Moya Atelier

Moya Atelier Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Moya Atelier, Clothing (Brand), Yangon.

elevated essentials for your everyday wardrobe 🕊️

Moya Atelier
2026 မှ စတင်တည်ထောင်ထားသော Unisex Fashion Brand
လက်လီ၊ လက်ကား ရရှိနိုင်ပါသည်။
မြန်မာအခြေစိုက် 🇲🇲
Viber
09780945891

27/08/2026
💰 အရင်းကို မသိဘဲ ဈေးမသတ်မှတ်နဲ့လုပ်ငန်းလုပ်တဲ့အခါ“ဒီပစ္စည်း ဘယ်လောက်ကျလဲ?” ဆိုတာကို သိရုံနဲ့ မလုံလောက်ပါဘူး။တကယ်တွက်ရမှာ...
27/08/2026

💰 အရင်းကို မသိဘဲ ဈေးမသတ်မှတ်နဲ့

လုပ်ငန်းလုပ်တဲ့အခါ
“ဒီပစ္စည်း ဘယ်လောက်ကျလဲ?” ဆိုတာကို သိရုံနဲ့ မလုံလောက်ပါဘူး။

တကယ်တွက်ရမှာက 👇

ပစ္စည်းအရင်း + ထုတ်လုပ်စရိတ် + Packing + ပို့ဆောင်ခ + ကြော်ငြာစရိတ် + အခြားကုန်ကျစရိတ်

အားလုံးပေါင်းပြီးမှ တကယ့်အရင်း ကို သိရမှာပါ။

ဥပမာ—
T-Shirt တစ်ထည် အထည်ဖိုး 10,000 ကျပ် ကျတယ်ဆိုပြီး
12,000 ကျပ်နဲ့ ရောင်းလိုက်ရင် 2,000 ကျပ်မြတ်တယ် လို့ မတွက်လိုက်ပါနဲ့။

Sticker, Printing, Packing, Deli, ကြော်ငြာစရိတ်တွေပါ ထပ်ရှိနိုင်ပါတယ်။

ဒါတွေမတွက်ထားရင်
ရောင်းနေတာကြာပေမယ့် အမြတ်မကျန်တဲ့အခြေအနေ ဖြစ်နိုင်ပါတယ်။

📌 အရင်းမှန်ကို သိမှ ဈေးမှန်ကို သတ်မှတ်နိုင်မယ်။

ဈေးသက်သာအောင် ရောင်းတာထက်
အမြတ်ကျန်အောင် ရောင်းတတ်ဖို့ ပိုအရေးကြီးပါတယ်။ ❤️

#စီးပွားရေးဗဟုသုတ #အထည်လုပ်ငန်း

“ရောင်းထွက်သွားပြီ” ဆိုတာနဲ့ “အမြတ်ရပြီ” လို့ မဆိုလိုပါဘူး။စီးပွားရေးလုပ်တဲ့အခါ ပစ္စည်းတစ်ခုကို အကြွေးနဲ့ရောင်းလိုက်ရင် ...
27/08/2026

“ရောင်းထွက်သွားပြီ” ဆိုတာနဲ့ “အမြတ်ရပြီ” လို့ မဆိုလိုပါဘူး။

စီးပွားရေးလုပ်တဲ့အခါ ပစ္စည်းတစ်ခုကို အကြွေးနဲ့ရောင်းလိုက်ရင် ရောင်းအားကတော့ တက်သွားနိုင်ပါတယ်။ ဒါပေမယ့် ငွေလည်ပတ်မှု (Cash Flow) ပျက်သွားနိုင်တာကို သတိထားဖို့လိုပါတယ်။

❌ ပစ္စည်းထွက်သွားပေမယ့် ငွေမဝင်သေး
❌ ပစ္စည်းအသစ်ပြန်ဝယ်ဖို့ ငွေမလုံလောက်
❌ Customer က ငွေချေရက်နောက်ကျနိုင်
❌ အကြွေးများလာရင် ကိုယ့်လုပ်ငန်းရဲ့ လည်ပတ်ငွေ ပိတ်မိနိုင်
❌ နောက်ဆုံးမှာ “အရောင်းရှိပေမယ့် လက်ထဲငွေမရှိ” ဖြစ်လာနိုင်ပါတယ်။

