စိတ်မရှိဘဲ ပျင်းရိတွန့်ဆုတ် နေတာတွေဟာ မိဘတိုင်း ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုတွေပါပဲ ။
မိဘတွေအနေနဲ့ ပင်ပန်းနွမ်းနယ်လာတဲ့အခါ စိတ်တိုပြီး အော်ဟစ်မိတာမျိုး ဖြစ်တတ်ကြပါတယ်။ ဒါပေမဲ့ ဆူပူအော်ငေါက်လိုက်ခြင်းဟာ ဘာတစ်ခုကိုမှ မပြောင်းလဲစေဘဲ ကလေးနဲ့ ကိုယ့်ကြားက ချစ်ခင်မှုကိုပဲ ထိခိုက်စေနိုင်ပါတယ် ။
ရိုက်နှက်ဆုံးမတာတွေကလည်း ရေတိုမှာ အလုပ်ဖြစ်သလို ထင်ရပေမဲ့ ရေရှည်မှာတော့ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု၊ စိတ်ကျန်းမာရေးနဲ့ အနာဂတ် လူမှုဆက်ဆံရေးတွေအတွက် အနုတ်လက္ခဏာ ဆိုးကျိုးတွေသာ ပေးနိုင်ပါတယ် ။
တစ်ဖက်မှာလဲ ဒီနေ့ခေတ်ကလေးတွေကို Digital Device တွေမသုံးအောင် တားလို့မရပါဘူး။ ခေတ်နဲ့အညီ တိုးတက်အောင် သုံးသင့်တာတွေကို ပေးသုံးဖို့လဲ လိုအပ်ပါတယ်။
ဒီပြဿနာကိုဖြေရှင်းဖို့ မိဘတွေအနေနဲ့ ဖုန်းစွဲနေတဲ့ ကိုယ့် ကလေးကို ကိုယ်ပိုင်တီထွင်ဖန်တီးနိုင်တဲ့သူတွေဖြစ်အောင်ဘယ်လိုပျိုးထောင်ရမလဲဆိုတာ သိချင်ကြမယ်ထင်ပါတယ်။
ဒါကြောင့် "ဖုန်း စွဲနေတဲ့ ကလေးကို တီထွင်ဖန်တီးသူ ဖြစ်အောင် ပြုစုပျိုးထောင်နည်း" ဆိုတဲ့ Webinarကို ကျွန်တော်မျှဝေပေးဖို့စီစဥ်ထားပါတယ်။
ဒီ Webinar မှာ
- ငိုတိုင်း ဖုန်းပေးလိုက်ရတဲ့ မိဘတွေအတွက်: ဖုန်းအစားထိုး လက်တွေ့ကျကျဘယ်လိုဖြေရှင်းမလဲ။
- ဖုန်းပြန်တောင်းတဲ့အခါ ဂျီကျတဲ့အကျင့်ကို အော်ဟစ်ဆုံးမစရာမလိုဘဲ တည်တည်ငြိမ်ငြိမ်နဲ့ ဘယ်လိုကိုင်တွယ်မလဲ ။
-ကလေးကို အော်ဟစ်စရာမလိုဘဲ နားလည်မှုရှိတဲ့၊ တာဝန်ယူတတ်တဲ့ ကလေးတစ်ယောက်ဖြစ်လာအောင်၊
- ခေတ်နည်းပညာတွေကနေတဆင့် ကိုယ်တိုင် တီထွင်ဖန်တီးသူဖြစ်အောင် ဘယ်လိုပျိုးထောင်မလဲ။
- အပြစ်မပေးဘဲ လုပ်ရပ်ရဲ့ အကျိုးဆက်ကို သူကိုယ်တိုင် သိလာအောင် ဘယ်လိုသင်ပြမလဲ ဆိုတာတွေကို ဆွေးနွေးပေးသွားမှာပါ။
✅Date: ဇန်နဝါရီလ ၁၈ ရက် (တနင်္ဂနွေနေ့)
✅Time: ည ၇ နာရီ မှ ည ၉ နာရီအထိ (MMT)
✅Platform : Zoom
ဒီWebinar ကို မြန်မာနိုင်ငံက ကလေးငယ်တိုင်းအတွက် ပိုမိုကောင်းမွန်ပြီး လုံခြုံတဲ့ အနာဂတ်ကို ဖော်ဆောင်ပေးနိုင်ဖို့ CEO's Mind နဲ့ Dai-ichi Life Insurance Myanmar တို့ ပူးပေါင်းပြီး စီစဥ်ပေးထားတာဖြစ်ပါတယ်။
တက်ရောက်ချင်တယ်ဆိုရင်တော့ လူဦးရေ ကန့်သတ်ထားတာကြောင့် အောက်က Form ကို အမြန်ဆုံး ဖြည့်စွက်ပေးပါ။ Form ဖြည့်ပြီးသူများကို Zoom link အား Viber ကနေတဆင့် ပေးပို့ပေးသွားမှာ ဖြစ်ပါတယ်။
ဒီLinkကိုနှိပ်ပြီး Form ဖြည့်ပါ။
https://forms.office.com/r/7dbkguJzwd
မိဘကို ကြောက်လို့ နားထောင်တဲ့ကလေး မဟုတ်ဘဲ နားလည်လို့ နားထောင်တတ်တဲ့ ကလေးတစ်ယောက်ဖြစ်လာအောင်၊
ကလေးတွေရဲ့ အပြင်ပန်း မုန်တိုင်းလို ကြမ်းနေတဲ့ အပြုအမူတွေ၊ နောက်ကွယ်က နာကျင်နေတဲ့ နှလုံးသားကို နားလည်ပေးနိုင်တဲ့ ခေတ်မိဘတွေဖြစ်အောင် ဒီ Webinar ကနေ အတူတူဆွေးနွေးမျှဝေပေးသွားပါမယ်။