26/10/2024
ကြောင်တွေက သခင်ကို လွမ်းတတ်သလား
ကြောင်ပိုင်ရှင်တိုင်းက သူတို့ရဲ့ကြောင်လေးတွေနဲ့ သူတို့ကြားက နှောင်ကြိုး ဘယ်လောက်ထူးခြားတယ်ဆိုတာ သိပါတယ်။ပိုင်ရှင် ခရီးထွက်ရချိန် ကြောင်နဲ့ ခွဲခွါနေရတဲ့အခါ လူလိုပဲ ကြောင်တွေက လွမ်းနေတတ်ပါတယ်။
အိမ်မွေး တိရစ္ဆာန်တွေထဲမှာ ခွေးဟာ
"လူသားရဲ့ အချစ်ဆုံးသူငယ်ချင်း" လို့ တင်စားကြပါတယ်။ ခွေးနဲ့ လူသားကြားထဲသာမန်ထက်သာလွန်တဲ့နှောင်ကြိုးတွေ ရှိကြပါတယ်။
ခွေးတွေဟာ သူတို့ရဲ့ ပိုင်ရှင်တွေနဲ့ ပြန်တွေ့တဲ့အခါ အလွန်အမင်း စိတ်လှုပ်ရှားပျော်ရွှင်မှု လက္ခဏာတွေ ပြတတ်ပါတယ်။ ဒါပေမယ့် ကြောင်တွေကော။ သူတို့ရဲ့ စိတ်ခံစားချက်တွေကို ရှင်းရှင်းလင်းလင်း မသိသာတဲ့ အခါမျိုးမှာ သခင်ကို လွမ်းနေသလား ဆိုတဲ့ မေးခွန်းကို မေးတတ်ကြပါတယ်။
ကြောင်တွေက ခွေးတွေလို ချစ်ကြောင်း လွမ်းကြောင်း လက္ခဏာ သိပ်မပြတတ်တာမို့ ကြောင်တွေနဲ့ သခင် ကြား နက်နဲတဲ့ နှောင်ကြိုးတွေကို မဖန်တီးဘူးလို့ ထင်မြင်နေတာက အလွန်မှားယွင်းကြောင်း ကြောင်ပိုင်ရှင်အများစုက သိကြပါတယ်။
လေ့လာမှုများစွာအရ ကြောင်တွေက သခင်တွေကို
နက်နက်ရှိုင်းရှိုင်း တွယ်တာနေပြီး သခင်တွေကို သူတို့ဘဝအတွက် အလွန်အရေးကြီးတဲ့ ပြုစုစောင့်ရှောက်သူတွေအဖြစ် မြင်ကြပါတယ်။
ကြောင်လေးက သခင်ကို
လွမ်းနေတယ်လို့ပြတဲ့လက္ခဏာတွေက
သင်ပြန်လာတာကို ပျော်နေတယ်၊လွမ်းနေတယ်ဆိုတဲ့ လက္ခဏာတွေက သင့်ကို လာတိုးဝှေ့တာ၊ ပွတ်တာ၊ တံခါးကို ကုတ်ခြစ်တာနဲ့ တဂူးဂူးအသံထွက်တာတွေက ချစ်ခင်မှုကို ပြသတာဖြစ်တယ်။
သင်ပြန်လာတဲ့အခါ ကြောင်က သင့်ရဲ့ဘေးမှာ ကပ်နေတယ်၊ခြေထောက်တွေကို ပွတ်နေတတာက သခင်ရဲ့ အာရုံစိုက်ဖို့ ကြိုးစားတဲ့နည်းလမ်းပါ။ ကြောင်လေးက သခင့်နောက် တကောက်ကောက် လိုက်နေတတ်ပါတယ်။
ကြောင်တွေက အထီးကျန်တဲ့အခါ
ကန့်လန့်ကာတွေ၊ပရိဘောဂတွေကို ဖျက်ဆီးတတ်တယ်။မစင်ကို အိမ်သာခွက် အပြင်ဘက်မှာ စွန့်တတ်ကြပါတယ်။
