AKS Tshirt Store

AKS Tshirt Store Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AKS Tshirt Store, Clothing (Brand), Yangon.

08/07/2023
13/06/2023

ဟုတ် ကျေးဇူး 🤣🤣

😂😂😂Photo  # Crd
08/06/2023

😂😂😂
Photo # Crd

ကျန်းမာတဲ့ ချစ်ခြင်းနဲ့ မကျန်းမာတဲ့ ချစ်ခြင်း ဆိုပြီး နှစ်မျိုးရှိတယ်။ မကျန်းမာတဲ့  အချစ်ဆိုတာ.. ပြဿနာတွေဆီကနေ ထွက်ပြေးဖ...
02/06/2023

ကျန်းမာတဲ့ ချစ်ခြင်းနဲ့ မကျန်းမာတဲ့ ချစ်ခြင်း
ဆိုပြီး နှစ်မျိုးရှိတယ်။

မကျန်းမာတဲ့ အချစ်ဆိုတာ..
ပြဿနာတွေဆီကနေ ထွက်ပြေးဖို့
တစ်ယောက်ကို တစ်ယောက်က အသုံးချနေတာ။

ကျန်းမာတဲ့ အချစ်ဆိုတာ တစ်ယောက်
အခက်အခဲကို တစ်ယောက်က နားလည်၊
အပြန်အလှန် ကူညီထိန်းသိမ်း ဖေးမပေးတာ။

- ဂရုမစိုက်ခြင်း အနုပညာ
ဘာသာပြန် စာအုပ်မှ

02/06/2023

ရေအလျဉ်လို အချိန်ရဲ့စီးဆင်းရာနောက်လိုက်ပြီး
ငါတို့ရဲ့ ရုပ်ရည်တွေ ပြောင်းလဲနေတယ်၊
ငါတို့ရဲ့ ဘဝနေထိုင်မှုတွေ ပြောင်းလဲနေတယ်၊
ငါတို့ရဲ့ စိတ်နေစိတ်ထား ပြောင်းလဲနေတယ်။

နေ့ရက်တွေ ကုန်လွန်သွားပေမယ့်
ငယ်ဘဝပုံရိပ်တွေက မျက်စိရှေ့မှာ
တရိပ်ရိပ် ထင်ကျန်နေဆဲပဲ။
ငါတို့တတွေ မငယ်ကြတော့ပေမယ့်
ငယ်ဘဝရဲ့ပျော်ရွှင်မှုကိုတော့ မမေ့ခဲ့ကြသေးဘူး။

ငယ်ငယ်တုန်းက အိမ်မှာ
ရေခဲသေတ္တာမရှိဘူး၊
လေအေးစက်မရှိဘူး၊ တီဗီမရှိဘူး။
နွေရာသီလည်း သိပ်မပူခဲ့သေးဘူး။
လေပြည်ထဲမှာ အအေးဓာတ်ပါတုန်းပဲ။
ရေခဲချောင်းတစ်ချောင်း၊
ဘိလပ်ရည်တစ်အိတ်၊
ဖရဲသီးတစ်စိတ်ကလည်း
နွေမွန်းလွဲကို ပျော်ရွှင်မှုပေးနိုင်ခဲ့တယ်။

ခြံဝိုင်းကျယ်ကြီးထဲမှာ
ညအခါ ကြယ်ရောင်အောက် ထိုင်ပြီး
မိသားစုအချင်းချင်း စကားစမြည်းပြောကြ၊
ပုံပြင်နားထောင်ကြ၊
ပိုးစုန်းကြူးတွေ ငေးကြ ဖမ်းကြ၊
ပုရစ်အော်သံ နားစွင့်ကြနဲ့
ရယ်သံတွေ တစ်သီကြီးရှိခဲ့တယ်။

ငယ်ငယ်တုန်းက
ဈေးကြီးတဲ့ ကစားစရာမရှိခဲ့ဘူး။
ကစားနည်းမျိုးစုံလည်း မရှိခဲ့ဘူး။
ခြေပုန်းခုတ်သူတွေလည်း မရှိခဲ့ဘူး။
လေးခွတစ်ချောင်း၊
ဂေါ်လီတစ်အိတ်၊
သရေကွင်းတစ်ထပ်နဲ့
အရင်းနှီးဆုံးတွေ စုပြီး
ထမင်းမေ့ဟင်းမေ့ ပျော်ခဲ့ကြတာကလည်း
နှစ်လရာသီမှာ အလှဆုံး အမှတ်တရတွေဖြစ်ခဲ့တယ်။

ကျောင်းနေအရွယ်မှာ
လက်ရာမြောက်တဲ့ စာရေးကိရိယာတွေမ
ရှိခဲ့ဘူး။
လွယ်အိတ်လှလှတွေ မရှိခဲ့ဘူး။
စာအုပ်အသစ်ရတာနဲ့
သတင်းစာ၊ ပြက္ခဒိန်တွေနဲ့ ဖုံးလိုက်ကြတယ်။