ဥပမာ—

ပစ္စည်းတစ်ခုကို 30,000 ကျပ် နဲ့ရောင်းပြီး 20 ခု ထွက်သွားတယ်ဆိုပါစို့။

👉 အရောင်း = 600,000 ကျပ်
ဒါပေမယ့် Customer တွေက အကြွေးနဲ့ယူထားရင်
👉 လက်ထဲဝင်ငွေ = 0 ကျပ် ဖြစ်နိုင်ပါတယ်။

အဲ့ဒီအချိန်မှာ Supplier ကို ငွေချေရမယ်၊ ပစ္စည်းအသစ်ထပ်ဝယ်ရမယ်၊ ဆိုင်စရိတ်တွေ ပေးရမယ်ဆိုရင် အရောင်းကောင်းနေပေမယ့် လုပ်ငန်းလည်ပတ်ဖို့ ငွေမရှိတဲ့အခြေအနေ ဖြစ်လာနိုင်ပါတယ်။

💡 အကြွေးရောင်းတာ လုံးဝမလုပ်ရဘူးလို့ မဆိုလိုပါဘူး။
ဒါပေမယ့် ကိုယ့်လုပ်ငန်းအတွက် သတ်မှတ်ထားတဲ့ Credit Limit၊ ငွေချေရက်၊ Customer ယုံကြည်စိတ်ချရမှု တွေကို သေချာစီမံထားသင့်ပါတယ်။

အရောင်းများဖို့ထက်
ငွေလည်ပတ်မှုကောင်းဖို့က ပိုအရေးကြီးပါတယ်။ 💰

📌 မှတ်ထားပါ — “ပစ္စည်းထွက်တာက အရောင်း၊ ငွေဝင်တာက Cash Flow” ပါ။

#အကြွေးရောင်းခြင်း #စီးပွားရေးဗဟုသုတ

✨ Moya Atelier မှ CT Cotton Plain T-Shirt လေးတွေ ရောက်ရှိနေပါပြီနော် ✨ရိုးရိုး Plain T-shirt လေးကိုပဲ ဝတ်ချင်တဲ့သူတွေအတွ...
27/08/2026

✨ Moya Atelier မှ CT Cotton Plain T-Shirt လေးတွေ ရောက်ရှိနေပါပြီနော် ✨

ရိုးရိုး Plain T-shirt လေးကိုပဲ ဝတ်ချင်တဲ့သူတွေအတွက်လည်း အဆင်ပြေသလို
ကိုယ်ပိုင် Design လေးတွေနဲ့ Customize လုပ်ချင်တဲ့သူတွေအတွက်လည်း အရမ်းအဆင်ပြေပါတယ်ရှင့် 💕

👕 CT Cotton သားစစ်စစ်
📌 GSM 170 ပါဝင်တာမို့
❄️ အေးအေးလေးနဲ့ ပေါ့ပါး
💗 ဝတ်ရတာ သက်တောင့်သက်သာရှိတဲ့ အသားလေးပါနော်။

🎨 Moya Atelier မှာ ရွေးချယ်လို့ရတာတွေက —

🤍 Plain အင်္ကျီသီးသန့်ယူလို့ရပါတယ်
🖨️ ကိုယ်ပိုင် DTF Sticker File ပေးပြီး Sticker ထုတ်ခိုင်းလို့ရပါတယ်
👕 DTF Sticker ရိုက်ပြီးသား အင်္ကျီ အဆင်သင့်ယူလို့ရပါတယ်
🎀 ဆိုင်မှာ Stock ရှိပြီးသား Sticker Design လေးတွေထဲကလည်း ကိုယ်ကြိုက်တာရွေးပြီး ကပ်ပေးပါတယ်နော်

ကိုယ်ပိုင် Design မရှိသေးရင်လည်း စိတ်မပူပါနဲ့ 🥰
Stock Design လေးတွေထဲက စိတ်ကြိုက်ရွေးပြီး အင်္ကျီမှာ ကပ်လို့ရပါတယ်။

💰 လက်လီဈေးနှုန်း
• M Size — 11,000 Ks
• L Size — 11,500 Ks
• XL Size — 12,500 Ks

📦 WHOLESALE | လက်ကား
👉 အင်္ကျီ 5 ထည်မှစပြီး လက်ကားဈေးရရှိပါတယ်။

• M Size — 9,500 Ks
• L Size — 10,000 Ks
• XL Size — 11,000 Ks

🌈 အရောင်လေးတွေလည်း စုံစုံလင်လင် ရှိတာမို့
ကိုယ်ကြိုက်တဲ့အရောင် + ကိုယ်ကြိုက်တဲ့ Design နဲ့ စိတ်ကြိုက် Customize လုပ်လိုက်ပါနော် 💕