ပိုင်ရှင်တွေ ထွက်သွားတဲ့အခါ သူတို့ရဲ့ကြောင်တွေလည်း ပျောက်သွားတတ်ပါတယ်။
ကြောင်တစ်ကောင်ဟာ စိတ်ဆင်းရဲနေပြီး ပိုင်ရှင်ကို လွမ်းဆွတ်နေတယ်ဆိုတဲ့ လက္ခဏာတစ်ခု အဲဒီနေရာက ထွက်သွားတာပါပဲ။
နာမကျန်းဖြစ်တာ
တချို့ကြောင်တွေက သခင်နဲ့ မတွေ့ရတာနဲ့ စိတ်ဖိစီးကာနေမကောင်းဖြစ်တတ်ပါတယ်။ ဝမ်းလျှောတာ၊အော့အန်တာ၊သူတို့ကိုယ်သူတို့ အလွန်အမင်း သန့်ရှင်းရေးလုပ်တာတွေ က စိတ်ဖိစီးနေတဲ့ ကြောင်ရဲ့
လက္ခဏာတွေပဲ ဖြစ်ပါတယ်။
ကြောင်တွေကသခင်နဲ့ အချိန်အကြာကြီး ဝေးကွာတဲ့အခါ အထူးသဖြင့် စိတ်ဖိစီးလာနိုင်ပါတယ်။
ကြောင်က သင့်အဝေးမှာရှိနေတဲ့အခါ စိတ်ဖိစီးမှုတွေဖြစ်လာရင်၊သူတို့ကို သက်သာစေဖို့
နည်းလမ်းအချို့ရှိပါတယ်။
* သင် ခရီးမသွားခင်မှာ ကြောင်ကို ပြုစုစောင့်ရှောက်ဖို့ အရာအားလုံးကို သေချာပြင်ထားပါ။
ဆေးနဲ့ကျန်းမာရေးစစ်ဆေးမှုများ။
ကြောင်အတွက် မရှိ မဖြစ်တဲ့အရာများ
ဥပမာ စားနေကြအစာများ။ သောက်ရေများ။ အိမ်သာခွက်များ။ကြောင်တွေက အပြောင်းအလဲကို မကြိုက်တာမို့ သင်ခရီးထွက်နေစဉ် အရင်က အတိုင်းပဲထားခဲ့ပါ။
ကြောင်တွေ အထီးကျန်တာကို ကာကွယ်ဖို့ အရုပ်တွေ ကစားစရာတွေ ကို ဝယ်ပေးခဲ့ပါ။
ပိုကောင်းတာက ခရီးမထွက်ခင်အချိန်မှာ အရုပ်တွေကို မိတ်ဆက်ပေးလိုက်ပါ။ ကြောင်လေးရဲ့ ပျော်ရွှင်မှုအတွက် အရုပ်တွေ ကြောင်ကစားစရာတွေက ကူညီနိုင်ပါတယ်။
တိရစ္ဆာန်ဆေးကုရေးဆရာဝန်တွေက
ကြောင်တွေ စိတ်ဖိစီးမှုသက်သာစေဖို့ သင်ခရီးမထွက်ခင်
Catnip Spray, Silvervine Spray ဖျန်းဆေးများ ဖျန်းခဲ့ဖို့ အကြံပြုထားပါတယ်။ကြောင်လေးရဲ့ကြောက်ရွံ့မှု စိုးရိမ်ပူပန်မှုတွေကို လျှော့ချဖို့
ကူညီပေးနိုင်ပါတယ်။
အချိန်အကြာကြီး ခရီးထွက်ရမယ်ဆိုပါက
လတ်ဆတ်တဲ့အစာ၊ ရေနဲ့ သန့်ရှင်းတဲ့
အိမ်သာပုံးရှိစေဖို့
သင်နဲ့ ဝေးနေချိန်တွင်
ချစ်ခြင်းမေတ္တာပေးဖို့
ပွေ့ဖက်တာ ကစားတာနဲ့ သူတို့ဗိုက်ကို ပွတ်ပေးဖို့ အတွက် စိတ်ချရတဲ့ Cat Hotel တစ်ခုခုမှာ အပ်နှံပေးခဲ့ပါ။
#ဒေါက်တာစံဝေ