ပထမဆုံးစာမျက်နှာမှာ ရေးထိုးလိုက်တဲ့ နာမည်ထဲမှာ စာသင်နှစ်တစ်နှစ်တာရဲ့ မျှော်လင့်ချက်တွေပါတယ်။

ကျောင်းဆင်းတဲ့နောက် အပေါင်းဖော်
လေးငါးယောက်နဲ့ အိမ်အတူပြန်ကြတယ်။
အိမ်ဝမှာ ကစားဖော်က အမြဲ အသင့်စောင့်နေတတ်တယ်။
အဲဒီနှစ်တွေဟာ
အရာရာ ရိုးစင်းခဲ့သလို
အရာရာဟာလည်း ပျော်စရာကောင်းခဲ့တယ်။

ငယ်ငယ်တုန်းက ငါတို့မှာ
ကွန်ပျူတာမရှိ၊
လက်ကိုင်ဖုန်းမရှိ၊
ဝိုင်ဖိုင်မရှိ၊
ဘာဆို ဘာမှ မရှိခဲ့ဘူး။
တုတ်တစ်ချောင်းနဲ့ မြေကြီးပေါ်
ဇယားကွက်ဆွဲပြီး
ဇယားတစ်ကွက်ခုန်လိုက်တာနဲ့
အိပ်မက်ထဲက အနာဂတ်ဆီ အပြေးသွားသလိုပါပဲ။
ကားလမ်းမပေါ် စက်ဘီးစီးရင်း
အပူအပင်မဲ့ အော်ဟစ်ပျော်ပါးခဲ့တယ်။
မှတ်ဉာဏ်ထဲမှာ အော်ဟစ်သံတစ်ချက်တိုင်းက အဖြူစင်ဆုံးအသံဖြစ်ခဲ့တယ်။

အဲဒီနှစ်တွေတုန်းက
ပုရစ်လေးတစ်ကောင် ဖမ်းမိရင်ပဲ
နွေရာသီတစ်ခုလုံးကို ဖမ်းဆုပ်မိလိုက်သလိုပဲ။
ဒီလိုနေ့ရက်တွေ ရှည်ကြာလိမ့်မယ်လို့
အဲဒီတုန်းက ထင်ခဲ့ဖူးတယ်။

အိမ်ရှေ့ကွင်းပြင်မှာ တုတ်စီးထိုးတဲ့အသံတွေ၊
မနက်ခင်းလှုံတဲ့ မီးဇလုံထဲက ပေါက်ပေါက်ဖောက်သံတွေ၊
လေဒီယိုထဲက မနက်ခင်းချိန်ခါ တေးသံသာတွေ၊
ကာတွန်းရုပ်ပြတွေထဲက စိတ်ဝင်စားစရာ ပုံပြင်ဇာတ်လမ်းတွေ၊
လယ်ကွင်းထဲ ပြေးလွှားခဲ့တဲ့ ခြေလှမ်းတွေ၊
ချောင်းထဲ မြောင်းထဲ ငါးပုစွန်ဆင်းဖမ်းခဲ့တာတွေ၊
သရက်ပင်၊ မန်ကျည်းပင်ပေါ်
တွယ်တက်ခဲ့ကြတဲ့ နေ့ရက်တွေ၊
ထမင်းစားမယ်ဟေ့လို့ လူကြီးတွေခေါ် လိုက်တဲ့ အသံတွေ၊
ဒါတွေဟာ ငယ်ဘဝရဲ့ အဖိုးတန်ဆုံး တစ်စိတ်တစ်ဒေသဖြစ်ခဲ့သလို
မေ့ရခက်တဲ့ အမှတ်တရတွေဖြစ်ခဲ့တယ်။

ငယ်ငယ်တုန်းက
မောင်နှမသားချင်းကြား တစ်ယောက်ကိုတစ်ယောက် ခိုင်ခိုင်မြဲမြဲ မှီခိုတယ်။
သူငယ်ချင်းတွေကြား စစ်မှန်တဲ့နှလုံးသားအချင်းချင်း အလဲအထပ်ပြုတယ်။
မိဘတွေလည်း မအိုမင်းသေးသလို
အိမ်အပြန်လမ်းဟာလည်း ဖြောင့်ဖြူးခဲ့တယ်။

ငယ်ငယ်တုန်းက ဥစ္စာဓနတွေ မပေါများပေမယ့် အဲဒီတုန်းက ငါတို့မှာ
ဦးနှောက်ခြောက်စရာ မများခဲ့ဘူး၊
စိတ်ဖိစီးမှုမရှိခဲ့ဘူး။
ဒီကနေ့ကုန်ဆုံးရင် မနက်ဖြန်မှာ မျှော်လင့်ချက်အသစ်ရှိမယ်လို့ပဲ သိထားခဲ့တယ်။