📩 မှာယူချင်ရင် Moya Atelier Viber မှာ ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်။








#လက်လီလက်ကား

22/08/2026

💗 Moya Atelier မှာ ကိုယ်ကြိုက်တဲ့ပုံစံနဲ့ စိတ်ကြိုက်မှာယူလို့ရပါတယ်နော် 💗

👕 Plain T-shirt ပဲယူမလား
🎨 ကိုယ်ပိုင် Design နဲ့ DTF Sticker ကပ်မလား
✨ Stock ရှိပြီးသား Sticker တွေထဲက စိတ်ကြိုက်ရွေးမလား

အားလုံးအဆင်ပြေအောင် စီစဉ်ပေးထားပါတယ်ရှင့် 🥰

📌 ရရှိနိုင်တဲ့ Service လေးတွေကတော့ —

1️⃣ Plain အင်္ကျီသီးသန့် ရပါတယ် 👕
2️⃣ ကိုယ်ပိုင် DTF Sticker File ပို့ပေးရုံနဲ့ Sticker ထုတ်ပေးပါတယ် 🎨
3️⃣ DTF Sticker ရိုက်ပြီးသား အင်္ကျီ အဆင်သင့်ရပါတယ် ✨
4️⃣ ဆိုင်မှာ Stock ရှိပြီးသား Sticker Design လေးတွေထဲက မိမိစိတ်ကြိုက် ရွေးချယ်ပြီး အင်္ကျီမှာ ကပ်ပေးလို့ရပါတယ် 💕
5️⃣ ကိုယ်ပိုင် Design မရှိသေးရင်လည်း Stock Design လေးတွေထဲက ရွေးချယ်လို့ရတာမို့ အရမ်းအဆင်ပြေပါတယ်နော် 🥰

💡 ကိုယ်ပိုင် Design + Plain အင်္ကျီ
💡 Stock Sticker + Plain အင်္ကျီ
💡 Sticker ရိုက်ပြီးသား Ready-to-wear အင်္ကျီ

ကိုယ်ကြိုက်တဲ့ပုံစံနဲ့ စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်ရှင့် 💗

📩 မှာယူချင်ရင် Moya Atelier ကို Viber 09780945891 မှာ ဆက်သွယ်မှာယူနိုင်ပါတယ်နော်။







#လက်လီလက်ကား

22/08/2026

💗 မှာယူအားပေးပေးတဲ့ Customer လေးကို အထူးကျေးဇူးတင်ပါတယ်ရှင့် 💗

Moya Atelier မှာ
✨ အသားကောင်းကောင်း
✨ ပေးရတဲ့ဈေးနဲ့ အများကြီးတန်တဲ့
✨ Quality ကောင်းတဲ့ T-shirt လေးတွေ ရရှိနိုင်ပါတယ်နော် 🥰

👕 CT Cotton သားစစ်စစ်
📌 GSM 170 ပါဝင်တာမို့
❄️ အေးအေးလေး
☁️ ပေါ့ပေါ့ပါးပါး
💗 ဝတ်ရတာ သက်တောင့်သက်သာရှိတဲ့ အသားလေးတွေပါနော်။

🏪 ဆိုင်မှာလည်း ကိုယ်တိုင်လာရောက်ကြည့်ရှုနိုင်ပါတယ်ရှင့်
🎀 မိမိစိတ်ကြိုက် Sticker Design လေးတွေကို ရွေးချယ်ပြီး ကပ်ပေးလို့လည်း ရပါတယ်နော် ✨

💰 လက်လီဈေးနှုန်း

• M Size — 13,500 Ks
• L Size — 14,500 Ks
• XL Size — 18,000 Ks

📦 WHOLESALE | လက်ကားဈေး
👉 အင်္ကျီ 5 ထည်မှစပြီး လက်ကားဈေးရရှိပါတယ်ရှင့်။

• M Size — 10,500 Ks
• L Size — 11,500 Ks
• XL Size — 15,000 Ks

💌 ကိုယ်တိုင်ဝတ်ဖို့ပဲဖြစ်ဖြစ်
🎁 လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ်
📦 ပြန်လည်ရောင်းချဖို့ပဲဖြစ်ဖြစ်
Moya Atelier ကို သတိရလိုက်ပါနော် 💕






#လက်လီလက်ကား

Address

Yangon
12012

Website

Alerts

Be the first to know and let us send you an email when Moya Atelier posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share