အဲဒီတုန်းက အချိန်တွေ နှေးကွေးတယ်လို့ ခံစားရတယ်။
တစ်ယောက်နဲ့တစ်ယောက် အဆက်သွယ်ရဖို့
အကြာကြီးစောင့်ရတယ်။
သုံးနှစ်သုံးမိုးမှ မင်္ဂလာဆောင်ကြတယ်။
တစ်နေရာနဲ့ တစ်နေရာက အဝေးကြီးလို့ထင်ရတယ်။
ရေခဲမုန့်၊ ကိတ်မုန့်ဆိုတာ မင်္ဂလာဆောင်မှ စားရတယ်။
ဒါပေမဲ့ ငါတို့ မကျေမနပ်မရှိခဲ့ဘူး။
ရောင့်ရဲတင်းတိမ် ပျော်ခဲ့ကြတယ်။

အဲဒီတုန်းက နွေရာသီဟာ
အခုလို မပြည့်စုံခဲ့ဘူး။
ပွဲတော်တွေကို အဆန်းတကြယ် မကျင်းပခဲ့ဘူး။
စားပွဲခုံပေါ်မှာ စားစရာအမယ်တွေ စုံစုံလင်လင်မရှိခဲ့ဘူး။
ဒါပေမဲ့ အဲဒီနွေနေ့ရက်တွေက ငါတို့အတွက် တစ်ကမ္ဘာလုံးကို ပိုင်ဆိုင်ခဲ့သလိုပဲ။

ဇွန်လ ၁ ရက်နေ့က ကမ္ဘာ့ကလေးများနေ့ဖြစ်ပါတယ်။ အပေါ်ကစာက အသက်ထပ်မငယ်တော့တဲ့ ငါတို့အတွက်ပေါ့။ ကလေးလို အပြစ်ကင်း ရိုးသားတဲ့စိတ်တစ်ခု အမြဲထားနိုင်ပါစေ။ ကလေးလို ရိုးသားဖြူစင်တဲ့အပြုံးတစ်ခု
အမြဲထိန်းထားနိုင်ပါစေ။

💌


#နိုင်းနိုင်းစနေ

30/05/2023

" အတွေးမတူရင် အပြေးမတူဘူး "
__________________________

တစ်ခါတုန်းက တောလိုက်ခွေးတစ်ကောင်ဟာ
ယုန်တစ်ကောင်ကိုတွေ့လို့ အသည်းအသန်လိုက်တယ် ။

ယုန်ကလည်း ခွေးလိုက်မှန်းသိတော့ အစွမ်းကုန်ပြေးရှာတယ် ။
ကွေ့ပတ်ပြေးတယ်...။
နည်းလမ်းမျိုးစုံအောင် လှည့်ပက်လို့ပြေးတယ်...။

ဒီလိုနဲ့ ယုန်ဟာ လွတ်မြောက်နယ်မြေတစ်ခုကို ရောက်တော့...

" ဟေ့ ခွေးကောင်..
မင်း ငါ့ကို ဘယ်လိုလိုက်လိုက် မမိနိုင်ပါဘူး " လို့ လှမ်းပြောလိုက်တယ် ။ ခွေးက...

" ဘာဖြစ်လို့လဲ " လို့ ပြန်မေးတဲ့အခါ ယုန်ကဘာပြန်ပြောလဲဆိုတော့...

" မင်းက တစ်နပ်စာအတွက်လိုက်တယ်...
ငါက တစ်သက်စာအတွက် ပြေးရတာလေ...
အတွေးမတူတော့ အပြေးလည်း မတူဘူး " တဲ့။

ဒီလိုပါပဲ ။
လူတိုင်း စားဝတ်နေရေးအတွက် အလုပ်လုပ်ကြတယ် ။

ဒါပေမဲ့..မတူညီတာက...
တချို့က...
တစ်ရက်စာပြေလည်ဖို့ပဲ အလုပ်လုပ်တယ် ။
တချို့က...
တစ်သက်စာပြေလည်ဖို့အတွက် အလုပ်လုပ်တယ် ။

ဘာပဲဖြစ်ဖြစ်...
ယုန်ကလေးတောင် တစ်သက်စာရှင်သန်ဖို့
ပြေးနိုင်ခဲ့သေးရင်...
ကိုယ်လည်း တစ်သက်စာပြေလည်ဖို့
အလုပ်တွေလုပ်နိုင်ရမယ်လေ ...
crd

Address

Yangon

Website

Alerts

Be the first to know and let us send you an email when AKS Tshirt Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share